Main menu

Background

မြန်မာ့ရေထွက်ကုန်ပစ္စည်းများ တင်ပို့ရာတွင် တွေ့ကြုံရသော အခြေအနေများ

Wed, 02/19/2020 - 13:21 -- journal_editor

         မြန်မာနိုင်ငံအနေဖြင့် နိုင်ငံခြားကုန်သွယ်မှုကဏ္ဍ  တိုးတက်မြင့်မားရေးအတွက်  စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနက  အားသွန်ခွန်စိုက်ကြိုးပမ်းဆောင်ရွက်နေသလို နိုင်ငံတော်အစိုးရ ပိုင်းကလည်း ထဲထဲဝင်ဝင်ပါဝင်ကူညီဆောင်ရွက်ပေးလျက်ရှိနေသည်။ လက်ရှိအစိုးရလက်ထက်၌ကုန်သွယ်ရေးကဏ္ဍများတွင် ယခင် ရှိရင်းစွဲနိုင်ငံများနှင့်ကုန်သွယ်ရေးတိုးမြှင့်မှု၊ အမယ်သစ် ပို့ကုန်များကို တိုးမြှင့်တင်ပို့မှု စသည်တို့အပြင် ကုန်သွယ်မှု နိုင်ငံသစ်များကို တိုးချဲ့ ရှာဖွေရင်း ကမ္ဘာ့ဈေးကွက်သို့လည်း မြန်မာ့ထွက်ကုန်များ ကျယ်ကျယ်ပြန့်ပြန့် တင်ပို့နိုင်ရေးအတွက် အခွင့်အလမ်းကောင်းများကို စဉ်ဆက်မပြတ် ရှိဖွေလျက်ရှိနေသည်။ ထွက်ကုန်တိုးမြှင့်ရေး ကြိုးပမ်းနေမှုနှင့်အတူ ခိုင်မာသည့် ဈေးကွက်တစ်ခုရရှိရေးကလည်း လွန်စွာမှအရေးကြီးပါသည်။ နိုင်ငံတော် ၏အတိုင်ပင်ခံပုဂ္ဂိုလ်ဒေါ်အောင်ဆန်းစုကြည်ကိုယ်တိုင် နိုင်ငံတကာ ရင်းနှီးမြှုပ်နှံမှုများကို ဖိတ်ခေါ်ပြီး  တာဝန်ယူမှု၊ တာဝန်ခံမှုရှိသည့် စီးပွားရေးလုပ်ငန်းများ ပေါ်ထွက်လာအောင်  ကြိုးပမ်းမှုရှိနေသည်။ သို့အတွက်ကြောင့် ပြီးခဲ့သည့် ၂၀၁၉ ခုနှစ်တွင် မြန်မာနိုင်ငံအနေဖြင့် ပြည်ပ ရင်းနှီးမြှုပ်နှံမှုများကို  များစွာခေါ်ယူနိုင်ခဲ့ပြီး ဥရောပနိုင်ငံများ အပါအဝင် အမေရိကန်ကဲ့သို့ နိုင်ငံမျိုးကပင် မြန်မာနိုင်ငံတွင် ရင်းနှီး မြှုပ်နှံမှုများပြုလုပ်ရန် စိတ်ဝင်စားလာခဲ့ခြင်းဖြစ်သည်။

