မြန်မာနိုင်ငံသည် တိုင်းရင်းသားလူမျိုးပေါင်း ၁၀ဝ ကျော် ခန့် သွေးစည်းနေထိုင်ကြပြီး ယဉ်ကျေးမှု အဆင့်အတန်းများစွာ မြင့်မားခဲ့ကြသည်။ တိုင်းရင်းသားမျိုးနွယ်စုများတွင် ဝတ်စားဆင် ယင်မှု၊ အထည်ရက်လုပ်မှု၊ စာပေ၊ အနုပညာ၊ အဆင်တန်ဆာ၊ ဘာသာစကား၊ ယုံကြည်ကိုးကွယ်မှု၊ ရိုးရာဓလေ့၊ တူရိယာ၊ နေ ထိုင်မှု အဆောက်အအုံ စသည်ဖြင့်များစွာရှိပြီး ၎င်းကဏ္ဍများ အားလုံးသည် တိုင်းရင်းသားမျိုးနွယ်စုတို့ အတွက်အရေးကြီးသည့် အစိတ်အပိုင်းဖြစ်သည်။
မြန်မာနိုင်ငံရှိ တိုင်းရင်းသားမျိုးနွယ်စုများတွင်လည်း ဝတ်စားဆင်ယင်မှုအနေဖြင့် အထည်များကို ဝတ်ဆင်ရာတွင် ဂျပ်ခုတ် ရက်ကန်းစင်ငယ်ဖြင့်လည်းကောင်း၊ ရက်ကန်းစင်ကြီး များဖြင့်လည်းကောင်း ရက်လုပ်ဝတ်ဆင်ကြပြီး တိုင်းရင်းသား မျိုးနွယ်စုများသည် အဝတ်အထည်ရက်လုပ်မှုတွင် တူညီသော် လည်း မျိုးနွယ်စု တစ်ခုနှင့်တစ်ခုမှာ အဝတ်အထည်ပေါ်တွင် အလှဆင်၍ ထည့်သွင်းရက်လုပ်သော ဒီဇိုင်းများမတူညီကြပေ။ မြန်မာနိုင်ငံ မြောက်ဖျားပိုင်းတွင် နေထိုင်သည့် ကချင်မျိုးနွယ်စု များသည် အထည်ရက်လုပ်ရာတွင် ရှေးယခင်က ဂျပ်ခုတ်ရက် ကန်းစင်များကို အသုံးပြု၍ အဝတ်အထည်များကို ရက်လုပ်ဝတ် ဆင်ကြသော်လည်း ယနေ့ခေတ်တွင် ဖွံ့ဖြိုးတိုးတက်လာသည်နှင့် အညီ ရက်ကန်းစင်ကြီး၊ စက်ရက်ကန်းတို့ဖြင့် အဝတ်အထည်များ ရက်လုပ်လာသည်နှင့်အမျှ ခေတ်မီနည်းစနစ်ဖြင့် အထည်ဒီဇိုင်း များလည်း ဆန်းသစ်လာသည်။
နိုင်ငံတော်အနေဖြင့်MSME လုပ်ငန်းများ ဖွံ့ဖြိုးတိုးတက် ရေးအတွက် အဓိကထား ဆောင်ရွက်ပေးလျက်ရှိရာ ပြည်တွင်း ထုတ်ကုန်အားပေးရန် သွင်းကုန်အစားထိုးရန်နှင့် ပို့ကုန်ရရှိစေ ရန် ဒေသတစ်ခု၊ ထုတ်ကုန်တစ်ခု(One Region One Product)အကောင်အထည်ဖော်နိုင်ရန် လမ်းညွှန်ချက်များအပေါ် ကချင် ပြည်နယ်အနေဖြင့်လည်း အစီအစဉ်များ ရေးဆွဲဆောင်ရွက်လျက် ရှိသည်။ ကချင်ပြည်နယ်၏ ဒေသတစ်ခု ထုတ်ကုန်တစ်ခု အစီ အစဉ်တွင် ရိုးရာရက်ကန်းလုပ်ငန်းများ ပိုမိုဖွံ့ဖြိုးတိုးတက်ရေး အတွက် Action Plan များ ရေးဆွဲဆောင်ရွက်လျက်ရှိရာ ကချင် ပြည်နယ်အတွင်း ရှိရက်ကန်းလုပ်ငန်းများတွင် စက်မှုမှတ်ပုံတင် ထားသော လုပ်ငန်း ၃၆ ခုရှိပြီး ရက်ကန်းစင်အရေအတွက် ၂၁၉ စင်ရှိကြောင်း သိရသည်။
