Main menu

Background

၀ါသီးနှံကဏ္ဍတည်ငြိမ်ရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေးအတွက် Stakeholders များပါဝင်သည့် လုပ်ငန်းညှိနှိုင်းအစည်းအဝေးသို့ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာပွင့်ဆန်း တက်ရောက်အမှာစကားပြောကြား

Thu, 05/26/2022 - 15:53 -- journal_editor

 စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီး ဌာန  အစည်းအဝေးခန်းမ၌ မေ ၁၀ ရက် နံနက် ၁၀ နာရီတွင် Virtual  စနစ်ဖြင့် ကျင်းပခဲ့သည့်  ဝါသီးနှံ ကဏ္ဍ တည်ငြိမ်ရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေးအတွက်Stakeholdersများ ပါဝင် သည့်  လုပ်ငန်းညှိနှိုင်းအစည်းအဝေးသို့ စီးပွားရေးနှင့်ကူးသန်းရောင်းဝယ် ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး  ဒေါက်တာပွင့်ဆန်း တက်ရောက်အမှာစကား ပြောကြားခဲ့သည်။ပြည်ထောင်စုဝန်ကြီးက အမှာစကားပြောကြား ရာတွင် ဝါသီးနှံ ကဏ္ဍဖွံ့ဖြိုးတိုးတက်ရေးအတွက် စိုက်ပျိုးထုတ်လုပ်သူတောင်သူ၊ဝါကြိတ်စက်လုပ်ငန်းရှင်များမှအစ ပြည်ပတင်ပို့သည့် Exporter များအထိ  သင့်တင့်မျှတသည့်  ဈေးနှုန်းများ၊ ထိုက်သင့်သည့် အကျိုး အမြတ်များ ရရှိစေ ရေး ဆောင်ရွက် ပေးလျက်ရှိ ကြောင်း၊  တက်ရောက်လာကြသည့်  ဌာနများနှင့် သက်ဆိုင်ရာအသင်းအဖွဲ့များမှ  ဝါသီးနှံကဏ္ဍ ဖွံ့ဖြိုး တိုးတက်ရေးအတွက် ကဏ္ဍအလိုက် ပွင့်ပွင့်လင်းလင်း ဆွေးနွေးပေးစေလိုကြောင်းနှင့် အခက်အခဲများရှိပါက လည်း  သက်ဆိုင်ရာဝန်ကြီးဌာနများက ပံ့ပိုးကူညီ ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း ပြောကြားခဲ့သည်ထို့နောက် အစည်းအဝေးသို့ တက်ရောက်လာ သူများက ဝါ စိုက်ပျိုးထုတ်လုပ်မှု၊ နိုင်ငံပိုင် စက်ရုံများ နှင့် တိုင်းရင်းသား ချည်လုပ်ငန်းရှင် များက ဝါဂွမ်းဝယ် ယူရရှိမှု အခြေအနေနှင့် ၂၀၂၂-၂၀၂၃ ဘဏ္ဍာနှစ် အတွက်  ဝယ်ယူရန်  လျာထားမှု  အခြေအနေများ၊ ပြည်ပတင်ပို့မှုနှင့် ဝါသီးနှံနှင့် ဝါဂွမ်းလက်ကျန် ကျန်ရှိ မှုအခြေအနေများနှင့်ပတ်သက်၍  ဝိုင်းဝန်းဆွေးနွေး ခဲ့ကြပြီး ပြည်ထောင်ဝန်ကြီးက တင်ပြချက်များအပေါ် လိုအပ်သည်များအား ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးခဲ့သည်။အစည်းအဝေးသို့  စက်မှုဝန်ကြီးဌာန ဒုတိယဝန်ကြီး၊ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီး ဌာနဒုတိယဝန်ကြီး၊ အမြဲတမ်းအတွင်းဝန်၊ ညွှန်ကြားရေးမှူးချုပ်များ၊  ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံ ကုန်သည်များနှင့်  စက်မှုလက်မှုလုပ်ငန်းရှင်များ အသင်းချုပ်၊ မြန်မာနိုင်ငံ ဝါနှင့် ဝါထွက်ပစ္စည်းလုပ်ငန်း ရှင်များအသင်း၊ဝါလုပ်ငန်းနှင့် ပတ်သက်သည့် အ သင်း အဖွဲ့များနှင့် ဝါဂွမ်းတင်ပို့သည့်  Exporter  များတက် ရောက်ခဲ့ကြကြောင်း သတင်းရရှိသည်။

MOC(IR)