Main menu

Background

စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးဒေါက်တာပွင့်ဆန်း Partnership Summit 2021 အခမ်းအနားသို့ တက်ရောက်အမှာစကားပြောကြား

Thu, 12/23/2021 - 15:17 -- journal_editor

       စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီး ဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာပွင့်ဆန်းသည် ဒီဇင်ဘာ ၁၄ ရက် မွန်းလွဲ ၁ နာရီတွင် အိန္ဒိယနိုင်ငံ စီးပွားရေးနှင့်  ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာနနှင့် Confederation of Indian Industry (CII) တို့ ကြီးမှူး ကျင်းပသည့်Partnership Summit 2021  ၏   Special Ministerial Plenary Session odkY Virtual  စနစ်ဖြင့်  တက်‌ရောက် အမှာစကား ပြောကြားခဲ့သည်။ပြည်ထောင်စုဝန်ကြီးက အမှာစကား ပြောကြား ရာတွင် ယနေ့ကျင်းပသည့်အခမ်းအနား၏ ရည်ရွယ် ချက်ဖြစ်သော“Partnering for Building a New World: Growth, Competitiveness, Sustainability, Technology”  သည်  လက်ရှိကာလ  ကမ္ဘာ့အသိုင်းအဝိုင်း၏ အခြေအနေကို  ထင်ဟပ်နေပြီး ကုန်သွယ် ရေး၊ ရင်းနှီးမြှုပ်နှံမှု၊ နည်းပညာနှင့်  အခြားအရေးကြီး ကဏ္ဍများပါ လွှမ်းခြုံပါဝင်နေသဖြင့် မိတ်ဖက်စီးပွား ရေးအသိုက်အဝန်းများအကြား    ပိုမိုခိုင်မာသော ပူးပေါင်းဆောင်ရွက်မှုများနှင့်  စီးပွားရေးချိတ်ဆက် ဆောင်ရွက်မှု အခွင့်အလမ်းများကို ရရှိလာနိုင်မည်ဟု ယုံကြည်ပါကြောင်း။
   ကိုဗစ် (၁၉) ကပ်ရောဂါ ကာလအတွင်း ဖွံ့ဖြိုး ဆဲနိုင်ငံများတွင် ဈေးကွက်ယှဉ်ပြိုင်မှုနှင့် တီထွင်ဆန်း သစ်မှုများအတွက် စီးပွားရေးဆိုင်ရာ ပူးပေါင်းဆောင် ရွက်မှုများ ဆောင်ရွက်ရာတွင် စိန်ခေါ်မှု အခက်အခဲ များ ကြုံတွေ့နေရသဖြင့် ကုန်စည်ထုတ်လုပ်မှု ကွင်း ဆက်များအား ခေတ်မီဒစ်ဂျစ်တယ်နည်းပညာ အသုံး ပြုပြီး အဆင်ပြေချောမွေ့အောင် ဆောင်ရွက်နိုင်စေရန် အတွက် ယင်းကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေးအတွက် အထူး အလေးထား ဆောင်ရွက်သွားကြရန် လိုအပ်ပါကြောင်း နှင့် ပုဂ္ဂလိကကဏ္ဍ၏ပါဝင်မှုကို မြှင့်တင်ပြီး ကိုဗစ်(၁၉)  ကြောင့်ကြုံတွေ့နေရသည့် အခက်အခဲများနှင့်အတား အဆီးများကို ကျော်လွှားနိုင်ရန်နှင့် ခိုင်မာအားကောင်း သော စီးပွားရေး  ပြန်လည်ကုစားနိုင်ရေးတို့ အတွက် ပိုမိုပူး‌ပေါင်း  ဆောင်ရွက်သွားကြရန် တိုက်တွန်း ပြော ကြားလိုပါကြောင်း။
   ထို့အပြင် မြန်မာနိုင်ငံသည် လယ်ယာစိုက်ပျိုး ရေးကိုအခြေခံသည့်   နိုင်ငံတစ်နိုင်ငံဖြစ်ပြီး ယင်းကဏ္ဍတွင် ကုန်သွယ်မှုနှင့် ရင်းနှီးမြှုပ်နှံမှုများ ‌ဆောင်ရွက်ရန် အခွင့်အလမ်းကောင်းများ ရှိသကဲ့သို့ ရေထွက်ပစ္စည်း၊  စွမ်းအင်၊ ခရီးသွား လုပ်ငန်း၊ အခြေခံအဆောက်အအုံ နှင့် နည်းပညာကဏ္ဍများမှာလည်း အလားအလာရှိ သည့်ကဏ္ဍများဖြစ်သဖြင့်  ယနေ့အခမ်းအနားသို့ တက်ရောက်လာသည့် စီးပွားရေးလုပ်ငန်းရှင်များအား မြန်မာနိုင်ငံသို့ လာရောက်ပြီး စီးပွားရေး လုပ်ငန်းများ တိုးချဲ့ဆောင်ရွက်သွားရန်  ဖိတ်ခေါ်ပါကြောင်း ပြော ကြားခဲ့သည်။
   အဆိုပါအခမ်းအနားတွင်   အိန္ဒိယ၊ ဘူတန်၊ ကမ္ဘောဒီးယား၊ အီတလီ၊ မော်လ်ဒိုက်၊ မောရစ်ရှ၊ သီရိ လင်္ကာနိုင်ငံတို့မှ  စီးပွားရေးဝန်ကြီးများနှင့် အိန္ဒိယ ကုန်သည်ကြီးများအသင်း ဥက္ကဋ္ဌတို့မှ အမှာစကားများ အသီးသီးပြောကြားခဲ့ပြီး  အပြည်ပြည်ဆိုင်ရာ အဖွဲ့ အစည်းများမှ အကြီးအကဲများ၊ နိုင်ငံတကာ စီးပွားရေး လုပ်ငန်းရှင်များ၊ နိုင်ငံပေါင်း ၈၀ ကျော်မှ  ကိုယ်စား လှယ်များက  Online နှင့် Physical တို့ဖြင့်  တက်ရောက် ဆွေးနွေးခဲ့ကြသည်။
အဆိုပါ အခမ်းအနား သို့ မြန်မာနိုင်ငံဘက်မှ  စီးပွားရေးနှင့်  ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ အမြဲတမ်းအတွင်းဝန်၊  ညွှန်ကြားရေးမှူးချုပ်များနှင့် တာဝန်ရှိသူများကVirtual စနစ်ဖြင့် ပါဝင်တက်ရောက် ခဲ့ကြောင်း သတင်းရရှိသည်။                 

MOC (IR)