      အလားတူ ကုန်သွယ်မှုကဏ္ဍတွင်လည်း ထုတ်ကုန်သစ်၊ အမယ်သစ်များကို ဈေးကွက်သစ် ရှာဖွေတင်ပို့နိုင်ခဲ့မှုများရှိခဲ့သည်။ မြန်မာ့ထွက်ကုန်များကို နယ်စပ်ကုန်သွယ်ရေးလမ်းကြောင်းအပြင် ရေလမ်း မှလည်း တင်ပို့မှုများစွာရှိနေသည်။ ယခုနှစ်တွင်  အိန္ဒိယနိုင်ငံ၏ ပဲလိုအပ်ချက်အရ  မတ်ပဲကိုတာ တိုးတက်တင်ပို့ခွင့်ရရှိထားသည်။ သို့အတွက်ကြောင့် မြန်မာ့ပဲစိုက်တောင်သူများအနေဖြင့် ဈေးကောင်း လည်း ရရှိမည်ဖြစ်ခြင်းကြောင့် အထိုက်အသင့်  အဆင်ပြေမှုများရှိ လာမည်ဖြစ်ပါသည်။ သို့သော် မြန်မာ့ထွက်ကုန်များအတွက်  ခိုင်မာသည့်ဈေးကွက် ပုံသေရရှိရန်မှာ ခက်ခဲမှုများလည်း ရှိနေပြန်သည်။ မြန်မာနိုင်ငံအနေ ဖြင့် အိန္ဒိယနိုင်ငံသို့ မတ်ပဲတင်ပို့ရေးကိုသာ တိုးမြှင့်ရရှိထားသော် လည်း တစ်ဖက်တွင်  တရုတ်နိုင်ငံသို့ တင်ပို့နေသည့်ပို့ကုန်များအတွက် ခက်ခဲမှုများရှိလာခဲ့ရသည်။ တရုတ်နိုင်ငံ ဝူဟန်မြို့တွင် စတင်ဖြစ်ပွားခဲ့သည့်  ကိုရိုနာဗိုင်း ရပ်စ်ရောဂါကြောင့်   တရုတ်နိုင်ငံနှင့်အဓိက  ကုန်သွယ်နေသည့် မူဆယ် နယ်စပ်ကုန်သွယ်ရေး ရပ်ဆိုင်းလုနီးပါးဖြစ်နေရပြီး  ကဏန်း၊ ငါး၊ ပုစွန်အပါအဝင် ရေထွက်ကုန်ပစ္စည်း တင်ပို့မှုများ ရပ်တန့်မှုရှိနေ ခြင်းကြောင့် ကဏန်းဖမ်းသူများနှင့်အဝယ်ဒိုင်များ  အခက်အခဲ ကြုံတွေ့နေရကြောင်း မြန်မာနိုင်ငံငါးလုပ်ငန်းအဖွဲ့ချုပ် အထွေထွေ အတွင်းရေးမှူး ဦးဝင်းကြိုင်က ပြောဆိုထား သည်။ ဖေဖော်ဝါရီ ၁၁ ရက်က  မြန်မာနိုင်ငံငါးလုပ်ငန်းအဖွဲ့ချုပ်၌ ပြုလုပ်သည့် သားငါးကဏ္ဍဆိုင်ရာ လုပ်ငန်းရှင်များ ပုံမှန်တွေ့ဆုံပွဲ တွင် မြန်မာနိုင်ငံငါးလုပ်ငန်းအဖွဲ့ချုပ် အထွေထွေအတွင်းရေးမှူး ဦးဝင်းကြိုင်က ယင်းသို့ ပြောဆိုခဲ့ခြင်းဖြစ်သည်။ "မူဆယ်နယ်စပ်ကုန်သွယ်ရေးကို  ရောဂါကာကွယ်တဲ့အနေနဲ့ ပိတ်ထားတာကြောင့် အခု ကဏန်းမွေးမြူသူတွေ အခက်အခဲဖြစ်နေပါတယ်။ အထူးသဖြင့် အဲဒီကဏန်းတွေက တရုတ်ပြည်ကို သွားတာ များတယ်။ အခုအနေအထားက ကဏန်းဈေးကွက်ပျက်တော့အခက် အခဲလေးတွေရှိတယ်။ ဖမ်းရင်တော့ ဈေးကျမယ်။ ပြည်တွင်းဈေးကွက် ကလည်း ထင်သလောက် မစားဘူးဆိုတော့  ကဏန်းဖမ်းတဲ့သူတွေ အတွက်မကိုက်ဘူး။ နယ်စပ်ဂိတ်တွေ ဖွင့်လိုက်ရင်တော့ အဆင်ပြေ တယ်" ဟု ဦးဝင်းကြိုင်က ပြောဆိုခဲ့ခြင်းဖြစ်သည်။

