Main menu

Background

စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာသန်းမြင့် မြန်မာနိုင်ငံ၏ ဒုတိယအကြိမ် ကုန်သွယ်မှုမူဝါဒဆန်းစစ်ခြင်းလုပ်ငန်းစဉ်အတွက် အပြီးသတ်အစီရင်ခံသည့် အစည်းအဝေးသို့ တက်ရောက်အမှာစကားပြောကြား

Thu, 02/04/2021 - 15:01 -- journal_editor

ဇန်နဝါရီ ၂၆ ရက် နံနက် ၁၀ နာရီတွင် စီးပွားရေးနှင့်ကူးသန်းရောင်း ဝယ်ရေးဝန်ကြီးဌာန  အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်သော မြန်မာနိုင်ငံ၏ ဒုတိယအကြိမ် ကုန်သွယ်မှု မူဝါဒဆန်းစစ်ခြင်းလုပ်ငန်းစဉ်အတွက် အပြီးသတ်  အစီ ရင်ခံသည့် အစည်းအဝေးကို Virtual  ပုံစံဖြင့် အောင်မြင်စွာကျင်းပနိုင်ရေးဝန်ကြီးဌာနတွင်း ညှိနှိုင်းအစည်းအဝေးသို့ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာသန်းမြင့် တက်ရောက်   အမှာစကားပြောကြား ခဲ့သည်။ ပြည်ထောင်စုဝန်ကြီးက အမှာစကားပြောကြားရာတွင် မြန်မာနိုင်ငံ၏ ဒုတိယအကြိမ် ကုန်သွယ်မှုမူဝါဒ ဆန်းစစ်ခြင်းလုပ်ငန်းစဉ်နှင့် ပတ်သက်၍ အချိန်တစ်နှစ်ခွဲခန့်ယူကာ ကြိုတင်ပြင်ဆင်မှုများ   ပြုလုပ်ခဲ့ကြောင်း၊ လုပ်ငန်း စဉ်နှင့်အတူ ကမ္ဘာ့ကုန်သွယ်ရေးအဖွဲ့ ၏ အတွင်းရေးမှူးရုံးအဖွဲ့  အစီရင်ခံစာနှင့် နိုင်ငံတော်အစိုးရ၏  အစီရင်ခံစာဟူ၍ အစီရင်ခံစာ  နှစ်စောင်ကိုလည်း ရေးသားပြုစုထားပြီးဖြစ်ကြောင်း၊ ယင်းလုပ်ငန်း စဉ်နှင့်ပတ်သက်၍ အပြီးသတ်အစည်းအဝေးကို ပုံမှန်အားဖြင့် ကမ္ဘာ့ကုန်သွယ်ရေးအဖွဲ့ရှိရာ ဆွစ်ဇာလန်နိုင်ငံ ဂျီနီဗာမြို့သို့ သွားရောက် ကျင်းပရမည်ဖြစ်သော်လည်း ကိုဗစ်ကပ်ရောဂါကြောင့် သွားရောက်နိုင်ခြင်း မရှိဘဲ Virtual Meeting အဖြစ် ကျင်းပရမည်ဖြစ်ပါကြောင်း၊
နိုင်ငံတော်၏ စီးပွားရေးဆိုင်ရာ အချက်အလက်များအပြင် အဓိကအားဖြင့် ကုန်သွယ်မှုနှင့် ဆက်စပ်သော မူဝါဒများကို ဆန်းစစ်လေ့လာခြင်းဖြစ် ရာ အလွန်အရေးကြီးသော လုပ်ငန်းစဉ်တစ်ရပ်ဖြစ်ကြောင်း၊ အပြီးသတ် အစည်း အဝေး အောင်မြင်စွာ ကျင်းပနိုင်ရေးအတွက် ဝန်ကြီးဌာနအောက်ရှိ ဌာနများနှင့် တာဝန်ရှိသူများ အားလုံးမှ ဝိုင်းဝန်းကြိုးပမ်းဆောင်ရွက်သွားရမည် ဖြစ်ကြောင်း၊ ယခုလုပ်ငန်းစဉ်အား တာဝန်ခံဆောင်ရွက်ခဲ့သည့် လုပ်ငန်းအဖွဲ့၏ အစဉ်အားစိုက်ဆောင်ရွက်ခဲ့မှု များအပေါ် ချီးကျူးပါကြောင်း၊ အစည်း အဝေးပြီးဆုံးပြီးနောက်  မြန်မာနိုင်ငံ၏ ဒုတိယအကြိမ် ကုန်သွယ်မှု  မူဝါဒဆန်း စစ်ခြင်းလုပ်ငန်းစဉ်နှင့် ပတ်သက်၍ အစီရင်ခံစာနှင့် ထွက်ပေါ်လာသော ရလဒ် များကို အစိုးရဌာန/အဖွဲ့အစည်း များအပြင် အများပြည်သူ ကျယ်ကျယ်ပြန့်ပြန့်သိရှိနိုင်စေရန်  သတင်းမီဒီယာများနှင့် ချိတ်ဆက်ကာ သတင်းထုတ်ပြန် ခြင်း၊ ဆောင်းပါးများ ရေးသားခြင်းတို့ ကိုလည်း ဆက်လက်ဆောင်ရွက်သွားရ မည်ဖြစ်ကြောင်း၊ ရလဒ်ကောင်းများ ဆက်လက်ရရှိနိုင်ရေးအတွက် လိုအပ်သည်များကို လုပ်ငန်းစီမံချက်နှင့်အညီ အသေးစိတ်ကြိုတင်ပြင်ဆင်ဆောင်ရွက်သွားရန် တိုက်တွန်းလိုကြောင်း ပြောကြားခဲ့သည်။ ဆက်လက်၍ မြန်မာနိုင်ငံ ၏ ဒုတိယအကြိမ် ကုန်သွယ်မှုမူဝါဒ ဆန်းစစ်ခြင်း လုပ်ငန်းစဉ်နှင့်ပတ်သက်၍ အပြီးသတ်အစီရင်ခံသည့် အစည်းအဝေးသို့  မြန်မာကိုယ်စားလှယ်အဖွဲ့ ခေါင်းဆောင်အနေဖြင့် ဦးဆောင်တက်ရောက်မည့်စီးပွားရေးနှင့်ကူးသန်း ရောင်း ဝယ်ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီးက ယခုကျင်းပမည့် အစည်းအဝေးသည် ၂၅-၁-၂၀၂၁ ရက်တွင် ကျင်းပခဲ့သော မြန်မာနိုင်ငံ၏  Universal Periodic Review- UPR တတိယအကျော့ အစီရင်ခံစာ သုံးသပ်သည့် အစည်းအဝေးနှင့် သဘောတရား တူညီပါကြောင်း၊ မြန်မာနိုင်ငံကိုယ်စားပြု ဆောင်ရွက်ရမည့် အစည်းအဝေး ဖြစ်၍ အလေးအနက်ထား ပြင်ဆင်ဆောင်ရွက်ရမည်ဖြစ်ကြောင်း၊ အစည်း အဝေးကာလအတွင်း  အင်တာနက်များ ကောင်းမွန်စွာ ချိတ် ဆက်ဆောင်ရွက် ရန်၊ နေပြည်တော်နှင့် ရန်ကုန်တို့မှနေ၍ Online ဖြင့် တက်ရောက်မည့် ကိုယ်စား လှယ်များအကြား အချိတ်အဆက်မိမိ ဆောင်ရွက်ရန်၊ ဂျီနီဗာမြို့ရှိ မြန်မာအမြဲတမ်းကိုယ်စားလှယ်အဖွဲ့ရုံးနှင့်လည်း အနီးကပ် ချိတ် ဆက်ဆောင်ရွက်သွား ရန် အချက်များနှင့်ပတ်သက်၍ဆွေးနွေး မှာကြားခဲ့သည်။  ထို့နောက် စီးပွားရေး နှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနအမြဲတမ်းအတွင်းဝန်က အစည်းအဝေး အောင်မြင်စွာ ကျင်းပနိုင်ရေးအတွက် သက်ဆိုင် သည့်ကိစ္စရပ်များဖြစ်သည့် အစီရင်ခံစာများ ဖြန့်ဝေထားရှိမှု အခြေအနေ၊ အဖွဲ့ဝင်များထံမှမေးခွန်းများလက်ခံရရှိမှုအခြေအနေ၊  WTO အတွင်းရေးမှူးရုံးနှင့် ချိတ်ဆက်လျက်ရှိသည့် အခြေအနေ၊ အခမ်းအနား ပြင်ဆင်ရေးနှင့် ပြန် ကြားရေး၊   အင်တာနက်နှင့် နည်းပညာဆိုင်ရာကိစ္စရပ်များ၊ ထောက်ပံ့ပို့ဆောင်ရေးဆိုင်ရာကိစ္စရပ်များ၊ ကျန်းမာရေးဆိုင်ရာကိစ္စရပ်များကို အသေးစိတ် ရှင်းလင်းတင်ပြခဲ့ရာ တင်ပြချက်များအပေါ် ပြည်ထောင်စုဝန်ကြီးက ပြန်လည် ဖြည့်စွက်ဆွေးနွေးပြီး နိဂုံးချုပ်အမှာ စကားပြောကြားကာ  အစည်းအဝေးကို  ရုပ်သိမ်း လိုက်သည်။
