Main menu

Background

စာပေနှင့် အနုပညာလက်ရာများ၊ ဆက်နွှယ်သည့် အခွင့်အရေးဆိုင်ရာ ကိစ္စရပ်များကို မှတ်ပုံတင်ခြင်းဆိုင်ရာ နည်းဥပဒေများ(မူကြမ်း)နှင့် စပ်လျဉ်းသည့်

Tue, 08/30/2022 - 19:24 -- journal_editor

လုပ်ငန်းညှိနှိုင်းအစည်းအဝေးသို့ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးညွန့်အောင် တက်ရောက်အမှာစကားပြောကြားစီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီး ဌာန ဝန်ကြီးရုံး အစည်းအဝေးခန်းမ (၁)၌ သြဂုတ် ၂၃ ရက် မွန်းလွဲ ၂ နာရီက Virtual စနစ်ဖြင့် ကျင်းပပြုလုပ် ခဲ့သည့် စာပေနှင့် အနုပညာလက်ရာများ၊ ဆက်နွှယ် သည့် အခွင့်အရေးဆိုင်ရာကိစ္စရပ်များကို မှတ်ပုံတင် ခြင်းဆိုင်ရာ နည်းဥပဒေများ(မူကြမ်း)နှင့်  စပ်လျဉ်း သည့် လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို  စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန   ဒုတိယဝန်ကြီး ဦးညွန့်အောင်  တက်ရောက်အမှာစကား  ပြောကြားခဲ့ သည်။

ဒုတိယဝန်ကြီးက အမှာစကားပြောကြားရာတွင် နိုင်ငံတော်၏ စီးပွားရေးဖွံ့ဖြိုးတိုးတက်ရေးအတွက် ဆောင်ရွက်ရာ၌ မူပိုင်ခွင့်ကဏ္ဍသည် အရေးကြီးသည့်  အခန်းကဏ္ဍတစ်ခုဖြစ်ကြောင်း၊  ၂၀၁၉ ခုနှစ်တွင် ပြဋ္ဌာန်းခဲ့သော မူပိုင်ခွင့်ဆိုင်ရာ ဥပဒေများဖြစ်သည့် စက်မှုဒီဇိုင်း မူပိုင်ခွင့်ဥပဒေ၊ ကုန်အမှတ်တံဆိပ် မူပိုင် ခွင့်ဥပဒေ၊ တီထွင်မှု  မူပိုင်ခွင့်ဥပဒေ၊ စာပေနှင့် အနု ပညာ  မူပိုင်ခွင့်ဥပဒေတို့ကို  အတည်ပြုနိုင်ခဲ့ပြီဖြစ် ကြောင်း၊ စာပေနှင့်အနုပညာမူပိုင်ခွင့်များကို အကာ အကွယ်ပေးရန် ရည်ရွယ်ချက်များဖြင့် ပြဋ္ဌာန်းခဲ့ခြင်း ဖြစ်ကြောင်း၊ စာပေနှင့် အနုပညာမူပိုင်ခွင့် ဥပဒေအရ စာပေနှင့်  အနုပညာလက်ရာများ၊ ဆက်နွှယ်သည့် အခွင့်အရေးဆိုင်ရာ ကိစ္စရပ်များကို မှတ်ပုံတင်ခြင်း အား လက်ခံဆောင်ရွက်နိုင်ရန်နှင့် စပ်လျဉ်း၍ လိုအပ် သည့်   နည်းဥပဒေ(မူကြမ်း)ကို  ပြုစုရေးဆွဲခဲ့ပြီးဖြစ် ကြောင်း၊    အဆိုပါ     နည်းဥပဒေ(မူကြမ်း)အပေါ် သက်ဆိုင်ရာဝန်ကြီးဌာနများ၊   အဖွဲ့အစည်းများ၊ အသင်းအဖွဲ့များထံသို့ပေးပို့၍ သဘောထားမှတ်ချက် များတောင်းခံခဲ့ရာ ဝန်ကြီးဌာနနှင့် အဖွဲ့အစည်းအသီး သီးမှ အကြံပြုချက်များကိုလည်း လက်ခံရရှိခဲ့ပြီးဖြစ် ကြောင်း၊ သက်ဆိုင်ရာဝန်ကြီးဌာနများ၊ အဖွဲ့အစည်း များ၏ သဘောထားမှတ်ချက်များအပေါ် ထည့်သွင်း စဉ်းစားသုံးသပ်ပြီး   အဆိုပြု  ဖော်ပြချက်များနှင့် ပြင်ဆင်ထားရှိမှုအပေါ်  အတည်ပြုနိုင်ရေးအတွက် ဆွေးနွေးသွားမည်ဖြစ်ကြောင်း၊ စာပေနှင့်အနုပညာ လက်ရာများ၊ ဆက်နွှယ်သည့်  အခွင့်အရေးဆိုင်ရာ ကိစ္စရပ်များကို မှတ်ပုံတင်ခြင်းဆိုင်ရာ နည်းဥပဒေကို ရေးဆွဲအတည်ပြုပြီး  စာပေနှင့်  အနုပညာမူပိုင်ခွင့် စနစ်ကို အကောင်အထည်ဖော် ဆောင်ရွက်ခြင်းသည် စာပေနှင့် အနုပညာဆိုင်ရာ  ဖန်တီးထုတ်လုပ်မှုများ တိုးတက်လာခြင်း၊ စာပေနှင့်  အနုပညာမူပိုင်ခွင့်ပိုင် ရှင်များ၊ ဆက်နွှယ်သည့်   အခွင့်အရေးပိုင်ရှင်များ၏ အခွင့်အရေးများကို ပိုမိုထိရောက်စွာ အကာအကွယ် ပေးနိုင်ခြင်း၊   မူပိုင်ခွင့်ချိုးဖောက်မှုများကို   အကာ အကွယ်ပေးနိုင်ခြင်း စသည့် အကျိုးကျေးဇူးများစွာကို ရရှိလာမည်ဖြစ်ကြောင်း ပြောကြားခဲ့ပြီး အစည်းအဝေး သို့ တက်ရောက်လာကြသည့် ဌာနဆိုင်ရာများ၊ အဖွဲ့ အစည်းများမှ တာဝန်ရှိသူများအနေဖြင့် ပွင့်ပွင့်လင်းလင်းဆွေးနွေးပေးကြရန်နှင့်  လိုအပ်သော အကြံပြု ချက်များပေးကြရန် တိုက်တွန်းပြောကြားခဲ့သည်။

