Main menu

Background

စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာပွင့်ဆန်း ဆန် ပြည်ပတင်ပို့မှုလုပ်ငန်းစဉ်များ စဉ်ဆက်မပြတ် ဆက်လက်တိုးတက်ဖွံ့ဖြိုးစေရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေးသို့ တက်ရောက်အမှာစကားပြောကြား

Thu, 07/28/2022 - 15:41 -- journal_editor

စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီး ဌာန အစည်းအဝေးခန်းမ၌ ဇူလိုင် ၆ ရက် နံနက် ၁၀ နာရီတွင်Virtual  စနစ်ဖြင့် ကျင်းပပြုလုပ်ခဲ့သည့် ဆန် ပြည်ပတင်ပို့မှု လုပ်ငန်းစဉ်များ စဉ်ဆက်မပြတ် ဆက် လက်တိုးတက်  ဖွံ့ဖြိုး စေရေးအတွက် လုပ်ငန်းညှိနှိုင်း အစည်းအဝေးသို့  ပြည်ထောင်စုဝန်ကြီး ဒေါက်တာ ပွင့်ဆန်း တက်ရောက်အမှာစကား ပြောကြားခဲ့သည်။
အစည်းအဝေးတွင်  ပြည်ထောင်စုဝန်ကြီးက အဖွင့်အမှာစကားပြောကြားရာ၌ ယနေ့ ဆွေးနွေးပွဲ ပြုလုပ်ရခြင်း၏ ရည်ရွယ်ချက်မှာ မြန်မာနိုင်ငံ၏ ဆန် စပါးကဏ္ဍသည်   နိုင်ငံတော်၏ အဓိကအခန်းကဏ္ဍကနေ ပါဝင်နေသည့်အပြင် ဆန်ပြည်ပတင်ပို့မှုလုပ်ငန်း စဉ်များနှင့် ဆန်စပါးကဏ္ဍ စဉ်ဆက်မပြတ် ဖွံ့ဖြိုးတိုး တက်ရေးအတွက် ပြုလုပ်ရခြင်းဖြစ်ကြောင်း၊  စိုက်ပျိုး ထုတ်လုပ်သည်မှ ပြည်ပတင်ပို့ရောင်းချသည်အထိ လုပ်ငန်းစဉ်တစ်လျှောက်တွင်  ပါဝင်လုပ် ကိုင်ဆောငရွက်နေသူများအားလုံးအနေဖြင့် ကဏ္ဍတစ်ခုနှင့်တစ်ခု ကို ချိတ်ဆက်ဆောင်ရွက်သွားရမှာဖြစ်ကြောင်း၊ ပြည် တွင်းစားသုံးမှုဖူလုံပြီး  ပြည်တွင်းမွေးမြူရေး  အစား အစာ လိုအပ်ချက်များနှင့် ချိန်ညှိ၍ ပိုလျှံသည်များကို ပြည်ပ တင်ပို့နိုင်ရေး  ဆောင်ရွက်ရမည်ဖြစ်ကြောင်း၊ လက်ရှိကာလတွင် ကုန်သွယ်မှုပုံစံများ ပြောင်းလဲလာ သည်နှင့်အညီ ကုန်စည်အရည်အသွေး သတ်မှတ်ချက်၊ ဝယ်ယူမှု   ပုံစံအသစ်များ၊  တင်ပို့ရောင်းချမှုပုံစံများ ပြောင်းလဲ လာခြင်းကြောင့် ကဏ္ဍအလိုက် စိန်ခေါ်မှု များ ကြုံတွေ့လာရမည်ဖြစ်ကြောင်း၊ ထို့ကြောင့် ယနေ့ ဆွေးနွေးပွဲတွင် ကဏ္ဍအလိုက်စိန်ခေါ်မှုများကို  ရင် ဆိုင်ကျော်လွှားနိုင်မည့် နည်းလမ်းများကို ပွင့်ပွင့်လင်း လင်းဖြင့် ဝိုင်းဝန်းအကြံပြု ဆွေးနွေး ပေးစေလိုကြောင်း နှင့်  လိုအပ်သည်များကိုလည်း  ညှိနှိုင်းပေါင်းစပ် ကူညီ ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း   ပြောကြားခဲ့ သည်။