မြန်မာနိုင်ငံ၏ ဒုတိယအကြိမ် ကုန်သွယ်မှု မူဝါဒဆန်းစစ်ခြင်းလုပ်ငန်းစဉ်ကို   ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီ ၁၅ ရက်နှင့် ၁၇ ရက်တို့တွင် ကမ္ဘာ့ကုန် သွယ်ရေးအဖွဲ့၏ Interprefy Platform အသုံးပြု၍ ကျင်းပမည်ဖြစ်ပြီး  အဆိုပါ Virtual Meeting သို့ နေပြည်တော် အခြေပြု ဆက်စပ်ဌာန/အဖွဲ့ အစည်းများ၏ကိုယ်စားလှယ်များက ကျန်းမာရေး နှင့် အားကစားဝန်ကြီးဌာနက ထုတ်ပြန်ထားသည့် ညွှန်ကြားချက်များနှင့်အညီ Kempinski ဟိုတယ်တွင် တစ်စုတစ်စည်း တည်းဖြင့်လည်းကောင်း၊ ရန်ကုန်ရှိ ကိုယ်စားလှယ်များက Account Access များဖြင့်လည်းကောင်း ပါဝင်တက်ရောက်သွားမည် ဖြစ်ကြောင်း၊ အဆိုပါအစည်းအဝေးသို့ ကမ္ဘာ့ကုန်သွယ်ရေး အဖွဲ့ဝင်နိုင်ငံများမှ ကိုယ်စားလှယ် များ လည်း ပါဝင်တက်ရောက်သွားမည်ဖြစ်ရာ ကမ္ဘာ့ကုန်သွယ်ရေးအဖွဲ့အောက်ရှိ Trade Policy Review Body-TPRB ၏ ဥက္ကဋ္ဌတာဝန်ယူထားသူ အိုက်စလန်နိုင်ငံ သံအမတ်ကြီး H.E. Mr. Harald ASPELUND က ယင်းအစည်းအဝေး၏ ဥက္ကဋ္ဌ အဖြစ် တာဝန်ယူဆောင်ရွက်သွားမည်ဖြစ်ကြောင်း၊ မြန်မာနိုင်ငံ၏ ဒုတိယအကြိမ် ကုန်သွယ်မှု မူဝါဒဆန်းစစ်ခြင်းလုပ်ငန်းစဉ်နှင့်ပတ်သက်၍  အပြီးသတ်အစီရင်ခံသည့် အစည်းအဝေးအတွက် အဓိက ဆွေးနွေးသုံးသပ် တင်ပြ သူ (Discussant) အဖြစ် ဖင်လန်နိုင်ငံ သံအမတ်ကြီး  H.E. Ms.Kirsti KAUPPI က ဆောင်ရွက်သွားမည်ဖြစ် ကြောင်း သိရှိရသည်။ ကမ္ဘာ့ကုန်သွယ်ရေးအဖွဲ့ဝင်နိုင်ငံများသည် ကုန်သွယ်မှု မူဝါဒဆန်းစစ်ခြင်း  လုပ်ငန်းစဉ်ကို မဖြစ်မနေ လိုက်ပါဆောင်ရွက်ရမည်ဖြစ်ပြီးဖွံ့ဖြိုးမှု အနည်းဆုံး  အဖွဲ့ဝင်နိုင်ငံများက ခုနစ်နှစ်လျှင် တစ်ကြိမ်ဆောင်ရွက်ရပြီး မြန်မာနိုင်ငံ၏ ပထမ အကြိမ် ကုန်သွယ်မှု မူဝါဒဆန်းစစ်ခြင်းလုပ်ငန်း စဉ်ကို ၂၀၁၄ ခုနှစ်တွင် ပြုလုပ်ခဲ့ပြီး  ဒုတိယ အကြိမ် ကို မူလက ၂၀၂၀ ပြည့်နှစ် အောက်တိုဘာလတွင် ဆွစ်ဇာလန်နိုင်ငံ ဂျီနီဗာမြို့ ကမ္ဘာ့ကုန်သွယ်ရေး အဖွဲ့၏ ရုံးချုပ်သို့ မြန်မာကိုယ်စားလှယ်အဖွဲ့က သွားရောက်ပြုလုပ်ရန် စီစဉ်ခဲ့သော်လည်း ကိုဗစ် ကပ်ရောဂါကြောင့် ခရီး စဉ်ကို ရွှေ့ဆိုင်းခဲ့ရပြီး ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီ ၁၅ ရက်နှင့်   ၁၇ ရက် တို့တွင် Virtual Meeting အဖြစ် အခြားသော အဖွဲ့ ဝင်နိုင်ငံများနည်းတူ လိုက်ပါပြောင်းလဲပြုလုပ်ခြင်း ဖြစ်သည်။ အစည်းအ‌ဝေးသို့ စီးပွားရေးနှင့်ကူးသန်း ရောင်း ဝယ်ရေးဝန်ကြီးဌာန  ဒုတိယဝန်ကြီး၊ အမြဲတမ်းအတွင်းဝန် ညွှန်ကြားရေးမှူးချုပ်များ၊ ဒုတိယအမြဲတမ်းအတွင်းဝန်၊  ဒုတိယညွှန်ကြားရေး မှူးချုပ်များနှင့် တာဝန်ရှိသူများ တက်ရောက်ခဲ့ကြ ကြောင်း သတင်းရရှိသည်။     

 

MOC(IR)