မကွေးတိုင်းဒေသကြီးသည် မြန်မာနိုင်ငံ၏ ဆီအိုးကြီးဟု တင် စားခေါ်ဝေါ်ပြီး ဆီထွက်သီးနှံများကို အများဆုံး စိုက်ပျိုးထွက်ရှိသည့် ဒေသဖြစ်သည်။ ဆီထွက်သီးနှံများဖြစ်သော နှမ်း၊ မြေပဲ၊ နေကြာ၊ ဝါ နှင့် ပဲပုပ်တို့ကို နှစ်စဉ် စိုက်ပျိုးလျက်ရှိရာ ထွက်ရှိသည့် သီးနှံများ အနက် နှမ်းသည် နိုင်ငံတကာဈေးကွက်သို့ ထိုးဖောက်လျက် ရှိနေပြီး ပြည်ပပို့ကုန်များတွင် တစ်ခုအပါအဝင်ဖြစ်သည်။
မကွေးတိုင်းဒေသကြီးတွင် နှမ်းနှင့် ဆီထွက်သီးနှံများကို နှစ်စဉ် စိုက်ပျိုးလျက်ရှိရာ ပြည်ပပို့ကုန်ကဏ္ဍ တိုးမြှင့်ရေးအတွက် တစ်နှစ်ထက်တစ်နှစ် ရာသီအလိုက် တိုးချဲ့စိုက်ပျိုးလျက်ရှိသည်။ ပြည်တွင်း၊ ပြည်ပ ဈေးကွက်ဝင် ဆီထွက်သီးနှံများကို ၂၀၂၂-၂၀၂၃ ဘဏ္ဍာနှစ်တွင် ၂၁၉၅၅၆၉ ဧကနှင့် ၂၀၂၃-၂၀၂၄ ဘဏ္ဍာနှစ်တွင် ၂၃၃၈၈၇၈ ဧက စိုက်ပျိုးနိုင်ခဲ့ပြီး ၂၀၂၄-၂၀၂၅ ဘဏ္ဍာနှစ်တွင် ဧက ၂၃၄၇၈၈၀ တိုးချဲ့စိုက်ပျိုးရန် လျာထားလျက်ရှိကြောင်း သိရသည်။
ထိုသို့ စိုက်ပျိုးရာတွင် မိုးကြို(နွေနှမ်း)နှင့် မိုးဦး(မိုးနှမ်း) ဟူ၍ ရာသီအလိုက် စိုက်ပျိုးကြသည်။ နွေနှမ်းကို မိုးကြိုကာလဖြစ်သော မတ်လကုန် ဧပြီလဆန်းပိုင်းတွင် ရေသွင်းစနစ်ဖြင့် စိုက်ပျိုးပြီး ဇွန်လ တွင် ရိတ်သိမ်းနိုင်မည်ဖြစ်သည်။ မိုးနှမ်းကိုမူ မိုးဦးကျ ကာလဖြစ် သည့် မေလကုန် ဇွန်လဆန်းပိုင်းတွင် စတင် စိုက်ပျိုးလေ့ရှိကြပြီး သြဂုတ်လတွင် ရိတ်သိမ်းကြသည်။
မကွေးတိုင်းဒေသကြီးတွင် အများဆုံးစိုက်ပျိုးသည့် နှမ်းများမှာ နှမ်းဖြူ(ဂျပန်)၊ နှမ်းဖြူ(ခြုံကျော်)၊ နှမ်းနီ၊ နှမ်းနက်(စမုန်)နှင့် နှမ်းညို ကျားတို့ဖြစ်ပြီး နှမ်းဝါနှင့် နှမ်းပြာတို့ကိုလည်း အနည်းငယ် စိုက်ပျိုးကြ သည်။ မကွေးတိုင်းဒေသကြီးတွင် စိုက်ပျိုးထားသည့် မိုးနှမ်းများမှာ သြဂုတ်လက လှိုင်လှိုင်ထွက်ပေါ်လျက်ရှိပြီး မကွေး၊ နတ်မောက်၊ အောင်လံ၊ တောင်တွင်းကြီးနှင့် ပခုက္ကူမြို့များရှိ ကုန်စည်ဒိုင်များ၊ ပွဲရုံများသို့ နေ့စဉ်ဝင်ရောက်ကာ အရောင်းအဝယ်ဖြစ်လျက်ရှိသည်။