    မူဆယ် (၁၀၅)မိုင် ကုန်သွယ်ရေးဇုန်မှာ မြန်မာနိုင်ငံနှင့် တရုတ်နိုင်ငံတို့အတွက် အဓိက နယ်စပ်ကုန်သွယ်ရေး တံခါးပေါက်ပင်ဖြစ်သည်။ အဆိုပါ မြန်မာ-တရုတ်နယ်စပ်ကုန်သွယ်ရေးဇုန်ဖြစ်သည့် မူဆယ်(၁၀၅)မိုင် ကုန်သွယ်ရေးဇုန်ကို ပြီးခဲ့သည့် ဇန်နဝါရီ ၂၂ရက်မှ စတင်ကာ တာဝန်ရှိသူများက ရောဂါကာကွယ်သည့်အနေဖြင့်  ယာယီ ပိတ်ထားခဲ့သောကြောင့် လက်ရှိတွင် ဧရာဝတီတိုင်းဒေသကြီးအတွင်း ရှိ ကဏန်းမွေးမြူသူများ အခက်အခဲဖြစ်ပေါ်နေရပြီး တရုတ်နှစ်ကူး တွင် ကဏန်းများအားပို၍တင်ပို့ရန် ရည်ရွယ်ပြီး စုဆောင်းထားသူများ အနေဖြင့်လည်း ဈေးကွက်ပျက်ကာ  ဈေးနှုန်းကျဆင်းမှုနှင့် ကြုံတွေ့နေ ရကြောင်း ဦးဝင်းကြိုင်က ထပ်မံပြောဆိုခဲ့သည်။ ယခု ဖြစ်ပွားလျက်ရှိနေသည့် ကိုရိုနာဗိုင်းရပ်စ်ကူးစက်မည်ကို ကမ္ဘာ့ပြည်သူများက  စိုးရိမ်နေကြသလို  မြန်မာတောင်သူများနှင့် ရေထွက်ကုန်လုပ်သားများ၏ ရွှေရောင်မျှော်လင့်ချက်များကိုလည်း ကိုရိုနာဗိုင်ရပ်စ်က ရိုက်ချိုးပစ်နိုင်ခဲ့သည်။ အဆိုပါ ကိုရိုနာဗိုင်းရပ်စ်ကြောင့် လက်ရှိတွင် နယ်စပ်ကုန် သွယ်ရေးစခန်းမှတစ်ဆင့်   တရုတ်နိုင်ငံသို့ တင်ပို့မည့် ပို့ကုန်များဖြစ် သည့် ကဏန်း၊ ငါး၊ ပုစွန်၊ ဆန်၊ ပြောင်းနှင့်သကြား  စသည့် မြန်မာ့ ပို့ကုန်များမှာ ၁၀ဝ ရာခိုင်နှုန်းနီးပါး ရပ်ဆိုင်းသွားပြီဖြစ်ကြောင်း သိရှိ ရပြီး ဖရဲနှင့် သခွားမွှေးတို့မှာမူ အနည်းငယ်သာ တင်ပို့မှုရှိနေကြောင်း မူဆယ်ကုန်စည်ဒိုင်မှထွက်ပေါ်လာသည့်သတင်းများအရ သိရသည်။ ]]အခုက ငါး၊ ကဏန်းနဲ့ ပုစွန်တို့က   အောက်ကလည်း တက် မလာတော့ဘူး။ ဒီမှာရှိတဲ့ ဟာတွေက တချို့ကို လွှင့်ပစ်တဲ့ဟာ လွှင့် ပစ်လိုက်ရပြီ။ လက်ရှိအခြေအနေက အရောင်းအဝယ် လုံးဝရပ်သွား ပြီ။ အလုပ်သမားတွေလည်း   မရှိတော့ဘူး။ တချို့ဆို အလုပ်မရှိလို့ ပြန်လာကြပြီ။ နောက်တစ်ခုက ဝူဟန်နဲ့ပတ်သက်လို့ ရောဂါ ဖြစ်လာ မှာကြောက်လို့ပြန်ကြတာများတယ်။ရွှေလီမှာဆိုမြန်မာအလုပ်သမား တွေအတော်နည်းသွားပြီ။  မူဆယ်မှာကတော့ ပုံမှန်တော့သွားလာကြ ပါတယ်}}ဟု မူဆယ်ကုန်စည်ဒိုင်မှ ဒုတိယဥက္ကဋ္ဌဖြစ်သူ  ဦးမင်းသိန်းက ပြောဆိုသည်။ လက်ရှိအချိန်တွင်   မူဆယ်နယ်စပ်သို့ ကုန်တင်ကားများ ဝင်ရောက်မှုမှာ ယခင်ထက် နည်းပါးသွားပြီး တစ်ရက်လျှင် ကားအစီး ရေ ၁၄ စီးမှ အစီး ၂၀ ခန့်အထိသာ ဝင်ရောက်မှုရှိနေကြောင်း သိရ သည်။ ကုန်သွယ်မှုအခြေနေသည် ယခင်နှစ်ကာလတူထက် ၉၅ ရာခိုင်နှုန်းခန့် ဆုံးရှုံး၍ငါးရာခိုင်နှုန်းခန့်သာ ကျန်တော့ကြောင်းသိရသည်။

