Main menu

Background

ပဲမျိုးစုံတင်ပို့မှုဆိုင်ရာ ပေါင်းစပ်ညှိနှိုင်းရေး အထူးလုပ်ငန်းအဖွဲ့ အစည်းအဝေးသို့ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန အမြဲတမ်းအတွင်းဝန် တက်ရောက်အမှာစကားပြောကြား

Thu, 12/23/2021 - 15:27 -- journal_editor

ဒီဇင်ဘာ ၁၆ ရက် နံနက် ၁၀ နာရီတွင် စီးပွား‌ရေးနှင့် ကူးသန်းရောင်း ဝယ်‌ရေးဝန်ကြီးဌာန  အစည်းအဝေး ခန်းမ၌ Video Conferencing  စနစ်ဖြင့် ကျင်းပခဲ့သည့်  ပဲမျိုးစုံတင်ပို့မှုဆိုင်ရာ ပေါင်းစပ်ညှိနှိုင်း‌ရေး အထူးလုပ်ငန်း အဖွဲ့၏  ညှိနှိုင်းအစည်းအဝေးသို့  အမြဲ တမ်းအတွင်းဝန်   ဦးမင်းမင်း  တက် ရောက်အမှာစကား ပြောကြားခဲ့သည်။
အစည်းအဝေး၌   ၂၀၂၁ ခုနှစ် ဇွန် ၁၈ ရက်တွင် မြန်မာနှင့် အိန္ဒိယနိုင်ငံ အစိုးရများအကြား  လက်မှတ်ရေးထိုး ခဲ့သည့် မတ်ပဲနှင့် ပဲစင်းငုံ ကုန်သွယ်မှု ပူးပေါင်းဆောင်ရွက်ရေးဆိုင်ရာ  နား လည်မှုစာချွန်လွှာအရ  မြန်မာနိုင်ငံမှ အိန္ဒိယနိုင်ငံသို့   မတ်ပဲနှင့် ပဲစင်းငုံ တင် ပို့သည့်ကိစ္စနှင့်ပတ်သက်၍ အဓိကထား ဆွေးနွေးခဲ့ကြပြီး အဆိုပါ နားလည်မှု စာချွန်လွှာအရ မြန်မာနိုင်ငံမှ နှစ်စဉ်  မတ်ပဲ  တန်ချိန် ၂ ဒသမ ၅ သိန်းနှင့် ပဲစင်းငုံတန်ချိန် တစ်သိန်းတို့ကို  ပုဂ္ဂလိက ကုန်သွယ်မှုမှတစ်ဆင့်   နောင်ဘဏ္ဍာ နှစ် ငါးနှစ်၊ ၂၀၂၁-၂၀၂၂ ဘဏ္ဍာနှစ်မှ ၂၀၂၅-၂၀၂၆ ဘဏ္ဍာနှစ်   (ဧပြီလမှ မတ်လ) အတွင်း အိန္ဒိယနိုင်ငံသို့  တင်ပို့ သွားရမည်ဖြစ်သည်။
အိန္ဒိယနိုင်ငံသို့ G to G MoU အရ ပဲတင်ပို့မှု လွယ်ကူလျင်မြန်စေရေး နှင့် စနစ်တကျတင်ပို့နိုင်ရေး ဆိုင်ရာ ကြီးကြပ်မှုလုပ်ငန်းအဖွဲ့ ဖွဲ့စည်းပြီးဖြစ် MoU အရ နှစ်နိုင်ငံ  Joint Moni- toring Committee အစည်းအဝေး မကျင်းပမီ    နှစ်ဖက်ကြိုတင်ညှိနှိုင်း အစည်းအဝေးတစ်ခုကို  ၂၀၂၂ ခုနှစ် ဒီဇင်ဘာလကုန်ပိုင်းအတွင်း   ကျင်းပ သွားရန် အိန္ဒိယဘက်နှင့် ညှိနှိုင်းဆောင် ရွက်လျက်ရှိပြီး ၂၀၂၀ - ၂၀၂၁ ဘဏ္ဍာ နှစ်သည် မြန်မာ့ပဲမျိုးစုံတင်ပို့မှုသမိုင်းတွင် အမြင့်ဆုံးဖြင့်  တန်ချိန် နှစ်သန်း ကျော်၊ တန်ဖိုးအမေရိကန်ဒေါ်လာ ၁ ဒသမ ၅၇ ဘီလီယံရရှိခဲ့သဖြင့်  ယင်း အခြေအနေအား စဉ်ဆက်မပြတ်တင်ပို့ နိုင်ရန် Product Diversification ESihf Market Diversification  ဆောင်ရွက် ရေး ညှိနှိုင်းဆွေးနွေးမှုများ ဆောင်ရွက် ခဲ့ကြသည်။ အစည်းအဝေးသို့ စီးပွား ရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီး ဌာနမှ ညွှန်ကြားရေးမှူးချုပ်များ၊ သက် ဆိုင်ရာဝန်ကြီးဌာနများမှ တာဝန်ရှိသူ ပုဂ္ဂိုလ်များ၊ မြန်မာနိုင်ငံ   ပဲမျိုးစုံနှင့် နှမ်းကုန်သည်များအသင်း   ဥက္ကဋ္ဌနှင့်  အသင်းအဖွဲ့များမှ တာဝန်ရှိသူပုဂ္ဂိုလ် များ၊ ကျွမ်းကျင်သူများ၊ ပဲစိုက်ပျိုးထုတ် လုပ်သူ တောင်သူများ တက်ရောက်ခဲ့ကြ ကြောင်း သတင်းရရှိသည်။
MOC (IR)