မကွေးတိုင်းဒေသကြီးတွင် ဖြစ်ပေါ်နေသော ဈေးနှုန်းများမှာ သြဂုတ်လ စတုတ္ထပတ်တွင် နှမ်းဖြူ(ဂျပန်) တစ်တင်းလျှင် ကျပ် ၁၆၀ဝ၀ဝ၊ နှမ်းဖြူ(ခြုံကျော်) တစ်တင်းလျှင် ကျပ် ၁၅၆၀ဝ၀၊ နှမ်းနီ တစ်တင်းလျှင် ကျပ် ၁၄၅၀ဝ၀၊ နှမ်းနက်(စမုန်) တစ်တင်းလျှင် ကျပ် ၂၁၅၀ဝ၀ နှင့် နှမ်းညိုကျား တစ်တင်းလျှင် ကျပ် ၁၄၂၀ဝ၀ တို့ဖြင့် အရောင်းအဝယ်ဖြစ်ခဲ့ကြောင်း၊ ယခုနှစ်တွင် တစ်ဧကလျှင် ခန့်မှန်း ကုန်ကျစရိတ်အနေဖြင့် ကျပ်ရှစ်သိန်းကုန်ကျကြောင်း၊ အထွက်နှုန်း အနေဖြင့် ပျမ်းမျှ ကိုးတင်းထွက်ရှိခြင်းကြောင့် တောင်သူများအနေဖြင့် အကျိုးအမြတ် တွက်ချက်မည်ဆိုပါက ကျပ် ၇၅၀ဝ၀ဝ ခန့်ရှိခဲ့ကြောင်း၊ ရာသီဥတုဒဏ်ကြောင့် ယမန်နှစ်က အထွက်နှုန်းအောက် လျော့နည်း သော်လည်း ပြည်ပ ဝယ်လိုအားကောင်းခြင်းနှင့် ဈေးနှုန်း ကောင်းမွန် မှုကြောင့် စိုက်ပျိုးသည့် တောင်သူများအနေဖြင့် ထိုက်သင့်သည့် အကျိုးအမြတ်များရရှိကြောင်း သိရှိရသည်။
ဈေးကွက်အနေအထားကို ကြည့်မည်ဆိုလျှင် မကွေးတိုင်း ဒေသကြီးအတွင်းရှိ ဆီကြိတ်ခွဲထုတ်လုပ်သည့် လုပ်ငန်းရှင်များက ဝယ်ယူကြ ကြောင်းနှင့် ရန်ကုန်၊ မန္တလေး စသည့် မြို့ကြီးများသို့လည်း တင်ပို့ ရောင်းချကြသည်။ ထိုမှတစ်ဆင့် တရုတ်၊ ထိုင်းနှင့် ဗီယက်နမ် စသည့် ပြည်ပနိုင်ငံများသို့လည်း တင်ပို့လျက်ရှိသည်။
ထိုကဲ့သို့ ပြည်ပတင်ပို့ရာတွင် ကုန်စည်များအနေဖြင့် အရည် အသွေးပြည့်မီပြီး စံချိန်စံညွှန်း ကိုက်ညီမှုရှိရန် မဖြစ်မနေလိုအပ်သည်။ ပြည်ပနိုင်ငံများသို့ ပို့ကုန်ကဏ္ဍ တိုးမြှင့်ကာ တင်ပို့နိုင်ရေးအတွက် မဖြစ်မနေ လိုက်နာရမည့် စံချိန်စံညွှန်းများအား ခွဲခြားသတ်မှတ်ကာ လိုက်နာဆောင်ရွက်ခြင်းဖြင့် ဈေးကွက်ယှဉ်ပြိုင်နိုင်စွမ်းကို မြင့်မား လာစေမည့် အကျိုးကျေးဇူးများကိုလည်း ရရှိနိုင်မည်ဖြစ်သည်။
