Main menu

Background

စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာပွင့်ဆန်း မြန်မာနိုင်ငံသားများဘဏ်လီမိတက်

Tue, 06/21/2022 - 15:52 -- journal_editor

နှစ်(၃၀)ပြည့် ပုလဲရတုအခမ်းအနားသို့ တက်ရောက်အမှာစကားပြောကြားဇွန် ၁၂ ရက် နံနက် ၁၁နာရီတွင် ရန်ကုန်မြို့ ကမာရွတ်မြို့နယ်ရှိ LOTTE  Hotel ၌ကျင်းပပြုလုပ်ခဲ့သည်  မြန်မာနိုင်ငံသားများဘဏ်လီမိတက်၏ နှစ် (၃၀) ပြည့် ပုလဲရတုအခမ်းအနားသို့  စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန  ပြည်ထောင်စုဝန်ကြီး ဒေါက်တာပွင့်ဆန်း တက်ရောက် အမှာစကား ပြောကြားခဲ့သည်။ပြည်ထောင်စုဝန်ကြီးက အမှာစကားပြောကြားရာတွင် မြန်မာနိုင်ငံများ ဘဏ်ကို  ၁၉၉၂ခုနှစ်မှ စတင်ဖွင့်လှစ်ခဲ့ရာ ယခုအခါ နှစ်(၃၀)ပြည့်ပုလဲရတု သို့ ရောက်ရှိခဲ့ပြီဖြစ်ကြောင်း၊ ရန်ကုန်စတော့ချိန်း (YSX)  ၌ စာရင်းဝင် အများပိုင်ကုမ္ပဏီတစ်ခုဖြစ်သည်နှင့်အညီ အစုရှယ်ယာရှင်များ၏ ကောင်းကျိုးကို ရှေးရှု ၍ အစဉ်တစိုက်ကြိုးစားဆောင်ရွက်သွားရန်နှင့်ပွင့်လင်းမြင်သာမှုရှိပြီး နည်းစနစ်မှန်ကန်သောဘဏ်တစ်ခုအဖြစ် ရပ်တည်ဆောင်ရွက်သွားရန်လိုအပ်ကြောင်း၊ထို့ပြင် မြန်မာနိုင်ငံတော်ဗဟိုဘဏ်က ချမှတ်ထားသည့် စည်းမျဉ်း စည်းကမ်း များကိုလည်း တိကျစွာလိုက်နာဆောင်ရွက်သွားရန်  တိုက်တွန်း ပြောကြားလိုကြောင်း၊ ဘဏ်လုပ်ငန်းများသည် တိုင်းပြည်စီးပွားရေး၏ အဓိကကျသောအခန်းကဏ္ဍတစ်ခုမှ  ပါဝင်နေသည့်အပြင် ဈေးကွက်စီးပွားရေးစနစ် ပီပြင်စွာ ဖော် ဆောင်နိုင်ရန်အတွက် အခြေခံကျသည့် အခန်းကဏ္ဍမှလည်း ပါဝင်နေကြောင်း၊ သုံးစွဲသူများ၏ လိုအပ်ချက်များကို စနစ်တကျ နည်းလမ်းမှန်ကန်စွာ နှင့်  ဆောင်ရွက်ပေးပြီး မြန်ဆန်ကောင်းမွန်သော ဝန်ဆောင်မှုများပေးနိုင်ရန်    ပိုမိုကြိုး စားသွားကြရန်လိုအပ်ကြောင်း၊ သုံးစွဲသူများ၏လိုအပ်ချက်များ အဓိကကျသည့်Digital အသွင်ကူးပြောင်းရေးကိုလည်း အရှိန်အဟုန်ဖြင့် ဆက်လက်လုပ်ဆောင်သွားရန်လိုအပ်မည်ဖြစ်ကြောင်း၊ဘဏ်၏ဒီဂျစ်တယ်စနစ်ကို Upgrade    ပြု လုပ်ပြီးCustomerများ အသုံးပြုရာတွင် လွယ်ကူစေရေးနည်းလမ်းများ ရှာဖွေဆောင်ရွက် သွားရန်လိုအပ်ကြောင်းပြောကြားခဲ့သည်။ထို့နောက် မြန်မာနိုင်ငံသားများဘဏ်  ဥက္ကဋ္ဌ ဦးတိုးအောင်မြင့်၊ CEO Mr. Gavinda Gurung နှင့် တာဝန် ရှိသူများက  ကြိုဆိုနှုတ်ခွန်းဆက်စကားများ အသီးသီးပြောကြားခဲ့ပြီး   ပြည်ထောင်စုဝန်ကြီးနှင့် အတူ တက်ရောက်လာကြသူများက မှတ်တမ်းတင်ဓာတ်ပုံရိုက်ကူးပြီး အခမ်းအနားကို ရုပ်သိမ်းလိုက်ကြောင်းသိရသည်။
MOC(IR)