Main menu

Background

ပြည်ထောင်စုဝန်ကြီး ဒေါက်တာပွင့်ဆန်း စားသုံးဆီသိုလှောင်ကန်များမှ ဆီဖြန့်ဖြူးမှုအခြေအနေ ကြည့်ရှုစစ်ဆေးပြီး စားသုံးဆီတင်သွင်းသည့် လုပ်ငန်းရှင်များနှင့် တွေ့ဆုံဆွေးနွေး

Thu, 07/28/2022 - 15:39 -- journal_editor

စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီး ဒေါက်တာပွင့်ဆန်း ဦးဆောင်သည့် ကိုယ်စားလှယ်အဖွဲ့သည်  ဇူလိုင် ၉ ရက် နံနက် ၉ နာရီတွင်ရန်ကုန်မြို့ ကမ်းနားလမ်းရှိ  Six Winners Brothers ကုမ္ပဏီ လီမိတက်၏  ဆီသိုလှောင်ကန်များ၌ စားအုန်းဆီသိုလှောင်ထားရှိမှုအခြေအနေများ၊ဖြန့်ဖြူးမှုအခြေအနေ၊ 18 Liter ပုံးများဖြင့် ဘူးသွင်းထုတ်လုပ်မှုအခြေအနေတို့ကို လှည့် လည်ကြည့်ရှုစစ်ဆေးပြီး နံနက်  ၁၀ နာရီခွဲတွင် ရန်ကုန် မြို့ ကမ်းနား လမ်းရှိ စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ ရန်ကုန် တိုင်းဒေသကြီးရုံးခွဲ၊ ပဉ္စမထပ် အစည်းအဝေးခန်းမတွင် စားအုန်းဆီ တင်သွင်း၊ သိုလှောင်၊ ဖြန့်ဖြူးခြင်းလုပ်ငန်း ကြီးကြပ်ရေးကော်မတီအဖွဲ့ ဝင်များ၊ မြန်မာ နိုင်ငံ ဆီကုန်သည်နှင့်ဆီလုပ်ငန်းရှင်အသင်းမှ တာဝန် ရှိသူများ၊ စားသုံးဆီ တင်သွင်းသည့် လုပ်ငန်းရှင်များနှင့် တွေ့ဆုံဆွေး နွေးခဲ့သည်။
အဆိုပါတွေ့ဆုံပွဲတွင်ပြည်ထောင်စုဝန်ကြီးက အမှာစကားပြောကြားရာ၌ ပြည်ပမှတင်သွင်းသည့်စားအုန်းဆီများကို စနစ်တကျတင်သွင်း၊ ဖြန့်ဖြူးရောင်းချနိုင်ရေးကို ထိန်းကျောင်းဆောင်ရွက်လျက် ရှိကြောင်း၊လာမည့်ဘဏ္ဍာနှစ် မှ စ၍ ဈေးကွက်သို့ ဆီပေပါများဖြင့် ဖြန့်ဖြူးနေခြင်းအစား Consumer Pack ဖြင့်ထုပ်ပိုးဖြန့်ဖြူးရောင်းချသွားနိုင်ရေးကိုလုပ်ငန်းရှင်များအား အသိပေးနှိုးဆော်ထားပြီးဖြစ်၍ ကြိုတင်ပြင်ဆင်ဆောင်ရွက်သွားကြရန်  အသိပေး  ပြော ကြားလိုကြောင်း၊ ဃသညျကာနမ ဏခေု ဖြင့် ထုပ်ပိုးဖြန့်ဖြူးရောင်းချရာတွင် သက် ဆိုင်ရာဌာနများက ညွှန်ကြားထားသည့် ကုန်အညွှန်းအမှတ်အသား များ ပြည့်စုံစွာဖော်ပြခြင်းအားဖြင့် သက်ဆိုင်ရာကုမ္ပဏီများအနေဖြင့် တာဝန်ခံမှု၊ တာဝန်ယူမှုရှိလာစေမည်ဖြစ်ပြီး စားသုံးသူများ၏ အခွင့် အရေးနှင့် အကျိုးစီးပွားများကို ကြိုတင်ကာကွယ်ရာ ရောက်မည်ဖြစ် ကြောင်း။
ပြည်ပမှ စားအုန်းဆီတင်သွင်းမှုလျှော့ချနိုင်ရေးအတွက် ပြည် တွင်းထုတ်လုပ်မှုကို တိုးမြှင့်ဆောင်ရွက်ရမည်ဖြစ်သကဲ့သို့ စားသုံးသူ လက်ခံနိုင်သည့် အရည်အသွေးပြည့်မီသော စားအုန်းဆီများ ထုတ် လုပ်ဖြန့်ဖြူးနိုင်ရေးအတွက်လည်း အရေးကြီးကြောင်း၊ ယခုအချိန် တွင် ပြည်တွင်း၌ နေကြာစိုက်ပျိုးထုတ်လုပ်မှုကို တိုးမြှင့်ဆောင်ရွက် လျက်ရှိသည့်အတွက် အရည်အသွေးပြည့်မီသည့် နေကြာဆီထုတ် လုပ်သည့်စက်ရုံများ ပေါ်ပေါက်လာစေရေးအတွက် ချေးငွေ များပေးအပ်နိုင်ရန် နိုင်ငံတော်အနေဖြင့် စီစဉ်ဆောင်ရွက်လျက်ရှိကြောင်း၊ အလားတူ လက်ရှိစားအုန်းဆီကြမ်း ထုတ်လုပ်လျက်ရှိရာမှ အဆင့် မြင့် စားအုန်းဆီ ထုတ်လုပ်နိုင်ရေးအတွက်ကိုလည်း ဆောင်ရွက် သွားကြရ မည်ဖြစ်ကြောင်း၊ ပြည်ပမှ စားအုန်းဆီ တင်သွင်းသူများ အနေဖြင့် ဝန်ကြီးဌာနက သတ်မှတ်ထားသည့် စည်းမျဉ်းစည်းကမ်း များနှင့်အညီ တင်သွင်းဖြန့်ဖြူးရောင်းချသွားရန် အသိပေးပြောကြား လိုကြောင်း ပြောကြားခဲ့သည်။