နှမ်းကို ပြည်ပနိုင်ငံများသို့ ကုန်ကြမ်းအတိုင်း တင်ပို့ရောင်းချ ခြင်းထက် တန်ဖိုးမြှင့်ထုတ်ကုန်(Value Added) ပြုလုပ်ကာ တင်ပို့ ခြင်းသည် ပြည်ပ ဝင်ငွေကို ပိုမိုရရှိနိုင်မည်ဖြစ်သည်။ မကွေးမြို့မှ ကုမ္ပဏီတစ်ခုသည် ၂၀၁၁ ခုနှစ်မှစတင်၍ နှမ်းကို တန်းဖိုးမြှင့်ထုတ် ကုန် မြန်မာ့နှမ်းလှော်မှုန့်အဖြစ် ထုတ်လုပ်ကာ ရန်ကုန်မြို့ရှိ ကုမ္ပဏီ ခွဲမှတစ်ဆင့် တောင်ကိုရီးယားနိုင်ငံသို့ တင်ပို့ခဲ့ကြောင်း၊ ထုတ်လုပ် သည့် နည်းစနစ်သည် ၎င်းတို့၏ လုပ်ငန်းအတွေ့အကြုံ၊ ဒေသတွင်း အတွေ့အကြုံရှိသည့် သင်ဆရာ၊ မြင်ဆရာများထံမှ သင်ယူလေ့လာ ကာ မြန်မာ့နည်း၊ မြန်မာ့ဟန်ဖြင့် အရည်အသွေး ကောင်းမွန်သော ပို့ကုန်တစ်ခုအဖြစ် ထုတ်လုပ်ခဲ့ခြင်းဖြစ်ကြောင်း၊ ယခုအချိန်တွင် တောင်ကိုရီးယားဈေးကွက်၌ မြန်မာ့နှမ်းလှော်မှုန့်သည် ရောင်းတန်း ဝင်ကုန်ပစ္စည်းအဖြစ် ရပ်တည် နေနိုင်ပြီဖြစ်ကြောင်း၊ အရည်အသွေး ပြည့်မီသည့် နှမ်းလှော်မှုန့်ရရှိစေရန် ကုန်ကြမ်းအသုံးပြုရာတွင် နှမ်း ဖြူကိုသာ အသုံးပြုပြီး နှမ်းလှော်ခြင်းလုပ်ငန်းများ ဆောင်ရွက်ရ ကြောင်း၊ ဈေးကွက်တွင် ရေရှည်ရပ်တည် အောင်မြင်နိုင်ရေးအတွက် ထုတ်လုပ်မှု နည်းပညာများကို အစဉ်တိုးတက်အောင် ဂရုတစိုက် ဆောင်ရွက်နေကြောင်း၊ တောင်ကိုရီးယားနိုင်ငံသို့ မြန်မာ့နှမ်းလှော် မှုန့်ကို အဓိကတင်ပို့ပြီး ခေတ်မီနည်းစနစ်များဖြင့် ထုတ်လုပ်ထားသည့် ကျန်းမာရေးနှင့် ညီညွတ်ကာ စားသုံးရန် အထူးသင့်လျော်သော နှမ်း လှော်ဆီမွှေးကိုလည်း တင်ပို့လျက်ရှိကြောင်း၊ အဆိုပါ ကုန်ပစ္စည်းများ ကို ပင်လယ်ရေကြောင်း ကုန်သွယ်မှုမှတစ်ဆင့် နှစ်စဉ် တိုးတက်ကာ တင်ပို့လျက်ရှိကြောင်း သိရသည်။
ပို့ကုန်ကဏ္ဍ ဖွံ့ဖြိုးတိုးတက်ခြင်းဖြင့် နိုင်ငံတော်၏ စီးပွားရေးကို တစ်ဖက်တစ်လမ်းမှ အထောက်အကူဖြစ်စေမည်ဖြစ်သည်။ ထိုမျှ သာမကဒေသတွင်း၌လည်း အလုပ်အကိုင် အခွင့်အလမ်း မြောက် မြားစွာကို ဖန်တီးပေးနိုင်မည်ဖြစ်သည်။ ထို့ကြောင့် မကွေးတိုင်းဒေသ ကြီးရှိ အသေးစား၊ အလတ်စား စီးပွားရေးလုပ်ငန်းရှင်များမှMSMEကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေးအတွက် နှမ်းကိုတန်ဖိုးမြှင့်ထုတ်ကုန် (Value Added) အဖြစ် ကုန်ချောအဆင့် (နှမ်းဆီ၊ နှမ်းလှော်မှုန့်၊ နှမ်းယိုနှင့် နှမ်းကပ်ကြော်)စသည့် အသင့်စားသုံးနိုင်မည့် အဆင့်သို့ တိုးမြှင့် ထုတ်လုပ်ကာ ပြည်တွင်းဈေးကွက်သာမကဘဲ ပြည်ပဈေးကွက်ပါ တိုးတက်ရှာဖွေရန် လိုအပ်မည်ဖြစ်သည်။
