Main menu

Background

ကျန်းမာရေးအကျိုးပြု ဆေးဖက်ဝင်ငှက်သိုက်

Tue, 08/06/2024 - 11:48 -- journal_editor

လူသားများအတွက် ကျန်းမာရေးအကျိုးပြု ဆေးဖက်ဝင် အစာ  အာဟာရဓာတ်ရရှိသော  ငှက်သိုက်သည် မြန်မာနိုင်ငံတွင် တနင်္သာရီကမ်းရိုးတန်းတစ်လျှောက်  ထားဝယ်၊ ကော့သောင်းနှင့် မြိတ်ကျွန်းစုများမှ အများဆုံးထွက်ရှိသည်။ ငှက်သိုက်ကို ဇီဝဇိုးငှက် လေးများ၏ အာခံတွင်းမှထွက်ရှိသော တံတွေးဂလင်းရည်နှင့် အစာ အိမ်မှလာသော အစာရည်တချို့ကို  ပေါင်းစပ်အန်ထုတ်ပြီး  အသိုက် ဆောက်လုပ်ခြင်းမှ ရရှိ ခြင်းဖြစ်သည်။  
ထိုငှက်ကလေးများ၏  တံတွေးဂလင်းက ထွက်ရှိသည့် အချွဲ ရည်မှာ ပြင်ပလေထုနှင့်ထိတွေ့ပြီး တဖြည်းဖြည်း ခြောက်သွေ့လာ ခြင်းဖြစ်သည်။  ဇီဝဇိုးငှက်လေးများသည်  ဂူနှင့်ဝေးသော ပင်လယ် ကျောက်ဆောင်အမြင့်နှင့် လိုဏ်ဂူများကြားတွင် အုပ်စုဖွဲ့နေတတ်ကြ ပြီး အုပ်စုတစ်စုလျှင် ကောင်ရေ ထောင်ပေါင်းများစွာ ပါဝင်သည်။ 
မြေပြင်တွင် ကျက်စားလေ့မရှိဘဲ ဝေဟင်နှင့် ပင်လယ်အထက် တွင် လျင်မြန်စွာပျံသန်းပြီး လေထဲမှ အင်းဆက်များကို ဖမ်းယူစား သောက်ကြသည်။ သူတို့သည် တိမ်များရှိသည့် နေရာအမြင့်အထိ ရောက်အောင် ပျံသန်းနိုင်သဖြင့် တချို့က တိမ်ညွန့်များကိုစားပြီး အသက်ရှင်ကြသည့်အတွက် တခြားပင်လယ်ပျော်  ငှက်များနှင့် မတူဘဲ လူသားများအတွက် အကျိုးပြုမှုများသည်ဟု ဆိုကြသည်။
ဇီဝဇိုးငှက်လေးများသည် မျိုးစိတ်ကွဲပြားမှုအပေါ် မူတည်ပြီး တချို့က အဖြူရောင်အန်ဖတ်၊ တချို့က အမည်းရောင် အန်ဖတ်များ ဖြင့် အသိုက်ဆောက်ကြသည်။ အဖြူရောင်မှာ အနက်ရောင်ထက် ဈေး ၁၀ ဆခန့်ပိုရရှိသည်။ မျိုးပွားရာသီ ဖြစ်သော ဇန်နဝါရီ၊ ဧပြီနှင့် သြဂုတ်လတွင် ကျောက်ဆောင်နံရံများတွင် အသိုက်ဆောက်ပြီး ငှက်သားပေါက်လေးများ အရွယ်ရောက်လာပြီး ပျံသန်းအစာရှာဖွေ နိုင်ပါက သူတို့၏ ငှက်သိုက်များကို စွန့်ခွာသွားကြသည်။ ထိုငှက်သိုက် များကို လူတို့က ရှာဖွေခွာယူကြခြင်းဖြစ်သည်။
ပင်လယ်ကျောက်ဆောင်များတွင် ကျင်လည်ကျက်စား နေ ထိုင်ကြသော  ဇီဝဇိုးငှက်လေးများသည် ရာသီဥတု ဖောက်ပြန်မှု ကြောင့် ပင်လယ်လှိုင်းကြီးခြင်း၊ နေရောင်ခြည် ပြင်းထန်လာခြင်းနှင့်  ပင်လယ်ကျောက်ဆောင်များသို့ လူသူအရောက် များလာခြင်းတို့ ကြောင့်   ပင်လယ်ပိုင်းမှ  ကုန်တွင်းပိုင်းကို  တဖြည်းဖြည်း ပြောင်းရွှေ့ လာကြသည်။
