Main menu

Background

ကုန်ပစ္စည်းများစစ်ဆေးရာ၌ ဘေးအန္တရာယ်များကို ချင့်ချိန်ဆုံးဖြတ်နိုင်သော နည်းပညာများအကြောင်း လေ့လာခြင်း

Thu, 09/22/2022 - 16:31 -- journal_editor

(ယခင်တစ်ပတ်မှအဆက်)
ကျွန်တော်တို့ မြန်မာနိုင်ငံတွင်လည်း   မူလတန်းနှင့်အလယ် တန်းအဆင့်အထိ   စားသုံးသူကာကွယ်ရေးအသိပညာပေး(Consumer Education) သင်ကြားနိုင်ရေး ဆောင်ရွက်ရမည့် အမျိုးသားရေး တာဝန်တစ်ရပ်ဟု ရှုမြင်ပါသည်။   ဤနေရာတွင်ဖော်ပြလိုသည်မှာ ယခင်အစိုးရ စာသင်ကျောင်းများ၌ ပြည်သူ့နီတိအသိပညာပေး အစီ အစဉ်များ ပြဋ္ဌာန်းခဲ့ဖူးသည်။  ၎င်းပညာကို   သင်ကြားခဲ့ဖူးသော ပုဂ္ဂိုလ်များ၏ အသိပညာမြင့်မားမှု၊ ယဉ်ကျေးလိမ္မာမှုနှင့်  တိုင်းကျိုး ပြည်ကျိုး သယ်နိုင်မှုများတွင် မသင်ကြား မလေ့လာခဲ့သူများထက် သာလွန်သည်ဟု ပြောဆိုစမှတ်ပြုကြသည်။ 
စာသင်ကျောင်းများ၌ စားသုံးသူကာကွယ်ရေး အသိပညာပေး အစီအစဉ်အား စားသုံးသူရေးရာဦးစီးဌာနက  ပညာရေးဝန်ကြီးဌာန နှင့် ညှိနှိုင်းဆောင်ရွက်ကာ ပြဋ္ဌာန်းပြီးဖြစ်သည်။   ခေတ်နှင့်အညီ ထပ်မံထည့်သွင်းရမည့် သင်ခန်းစာများကိုလည်း ထည့်သွင်းရမည်သာ ဖြစ်သည်။  ဥပမာ ယခုခေတ် ကလေးသူငယ်အတော်များများသည်Computer game ဆော့ကစား ခြင်းကို အလွန်အကျွံ ကစားကြသဖြင့် အိပ်ချိန်၊ စားချိန်၊ နားချိန်နှင့်  ကျောင်းစာ  လေ့လာဖတ်ရှုချိန်များ လျော့နည်းလာသည်။   ထို့ပြင် ကလေးသူငယ်များ၏  ကျန်းမာရေး လွန်စွာထိခိုက်ခြင်းမျိုးသည် ကလေးသူငယ်(စားသုံးသူ)အခွင့်အရေး များ ဆုံးရှုံးခြင်းဖြစ်သည်။ ထို့ပြင် အိုင်တီပညာများဖြင့် ကြည့်ရှုနိုင် သော ညစ်ညမ်းဇာတ်လမ်းများ၊ videoများ၊ ကလေးအတွေးအခေါ် များ လမ်းလွဲစေနိုင်သည့် ဇာတ်လမ်းများ၊ ကလေးသူငယ်နှင့် မအပ် စပ်သေးသော နိုင်ငံရေးအတွေးအခေါ်များ  ပါဝင်နိုင်သဖြင့် ပိတ်ပင် တားမြစ်သင့်ပါသည်။ သို့ဖြစ်ပါ၍  စာသင်ကျောင်းများတွင် ကလေး သူငယ်များ မလိုအပ်ဘဲ လက်ကိုင်တယ်လီဖုန်းမှစ၍ အခြားအိုင်တီ ပစ္စည်းများ ကန့်သတ် ထားသည့် သင်ခန်းစာများ   ထည့်သွင်းသင့်ပါ ကြောင့် အကြံပြုလိုသည်။

ကလေးသူငယ်များအပေါ် ကျရောက်နိုင်သော ဘေးအန္တရာယ်များ လျော့နည်းစေရေး
ကလေးသူငယ်များသည်    နောင်တွင် လူကြီးဖြစ်လာကြမည့် သူများဖြစ်သည့်  သူတို့၏အနာဂတ်သည် လွန်စွာအရေးကြီးပေသည်။ ကလေးသူငယ်များ၏   စိတ်နှင့်ကိုယ်ကျန်းမာရေးသည် ကလေးဘဝ ကပင် ပြုစုပျိုးထောင်မှုအပေါ်တွင် များစွာမူတည်နေသည်။ ယနေ့ ကလေးသူငယ်များ သေချာသော လူကြီးများဖြစ်လာရန် စနစ်တကျ ထိန်းသိမ်းပြုစုရန် လိုအပ်သည်။   ၎င်းတို့သည် မိဘအုပ်ထိန်းသူ မပါဘဲ ဆော့ကစားခြင်းမှစ၍   သွားလာလှုပ်ရှားမှုများတွင် ၎င်းတို့ အပေါ်ကျရောက်နိုင်သော ဘေးအန္တရာယ်များ   ဂရုစိုက်ရပါသည်။အထူးသဖြင့် စိတ်ဓာတ်ရေးရာ လေ့ကျင့်ရေးသည်ကလေး၏အနာ ဂတ် လူပီသရေးတွင် သိပ်အရေးကြီးသည်။ ကလေးတစ်ယောက် ငယ်ငယ်က သူ့ပတ်ဝန်းကျင်တွင် စိတ်ပျက်စရာများ၊ ဝမ်းနည်းစရာ များ၊ ခြိမ်းခြောက်သံများ၊ ဆဲဆိုသံများ၊   ထိုးကြိတ်သံများရှိသော ပတ်ဝန်းကျင်တွင် ကြီးပြင်းလာသူဖြစ်ပါက   ၎င်းကလေး ကြီးပြင်း လာသောအခါ လူကြမ်းကြီး ဖြစ်လာနိုင်သည် ရာခိုင်နှုန်းများသည်ဟု ပညာရှင်များက တွေ့ရှိကြသည်။ ထို့ကြောင့် အနာဂတ်  ကလေး သူငယ်များအရေး(သို့မဟုတ်)တိုင်းပြည်အနာဂတ်အရေး(သို့မဟုတ်) စားသုံးသူအရေး ကာကွယ်ရေးလုပ်ငန်းသည် မဖြစ်မနေ ဆောင်ရွက် သင့်သည့်လုပ်ငန်းများဖြစ်ကြောင်း ထင်ရှားစွာ မြင်တွေ့ နိုင်သည်။
ကလေးသူငယ်များအတွက်   ဘေးအန္တရာယ်  ကျရောက်နိုင် သည့် အပြုအမူများလည်း ကာကွယ်ပေးရန် လိုအပ်သည်။ ကလေး သူငယ်များသည် အသိÓဏ်ပညာ မဖွံ့ဖြိုးသေးသည့်အတွက် တွေ့ သမျှ အရာဝတ္ထုများကို ၎င်း၏ပါးစပ်ထဲသို့  ထည့်ထားလေ့ရှိကြ သည်။ ၎င်းအမူအကျင့်သည် အလွန်အန္တရာယ်များသည့် အပြုအမူ ဖြစ်သည်။  ၎င်းအရာဝတ္ထုသည် မြိုချနိုင်ပြီး လည်ပင်းတွင်တစ်၍ အန္တရာယ်ပေးနိုင်သည်။  တစ်ခါတစ်ရံတွင်   ကလေးပါးစပ်ထဲတွင် ထည့်ထားသော ပစ္စည်းသည်  ခဲ (သို့မဟုတ်) ခရိုမီယမ်သတ္တုပါသော ကစားစရာ ဖြစ်ပါက ကလေးသည် အဆိပ်သင့်၍  အသက်အန္တရာယ် ဖြစ်နိုင်သည်။ ကလေးသူငယ်များကစားစရာ  အရုပ်များနှင့်   ကစား သည့်အခါ အရုပ်များ၏ သေးငယ်သော  အစိတ်အပိုင်းများသည် ၎င်းတို့၏ ပါးစပ်ထဲသို့  မရောက်နိုင်ရေး   အနီးအနားတွင်ရှိသော အုပ်ထိန်းသူ လူကြီးများအနေဖြင့် ကလေးကို  အထူးစောင့်ကြည့်ရန် လိုအပ်မည်ဖြစ်သည်။    