လက်ရှိအချိန်တွင် နှမ်းကို တန်ဖိုးမြှင့်ထုတ်ကုန် ပြုလုပ်၍ အညာဒေသထွက် အစားအစာအဖြစ် ထုတ်လုပ်ရောင်းချနေသည့် စားသောက်ကုန်လုပ်ငန်းမှ နှမ်းယို၊ ပဲယိုတို့ကိုလည်း ပြည်ပ ဈေး ကွက်များသို့ တင်ပို့နိုင်ရေး ခေတ်မီသောနည်းပညာ၊ ခေတ်မီသည့် စက်ကြီးများဖြင့် သတ်မှတ်စံချိန်စံညွှန်း၊ အရည်အသွေး ပြည့်မီအောင် ထုတ်လုပ် ဆောင်ရွက်နေပြီဖြစ်ကြောင်း၊ မကြာမီကာလတွင် ပြည်ပ နိုင်ငံများသို့ ကျယ်ကျယ်ပြန့်ပြန့် တင်ပို့နိုင်တော့မည်ဟု သိရသည်။
အခြားတစ်ဖက်တွင် မြန်မာနိုင်ငံ၌ အရည်အသွေး ကောင်းမွန် သော ဆီများကို ထုတ်လုပ်ရန်အတွက် ပြည်တွင်းရှိ ဆီစက်များကို အဆင့်မီဆီစက်များအဖြစ် တိုးချဲ့တပ်ဆင်ခြင်း၊ ခေတ်မီဆီစက် အသစ်များ ထပ်မံ တည်ဆောက်ခြင်းနှင့် လက်ရှိ ဆီစက်များကိုလည်း အဆင့်မြှင့်တင်ခြင်း တို့အတွက် တောင်သူများနှင့် လုပ်ငန်းရှင်တို့၏ ရင်းနှီးမြှုပ်နှံမှုအတွက် ငွေကြေးလိုအပ်ချက်ကို ဖြည့်ဆည်းပေးရန် သက်ဆိုင်ရာ တာဝန်ရှိသူများက ဆီစက်ချေးငွေများကို ထုတ်ချေးပေး နိုင်ရေး ချေးငွေအဆိုပြုလွှာများကို ဖိတ်ခေါ်ခဲ့ပြီး မကွေးတိုင်းဒေသ ကြီးအတွင်းမှ လျှောက်ထားလာသော ဆီစက်လုပ်ငန်းရှင်များကို ကွင်းဆင်းစစ်ဆေးသွားနိုင်ရန် မြေပြင်ကွင်းဆင်းစစ်ဆေးရေးအဖွဲ ့ ကိုလည်း ဖွဲ့စည်းထားရှိပြီး ကွင်းဆင်းစစ်ဆေးခြင်းများကိုလည်း ဆောင်ရွက်လျက်ရှိသည်။
ဒေသတွင်း ကုန်စည်စီးဆင်းမှုသည် နိုင်ငံ၏ စီးပွားရေးဖွံ့ဖြိုး တိုးတက်စေရန် အခြေခံလိုအပ်ချက်တွင် တစ်ခုအပါအဝင်ဖြစ်သည်။ သို့အတွက်ကြောင့် ဒေသတစ်ခုတွင် ကုန်စည်စီးဆင်းမှု မှန်ကန်ချော မွေ့နေမည်ဆိုပါက ယင်းဒေသ၏ စီးပွားရေးသည်လည်း ဖွံ့ဖြိုးတိုး တက်လာမည်ဖြစ်သည်။ အဆိုပါ ကုန်စည်စီးဆင်းမှုနှင့်အတူ အမြဲ လိုက်ပါလာသည့်အရာမှာ ငွေကြေးစီးဆင်းမှုဖြစ်၍ မိမိနိုင်ငံအနေ ဖြင့် ပြည်ပနိုင်ငံများသို့ ကုန်စည်များ ပိုမိုတင်ပို့နိုင်မည်ဆိုပါက နိုင်ငံ အတွက် ပြည်ငွေများ ပိုမိုရရှိနိုင်မည်ဖြစ်သည်။