ကချင်ပြည်နယ် ရက်ကန်းလုပ်ငန်းများမှ ထွက်ရှိသော ကချင်ပုဆိုး၊ ကချင်လုံချည်၊ ဂျပ်ခုတ် အပွင့် ဖောက်ထည်များသည် နိုင်ငံတစ်ဝန်း လူကြိုက်များရေပန်းစားသော အဝတ်အထည်များ တွင် ပါဝင်သည်။ ကချင်ရိုးရာအဆင်များအနေဖြင့် အမျိုးသား၊ အမျိုးသမီးတိုင်း ကြိုက်နှစ်သက်ကာ ရာသီမရွေး ဝတ်ဆင်နိုင် သည့် ချည်ထည်အမျိုးအစားများဖြစ်ကြောင်းလည်း တွေ့ရသည်။ ကချင်ပြည်နယ်သည် တစ်နိုင်တစ်ပိုင်မှသည် ရက်ကန်းစင်ပေါင်း များစွာဖြင့် လုပ်ကိုင်နေကြသောနေရာဖြစ်သည်နှင့်အညီ ရက် ကန်းခတ်သံများဖြင့် ပြည်နယ်၏အလှကို ဖော်ဆောင်လျက်ရှိ သည်။
ဂျပ်ခုတ်အထည်ရက်လုပ်ခြင်းသည် အိမ်တွင်းမှုလုပ်ငန်းတစ်ခုအပါအဝင်ဖြစ်ပြီး ဂျပ်ခုတ်ဆိုသည်မှာ အနံသေး၍ အသား ထူသော အထည်မျိုးကို ရက်လုပ်ပြီး လွယ်ကူစွာရွှေ့ပြောင်းရက် လုပ်နိုင်သော အတတ်ပညာတစ်ခုဖြစ်ပြီး ကချင်မျိုးနွယ်စုများ ဖြစ်သည့် ဂျိန်းဖော့၊ ရဝမ်၊ လီဆူ၊ လော်ဝေါ်၊ လာချိဒ်၊ ဇိုင်ဝါးတို့၏ ရိုးရာဝတ်စုံများမှာ ရိုးရာဂျပ်ခုတ်ထည်များဖြစ်သည်။ ကချင် မျိုးနွယ်စု၏ အထည်များမှာ ထူးခြားဆန်းကြယ်လှပသည်။
အထည်ဒီဇိုင်းများတွင် ကချင်လူမျိုးတို့၏ ရိုးရာမနော ပွဲတော်ကျင်းပရာတွင် မပါလျှင်မဖြစ်သော အနီ၊ အစိမ်း၊ ခရမ်း၊ အဖြူ၊ အဝါရောင်များဖြင့် ရေးဆွဲထားသော မနောတိုင်တွင် သဇင်ခွေ၊ ဍပုံနှင့် မြွေလိပ်ပုံများမှာ အဓိကဒီဇိုင်းများဖြစ်သည်။ ထို့ပြင် ကချင်မျိုးနွယ်စုများ၏ နေထိုင်ရာဒေသများရှိ သစ်ပင်၊ ပန်းမန်၊ သဘာဝရှုခင်းများစွာပေါများသော ဒေသဖြစ်သည့် အလျောက် အထည်များပေါ်တွင် ထည့်သွင်းရက်လုပ်ကြရသည်။
ယခင်က ခခူးကချင်ရိုးရာကျားဝတ်နှင့် မဝတ်လုံချည်များ အား အနံကြီးပြုလုပ်၍ ရက်ကန်းစင်ပေါ်တွင် ရက်ခတ်ကြသည့် ကျားဝတ်ပုဆိုးအထည်များ တစ်နေ့ လေးထည် အထိရက်လုပ်နိုင် ခဲ့ပြီး မဝတ်လုံချည်များကိုလည်း တစ်နေ့တစ်ထည်နှင့်ပန်းထိုး ခြင်း၊ ပန်းဖော်ခြင်းများဖြင့် ရက်လုပ်နိုင်ခဲ့သော်လည်း ယခုအခါ စက်ရက်ကန်းစင်များဖြင့် အထည်များစွာ ထုတ်လုပ်နိုင်လာ သည်။ ကချင်ရိုးရာ လက်ရက်ကန်းနှင့် စက်ရက်ကန်းလုပ်ငန်းများ ကို မြစ်ကြီးနားမြို့၊ အေးစေတီရပ်ကွက်၊ ရွှေညောင်ပင်ရပ်ကွက်၊ ကျွန်းပင်သာ ရပ်ကွက်၊ ကချင်စုရပ်ကွက်၊ ဂျန်မိုင်ကောင်းရပ်ကွက်၊ ဒူကထောင်ရပ်ကွက်၊ ရမ်ပူရပ်ကွက်များတွင် အများဆုံး လုပ် ကိုင်ကြသည်။
