Main menu

Background

စီးပွားဖြစ်မွေးမြူလျက်ရှိကြသည့် မြန်မာ့ပျားလုပ်ငန်း

Mon, 07/31/2023 - 13:23 -- journal_editor

ရှေးယခင်ကာလများတွင် ပျားရည်ကို   ဆေးဝါးအဖြစ်ရော စားသုံးစရာ တစ်ခုအနေနဲ့ပါ  အသုံးပြုခဲ့ကြသည်။  အပင်မှရသည့် ဒြပ်ပေါင်းများြွကယ်ဝစွာပါဝင်နေသည့် ပျားရည်သည် ခန္ဓာကိုယ်ကို အားရှိစေသလို  ကျန်းမာရေးအတွက်လည်း အကျိုးများစေပါသည်။ ခပ်ချိုချိုအရသာရှိခြင်းကြောင့် သကြားအစား အသုံးပြုကြသည့် ပျားရည်သည် ကယ်လိုရီပါဝင်မှု  လုံးဝမရှိသည့်အတွက် ကျန်းမာရေး နှင့်လည်း အထူးပင်သင့်လျော်ပါသည်။ 
ပျားရည်သည် ကင်ဆာရောဂါနှင့် နှလုံးရောဂါဖြစ်ပွားခြင်းကို ကာကွယ်နိုင်ပါသည်။ ပြည်တည်နာများ၊ အခြားသော အူရောင်ရမ်း နာသည်များကို လျော့ကျစေနိုင်ပါသည်။  ပျားများသည် အင်ဇိုင်း များကို ထပ်ပြီး ပေါင်းထည့်ထားသည့်အတွက် အင်ဇိုင်းများတွင် ဟိုက်ဒရိုဂျင်ပါအောက်ဆိုဒ်ဓာတ် ပါဝင်ပါသည်။ ၎င်းဓာတ်မှ ဘက် တီးရီးယားများကို သေစေနိုင်ကြောင်းကို နယူးဇီလန်နိုင်ငံတွင်ရှိသည့်University of  Waikatoမှ ပျားရည် ရှာဖွေလေ့လာမှုအဖွဲ့ ဒါရိုက်တာ ဏနအနမ သြူညေ မှ ပြောကြားခဲ့ကြောင်း  လေ့လာသိရှိသည်။   ထို့ပြင် ရှေးခေတ်အိုလံပစ်  ပြေးခုန်ပစ်အားကစားသမားများသည် သူတို့၏ လုပ်ဆောင်ချက်များ တိုးတက်စေရန်အတွက် ပျားရည်နှင့် ကတွက် သီးခြောက်ကို  စားလေ့ရှိကြကြောင်း  သိရှိရသည်။    ပျားရည်သည် ချောင်းဆိုးခြင်း၊ လည်ချောင်းယားခြင်းကို   လျော့ကျစေနိုင်သည်။ အမြင်အာရုံကောင်းအောင် ကူညီပေးနိုင်ခြင်း၊ ဝိတ်ကျစေခြင်း၊ အား အင် ကုန်ခန်းခြင်း၊ လမစေ့ဘဲကလေးမွေးခြင်း၊  ဆီးလမ်းကြောင်း ရောဂါများဖြစ်ပွားခြင်း၊ အဆုတြွ်ပန်နှင့်ဆိုင်သော ရင်ကျပ်ရောဂါများ၊ ဝမ်းလျှောခြင်းနှင့် မအီမသာဖြစ်ပြီး ပျို့အန်ခြင်း အစရှိသည့် ရောဂါ များကို သက်သာစေပါသည်။ ခန္ဓာကိုယ်မှ သွေးတွင်းသကြားဓာတ်ကို ပုံမှန်ဖြစ်အောင် ကူညီပေးနိုင်သည့်အတွက် ဆီးချိုသမားများအတွက် ပျားရည်သည် အထူးပင်သင့်လျော်ပါသည်။
