Main menu

Background

ကျိုင်းလပ် နယ်စပ်ကုန်သွယ်ရေးစခန်းက မြန်မာ-လာအို နှစ်နိုင်ငံကုန်သွယ်မှုကို တိုးမြင့်စေမည်

Mon, 09/11/2023 - 11:26 -- journal_editor

မဲခေါင်-လန်ချန်း   ပူးပေါင်းဆောင်ရွက်မှု အထူးရန်ပုံငွေ                  (၂၀၂၁) ဖြင့် အကောင်အထည်ဖော် တည်ဆောက်ခဲ့သည့် ရှမ်းပြည် နယ် (အရှေ့ပိုင်း)တာချီလိတ်ခရိုင် ကျိုင်းလပ် နယ်စပ်ကုန်သွယ်ရေး စခန်း  ဖွင့်ပွဲအခမ်းအနားကို သြဂုတ် ၂၆ ရက် နံနက်ပိုင်းတွင် အဆိုပါ နယ်စပ်ကုန်သွယ်ရေးစခန်း၌ ကျင်းပပြုလုပ်ခဲ့ရာ  စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး  တက် ရောက်၍  ဖွင့်လှစ်ပေးခဲ့ပြီးဖြစ်သည်။
မြန်မာ-လာအို နှစ်နိုင်ငံအကြား မဲခေါင်မြစ် ပိုင်းခြားထားမှု  ကြောင့်  နှစ်နိုင်ငံကုန်သွယ်မှု ဖွံ့ဖြိုးခြင်း  မရှိခဲ့သော်လည်း မြန်မာ-လာအို   ချစ်ကြည်ရေးတံတား တည်ဆောက်နိုင်ခဲ့ပြီးဖြစ်၍ နှစ်နိုင်ငံ လမ်းပန်းဆက်သွယ်ရေး   ပိုမိုကောင်းမွန်လာမှုအပေါ် အခြေခံပြီး ကုန်သွယ်မှုများ မြှင့်တင်ဆောင်ရွက်နိုင်တော့မည်ဖြစ်ကြောင်း သိရ  သည်။
ယခင်ကာလများတွင် ကုန်သွယ်မှုများဆောင်ရွက်နိုင်မှု မရှိခဲ့ သော်လည်း ၂၀၂၃-၂၀၂၄ ဘဏ္ဍာနှစ်  ဧပြီလမှ ဇူလိုင်လအထိ အခြားရေထွက်ပစ္စည်းဖြစ်သည့် ပုစွန်ဖွဲ  ၂၁၅၂ ဒသမ ၅၀ဝ တန်၊ တန်ဖိုး သုည ဒသမ ၉၄၈ ဒေါ်လာသန်း၊ သြဂုတ်လတွင် ဆီးဆန် ၁၇ တန်၊ တန်ဖိုး သုည ဒသမ ဝ၁၄ ဒေါ်လာသန်းနှင့် စက်တင်ဘာလတွင် ဆေးရွက်ကြီး ၂၂ တန်၊ တန်ဖိုး သုည  ဒသမ ဝ၃၅ ဒေါ်လာသန်း၊ စုစုပေါင်း သုည ဒသမ ၉၉၇ ဒေါ်လာသန်းအား တာချီလိတ်စခန်း၏ ပို့ကုန်ကြော်ငြာလွှာဖြင့် ကျိုင်းလပ်စခန်းမှ တင်ပို့နိုင်ခဲ့သည်။ 
လာမည့် ဘဏ္ဍာနှစ်တွင် ယခုတင်ပို့ခဲ့သည့် ပစ္စည်းအမယ်များ  အပြင် ပြောင်းသီးနှံထွက်ပေါ်လာမည့်ရာသီတွင် ပြောင်းတင်ပို့မှုများ ရှိလာနိုင်သဖြင့် ပြောင်းစိုက်တောင်သူများနှင့် တင်ပို့သူ လုပ်ငန်းရှင် များအတွက် အခြေအနေကောင်းများ ဖြစ်ပေါ်နိုင်ပြီး ပို့ကုန်တိုးမြှင့်  ရေးအတွက် အထောက်အကူပြုနိုင်မည်ဖြစ်ကြောင်း သုံးသပ်ရပါ သည်။                                                                                    

 

CJ