Main menu

Background

၀န်ထမ်းစွမ်းဆောင်ရည် မြှင့်တင်ရေးသင်တန်း အမှတ်စဉ် (၁/၂၀၂၂) ဖွင့်ပွဲအခမ်းအနားသို့ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနပြည်ထောင်စုဝန်ကြီး ဦးအောင်နိုင်ဦး တက်ရောက်အမှာစကားပြောကြား

Tue, 08/30/2022 - 19:23 -- journal_editor

စီးပွားရေးနှင့်  ကူးသန်းရောင်း ဝယ်ရေးဝန်ကြီးဌာန မြန်မာကုန်သွယ်မှု မြှင့်တင်ရေးအဖွဲ့      စုပေါင်းအစည်း အဝေးခန်းမ၌  သြဂုတ် ၂၄ ရက် နံနက် ၉ နာရီက Virtual  စနစ်ဖြင့် ကျင်းပ ပြုလုပ်သည့်   ဝန်ထမ်းစွမ်းဆောင်ရည် မြှင့်တင်ရေးသင်တန်း အမှတ်စဉ် (၁/ ၂၀၂၂)ဖွင့်ပွဲအခမ်းအနားသို့ စီးပွားရေး နှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး  ဦးအောင်နိုင်ဦး တက်ရောက် အမှာစကား  ပြောကြားခဲ့ သည်။ပြည်ထောင်စုဝန်ကြီးက ဦးစီးဌာန အသီးသီးအနေဖြင့် ကုန်သွယ်မှုတိုးမြှင့် ရေး၊ ဘာသာရပ်နှင့် နည်းပညာဆိုင်ရာ များကို တတ်သိနားလည် ကျွမ်းကျင်စွာ ဖြင့်   တာဝန်ထမ်းဆောင်နိုင်ရေးနှင့် ဝန်ကြီးဌာန၏ဂုဏ်ကို  မြှင့်တင်ရေးတို့ နှင့်ပတ်သက်၍ မှာကြားခဲ့သည်။သင်တန်းဖွင့်ပွဲ အခမ်းအနားသို့  စီးပွားရေးနှင့်  ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာန  ဒုတိယဝန်ကြီး၊ အမြဲတမ်း အတွင်းဝန်၊       ဦးစီးဌာနအသီးသီးမှ ညွှန်ကြားရေးမှူးချုပ်များ၊ တာဝန်ရှိသူ များနှင့် နေပြည်တော်နှင့် ပြည်နယ်နှင့်    တိုင်းဒေသကြီးများမှ   သင်တန်းသား၊ သင်တန်းသူ  စုစုပေါင်း ၃၆ ဦး  တက် ရောက်ကြပြီး သင်တန်းကာလမှာ သြဂုတ် ၂၄ ရက်မှ စက်တင်ဘာ ၆ ရက်အထိ ရက်သတ္တနှစ်ပတ်ကြာ ဖွင့်လှစ်သွားမည် ဖြစ်ကြောင်း သိရသည်။  

   MOC(IR)