ဆက်လက်၍ မြန်မာနိုင်ငံ ဆန်စပါးအသင်းချုပ် ဥက္ကဋ္ဌ ဦးရဲမင်းအောင်က ဆန်ပြည်ပ တင်ပို့မှု လုပ်ငန်း စဉ်များ  စဉ်ဆက်မပြတ်  ဖွံ့ဖြိုးတိုးတက်ရေးအတွက် ဦးစားပေးဆောင်ရွက်ရမည့်  လုပ်ငန်းစဉ်များ ချမှတ် ဆောင်ရွက်နေမှု အခြေအနေ၊ ပြည်တွင်း စိုက်ပျိုးထွက် ရှိမှု၊ ပြည်တွင်းမွေးမြူရေး လုပ်ငန်းများ၏ လိုအပ်ချက် များနှင့် ချိန်ဆ၍ ပြည်ပတင်ပို့နေမှု အခြေအနေ၊ ဆန် ထွက်ပစ္စည်းများနှင့် တန်းမြင့်ဆန်များ ပြည်ပတင်ပို့မှု အခြေအနေ၊ ပို့ကုန်လိုင်စင် လျှောက်ထားမှု ကိစ္စရပ် များနှင့် စပ်လျဉ်းပြီး နိုင်ငံတော်မှ ကူညီဆောင်ရွက်ပေး စေလိုသည်များကို ဆွေးနွေးတင်ပြခဲ့သည်။
ထို့နောက် ဆွေးနွေးပွဲသို့ တက်ရောက်လာသည့် သက်ဆိုင်ရာ  အသင်းအဖွဲ့များမှ တာဝန်ရှိသူများက ဆန်စပါးကဏ္ဍ ဖွံ့ဖြိုးတိုးတက်စေရေးအတွက် စိုက်ပျိုး ထုတ်လုပ်သည်မှ  ပြည်ပတင်ပို့ ရောင်းချသည်အထိ လုပ်ငန်း စဉ်တစ်လျှောက် ကဏ္ဍအလိုက်လိုအပ်ချက်များအပေါ် အသီးသီး ဝိုင်းဝန်းဆွေးနွေးခဲ့ကြပြီး တင်ပြ ချက်များအပေါ်   ပြည်ထောင်စုဝန်ကြီးက ပေါင်းစပ် ညှိနှိုင်း ဆောင်ရွက်ပေးခဲ့သည်။
အဆိုပါ ဆွေးနွေးပွဲသို့ စီးပွားရေးနှင့် ကူးသန်း ရောင်းဝယ်ရေးဝန်ကြီးဌာန  ဒုတိယဝန်ကြီး၊ အမြဲတမ်း အတွင်းဝန်၊ ဦးစီးဌာနများမှ ညွှန်ကြားရေးမှူးချုပ်များ၊ မြန်မာနိုင်ငံ ဆန်စပါးအသင်းချုပ်၊ မြန်မာနိုင်ငံ မွေးမြူ ရေးလုပ်ငန်းအဖွဲ့ချုပ်၊ မြန်မာနိုင်ငံ ငါးလုပ်ငန်းအဖွဲ့ ချုပ်၊  မြန်မာနိုင်ငံ ယမကာထုတ်လုပ်ဖြန့်ဖြူးသူများ အသင်း၊ မြန်မာနိုင်ငံ ဆန်စက်လုပ်ငန်းရှင်များအသင်း၊ မြန်မာနိုင်ငံ ဆန်စပါး ကုန်သည်များအသင်း၊ မြန်မာ နိုင်ငံ ဆန်စပါးစိုက်ပျိုး ထုတ်လုပ် သူများ အသင်းတို့ နှင့်  ညီနောင်အသင်းများမှ  တာဝန်ရှိသူများ၊ ဆန်ပြည်ပ တင်ပို့သည့်  ကုမ္ပဏီများမှ တာဝန်ရှိသူများ Virtual စနစ်ဖြင့် ပါဝင်တက်ရောက်ခဲ့ကြကြောင်း သတင်းရရှိ သည်။
MOC(IR)