Main menu

Background

မိုးရာသီ သစ်ပင်စိုက်ပျိုးပွဲတော်သို့ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာပွင့်ဆန်း တက်ရောက်၊ စုစုပေါင်း အပင် ၂၀ဝ စိုက်ပျိုး

Thu, 07/14/2022 - 13:27 -- journal_editor

စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီး ဌာန၏ ၂၀၂၂ ခုနှစ် မိုးရာသီ သစ်ပင်စိုက်ပျိုးပွဲတော် အခမ်းအနားကို  ဇွန် ၂၄ ရက် နံနက် ၇ နာရီခွဲတွင် နေပြည်တော်ရှိ  စီးပွားရေးနှင့် ကူးသန်းရောင်းဝယ် ရေးဝန်ကြီးဌာန မူပိုင်ခွင့် ဦးစီးဌာနရုံး ဆောက်လုပ်မည့် မြေနေရာအနီး၌ ကျင်းပပြုလုပ်ခဲ့သည်။ရှေးဦးစွာ  ပြည်ထောင်စုဝန်ကြီး  ဒေါက်တာ ပွင့်ဆန်းက  မဟော်ဂနီပင်ကို  ဦးဆောင်စိုက်ပျိုးပြီး ဒုတိယဝန်ကြီး  ဦးညွန့်အောင်၊  အမြဲတမ်းအတွင်းဝန်၊ ဦးစီးဌာနများ မှ  ညွှန်ကြားရေးမှူးချုပ်များ၊ ဒုတိယ ညွှန်ကြားရေးမှူးချုပ်များ၊ ဝန်ကြီးရုံးနှင့် ဦးစီးဌာနများမှ အရာထမ်း၊ အမှုထမ်းများက  မဟော်ဂနီပင်များနှင့် ရတနာတန်းဝင် ကျွန်းပင် ၁၉၇ ပင်၊ စုစုပေါင်းအပင် ၂၀ဝ ကို ပါဝင်စိုက်ပျိုးကြပြီးနောက် ပြည်ထောင်စုဝန်ကြီး၊ ဒုတိယဝန်ကြီးနှင့် အဖွဲ့များသည် ဝန်ထမ်းများ သစ်ပင်စိုက်ပျိုးနေမှုများကို    လှည့်လည်ကြည့်ရှု အားပေးခဲ့ကြသည်။ဝန်ကြီးဌာနအနေဖြင့်  ၂၀၂၀ ပြည့်နှစ် မိုးရာသီ နှင့် ၂၀၂၁ ခုနှစ် မိုးရာသီ သစ်ပင်စိုက်ပျိုး ပွဲတော် တွင် ရတနာတန်းဝင်  ကျွန်းပင် ၂၀ဝ၊ ပျဉ်းကတိုးပင် ၁၅၀၊ မဟော်ဂနီပင် ၁၅၀၊ ဒန့်သလွန်ပင် ၅၀ဝ၊ မန်ဂျန်ရှားပင် ၁၀ဝ၀၊ တစ်သျှူးငှက်ပျောပင် ၂၀ဝ၊ ထိုင်ဝမ်သင်္ဘော ပင် ၃၀ဝ၊   စိန်တလုံးသရက်ပင် ၈၅၀၊  ဝါးပိုးဝါးပင် ၁၀ဝ၀ တို့အား စိုက်ပျိုးပြီးစီးခဲ့ကြောင်း သိရရှိသည်။
MOC(IR)