Main menu

Background

စက်မှုဒီဇိုင်း မှတ်ပုံတင်ခြင်းဆိုင်ရာ နည်းဥပဒေ(မူကြမ်း)နှင့် စပ်လျဉ်း၍ လုပ်ငန်းညှိနှိုင်းအစည်းအဝေးသို့ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးညွန့်အောင် တက်ရောက်အမှာစကားပြောကြား

Tue, 08/30/2022 - 16:15 -- journal_editor

သြဂုတ် ၂ ရက် နံနက် ၁၀ နာရီတွင် စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန အစည်းအဝေး ခန်းမ၌virtual စနစ်ဖြင့် ကျင်းပပြုလုပ်ခဲ့သည့် စက်မှု ဒီဇိုင်းမှတ်ပုံတင်ခြင်းဆိုင်ရာ  နည်းဥပဒေ(မူကြမ်း) နှင့် စပ်လျဉ်း၍ လုပ်ငန်းညှိနှိုင်းအစည်းအဝေးသို့ စီးပွား ရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန ဒုတိယ ဝန်ကြီး  ဦးညွန့်အောင်  တက်ရောက်အမှာစကား ပြောကြားခဲ့သည်။ဒုတိယဝန်ကြီးက အမှာစကားပြောကြားရာတွင် မြန်မာနိုင်ငံ၌   မူပိုင်ခွင့်ဆိုင်ရာ  ဥပဒေများဖြစ်သည့် စက်မှုဒီဇိုင်းမူပိုင်ခွင့်ဥပဒေ၊ ကုန်အမှတ်တံဆိပ် မူပိုင် ခွင့်ဥပဒေ၊  တီထွင်မှုမူပိုင်ခွင့် ဥပဒေ၊ စာပေနှင့် အနု ပညာမူပိုင်ခွင့်ဥပဒေတို့ကို ၂၀၁၉ ခုနှစ်တွင် အတည် ပြုပြဋ္ဌာန်းခဲ့ကြောင်း၊ မူပိုင်ခွင့်ဆိုင်ရာဥပဒေ (၄) ရပ် အနက် ကုန်အမှတ်တံဆိပ်မူပိုင်ခွင့်ဥပဒေကို စတင် အကောင်အထည်ဖော်ရန်   ဆောင်ရွက်လျက်ရှိပြီး  စက်မှုဒီဇိုင်းမူပိုင်ခွင့်ဥပဒေ၊ စာပေနှင့် အနုပညာမူပိုင် ခွင့်ဥပဒေ၊ တီထွင်မှု  မူပိုင်ခွင့်ဥပဒေနှင့် ဒေသဆိုင်ရာ အညွှန်းတို့ကို ဆက်လက်အကောင်အထည်ဖော်နိုင် ရေးအတွက် လိုအပ်သောနည်းဥပဒေများကို ရေးဆွဲ ခြင်း လျှောက်လွှာနှင့် အခကြေးငွေများ သတ်မှတ်နိုင် ရေးပြင်ဆင်ခြင်း၊ စစ်ဆေးရေးအရာရှိများအား လိုအပ် သောသင်တန်းပေးခြင်း၊ ကိုယ်စားလှယ်သင်တန်းများ ဖွင့်လှစ်ခြင်းနှင့် အများပြည်သူအား အသိပညာပေး ခြင်းတို့ကို ပြင်ဆင်ဆောင်ရွက်လျက်ရှိကြောင်း၊ စက်မှု ဒီဇိုင်းမူပိုင်ခွင့်ဥပဒေနှင့် တီထွင်မှုမူပိုင်ခွင့်ဥပဒေတို့ သည် နိုင်ငံတော်၏ တီထွင်ဆန်းသစ်မှုနှင့် ဖန်တီးမှု များ  မြင့်မားတိုးတက်စေမည့်အပြင်  နိုင်ငံတော်၏ စီးပွားရေးဦးတည်ချက်များကို အကောင်အထည်ဖော် ဆောင်ရွက်ရာတွင်  စီးပွားရေးဖွံ့ဖြိုးတိုးတက်စေရေးအတွက် အထောက်အကူ ဖြစ်စေကြောင်း၊ စက်မှုဒီဇိုင်း မူပိုင်ခွင့်ဥပဒေ   မှတ်ပုံတင်ခြင်းလုပ်ငန်းစဉ်များကို အကောင်အထည်ဖော် ဆောင်ရွက်ရန်အတွက် လိုအပ် သည့်  နည်းဥပဒေ (မူကြမ်း)အား   ပြဋ္ဌာန်းနိုင်ရေး ဆောင်ရွက်လျက်ရှိကြောင်း၊  စက်မှုဒီဇိုင်း  မူပိုင်ခွင့် ဥပဒေကို အကောင်အထည်ဖော်ရန် လိုအပ်သည့်နည်း ဥပဒေများကို ရေးဆွဲပြဋ္ဌာန်းပြီးပါက ဒီဇိုင်းပိုင်ရှင်နှင့် ဖန်တီးသူတို့၏ အခွင့်အရေးနှင့် အကျိုးစီးပွားများကို အကာအကွယ်ပြည့်ဝစွာ  ခံစားနိုင်ခြင်း၊ ဆန်းသစ် တီထွင်ဖန်တီးလိုချင်စိတ်များကို အားပေးမြှင့်တင်နိုင် ခြင်း၊ အလုပ်အကိုင် အခွင့်အလမ်းအသစ်များ ပေါ် ပေါက်လာခြင်း၊ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုများ ပိုမိုတိုး တက်လာနိုင်ခြင်းနှင့် လူနေမှုအဆင့်အတန်း မြင့်မား ခြင်း စသည့် အကျိုးကျေးဇူးများ  ရရှိလာမည်ဖြစ်ရာ အစည်းအဝေးသို့  တက်ရောက်လာသူများအနေဖြင့် ရင်းနှီးပွင့်လင်းစွာဆွေးနွေးပြီး  အကြံပြုချက်များပေး ပါရန် ပြောကြားခဲ့သည်။

ဆက်လက်၍  မူပိုင်ခွင့်ဦးစီးဌာန ညွှန်ကြားရေး မှူးချုပ် ဒေါက်တာမိုးမိုးသွယ်က စက်မှုဒီဇိုင်းမှတ်ပုံတင် ခြင်းဆိုင်ရာ   နည်းဥပဒေ(မူကြမ်း)နှင့်  စပ်လျဉ်း၍Poewr Point ဖြင့် ရှင်းလင်းတင်ပြခဲ့ပြီး မူပိုင်ခွင့်ဆိုင် ရာဗဟိုကော်မတီဝင် ဝန်ကြီးဌာနများမှ ညွှန်ကြားရေး မှူးချုပ်နှင့်  တာဝန်ရှိသူများ၊ ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံ  ကုန်သည်များနှင့် စက်မှုလက်မှုလုပ်ငန်း ရှင်များအသင်းချုပ်နှင့် ညီနောင်အသင်းမှ တာဝန်ရှိသူ များက သက်ဆိုင်ရာကဏ္ဍအလိုက်  ဆွေးနွေးကြပြီး ဆွေးနွေးအကြံပြုချက်များအပေါ် အမြဲတမ်းအတွင်းဝန် က ဖြည့်စွက်ဆွေးနွေးပြောကြားကာ အစည်းအဝေး ကို ရုပ်သိမ်းခဲ့ကြောင်း သတင်းရရှိသည်။

MOC(IR)