ပျားမွေးမြူရေးပညာBee Keeping or Apiculture)သည် နိုင်ငံတကာတက္ကသိုလ်များ၌ အထူးပြုဘာသာရပ်အဖြစ် သင်ကြား၊ သုတေသနပြုလျက်ရှိနေသည်။  ပျားမွေးမြူရေးဆိုသည်မှာ လူက ပြုလုပ်ထားသောပျားအုံ (Bee Colonies or Man-made Bee Hives) ကို ပြုပြင်ထိန်းသိမ်းပြီး ပျားရည် Honey)) ထုတ်လုပ်ခြင်းဖြစ်သည်။ ပျားရည်ထုတ်လုပ်ပေးသောပျား (Honey Bees)က သိပံ္ပအမည်
Scientic name - Apis spp..)ဟူ၍ ယေဘုယျ ခေါ်ဆိုသည်။ ပျားမွေး မြူသူ(Beekeeper)က ပျားများကို ပြုပြင်ဖန်တီးထားသော ပျားအိမ် များတွင် မွေးမြူပြီး ပျားရည်Honey)၊ ပျားဖယောင်း(Bee Wax)၊ ပျား ဝတ်မှုန်Bee Pollen ) )စသည်တို့ကို စီးပွားဖြစ်ပြုပြင်ထုတ်လုပ်သည့်နေရာကို ((Apiary or Bee Yard ဟူ၍ ခေါ်ပါသည်။ မြန်မာနိုင်ငံတွင် လည်း ပျားမွေးမြူရေးဌာန( Beekeeping Department  ) သီးသန့်ရှိပြီး တောင်သူများကလည်း စတင်မွေးမြူလာပြီဖြစ်ရာ နိုင်ငံခြားဝင်ငွေ များစွာ ရလာသည်အထိ နည်းပညာများကို အားပေးဖို့ လိုအပ်မည် ဖြစ်သည်။
ပျားမွေးမြူရေးသည် ကျေးလက်လူထု၊ တောင်သူလယ်သမား များအတွက် အပိုဝင်ငွေရှာပေးနိုင်သော လုပ်ငန်းတစ်ရပ်ဖြစ်ပါသည်။ မြေနေရာသီးသန့်၊ အလုပ်သမားအများအပြား၊ ငွေအရင်းအနှီးများ စွာ  ရင်းနှီးရန်မလိုအပ်ပါ။ ထို့ပြင် ဝင်ငွေနှင့်အလုပ်အကိုင် တစ်ဖက် တစ်လမ်းရှာပေးပြီး မိမိပတ်ဝန်းကျင်ရှိ  သီးနှံများကို ပျားများက ဝတ်မှုန်ကူးပေးခြင်းအားဖြင့် သီးနှံများလည်း အထွက်ပိုတိုးနိုင်သည်။
မြန်မာ့ပျားရည် တန်ချိန် ၃၃၀ ကျော်ကို တစ်တန်လျှင် အမေရိ ကန် ဒေါ်လာ ၂၅၀ဝ မှ ၃၀ဝ၀ နှုန်းဖြင့် အမေရိကန်နိုင်ငံအပါအဝင် ဂျပန်၊ ကိုရီးယား၊ ကနေဒါ၊ အာဆီယံနိုင်ငံများသို့ ဈေးကွက်ထိုးဖောက် တင်ပို့ရောင်းချနိုင်ခဲ့ပြီး နိုင်ငံခြားဝင်ငွေရရှိခဲ့သည်ဟု စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန၊ မကွေးတိုင်းဒေသကြီး၊ ပျား လုပ်ငန်းဌာနက တာဝန်ရှိသူတစ်ဦးဆီမှလည်း သိရှိရသည်။ 