မြန်မာနိုင်ငံတွင် တနင်္သာရီတိုင်းဒေသကြီးနှင့် ဧရာဝတီ တိုင်း ဒေသကြီး  ပုသိမ်မြို့ အနောက်တောင်ဘက်တွင်ရှိသည့် ကျွန်းစုများ တွင်  တွေ့ရှိရပြီး   ကုန်းတွင်းပိုင်းသို့ ရွှေ့ပြောင်းလာခြင်းကြောင့် သဘာဝအတိုင်း ရှာဖွေရရှိသည့် ငှက်သိုက်များသာမက  ငှက်အိမ် များဆောက်၍  မွေးမြူလာကြပြီး ငှက်သိုက်ထုတ်လုပ်လာကြသည်။  ငှက်သိုက် အများဆုံးထွက်ရှိသည့်  မြိတ်ကျွန်းစုအပြင်  ဧရာဝတီတိုင်း ဒေသကြီး၊ မော်လမြိုင်၊ ရခိုင်ကမ်းရိုးတန်းနှင့် ရန်ကုန်တိုင်းဒေသကြီး၊ ပဲခူးတိုင်းဒေသကြီးတို့တွင် မွေးမြူလာကြသည်။ သဘာဝနှင့် အနီးစပ် ဆုံး ဖြစ်အောင် ငှက်အိမ်များကို တည်ဆောက်ထားကြပြီး ငှက်လေး များသည် လေထဲရှိ အင်းဆက်များကိုသာ စားသောက်သဖြင့် ဂေဟ စနစ်ကို အထောက်အကူပြုသည်။
ငှက်သိုက်သည် ကျန်းမာရေးအတွက် ပရိုတင်းဓာတ် ြွကယ်ဝ ပြီး အာဟာရဓာတ်များစွာ ပါဝင်သောကြောင့်  ကိုယ်ခံ အားစနစ်ကို ကောင်းစေသည်။ အသားအရေကို ကြည်လင်စေပြီး အိုမင်းရင့်ရော် ခြင်းကို  နှောင့်နှေးစေသည်။ ခွဲစိတ်ပြီးလူနာနှင့် ဖျားနာသူများ အမြန် နာလန်ထစေပြီး  ခွန်အားကိုပြန်လည် ပြည့်ဖြိုးစေသည်။ အာရုံကြော ကောင်းစေပြီး ဦးနှောက်ကို ကြည်လင်စေသဖြင့် ကျန်းမာရေးအတွက် အကျိုးကျေးဇူးများ ပြားလှသည်။
ယခင်က ကိုဗစ်ကာလတွင် စားသုံးနှုန်းမြင့်မားလာပြီး ငှက် သိုက်ကို မြန်မာနိုင်ငံတွင် စားသုံးမှု မများသော်လည်း ကိုဗစ်ကာလ ကျော်လွန်ပြီးနောက် ငှက်သိုက်၏ အကျိုးအာနိသင်များကို သိရှိ လာသဖြင့် စားသုံးမှု ပိုမိုတွင်ကျယ်လာပြီး  ဈေးကွက်လည်း ပိုမို ကျယ်ပြန့်လာသည်။ ငှက်သိုက်ဈေးကွက်မှာ အသိုက်မှ  ခွာယူလာ သည့်အတိုင်း အကြမ်းရောင်းခြင်း၊ သန့်စင်အခြောက်ခံ၍  ပုံသွင်း ခွက်နှင့် အချောရောင်းခြင်း၊ နည်းပညာတိုးတက်လာသည့်အတွက် ပေါင်းပြီး ပေါင်းရည် ပုလင်း(ျွနေိပ ွှသ ီမငညု)နှင့် ရောင်းခြင်းများရှိ သည်။
ကော့သောင်းမြို့၏  သဘာဝငှက်သိုက်ဈေးနှုန်းများမှာ   ဇူလိုင် လ နောက်ဆုံးပတ် ပေါက်ဈေးအရ ငှက်သိုက်အကြမ်း တစ်ကျပ်သား လျှင် ကျပ် ၃၆၀ဝ၀၊ ငှက်သိုက်အချော(အသန့်)တစ်ကျပ်သားလျှင်   ကျပ် ၆၅၀ဝ၀၊ ငှက်သိုက်ပေါင်းရည် (သကြားပါ) ၄၂ မီလီလီတာ တစ်ပုလင်းလျှင် ကျပ် ၁၀ဝ၀ဝ နှင့် (သကြားမပါ) ၇၅ မီလီလီတာ တစ်ပုလင်းလျှင် ကျပ် ၁၃၀ဝ၀ တို့ဖြစ်ပြီး  ယခုဝါတွင်းကာလတွင် လူကြီးမိဘများ၊ ဆရာသမားများအား ကန်တော့ရန်အတွက်  ငှက် သိုက်အချော ( အသန့် )နှင့်  ငှက်သိုက်ပေါင်းရည်များ  အရောင်း အဝယ် ကောင်းလျက်ရှိကြောင်း သိရသည်။

 

ယုယုမြင့် (ကော့သောင်း)