Main menu

Background

တိုင်းဧရာမှရေချိုငါးမွေးမြူရေး

Mon, 06/02/2025 - 12:43 -- journal_editor

ဧရာဝတီတိုင်းဒေသကြီး ပန်းတနော်မြို့နယ် ဘုရားကျောင်း ရေနက်ကွင်းအနီးတွင် ငါးမွေးမြူ ခြင်း၊  စပါးစိုက်ပျိုးခြင်းတို့ကို နိုင်ငံတော် ခွင့်ပြု ချက်များရယူ၍ ၁၉၉၈ ခုနှစ်ကတည်းက စတင် လုပ်ကိုင် ဆောင်ရွက်ခဲ့သည်။
လက်ရှိတွင်    ဧရာဝတီတိုင်းဒေသကြီး ပန်းတနော်မြို့နယ်တွင် တည်ရှိပြီးသော ရေချိုငါး (ငါးတန်) မွေးမြူရေးကန်မှ စုစုပေါင်းဧက ၉၈၀ အနက် မြေသားကန် ၄၀၃ ဧကတွင် အကောင်ရေ ၇၃၀ဝ၀ဝ၀ ကို မွေးမြူလျက်ရှိကြောင်း သိရသည်။ ၂၀၁၈ ခုနှစ် မြန်မာနိုင်ငံ ကုမ္ပဏီများ အက်ဥပဒ နှင့်အညီ မှတ်ပုံတင်တည်ထောင်ခဲ့ပြီး ငါးအခြေခံ စားသောက်ကုန်များထုတ်လုပ်မည့် ဘက်စုံစီမံ ကိန်းကို စတင်အကောင်အထည်ဖော် ဆောင်ရွက် ခဲ့သည်။ ၂၀၁၉ ခုနှစ်မှစ၍ ငါးကန်များကို အဆင့် မြှင့်တင်ခြင်း၊ ရေဝင်ရေထွက် ကောင်းမွန်လာစေ ရန် ပြန်လည်ပြုပြင်တည်ဆောက်ခြင်းများ ပြုလုပ် ခဲ့ကာ ခေတ်မီနည်းစနစ်များကို အသုံးပြု၍ ငါးမွေး မြူခြင်းများကို  လုပ်ကိုင်လျက်ရှိကြောင်း သိရ သည်။
တစ်နှစ်အတွင်း ထုတ်လုပ်နိုင်မှု အခြေအနေ
ရေချို ငါးမွေးမြူရေးကန်မှ  ၂၀၂၄ ခုနှစ် ဇန်နဝါရီလတွင် ရေချိုငါး ၇၃၀ဝ တန် မွေးမြူထုတ် လုပ်နိုင်ခဲ့ပြီး မွေးမြူဧက ၄၀၃ ဧကရှိကာ တစ် ဧက ထုတ်လုပ်မှုမှာ  ၁၈ ဒသမ ၁၁ တန် ထုတ်လုပ်နိုင် ခဲ့ကြောင်းနှင့် ဆက်လက်၍ ၂၀၂၅ခုနှစ်တွင်လည်း မွေးမြူထုတ်လုပ်လျက်ရှိကြောင်း သိရသည်။ 
ပြည်တွင်းစားသုံးရန် ဖြန့်ဖြူးသည့်အပြင်  ပြည်ပပို့ဆောင်ရေးအတွက် ငါးအသား အေးခဲ သည့်စက်ရုံ၊ စပါးခွံသုံး  လျှပ်စစ်ဓာတ်အားပေး စက်ရုံပါအဝင် အထွေထွေလုပ်ငန်း ဆောင်ရွက် ရန်  စီမံလျက်ရှိကြောင်း သိရသည်။ ယခုအခါ ငါး မွေးမြူရေးတွင် ခေတ်မီ နည်းစနစ်ဖြင့် မြေသား ကန်၊  သံကန် စုစုပေါင်း ၃၁၇ ကန်ရှိပြီး ငါးတန် အမျိုးအစားအကောင်ရေ ၇၃၀ဝ၀ဝ၀ ကိုမွေးမြူ လျက်ရှိသည်။ ထို့ပြင်စတီးကန်များ ပြုလုပ်ကာ စမ်းသပ် မွေးမြူနေပြီး  ငါးမွေးစတီးကန် ၉၀အနက် ၂၆ ကန်တွင် တစ်ကန်လျှင်  ငါးတန်ကောင်ရေ ၈၀ဝ၀ဝ မွေးမြူထားရာ ၂၆ ကန်တွင် ငါးကောင်ရေ သိန်း၂၀ကျော်မွေးမြူထားသည်ဟုသိရသည်။ တစ်ကန်လျှင် အကောင်ရေ ၈၀ဝ၀ဝ မှ ၁၃၀ဝ၀ဝ ကျော်ထိ မွေးမြူနိုင်ရန် တိုးချဲ့သွားမည်ဟု သိရ သည်၊  ရေချိုငါးမွေးကန်(မြေသားကန်နှင့် သံကန်) မှ လစဉ် ရေချိုငါးတန် တန် ၅၀ဝ ဝန်းကျင်ထုတ် လုပ်နိုင်ပြီး ဒေသတွင်း ဖြန့်ဖြူးရောင်းချကာ ရေချို ငါး မွေးမြူရေးကန်များမှ နေ့စဉ် ၁၀ တန်မှ ၂၅  တန်ကြား  ဖမ်းယူပြီး  ပြည်တွင်းဈေးကွက်သို့  ရောင်းချနိုင်ရန် ပြင်ဆင်ဆောင်ရွက်လျက်ရှိသည်။ 
ငါးသားဖောက်ချိန်မှာ နှစ်စဉ်မတ်လမှ နိုဝင်  ဘာလအထိဖြစ်သည်။ ငါးအရွယ်အစားမှာ1kg or 1.2kgအရွယ် ရောက်ရန်အတွက် တစ်နှစ်ကြာ မွေးမြူပါက  တင်ပို့နိုင်ကြောင်း၊   တင်ပို့ပါက ငါး အကောင်လိုက်တင်ပို့ခြင်း၊ ငါးအသားပါကင်ထုပ် ပို့ခြင်း နှစ်မျိုးရှိကြောင်း သိရသည်။ ကုမ္ပဏီမှ ငါး တင်ပို့မှုကို ရန်ကုန်ကို အဓိကထားတင်ပို့ပြီး တစ် နှစ်တင်ပို့နိုင်မှု ပမာဏတန်ချိန်မှာ ၃၆၀ဝ၀ဝ  တင် ပို့နိုင်ရန်  ဆောင်ရွက်လျက်ရှိသည်။ ရန်ကုန်မှ တစ်ဆင့် ပြည်ပတင်ပို့ခြင်းများရှိပြီး  နိုင်ငံတကာ အဆင့်မီ Integrated Food Industry Complex ပြီးစီးပါကUSA, Europe, China, Korea, Japan, Middle East and Asean Countries များသို့ တင်ပို့ ရောင်းချနိုင်ရန် စီစဉ်ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။ 
ငါးတန်သည် အလယ်ကျောရိုးတစ်ချောင်း သာပါရှိပြီး အသားပေါများသော ငါးဖြစ်၍ ကမ္ဘာ့ အဖြူရောင်ငါးများတွင် ပါဝင်ပြီး အနံ့မရှိအောင် မွေးမြူခြင်းဖြစ်သည်။ ဇီဝလုံခြုံမှုကောင်းမွန်စေရန် အတွက် ရေချိုငါးများ မွေးမြူရာတွင် အသုံးပြု သောရေများကို ရေသွင်းမြောင်းနှင့် ရေထုတ် မြောင်း သီးသန့်စီထားရှိ၍ အသုံးပြုထားကြောင်း သိရသည်။ 