ပျားလုပ်ငန်းသည် နှစ်ပတ်လည်လုပ်ငန်းဖြစ်ကြောင်း မကွေး၊ ပွင့်ဖြူ၊ စလင်း၊ အောင်လံ၊ မင်းဘူးမြို့နယ် ငါး မြို့နယ်က  ဆီးပျားရည်၊ နေကြာပျားရည်၊ နှမ်းပျားရည် အများဆုံးထွက်ရှိကြောင်း၊ ဥရောပ သမဂ္ဂ(န့)နိုင်ငံများထိ ဈေးကွက်သစ်ပို့နိုင်အောင်၊ ဈေးကွက်ဖော် ဆောင်နိုင်အောင် ကြိုးစားနေကြောင်း၊  ပုဂ္ဂလိက  ပျားမွေးမြူရေး အခန်းကဏ္ဍဖွံ့ဖြိုးတိုးတက် မြင့်မားရေးကို  ဌာနကဝန်ဆောင်မှုများ၊ သင်တန်းများ  ပေးနေကြောင်းလည်း သိရှိရသည်။    ရာသီဥတု မိုးလေဝသ အဆင်ပြေသောကြောင့် ပြီးခဲ့သည့်မိုးနှမ်းစိုက်ပျိုးရေး ရာသီ၌ နှမ်းအရများခဲ့သလို   နှမ်းပျားရည်များ ယခင်နှစ်ကထက် အထွက်တိုးမြှင့်ထုတ်လုပ်နိုင်ခဲ့ပြီး တစ်ဦးလျှင် ပျားရည်အနည်းဆုံး နှစ်ပေပါမှ   သုံးပေပါအထိ  ရကြကြောင်း ပျားမွေးမြူရေးလုပ်သူ တစ်ဦးက ပြောကြားလာသည်။ 
မကွေးတိုင်းဒေသကြီးတွင် ပုဂ္ဂလိက ပျားမွေးမြူသူ  ၇၂ ဦးရှိပြီး ပျားအုံပေါင်း ၁၁၄၀ဝ ရှိသည်ဟု သိရသည်။   ပြည်ပနိုင်ငံများသို့ တင်ပို့ရောင်းချသော ပုဂ္ဂလိက ကုမ္ပဏီကြီး ငါးခုမှတစ်ဆင့် ချိတ်ဆက် ပို့ဆောင်နေခြင်းဖြစ်သည်ဟုလည်းသိရသည်။ ပျားမွေးမြူရေးလုပ် ငန်းများကို နှမ်းရာသီချိန်၊ ဆီးသီးပွင့်ချိန်၊ နေကြာစိုက်ချိန်၊ ကန္တာရပင် များမှပန်းပွင့်ချိန်၊ တန်ဇောင်းဆူးပွင့်ချိန်၊ ပန်းပေါင်းစုံပွင့်ချိန် တန် ဆောင်မုန်းလ၊ တပေါင်းလ၊ တန်ခူးလ၊ မန်ဂျန်ရှားခေါ် ကျွန်းအစား ထိုးသစ်ပင်မှ   ပန်းပွင့်ချိန်ပန်းပေါင်းစုံမှ ရရှိသော ပျားရည်များရရှိ စေရန် လုပ်ငန်းနားသည်မရှိ၊ နှစ်ပတ်လည်လုပ်ငန်းအဖြစ် နေရာအနှံ့ မွေးမြူရေးပျား ပုံးများပျားအုံများချကာ ပျားရည်ထုတ်လုပ်ကြရသည် ဟု မကွေးတိုင်းဒေသကြီး ပျားမွေးမြူရေးဦးစီးမှူးထံမှလည်း  သိရ သည်။ မကွေးတိုင်းဒေသကြီးထွက်  မွေးမြူရေးမြန်မာ့ပျားရည်ကို လက်ဆောင်အဖြစ်လည်းကောင်း၊ စားသုံးရန်အတွက်လည်းကောင်း၊ ဆေးဝါးအဖြစ် သုံးစွဲရန်အတွက်သော်လည်းကောင်း၊   ပြည်တွင်း စားသုံးသူများကလည်း ဝယ်ယူသဖြင့် ပြည်တွင်းဈေးကွက်မြင့်တက် လျက်ရှိသည်ဟု သိရသည်။
နိုင်ငံအနှံ့တွင် ပျားမွေးမြူရေးလုပ်ငန်းမှတ်ပုံတင်ပြီး လုပ်ကိုင် နေသူ  ၉၅၀ကျော်ရှိပြီး ပျားမွေးတောင်သူတို့သည် ၎င်းတို့၏ ပျားအုံ တို့ကို တစ်နှစ်လျှင် ပန်းခင်း၊ သီးနှံစိုက်ခင်းစသည့်   ပျားစားကျက် လေးနေရာမှ ခြောက်နေရာခန့်အထိ ပြောင်းရွှေ့ပြီး မွေးမြူကြရသည်။ ပျားအုံတစ်အုံတွင် ပျားဘုရင်မတစ်ကောင်၊ ပျားကောင်ရေ အနည်း ဆုံး သုံးသောင်းဝန်းကျင် ပျားရည်သိုလှောင်သည့် ပျားသလက် ငါး ချပ်မှ ရှစ်ချပ်အထိ ပါဝင်တတ်သည်။  မွေးမြူရေးပျားတို့က ဆီးသီး၊ ပန်းနှမ်း၊ လိုင်ချီး၊ နေကြာ စသည့်အပင်များ၊ စိုက်ခင်းများမှ အချို ဓာတ် ဝတ်ရည်တို့ကို စုပ်ယူကြပြီး ပျားအုံတွင် သွားရောက်သိုလှောင် ကြရာမှ ပျားရည်ဖြစ်ပေါ်လာသည်။ တစ်နိုင်ငံလုံးမှ   ထွက်ရှိသော ပျားရည်များ၏ ၇၀ရာခိုင်နှုန်းမှာ ဆီးပျားရည်ဖြစ်သည်ဟု သိရသည်။ ထို့ပြင် ပျားဖယောင်း၊ ဝတ်မှုန်၊ ပျားနို့တို့ကိုလည်း ထုတ်လုပ်ရောင်း ချနိုင်သည်။ ပျားအုံတစ်အုံမှ နှစ်စဉ် ပျားရည်ပိဿာချိန်   ၂၅၀ခန့် ထွက်ရှိပြီး စိုက်ခင်းနှင့် ပျားအုံဝေးကွာခြင်းကဲ့သို့သော ပျားစာ မရနိုင် သည့် အခြေအနေမျိုးတွင် မွေးမြူရေးပျားတို့ကို သကြားအရည်ဖျော် ပြီး ကျွေးရကြောင်း၊ ပျားတစ်အုံအတွက် နှစ်စဉ်သကြားပိဿာ၂၀မှ ၂၅အထိ ကုန်ကျကြောင်းလည်းသိရသည်။
ပျားများသည် (သီးနှံပင်တွေအကြား) ဝတ်မှုန်ကို သယ်ဆောင် ပေးနေသည့်အတွက် စိုက်ပျိုးရေးတွေ အောင်မြင်နေရကြောင်း၊ မကွေး တိုင်းဒေသကြီးအတွင်း တစ်ပိုင်တစ်နိုင်ပုဂ္ဂလိက    ပျားမွေးမြူရေး လုပ်ငန်းများကို စီးပွားဖြစ် လုပ်ကိုင်လာကြပြီး   အကျိုးဖြစ်ထွန်းမှု လည်းရှိသောကြောင့် ယခုနှစ်တွင် ယခင်နှစ်ထက်   ပျားမွေးမြူရေး လုပ်ကိုင်သူ ပိုမိုများပြားလာကြောင်း၊ မကွေးတိုင်းဒေသကြီး ပျားမွေး မြူရေးလုပ်ငန်းမှ တာဝန်ရှိသူတစ်ဦးထံမှလည်း  သိရသည်။ မကွေး တိုင်းဒေသကြီးအတွင်း စလင်း၊ ပွင့်ဖြူ၊ အောင်လံမြို့များတွင် ပျား မွေးမြူရေးလုပ်ငန်းလုပ်ကိုင်နေသူ အများအပြားရှိနေပြီး ပျားမွေးမြူ ရေးလုပ်ငန်းလုပ်ကိုင်နေသူများအနေဖြင့် လုပ်ငန်းလုပ်ပိုင်ခွင့်လိုင်စင် ကို တစ်နှစ်တစ်ကြိမ်လျှောက်ထားရကြောင်းသိရသည်။ စိုက်ပျိုးသီးနှံ များကို အရည်အသွေးကောင်းမွန်အောင် စွမ်းဆောင်နိုင်ရေး ပျား ထွက်ပစ္စည်းများဖြစ်သည့်  ပျားရည်၊ ပျားဖယောင်း၊ ပျားဝတ်မှုန်၊ ပျားအဆိပ်၊ ပျားကော်တို့ကို ဆေးဝါးနှင့် လူသုံးကုန်ပစ္စည်းများ၊ အလှ ကုန်ပစ္စည်းများအဖြစ် အသုံးပြုလာသောကြောင့် ဈေးကွက်တွင်ကျယ် ကာ ပျားမွေးမြူရေးလုပ်ငန်းလုပ်ကိုင်သူ များပြားလာခြင်းဖြစ်ကြောင်း၊ စီးပွားဖြစ် ပျားမွေးမြူရာတွင် အခြေစိုက်ပျားမွေးမြူခြင်းနှင့် ရွှေ့ ပြောင်း ပျားမွေးမြူခြင်းဟု နှစ်မျိုးရှိရာ အခြေစိုက်ပျားမွေးမြူခြင်းမှာ ရာသီအလိုက် ပျားစာပင်စိုက်ခင်းကိုပါ တွဲ၍  လုပ်ဆောင်ရသဖြင့် ပျားမွေးမြူသူများအနေဖြင့် ပျားစာပင် စိုက်ပျိုးရန်မလိုသည့်    ရွှေ့ ပြောင်းပျားမွေးမြူခြင်းနည်းကိုသာ   အသုံးပြုကြကြောင်း၊ စလင်း၊ ပွင့်ဖြူနယ်ဘက်မှ ရေသွင်းနှမ်းစိုက်ပျိုးသည့် နှမ်းခင်းများနှင့် နေပြည် တော်အမြန်လမ်းတစ်လျှောက်ရှိ စိုက်ခင်းများ၊ ဆီးခြံများ၊ မကွေးမြို့ နယ် ကံပြားကျေးရွာမှ ပန်းနှမ်းပေါ်ချိန်များတွင် အဓိကထား ရွှေ့ ပြောင်း မွေးမြူကြပြီး ပန်းခင်း၊ စိုက်ခင်းများမရှိတော့ပါက  ဗိဿနိုး မြို့ဟောင်းရှိ သျှားပင်၊ ကန္တာရပင်များကို အားထား၍ ရွှေ့ပြောင်းမွေး မြူကြကြောင်း၊ ပျားမွေးမြူရေးလုပ်ကိုင်သူတစ်ဦးထံမှ သိရသည်။ 
ယခုအခါ တိုင်းဒေသကြီးအစိုးရအဖွဲ့က ပံ့ပိုးခြင်း၊ ပျားမွေးမြူ ရေးဌာနမှ ဝန်ဆောင်မှုပေးခြင်း၊   နည်းပညာသင်တန်းပို့ချပေးခြင်း တို့ကြောင့် မကွေးတိုင်းပုဂ္ဂလိက ပျားမွေးသူများအနေဖြင့် မိရိုးဖလာ လုပ်ငန်းဖြစ်သော ဆီထွက်သီးနှံ၊ မြေပဲ၊ နှမ်းစိုက်ပျိုးရေးလုပ်ငန်းမှ အဓိကဝင်ငွေရရှိသည့်အပြင် ပျားမွေးမြူရေးလုပ်ငန်းမှလည်းမိသားစု တစ်ပိုင်တစ်နိုင် ကိုယ်ပိုင်စီးပွားရေးလုပ်ငန်းအဖြစ်  လုပ်ကိုင်ကြကာ ဝင်ငွေ အခွင့်အလမ်းများ တစ်ဖတ်တစ်လမ်းက ရရှိနေသည်ဟုသိရ သည်။ ထို့ပြင် ပျားရည်ကို အခြေပြု ထုတ်လုပ်လျက်ရှိသည့် ဆပ်ပြာ ရည် အလှကုန်ပစ္စည်းများ၊ ဆေးဝါးများ ထုတ်လုပ်ရောင်းချလျက်ရှိ သည့် တစ်ပိုင်တစ်နိုင် စီးပွားရေးလုပ်ငန်းရှင်မှအစ စီးပွားဖြစ် ထုတ် လုပ်ရောင်းချနိုင်သဖြင့် အလုပ်အကိုင်အခွင့်အလမ်းများ ပိုမိုပွင့်လန်း လာကြသဖြင့်   ပျားမွေးမြူရေးလုပ်ငန်းသည်လည်း နိုင်ငံတော်၏စီးပွားရေး ဖွံ့ဖြိုးတိုးတက်ရေးအတွက် တစ်ဖက်တစ်လမ်းမှ အားဖြည့် ကူညီဆောင်ကြဉ်းပေးလျက်ရှိကြောင်း ရေးသားတင်ပြအပ်ပါသည်။

စန္ဒာစိုးလွင် (မကွေး)