အထည်ထုတ်လုပ်မှုလုပ်ငန်းတွင် ကချင်ပုဆိုး၊ ကချင် လုံချည်၊ ဂျပ်ခုတ်အပွင့်ဖောက်ထည်များကို အများဆုံးထုတ်လုပ် ပြီး ချည်အသုံးပြုအနေဖြင့် (၂/၈၀) တိုင်၊ (၂/၁၀ဝ) ဖောက်ချည် ချောများဖြင့် အများဆုံး ရက်လုပ်ကြောင်း၊ ချည်ထည်များထုတ် လုပ်ရာတွင် မှာယူသည့်အရေအတွက်များကို စိတ်တိုင်းကျ ထုတ် လုပ်ပေးလျက်ရှိကြောင်းတွေ့ရသည်။ စက်ရက်ကန်းထုတ်လုပ် မှုမှာ ချည်အမျိုးအစားပေါ်မူတည်၍ အရေအတွက်ကွာခြားမှုရှိပြီး ရက်လုပ်ရာတွင် ချည်လုံးတုပ်လျှင် လျင်မြန်ပြီး ချည်လုံးသေးလျှင် အချိန်ပို၍ ရက်လုပ်ရသည်။ အထည်များ ထုတ်လုပ်မှုလုပ်ငန်း တွင် လိုအပ်သော ကုန်ကြမ်းများဖြစ်သည့် ချည်များ၊ ဆေးများ ကို မန္တလေးမှတစ်ဆင့်မှာယူရကြောင်း၊ ကုန်ကြမ်းမှကုန်ချောဖြစ် အောင် ထုတ်လုပ်မှုလုပ်ငန်းအဆင့်ဆင့်ကို မြစ်ကြီးနားမြို့တွင် ပြုလုပ်ကြောင်း၊ ထူးခြားမှုအနေဖြင့် ချည်ထည်များကိုလိုအပ်သော ဆေးအရောင်ဆိုးရာတွင် အသုံးပြုသည့် မြစ်ကြီးနားမြို့မှရေသည် အထည်များ၏ အရည်အသွေးကိုများစွာ အထောက်အကူပြု ကြောင်းသိရသည်။
အမျိုးသားဝတ် ခခူးလုံချည်အဆင်မှာ အစိမ်းရောင်၊ အနက်ရောင်၊ ခရမ်းရောင် ဟူ၍ သုံးမျိုးကို အပြန်ပြန် အလှန်လှန် ကွက်မ၊ ကွက်ကျဲ၊ ကွတ်စိတ် အိမ်ဖွဲ့၍ အဆင်တစ်စုံ ၉ လက်မ ခန့်ရှိသော ကွက်ကျဲလုံချည်များ ရက်ခတ်ခြင်းဖြစ်သည်။ အမျိုး သမီးဝတ်လုံချည်မှာ ခခူးအနက်ရောင်တွင် ၇ လက်မကို အဝါ၊ ခရမ်း၊ ပန်း၊ အနီ၊ အစိမ်းရောင်တို့သည် အကြောင်းထိုးကလေး များ အပြန်အလှန် ပြုလုပ်၍ တစ်လက်မအထိ ပေါ်လွင်အောင် အဆင်ကြောင်းများ ပြုလုပ်ရသည်။ ပြီးလျှင် ခရမ်းရောင်အား ၆ လက်မ အထိပြုလုပ်ရသည်။ ပတ်လည်ဆင်များ ပြုလုပ်၍ ၎င်း အထည်ပေါ်တွင် အမိတ်ဒီဇိုင်းဖြင့် ပုလဲမန်ကူ နှစ်ထပ်ကွက်၊ သုံးထပ်ကွက် စသည်ဖြင့် အမိတ်ထိုးပြုလုပ်ရသည်။