ဆက်လက်၍ မူပိုင်ခွင့်ဦးစီးဌာန ညွှန်ကြားရေး မှူးချုပ်  ဒေါက်တာမိုးမိုးသွယ်နှင့် ဘာသာရပ်ဆိုင်ရာ တာဝန်ခံတို့က စာပေနှင့်အနုပညာလက်ရာများ၊ ဆက် နွှယ်သည့် အခွင့်အရေးဆိုင်ရာ ကိစ္စရပ်များကို မှတ်ပုံ တင်ခြင်းဆိုင်ရာ   နည်းဥပဒေများ  (မူကြမ်း) နှင့် စပ်လျဉ်း၍ အကြံပြုချက်များ၊ သဘောထားမှတ်ချက် များ တောင်းခံရရှိခဲ့မှုအခြေအနေ၊ ပြင်ဆင်ထားရှိမှု အခြေအနေများကို Powerpoint ဖြင့် ရှင်းလင်းတင်ပြ ရာ ဖိတ်ကြားထားသည့် ဝန်ကြီးဌာနများမှ ညွှန်ကြား ရေးမှူးချုပ်များနှင့်  တာဝန်ရှိသူများ၊ အစိုးရမဟုတ် သော အသင်းအဖွဲ့များမှ တာဝန်ရှိပုဂ္ဂိုလ်များက သက် ဆိုင်ရာကဏ္ဍအလိုက် ဆွေးနွေးခဲ့ကြပြီး အစည်းအဝေး ကို ရုပ်သိမ်းခဲ့ကြောင်း သိရသည်။       MOC(IR)