ထို့နောက် စားသုံးသူရေးရာဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်၊ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံ  ကုန်သည်များနှင့် စက်မှုလက်မှု လုပ်ငန်းရှင်များအသင်းချုပ် ဥက္ကဋ္ဌ ၊ မြန်မာနိုင်ငံဆီကုန်သည်နှင့် ဆီ လုပ်ငန်းရှင်များအသင်း ဥက္ကဋ္ဌ၊ ဆီတင်သွင်းဖြန့်ဖြူးသည့် လုပ်ငန်း ရှင်များက စားအုန်းဆီ တင်သွင်းမှု၊ ထုတ်လုပ်မှု၊ ဖြန့်ဖြူးမှုအခြေအနေ များနှင့်ပတ်သက်၍  သက်ဆိုင်ရာကဏ္ဍအလိုက် အသီးသီးဆွေးနွေး တင်ပြခဲ့ကြရာ ပြည်ထောင်စုဝန်ကြီးက လိုအပ်သည်များ အား ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးခဲ့ကြောင်း သိရှိရသည်။
ဆက်လက်၍ ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် မွန်းလွဲ ၂ နာရီတွင် ရန်ကုန်တိုင်းဒေသကြီး ပန်းဘဲတန်းမြို့နယ် ကမ်းနားလမ်းရှိ ရန်ကုန်တိုင်းဒေသကြီး   တိုင်းဦးစီးမှူးရုံး၊  ပို့ကုန်သွင်းကုန်ရုံးခွဲ (ရန်ကုန်) ရှိ ပို့ကုန်/သွင်းကုန်ဌာနသို့  သွား ရောက်ကြည့်ရှုစစ်ဆေးခဲ့ပြီး ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် ပထမထပ်အစည်းအဝေးခန်းမ၌ ကော်စေ့လုပ်ငန်းရှင်များအား တွေ့ဆုံ၍ လုပ်ငန်းရှင်များက လုပ်ငန်း ဆောင်ရွက်ရာတွင် ကြုံတွေ့နေရသည့်အခက်အခဲများနှင့် စပ်လျဉ်း ၍ ရှင်းလင်းတင်ပြခဲ့ရာ တင်ပြချက်များအပေါ် ပြည်ထောင်စုဝန်ကြီး က သက်ဆိုင်ရာ  လုပ်ငန်းဌာနများနှင့်  ပေါင်းစပ်ညှိနှိုင်းဆောင်ရွက် ပေးခဲ့သည်။
ယင်းနောက် ပြည်ထောင်စုဝန်ကြီးသည် မွန်းလွဲ ၂  နာရီ ၄၅ မိနစ်တွင် ပဉ္စမထပ် မင်္ဂလာခန်းမ၌ ဆီထွက်သီးနှံ၊ ပဲ၊ နှမ်း၊ ပြောင်း ကိစ္စရပ်များနှင့်ပတ်သက်၍ မြန်မာနိုင်ငံပဲမျိုးစုံနှင့် နှမ်းကုန်သည် များအသင်းနှင့် မြန်မာနိုင်ငံ ပြောင်း လုပ်ငန်းအသင်းများမှ တာဝန်ရှိ သူများ၊ ကုန်သည်များအား တွေ့ဆုံ၍ ကုန်သည်လုပ်ငန်းရှင်းများ အနေဖြင့် လက်ရှိတွေ့ကြုံနေရသည့် အခက်အခဲများ၊ စိန်ခေါ်မှုများ ကို ပွင့်ပွင့်လင်းလင်း ဆွေးနွေးပြောကြားစေလိုကြောင်း  စသည် ဖြင့် အကျယ်တဝင့်ပြောကြားခဲ့ပြီး  ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံ ကုန်သည်များနှင့် စက်မှုလက်မှုလုပ်ငန်းရှင်များအသင်းချုပ် ဥက္ကဋ္ဌ ဦးဇော်မင်းဝင်းက ပဲ၊ ပြောင်း၊ နှမ်း၊ သီးနှံများအား ပြည်ပသို့ တင်ပို့နေ မှုအခြေအနေများအား ရှင်းလင်းဆွေးနွေးကာ မြန်မာနိုင်ငံပဲမျိုးစုံနှင့် နှမ်းကုန်သည်များအသင်း ဥက္ကဋ္ဌဦးထွန်းလွင်နှင့် တက်ရောက် လာကြသည့် ကုန်သည်လုပ်ငန်းရှင်များက လုပ်ငန်းဆောင်ရွက်ရာ တွင် တွေ့ကြုံနေရသည့် အခက်အခဲများအား ဆွေးနွေး တင်ပြခဲ့ရာ တင်ပြချက်များအပေါ်  ပြည်ထောင်စုဝန်ကြီးက ပေါင်းစပ်ညှိနှိုင်း ဖြေရှင်းပေးခဲ့ပြီး နိဂုံးချုပ်အမှာစကားပြောကြားကာ အခမ်းအနားကို  ရုပ်သိမ်းခဲ့ကြောင်း သတင်းရရှိသည်။
MOC (IR)