မြစ်ကြီးနားမြို့ရှိ ရက်ကန်းရုံများမှ မိမိတို့ထုတ်လုပ်သည့် အထည်များကို အရောင်းဆိုင်ကြီးများသို့ ပြန်လည်ရောင်းချသူ များဖြစ်ပြီး မြစ်ကြီးနားမြို့တွင် ကချင်ရိုးရာ အထည်ဆိုင်ကြီး ၃၀ ခန့်ရှိသည်။ ဈေးကွက်အတွင်းတွင် အမျိုးသားဝတ်လုံချည် တစ်ကွင်း တန်ဖိုးမှာ အသုံးပြုသည့် ချည်အရည်အသွေးပေါ် မူတည်၍ ကျပ် ၂၅၀ဝ၀ မှ ၇၀ဝ၀ဝ ကျော် ရောင်းချလျက်ရှိပြီး ကချင်ရိုးရာ အမျိုးသမီးဝတ်လုံချည်သည် အသုံးပြုသည့် ချည် သားကွာခြားခြင်း၊ ဒီဇိုင်းပုံစံမြင့်မားခြင်းတို့ ကြောင့် ဈေးနှုန်း အနိမ့်အမြင့်ရှိပြီး လုံချည်တစ်ထည်လျှင် ၂/၈၀ ချည်ကို အသုံးပြု ရက်လုပ်ထားပါက ကျပ် ၅၀ဝ၀ဝ မှ ၇၀ဝ၀ဝ အထိ၊ ၂/၁၀ဝ ချည်ကို အသုံးပြုရက်လုပ်ထားပါက ကျပ် ၈၀ဝ၀ဝ မှ ၁၀ဝ၀ဝ၀ ကျော်အထိ ရောင်းချလျက်ရှိကြောင်း ကချင်ရိုးရာအထည် အရောင်းဆိုင်လုပ်ငန်းရှင်ထံမှ သိရသည်။
ဂျိန်းဖော့သူစက်ရက်ကန်းလုပ်ငန်းရှင်အား ထုတ်လုပ်နေ မှုနှင့်ပတ်သက်၍ သွားရောက်တွေ့ဆုံမေးမြန်းရာတွင် အထည် များထုတ်လုပ်မှုလုပ်ငန်းတွင် လိုအပ်သောကုန်ကြမ်းများဖြစ်သည့် ချည်များ၊ ဆေးများကို မန္တလေးမှတစ်ဆင့် မှာယူရကြောင်း၊ ရက်ကန်းရုံ တစ်ရုံအနေဖြင့် တစ်နှစ်လျှင် ချည်ထည်ကွင်းအရေ အတွက် ၁၆၂၀ဝ၀ အထိ ထုတ်လုပ်နိုင်ကြောင်း၊ အကျိုးအမြတ် အနေဖြင့် တစ်နှစ်လျှင် ကျပ်သိန်း ၄၀ဝ မှ ကျပ်သိန်း ၆၅၀အထိ ရရှိကြောင်း၊ ရက်ကန်းလုပ်ငန်းတွင် ရက်ကန်းလုပ်သားရှားပါး မှုသည် အဓိကအခက်အခဲဖြစ်ကြောင်း၊ လက်ရက်ကန်းအတွက် လျှပ်စစ်မီး မလိုအပ်သော်လည်း စက်ရက်ကန်းအတွက် လျှပ်စစ် မီးသည် အဓိကကျသဖြင့် စက်သုံးဆီနှင့် လုပ်ငန်းလည်ပတ်ချိန် တွင် ထုတ်လုပ်မှုကုန်ကျစရိတ် မြင့်တက်မှုကြုံတွေ့ရကြောင်း၊ အသေးစား၊ အငယ်စားနှင့် အလတ်စား စီးပွားရေးလုပ်ငန်းများ သည် သုံးစွဲသူပြည်သူများ၏ ဝယ်လိုအားကို ရယူဆောင်ရွက်ရ သောကြောင့် ထုတ်လုပ်မှုကုန်ကျစရိတ် လျှော့ချနိုင်မှသာ ဈေး ကွက်တွင် ရောင်းပန်းလှနိုင်ပြီး ပိုမိုတိုးတက်နိုင်ကြောင်း၊ ရိုးရာ ရက် ကန်းလုပ်ငန်းများမှာ လုပ်ငန်းတူအချင်းချင်း ပိုမိုတိုးတက် အောင် ပူးပေါင်းဆောင်ရွက်ခြင်း၊ ကျွမ်းကျင်လုပ်သားများ မွေး ထုတ်ပေးခြင်း၊ နည်းပညာသင်တန်းများပေးခြင်း၊ ကုန်ကြမ်းများကို အစုအဖွဲ့ဖြင့် တင်သွင်းနိုင်ရေးတို့ကို ဆောင်ရွက်နိုင်ပါက ဈေး ကွက်သို့ ပိုမိုထိုးဖောက်နိုင်မည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။