ဈေးကွက်စောင့်ကြည့်စစ်ဆေးသော စစ်ဆေးရေးအရာရှိများ သည်   ကလေးကစားစရာအရုပ်များကို ကလေးများ အဆိပ်သင့်စေနိုင် သော ဓာတုဗေဒပစ္စည်းများ ပါဝင်မှုကို အထူးကြပ်မတ် စစ်ဆေးရန် လိုအပ်သည်။ ဤသို့ စစ်ဆေးနိုင်ရန်လည်း လေ့ကျင့်သင်ကြားခြင်း များ ပြုလုပ်ရမည်။ သို့အတွက်ကြောင့်လည်း  စားသုံးသူရေးရာဦးစီး ဌာနတွင် စစ်ဆေးရေးမှူးသင်တန်းများ ဖွင့်လှစ်ကာ ဘေးအန္တရာယ် များအကြောင်းကို လေ့လာနိုင်ရေး ဆွေးနွေးပေးလျက်ရှိသည်။ 
ထို့ပြင် ကလေးသူငယ်များ၏    ခန္ဓာကိုယ်အစိတ်အပိုင်းများ၊ အသုံးအဆောင်ပစ္စည်းများက   ညှပ်မိခြင်း၊ ရှခြင်း၊ ပြုတ်ကျခြင်းနှင့် အနာတရဖြစ်စေနိုင်သော  အခြားဖြစ်ပျက်မှုများ၏ ဘေးအန္တရာယ် များမှ ကာကွယ်ရမည်ဖြစ်သည်။   လျှပ်စစ်မီးခလုတ်များနှင့် မီး ပလပ်များကိုလည်း ကလေးသူငယ်များ အလွယ်တကူ  လက်လှမ်း မမီနိုင်သော နေရာတွင်သာ   ထားသင့်သည်။   သို့မဟုတ်ပါက ကလေး၏လက်နှင့် ကိုင်ပြီး ဓာတ်လိုက်ခြင်းများ ဖြစ်ပေါ်နိုင်သည်။ ကလေးများသည်   လူကြီးများ၏ အပြုအမူကို   အတုယူလေ့ရှိကြ သည်။ ဥပမာ သံကိုရိုက်သောတူကို ကလေးများ အလွယ်တကူ လက် လှမ်းမီနိုင်သောနေရာတွင်ရှိပါက  ၎င်းတူဖြင့် တွေ့တတ်ရာရာကို ရိုက်ထုနေမည်သာ ဖြစ်သည်။ ထို့အပြင် ကလေးအသုံးအဆောင် များနှင့် ကစားစရာအရုပ်များကိုလည်း   စိစစ်သင့်သည်။ အချို့သော ကလေးအသုံးအဆောင်များသည်   ကလေးအတွက်  အန္တရာယ် ရှိနိုင်သည့်အတွက် မိဘအုပ်ထိန်းသူများက ကြပ်မတ်ရမည်။ ကလေး ကစားစရာ သေနတ်အရုပ်များသည် သေနတ်အစစ်ကဲ့သို့   ကျည် အတု ထည့်ပစ်နိုင်သဖြင့် ၎င်းအရုပ်များနှင့် လူ၏မျက်လုံးများ မှန်ပါ က ဒဏ်ရာများ ရနိုင်သည်။  ထိုသို့   ဘေးဖြစ်ရခြင်းများကိုလည်း လေ့လာ၍ ရှောင်ရှားခြင်းများ ဆောင်ရွက်ပေးရမည်ဖြစ်သည်။

(ဆက်လက်ဖော်ပြပါမည်။)