သို့သော် မြန်မာ့နှမ်းကို ပြည်ပပို့ကုန်တန်းဝင် ကုန်ပစ္စည်းအဖြစ် အသိအမှတ်ပြုခံရရန် အစဉ်ကြိုးစား ဆောင်ရွက်ရမည်ဖြစ်သည်။ ထို့ကြောင့် နှမ်းကိုစိုက်ပျိုးသည့် ဒေသခံ တောင်သူများအနေဖြင့် စတင်စိုက်ပျိုးသည်မှ ကုန်ချောထုတ်လုပ်တင်ပို့သည့် နထစသမအနမ ကုမ္ပဏီများအထိ (ွဗဏ ွဏြ) ဆိုင်ရာ အလေ့အကျင့်ကောင်းများ ကျင့်သုံးလာစေရေး၊ ကျယ်ပြန့်စွာ အသုံးပြုလာစေရေးကို သက်ဆိုင် ရာ ဌာနအဖွဲ့အစည်းများ၊ အသင်းအဖွဲ့များက အသိပညာ ဗဟုသုတ များ မျှဝေအကြုံပြုခြင်းနှင့် ပို့ကုန်ကဏ္ဍ တိုးမြှင့်ရေးအတွက်လည်း ပူးပေါင်းပါဝင် ကူညီဆောင်ရွက်မှုများကိုလည်း ဆောင်ရွက်ပေးလျက် ရှိသည်။
ပြည်ပပို့ကုန် မြှင့်တင်ရေးလုပ်ငန်းများကို အစဉ်တစိုက် တိုးချဲ့ ဆောင်ရွက်ရန် မိမိဒေသမှ ထွက်ရှိသည့် နှမ်း၊ မြေပဲ၊ နေကြာ၊ ဝါနှင့် ပဲပုပ်တို့ကို စံချိန်စံညွှန်း ပြည့်မီသည့် ကုန်ချောဖြစ်ရန် အစဉ်တစိုက် ဆောင်ရွက်ရမည်ဖြစ်သည်။ ပြည်တွင်းဈေးကွက်တွင်လည်း ဆီကို ကြိတ်ခွဲထုတ်လုပ်ပြီး ပြန်လည်ရောင်းချရာတွင် စားသုံးသူများအတွက် ကျန်းမာရေးနှင့် ညီညွတ်စေရေး၊ အရောအနှောကင်းစွာ သန့်ရှင်းပြီး သင့်တင့်သောဈေးနှုန်းဖြင့် ဝယ်ယူစားသုံးနိုင်ရေးတို့အတွက် ထုတ် လုပ်ဖြန့်ဖြူးနိုင်ရန် စီမံဆောင်ရွက်သင့်သည်။ ထို့ပြင် အခြားတစ်ဖက် တွင် စိုက်ပျိုးသူတောင်သူများ၏ လိုအပ်ချက်များကို ပံ့ပိုးကူညီမှုများ ဆောင်ရွက်ပေးခြင်းဖြင့် မိမိတို့၏ ဆီစက်လုပ်ငန်းများ ပုံမှန်လည်ပတ် နိုင်မည်ဖြစ်ပြီး နှစ်ဦးနှစ်ဖက် အကျိုးရှိမည်လည်းဖြစ်သည်။