      ၂၀၁၄-၁၅ ဘဏ္ဍာနှစ်တွင်   အမေရိကန်ဒေါ်လာ ၄၈၂ သန်း၊ ၂၀၁၅-၁၆ ဘဏ္ဍာနှစ်တွင် အမေရိကန်ဒေါ်လာ ၅၀၂ သန်း၊ ၂၀၁၆-၁၇ ဘဏ္ဍာနှစ်တွင် အမေရိကန်ဒေါ်လာ ၆၅၂ သန်းနှင့် ၂၀၁၇-၁၈ ဘဏ္ဍာနှစ်တွင် အမေရိကန်ဒေါ်လာ ၆၉၉ သန်းကျော်ရှိခဲ့ကြောင်း သိရသည်။ ထိုကဲ့သို့ တစ်နှစ်ထက်တစ်နှစ်  ပြည်ပပို့ကုန်ဝင်ငွေ တိုးတက်ရရှိခဲ့ရာ ပြီးခဲ့သည့် ၂၀၁၈-၁၉ ဘဏ္ဍာနှစ်တွင် ပြည်ပနိုင်ငံများသို့ မြန်မာ့ရေထွက်ကုန်ပစ္စည်းတင်ပို့မှုမှာ အမြင့်ဆုံး စံချိန်သို့ ရောက်ရှိခဲ့ ပြီး အမေရိကန်ဒေါ်လာ သန်း ၇၂၀ ကျော်အထိပင်  ရှိခဲ့ကြောင်း မြန်မာနိုင်ငံငါးလုပ်ငန်းဦးစီးဌာနထံမှ သိရသည်။ ထိုကဲ့သို့ မြန်မာ့ ရေထွက်ကုန်များကို တင်ပို့နိုင်မှုတွင် တရုတ်နိုင်ငံသို့ ပမာဏ အများဆုံးတင်ပို့နိုင်ခဲ့ခြင်းလည်း ဖြစ်သည်။ မြန်မာ့ထွက်ကုန်များ၏ အဓိက ထွက်ပေါက် မှာ တရုတ်နိုင်ငံဖြစ်နေသည်။ အရှေ့တောင်အာရှနိုင်ငံများတွင် ထိုင်းနိုင်ငံနှင့် ဗီယက်နမ် နိုင်ငံတို့မှာ ရေထွက်ကုန်ပစ္စည်း   အများအပြား တင်ပို့လျက်ရှိရာ မြန်မာနိုင်ငံကလည်း ယင်းနိုင်ငံများနည်းတူ ပြည်ပသို့တင်ပို့နိုင်ရေး အတွက် ကြိုးပမ်းလျက်ရှိနေသည်။   ငါးလုပ်ငန်းရှင်များ  ငွေကြေး အရင်းအနှီးရရှိနိုင်ရန်အတွက် အစိုးရအနေဖြင့်လည်း လုပ်ဆောင် ပေးလျက်ရှိကြောင်းသိရပြီး လုပ်ငန်းရှင်များဘက်ကလည်းမိမိလိုအပ် ချက်များကို ဖြည့်ဆည်းပြီး ပူးပေါင်းဆောင်ရွက်ကြရန်လည်း လိုအပ် မည်ဖြစ်ပါသည်။ မြန်မာနိုင်ငံမှ ကဏန်းအပါအဝင် ရေထွက်ကုန်ပစ္စည်းများကို တရုတ်နိုင်ငံသို့ အဓိကတင်ပို့လျက်ရှိပြီး ယင်းနောက် ထိုင်းနိုင်ငံနှင့် ဂျပန်နိုင်ငံအပါအဝင် နိုင်ငံပေါင်း ၄၀ ကျော်ကိုလည်း တင်ပို့လျက်ရှိ ကြောင်း သိရသည်။ မြန်မာနိုင်ငံအနေဖြင့် ရေထွက်ကုန်များ တင်ပို့မှုတွင် အိမ်နီး ချင်းနိုင်ငံများနှင့် နှိုင်းယှဉ်ပါက ခြောက်ဆမှ ရှစ်ဆခန့်အထိ နည်းပါး နေသေးကြောင်း သိရပါသည်။ အစိုးရ၊ စီးပွားရေးနှင့် ကူးသန်းရောင်း ဝယ်ရေး ဝန်ကြီးဌာနနှင့်    မြန်မာနိုင်ငံငါးလုပ်ငန်းအဖွဲ့ချုပ်တို့  ပူးပေါင်း ပြီး မြန်မာ့ရေထွက်ကုန်ပစ္စည်းများ ပိုမိုတင်ပို့နိုင်ရေး ကြိုးပမ်းနေ ချိန်တွင် ကိုရိုနာဗိုင်းရပ်စ်ရောဂါကြောင့် တရုတ်နိုင်ငံသို့ တင်ပို့မှုလမ်း ကြောင်းက လုံးဝရပ်ဆိုင်းလုနီးပါးဖြစ်နေရသည်။ ထိုကဲ့သို့ အခြေအနေများကြောင့်  ကဏန်းအပါ အဝင် မြန်မာ့ ရေထွက်ကုန်ပစ္စည်းများမှာများစွာ ထိခိုက်နစ်နာမှုများ ရှိလာခဲ့ရ သည်။ ပြည်တွင်းဖြုန်းအားကလည်း နည်းနေခြင်းကြောင့် နောက်ဆုံး တွင် ဥရောပနိုင်ငံများနှင့် အမေရိကန်ပြည်ထောင်စုသို့ပါ ဈေးကွက် ချဲ့ထွင် ပိုမိုတင်ပို့နိုင်ရေးအ တွက်  လုပ်ဆောင်ကြရမည်ဖြစ်ပါသည်။ မည်သို့ပင်ဆိုစေ တရုတ်နိုင်ငံက နယ်စပ်ကုန်သွယ်မှုကိုအကန့်အသတ် မရှိရပ်နားထားခြင်းကြောင့် လတ်တလောကာလတွင် မြန်မာ့ရေထွက် ကုန်ပစ္စည်းများနှင့်ပတ်သက်ပြီး ကြုံတွေ့နေရသည့် အခြေအနေများ ကို ကျော်လွှားနိုင်ရေးအတွက် စဉ်းစားအဖြေရှာကြရမည်ဖြစ်ကြောင်း ရေးသားတင်ပြလိုက်ရပါသည်။

 

စိန်သံ