ငါးမွေးမြူရာတွင် ငါးအစာသည် အဓိက လိုအပ်ချက်ဖြစ်သည်။  စိုက်ပျိုးရေးဦးစီးဌာနမှ နည်းစနစ်များကိုယူ၍   ခေတ်မီနည်းပညာများ ပေါင်းစပ်ကာ ဒေသတွင်းထွက်ရှိသည့် ဘေးထွက် ပစ္စည်းများ  အသုံးပြု၍  လျှပ်စစ်ထုတ်လုပ်ခြင်း၊ ငါးအစာထုတ်လုပ်ခြင်း၊ စက်ရုံကုန်ကြမ်းလိုအပ် ချက်ဖြည့်ဆည်းပေးခြင်းတို့ဖြင့် ဒေသခံ ပြည်သူ များ လူမှုစီးပွား  တိုးတက်ရန် စီမံကိန်းချမှတ် ဆောင်ရွက် လျက်ရှိသည်။  စီမံကိန်းပြီးစီးပါက  လူ ဦးရေ ၆၀ဝ၀ နှင့် ဆက်စပ်လူဦးရေ ၅၀ဝ၀ဝ ကျော်ထိ   အလုပ်အကိုင်ရရှိနိုင်သည်ဟု သိရ သည်။ 
ရေချိုငါးမွေးမြူရေးကုမ္ပဏီသည်  ယခုလက် ရှိတွင်မွေးမြူထားသော ရေချိုငါးများကို ပြည်တွင်း ဈေးကွက်အတွင်းသို့ ဖြန့်ဖြူးရောင်းချလျက်ရှိပြီး အဆင့်မြင့်ထုတ်ကုန်အနေဖြင့်  အေးခဲပြုပြင်ပြီး အသားလွှာများနှင့် အခြားသော တန်ဖိုးမြင့် ထုတ် ကုန်ပစ္စည်းများဖြစ်သည့် ငါးအသားချောင်း၊ ငါး အသားလုံး၊ ငါးအရေခွံကြော်  အစရှိသည်တို့ကို ပြည်တွင်း၊ ပြည်ပဈေးကွက်များသို့ ဖြန့်ဖြူးရောင်း ချနိုင်ရန်အတွက်  ပြုပြင်အေးခဲစက်ရုံကိုလည်း တည်ဆောက်လျက်ရှိကြောင်း သိရသည်။
လက်ရှိကာလတွင်   မွေးမြူရေးလုပ်ငန်း၊ စက်ရုံတည်ဆောက်ရေး  လုပ်ငန်းများတွင် ဝင် ရောက်လုပ်ကိုင်နေသူဦးရေ ၃၀ဝ ကျော်ရှိသည်။ စက်ရုံတည်ဆောက်ပြီး လုပ်ငန်းများ လည်ပတ် သည့်အချိန်တွင်    ကျွမ်းကျင်ဝန်ထမ်းများအား အချိန်ပြည့်၊ အချိန်ပိုင်း အပါအဝင် အလုပ်အကိုင် ပေါင်း   မြောက်မြားစွာ ဖန်တီးပေးနိုင်မည်ဖြစ် ကြောင်း သိရသည်။ 
၂၀၂၄ ခုနှစ်တွင်    ပြည်တွင်းစားသုံးရန် ရန်ကုန်ဈေးကွက်သို့ နေ့စဉ် ငါးတန်ပိဿာချိန် ၇၃၀ဝ၀ ခန့်  တင်ပို့ရောင်းချနိုင်ပြီး ငါးတန် တစ် ပိဿာလျှင် ကျပ် ၄၅၀ဝ-၅၀ဝ၀ ဈေးရရှိခဲ့သည်။ ယခုနှစ်မေလတွင်  ငါးတန်တစ်ပိဿာလျှင် ကျပ် ၇၀ဝ၀-၈၀ဝ၀ ဈေးပေါက်နေသည်။  မတ်လက ဖြစ်ပွားခဲ့သော ငလျင်သဘာဝ ဘေးအန္တရာယ် များကြောင့် ရန်ကုန်သို့တင်ပို့မှု မရှိသေးဘဲ ပြည်သူ များ သက်သာသောဈေးဖြင့်  ဝယ်ယူစားသုံးနိုင်ရန် အတွက် ဌာနဆိုင်ရာများနှင့် ငါးလုပ်ငန်းအဖွဲ့တို့ ချိတ်ဆက်ပူးပေါင်း၍ ဒေသတွင်း ပြည်သူများနှင့် ငလျင်ဘေးသင့်   ဒေသများရှိ  ပြည်သူများကို  သက်သာသောဈေးဖြင့်   တစ်ပိဿာလျှင် ကျပ်  ၇၀ဝ၀ ဖြင့် ရောင်းချပေးလျက်ရှိကြောင်း သိရ သည်။  ငါးတန် ၈၀-၉၀ ကျပ်သားအရွယ်ရှိ ငါးများ ကို ရန်ကုန်ဈေးကွက်တွင်  ငါးတန်ခြောက်ပြုလုပ် ရောင်းချလျက်ရှိသကဲ့သို့ လက်ရှိ ငါးတန်ခြောက် ဈေးနှုန်းမှာ တစ်ပိဿာလျှင် ကျပ် ၃၅၀ဝ၀ ဈေး ဖြစ်ပေါ်နေပြီး  ပြည်တွင်းဈေးကွက် လိုအပ်ချက်ကို ဖြည့်ဆည်းပေးလျက်ရှိသည့်အပြင် ပြည်ပမှ ကြိုက် နှစ်သက်မှုရှိသည့်အတွက်  ဈေးကွက်ဝင် အရည် အသွေး  ကောင်းမွန်သော  ငါးတန်များကို ငါး အသားလွှာပြုလုပ်၍လည်း   ထုတ်လုပ်တင်ပို့မှု လုပ်ငန်းများကို  ဆက်လက်ဆောင်ရွက်သွားရန် ပြင်ဆင်   ကြိုးပမ်းဆောင်ရွက်လျက်ရှိကြောင်း ကုမ္ပဏီငါးမွေးမြူရေး တာဝန်ခံကပြောသည်။
ရေချိုငါးမွေးမြူရေးကုမ္ပဏီမှ  လက်ရှိဆောင် ရွက်နေသော စိုက်ပျိုးရေးနှင့် မွေးမြူရေးအခြေခံ စက်မှုလုပ်ငန်း (Integrated Agro & Aqua based Industry Project) အား မြန်မာနိုင်ငံ၏ အစား အသောက်ဖူလုံမှု၊ လူမှုရေး၊ စီးပွားရေးနှင့် အလုပ် အကိုင်ရရှိရေး၊ နိုင်ငံခြားဝင်ငွေရရှိရေးတို့အတွက်  အရေးကြီးကဏ္ဍတစ်ရပ်အဖြစ် ခံယူပြီး ပြည်တွင်း၊ ပြည်ပမှ အသိပညာရှင်၊ အတတ်ပညာရှင်များနှင့် ပူးပေါင်း၍   ကမ္ဘာ့အဆင့်မီ seafood products ထုတ်လုပ်နိုင်သည့်  အဆင့်ထိ ရောက်ရှိအောင် ဆောင်ရွက်လျက်ရှိကြောင်း  အလုပ်အကိုင်သစ် များ   ပေါ်ထွက်လာစေခြင်း၊  ကျေးလက်ဒေသ ဖွံ့ဖြိုးပြီး လူနေမှုစနစ် တိုးတက်လာစေခြင်း၊ သွင်း ကုန် အစားထိုးနိုင်ခြင်း၊ ပြည်ပပို့ကုန်တိုးမြင့်လာပြီး နိုင်ငံခြားဝင်ငွေပိုမိုရရှိနိုင်ခြင်း အစရှိသည့် ရည် ရွယ်ချက်များကို အကောင်အထည်ဖော်နိုင်ခြင်း အားဖြင့် နိုင်ငံတော်၏  ယုံကြည်အားထားရသော စီမံကိန်း လုပ်ငန်းကြီးတစ်ခုအဖြစ် ရပ်တည်နိုင်ရန် ကြိုးပမ်းဆောင်ရွက်လျက်ရှိကြောင်း သိရှိနိုင်ရန် ရေးသားလိုက်ရပါသည်။

 

သဇင် (မအူပင်)