ကျန်းမာရေးရှုထောင့်မှ ကြည့်မည်ဆိုလျှင် နှမ်းကို စားသုံးခြင်း ဖြင့် ကျန်းမာရေးအကျိုးကျေးဇူးများစွာ ရရှိမည်ဖြစ်သည်။ နှမ်းတွင် ပါဝင်သော ဒြပ်တစ်မျိုးသည် သွေးတွင်းရှိ ကိုလက်စထရောကို ကျ ဆင်းစေပြီး သွေးပေါင်ချိန်ကိုလည်း ထိန်းညှိပေးသည်ဟု မြန်မာ့ဆေး ကျမ်းများတွင် ဖော်ပြထားသည်ကို တွေ့ရသည်။ ထို့ပြင် နှမ်းဆီသည် ကိုယ်အလေးချိန်ကို ထိန်းညှိပေးခြင်း၊ အသည်းရောဂါ မဖြစ်ပွားစေ ရန် ကာကွယ်ပေးခြင်း၊ နှမ်းတွင် ပြည့်ဝဆီ ပါဝင်မှုနည်းခြင်းကြောင့် သွေးတွင်းအကျိုးပြု ကိုလက်စထရော ပမာဏကို မြှင့်တင်ပေးပြီး ဓာတ်တိုးဆန့်ကျင် အာနိသင် ြွကယ်ဝသောကြောင့် နှလုံးရောဂါဖြစ် ပွားခြင်းကို ကာကွယ်ပေးခြင်း၊ နှမ်းဆီကို ပုံမှန်စားသုံးခြင်းဖြင့် အစာ ချေစနစ် ကောင်းမွန်စေပြီး အမျှင်ဓာတ် ပါဝင်သောကြောင့် အူမကြီး ကို ကျန်းမာစေခြင်း၊ မဂ္ဂနီဆီယမ် ကြွယ်ဝစွာ ပါဝင်သည့်အတွက် ဆီးချိုရောဂါ သက်သာစေသည့် အပြင်နောက်ဆက်တွဲ ဖြစ်ပေါ်လာ နိုင်သည့် ကျန်းမာရေး ပြဿနာများကိုလည်း မဖြစ်ပွားစေအောင် ကာကွယ်ပေးခြင်းနှင့် သတ္တုဓာတ်များစွာ ပါဝင်နေသောကြောင့် အရိုးသိပ်သည်းဆကို ကောင်းမွန်စေပြီး အရိုးပွရောဂါ ဖြစ်ပွားမှုကို လည်း လျှော့ချပေးခြင်း စသည့် အကျိုးကျေးဇူးများကို ရရှိစေမည် ဖြစ်သည်။
နှမ်း အပါအဝင် ဆီထွက်သီးနှံများကို တန်ဖိုးမြှင့် ကုန်ချော များအဖြစ် ထုတ်လုပ်တင်ပို့နိုင်ခြင်းဖြင့် ဒေသတွင်း၌ အလုပ်အကိုင် အခွင့်အလမ်းများကို ဖန်တီးပေးနိုင်ရုံသာမကဘဲ နထစသမအနမ များ အထိ ှကစစူပ ဃ့ငေည ကွင်းဆက်တစ်လျှောက် ပါဝင်သူများအတွက် အကျိုးကျေးဇူးများစွာ ဖြစ်ထွန်းစေနိုင်မည်ဖြစ်၍ ပို့ကုန်ကဏ္ဍ တိုးမြှင့် စေရေးအတွက် ဆီထွက်သီးနှံများကို တိုးချဲ့စိုက်ပျိုးသင့်သည်။ ထို့အတူ အခြားတစ်ဖက်တွင်လည်း ပို့ကုန်ကဏ္ဍ တိုးမြင့်လာစေရေး၊ ပုဂ္ဂလိကကဏ္ဍ ဖွံ့ဖြိုးတိုးတက်စေရေး၊ ကုန်သွယ်ရေးကဏ္ဍ စဉ်ဆက် မပြတ် တိုးတက်စေရေးနှင့် စားသုံးသူ ပြည်သူများအနေဖြင့် ဒေသ တွင်း စားသုံးဆီဖူလုံကာ ကျန်းမာရေးနှင့် ညီညွတ်ပြီး ယုံကြည်စိတ်ချ စွာ စားသုံးနိုင်ရေးအတွက် အားလုံးက ဝိုင်းဝန်းပူးပေါင်း ဆောင်ရွက် သင့်ပါကြောင်း အကြံပြု တိုက်တွန်းရေးသားလိုက်ရပါသည်။
တင့်တင့်ထွန်း (မကွေး)