ထို့အပြင် ရက်ကန်းလုပ်ငန်းများတွင် ရက်ကန်းလုပ်သား မိသားစုအလိုက် လာရောက်လုပ်ကိုင်နေသည့်အတွက် အလုပ် အကိုင် အခွင့်အလမ်းများစွာရရှိစေလျက်ရှိသည်။ အထည်ထုတ် လုပ်မှုလုပ်ငန်းတည်ရှိရာ အနီးပတ်ဝန်းကျင်မှ ဒေသခံ ပြည်သူ များအား ချည်ချခြင်း၊ ရက်ဖောက်လုပ်ငန်းလုပ်ကိုင်ခြင်း၊ ရဟတ် လုံးများ ဆောင်ရွက်စေခြင်းတို့ကို ပုတ်ပြတ်စနစ်လုပ်ကိုင်စေခြင်း ဖြင့် လစဉ်ဝင်ငွေသည်အနိမ့် ဆုံးကျပ် ၂၀ဝ၀ဝ၀ မှ အမြင့်ဆုံးကျပ် ၄၀ဝ၀ဝ၀ အထိ ရရှိစေခြင်းဖြင့် မိသားစုတစ်ပိုင်တစ်နိုင် အပိုဝင် ငွေရအောင် ဖန်တီးပေးနိုင်ကြောင်းလည်း သိရသည်။
ကချင်ရိုးရာအထည်များကို ဒေသထွက်ဈေးကွက်တွင် ဖြန့်ဖြူးရောင်းချရုံတင်သာမက မြန်မာနိုင်ငံ အနှံ့အပြားသို့လည်း တင်ပို့ ရောင်းချလျက်ရှိကြောင်း၊ အွန်လိုင်းဈေးကွက်မှတစ်ဆင့် လည်း အရောင်းအဝယ်ရှိနေကြောင်း၊ ကချင်ရိုးရာအထည်များ သည် အရောင်အသွေး၊ ဒီဇိုင်းလှပခြင်း၊ အကွက်ဆန်းများ တီထွင် ထုတ်လုပ်လာကြသဖြင့် ဈေးကွက်တွင် မျက်နှာပန်းလှ၍ အရောင်းအဝယ် ဖြစ်လျက်ရှိကြောင်း၊ ကချင်ရိုးရာထည် ဖြန့်ဖြူးရောင်းချသူတစ်ဦးမှသိရသည်။ ကချင်ရိုးရာထည်များကို ပြည် တွင်းဈေးကွက်တွင်သာမက ပြည်တွင်းကုန်စည်ပြပွဲများ၊ ပြည်ပ ကုန်စည် ပြပွဲများတွင်လည်း ခင်းကျင်းပြသလျက်ရှိပြီး နိုင်ငံ တကာဈေးကွက်သို့ ထိုးဖောက်နိုင်ရေးအတွက် ကြိုးစားလျက်ရှိ သည်။
ကချင်မျိုးနွယ်စုများသည် ဂျပ်ခုတ်ရက်ကန်းဖြင့် ရက်လုပ် ထားသော အထည်များကို ရိုးရာဝတ်စုံအနေဖြင့် ဝတ်ဆင်ကြသော် လည်း ယခုအခါ ရက်ကန်းစင်ကြီး၊ စက်ရက်ကန်းများဖြင့် ရက် လုပ်ထားသော အထည်များကိုလည်း ဝတ်ဆင်လာကြသဖြင့် ရှေး ဟောင်းဒီဇိုင်းများကို မူလလက်ရာမပျက်ဘဲ ခေတ်မီဆန်းသစ် တီထွင်သော ဒီဇိုင်းများဖြင့်ရက်လုပ်ထားသော ကချင်ရိုးရာ အထည်များမှာ ယနေ့ခေတ်တွင် လူကြိုက်များသည်မှာ တစ် နိုင်ငံလုံးသာမက နိုင်ငံရပ်ခြားတိုင်းပြည်များအထိ ကျော်ကြားကာ ကမ္ဘာလှည့်ခရီးသွားများ၏ မျက်စိကျရာ ရိုးရာထည်များအဖြစ် ဈေးကွက် အခိုင်အမာ ရရှိနေပြီဖြစ်ကြောင်း ရေးသားလိုက်ရ ပါသည်။
(ဤဆောင်းပါးတွင် အသုံးပြုထားသည့် ဓာတ်ပုံများအတွက် မူရင်းပိုင်ရှင်များအား လေးစားစွာ ခရက်ဒစ်ပေးပါသည်။)
ကိုကိုစိုး၊ အောင်ဇေယျ
