၀ါသီးနှံအား မြန်မာနိုင်ငံတွင် မိုးကြိုရာသီ၊ မိုးရာသီနှင့် မိုးနှောင်းရာသီများတွင် စိုက်ပျိုးလျက်ရှိရာ စစ်ကိုင်းတိုင်း ဒေသကြီး၊ မကွေးတိုင်းဒေသကြီးနှင့် မန္တလေးတိုင်းဒေသကြီး များတွင် အများဆုံးစိုက်ပျိုးကြသည်။ မိုးကြိုရာသီတွင် ဖေဖော်ဝါရီလလယ်မှ မတ်လအတွင်း၊ မိုးရာသီအား မေလ လယ်မှ ဇွန်လကုန်အတွင်းနှင့် မိုးနှောင်းရာသီတွင် ဇူလိုင်လ လယ်မှ သြဂုတ်လလယ်အတွင်း စိုက်ပျိုးကြပြီး ယခုအချိန်တွင် မိုးနှောင်းဝါများ စတင်ထွက်ပေါ်လျက်ရှိသည်။
ဝါ(မိုးနှောင်း)စိုက်ပျိုးမှုအနေဖြင့် ကျောက်ဆည်မြို့ နယ်တွင် ၁၆၆၆၆ ဧက၊ စဥ့်ကိုင်မြို့နယ်တွင် ၆၆၁၇ ဧကနှင့် မြစ်သားမြို့နယ်တွင် ၁၁၈၆၄ ဧက၊ စုစုပေါင်း ကျောက်ဆည် ခရိုင်အတွင်း ၃၈၁၄၇ဧက စိုက်ပျိုးထားပြီး ၁၀၃၂၀ ဧက ရိတ် သိမ်းပြီးကြောင်း သိရသည်။ ဝါစိုက်ပျိုးရာတွင် တောင်သူများ မှာ ျွခေေ နှင့် ြ ၃၁ မျိုးများကို စိုက်ပျိုးကြသော်လည်း အများစု မှာ အထွက်နှုန်းကောင်းမွန်ပြီး ပိုးမွှားအန္တရာယ်ဒဏ်ခံနိုင်ရည် ရှိသည့် ျွခေေ မျိုးကို အများဆုံးစိုက်ပျိုးကြသည်။ ျွခေေ မျိုးကို အချို့တောင်သူများက ကုမ္ပဏီထံမှဝယ်ယူပြီး စိုက်ပျိုးကြ သော်လည်း အချို့မှာ ယခင်နှစ် ဝါသီးနှံပေါ်ချိန်တွင် ဝါ ကောက်ပြီး မျိုးအဖြစ် ပြန်လည်အသုံးပြုကြသည်။
ဝါစိုက်ပျိုးမှုအနေဖြင့် တစ်ဧကလျှင် ပျိုးထုတ်ဝယ်ယူ၍ စိုက်ပျိုးပါက မျိုးစေ့ထုတ်နှစ်ထုတ်ကုန်ကြပြီး ယခင်ဝါသီးနှံ ပေါ်ချိန်၌ ကောက်ယူထားသော မျိုးစေ့အား အသုံးပြုပါက ငါးပိဿာခန့် ကုန်ကျကြောင်း၊ မျိုးစေ့တစ်ထုတ်လျှင် ကျပ် ၅၀ဝ၀ဝ နှင့် မျိုးစေ့ တစ်ပိဿာလျှင် ကျပ် ၄၀ဝ၀ ကုန်ကျ ကြောင်း၊ မျိုးစေ့ထုတ်ဖြင့် စိုက်ပျိုးပါက တစ်ဧကလျှင် ကျပ် ၁၀ဝ၀ဝ၀ ကုန်ကျပြီး ဝါကောက်ပြီး ရယူထားသောမျိုးစေ့ စိုက်ပျိုးပါက တစ်ဧကလျှင် ကျပ် ၂၀ဝ၀ဝ ကုန်ကျသည်။ တစ် ဧက ကုန်ကျစရိတ်အနေဖြင့် မျိုးစေ့၊ သွင်းအားစု၊ နွားရှဉ်းခ၊ လုပ်သားခအပါအဝင် စုစုပေါင်း ကျပ် ၉၃၀ဝ၀ဝမှ ၁၀၂၀ဝ၀ဝ ကုန်ကျသည်။
ဝါဖြစ်ထွန်းမှုအပေါ်မူတည်ပြီး ကုမ္ပဏီမှရောင်းချသော မျိုးစေ့အား အသုံးပြုပါက တစ်ဧကလျှင် ပိဿာ ၇၀ဝ-၁၀ဝ၀ ထွက်ရှိပါကြောင်း၊ ယာခင်းမှ ပြန်လည်ကောက်ယူသော မျိုးစေ့အား အသုံးပြုပါက ပိဿာ ၆၀ဝ-၇၀ဝ ထိ ထွက်ရှိ ကြောင်းသိရသည် ။ ကျောက်ဆည်ခရိုင်အတွင်း ဝါကုန်သည် များစွာရှိပြီး မြစ်သား မြို့နယ် ကူမဲမြို့ရှိဝါပွဲရုံ တောင်သူများမှ ထွက်ရှိလာသည့်ဝါများအားဝယ်ယူပြီး ဝါဂွမ်းနှင့်ဝါစေ့ဆီများ ထုတ်လုပ်လျက်ရှိသည်။
မကွေးတိုင်းဒေသကြီးအတွင်းရှိ မကွေး၊ နတ်မောက်၊ အောင်လံနှင့် မန္တလေးတိုင်းဒေသကြီးအတွင်းရှိ နွားထိုးကြီး၊ ရမည်းသင်း၊ တပ်ကုန်း၊ ပျော်ဘွယ်၊ မိတ္ထီလာ၊ ဝမ်းတွင်းနှင့် ကျောက်ဆည်ခရိုင်အတွင်းရှိ ဝါစိုက်တောင်သူများထံမှ ဝါ များအား တစ်ပိဿာလျှင် ကျပ် ၄၈၀ဝ ဈေးနှုန်းဖြင့် ဝယ်ယူ လျက်ရှိကြောင်း သိရသည်။ ဝယ်ယူပြီးသောဝါများအား နေ လှမ်း၍ ဝါစက်တွင် ကြိတ်ခွဲသည့်အခါ ဝါအရည်အသွေးပေါ် မူတည်ပြီး ဝါပိဿာ ၁၀ဝ လျှင် ဝါဂွမ်း ၃၀မှ ၃၅ ရာခိုင်နှုန်း နှင့် ဝါစေ့ ၆၀ရာခိုင်နှုန်းထွက်ရှိကြောင်း၊ ဝါစေ့ တစ်ပိဿာ လျှင်ကျပ် ၂၂၀ဝ-၂၃၀ဝ နှင့် ဝါဂွမ်းအမျိုးအစားပေါ် မူတည် ၍ တစ်ပိဿာလျှင် ကျပ် ၁၁၀ဝ၀ ဈေးနှုန်းရှိကြောင်း၊ ထွက် ရှိလာသော ဝါဂွမ်းများအား တပ်မတော်၊ ချည်မျှင်နှင့် အထည် စက်ရုံများနှင့် စက်မှု(၁)ရှိ ချည်ထည်စက်ရုံများသို့ ရောင်းချ လျက်ရှိသည်။
ဝါစေ့အားဆီအဖြစ် ထုတ်လုပ်ပါက ဝါစေ့ အရည် အသွေးပေါ်မူတည်ပြီး ကြိတ်ခွဲလျှင် ဝါစေ့ ပိဿာ ၁၀ဝ လျှင် ဝါအခွံ ၂၀ မှ ၃၅ ရာခိုင်နှုန်း၊ ဝါဖတ် ၅၀မှ ၆၀ ရာခိုင် နှုန်းနှင့် ဝါစေ့ဆီ ၁၀မှ၁၅ ရာခိုင်နှုန်းထွက်ရှိပြီး ဝါအခွံများအား နွား မွေးမြူရေးနှင့် မှိုစိုက်ပျိုးရေးလုပ်ငန်းများသို့ တစ်ပိဿာလျှင် ကျပ် ၁၀ဝ၀ ဖြင့်လည်းကောင်း၊ ဝါဖတ်အား ငါးမွေးမြူရေး လုပ်ငန်းများသို့ တစ်ပိဿာလျှင် ကျပ် ၁၇၀ဝ-၁၈၀ဝ ဖြင့် လည်းကောင်း၊ ဝါစေ့ဆီအချောအား တစ်ပိဿာလျှင် ကျပ် ၁၁၅၀ဝ ဖြင့်ရောင်းချကြောင်း သိရသည်။ ကျောက်ဆည်ခရိုင် အတွင်း မြစ်သားမြို့နယ်၊ ကူမဲမြို့တွင် ဝါစေ့ကြိတ်ခွဲသည့်စက် များရှိပြီးသန့်စင်ပြီး ဝါစေ့ဆီအား ဒေသတွင်း အကြော်အလှော် စားသောက်ကုန်လုပ်ငန်းများမှ စားအုန်းဆီနှင့် ရောနှော အသုံးပြုပြီး မသန့်စင်ရသေးသော ဆီကြမ်းအား စက်မှုကုန် ကြမ်းများတွင် အသုံးပြု၍ ဝါစေ့ဆီကြမ်း တစ်ပိဿာလျှင် ကျပ် ၉၀ဝ၀-၁၀ဝ၀ဝ ခန့်ရှိကြောင်း သိရသည်။
ကျောက်ဆည်ခရိုင်အတွင်း မြစ်သားမြို့နယ် ကူမဲမြို့ တွင် ဝါစေ့ကြိတ်ခွဲသည့် စက်ရုံများရှိပြီး ဝါသီးနှံသည် တစ်နှစ် ပတ်လုံးစိုက်ပျိုး၍ရသဖြင့် တောင်သူနှင့်ကုန်သည်တွက်ခြေ ကိုက်သည့် သီးနှံဖြစ်သောကြောင့် စိုက်ပျိုးသင့်သည့် သီးနှံ ဖြစ်ကြောင်း ရေးသားလိုက်ရပါသည်။
ဇော်မင်းလတ်