Main menu

Background

Thursday, 24 May 2012

    ထိုင်းနိုင်ငံရဲ့ စီးပွားရေး ခိုင်ခိုင်မာမာ ပြန်လည်နာလန် ထူလာတဲ့အခါ အတိုးနှုန်းတွေတိုးမြှင့်ပေးနိုင်အောင်နဲ့ ဘဏ္ဍာ ရေး တွန်းအားပေးအစီအစဉ်တွေ ရပ်ဆိုင်းထားနိုင်အောင် အသင့်ပြင်ဆင်ထားသင့်ကြောင်း အပြည်ပြည်ဆိုင်ရာ ငွေ ကြေး ရန်ပုံငွေအဖွဲ့ (အိုင်အမ်အက်ဖ်) က ပြောကြားပါတယ်။

Thursday, 24 May 2012

    ယခုသီတင်းပတ်အတွင်းမှာ အမေရိကန်ပြည်ထောင်စုနဲ့ တရုတ်စီးပွား ရေးတိုးတက်မှုတွေ အရှိန်သေလာတဲ့ လက္ခဏတွေတွေ့လာရပါတယ်။ ဒါပေမဲ့ ဥရောပရဲ့ငွေချေးငွေအကျပ်အတည်း က ပိုမိုဆိုးဝါးလာလိမ့်မယ်ဆိုတဲ့ စိုးရိမ် မှုက ဒေါ်လာရဲ့ ဝယ်လိုအားကို မြင့် တက်စေခဲ့တဲ့အတွက်  အာရှငွေကြေး တွေရဲ့သီတင်းပတ်အလိုက်  ကျဆင်းမှု က နိုဝင်ဘာနောက်ပိုင်းအနိမ့်ဆုံးကို ရောက်ရှိခဲ့ပါတယ်။  ယခုသီတင်းပတ် အတွင်းမှာ တောင်ကိုရီးယားနဲ့ တရုတ် (တိုင်ပေ) ရှယ်ယာတွေထဲကနေ ကမ္ဘာ့ ရင်းနှီးမြှုပ်နှံသူတွေက   ဒေါ်လာ ၁ ဒသမ ၅ ဘီလီယံဖိုးအသားတင်ပြန် ထုတ်ယူတာ ကို တွေ့ရပါတယ်။

Monday, 21 May 2012

ယခင်သီတင်းပတ်တွေက ငြိမ်သက်နေခဲ့သည့်အမေရိကန်ဒေါ်လာဈေးကွက် သည် ပြန်လည်မြင့်တက်ခဲ့သည်ကို တွေ့ရသည်။  ထိုကဲ့သို့ အမေရိကန်ဒေါ်လာငွေ လဲလှယ်သည့်တန်ဖိုးမြင့်တက်လာရခြင်းမှာ မော်တော်ယာဉ်တင်သွင်းခွင့်များကို မည်သူမ ဆို နိုင်ငံခြားငွေစာရင်းဖွင့်လှစ်၍ တင်သွင်းခွင့်ရသည်ဆိုခြင်းကြောင့် ဖြစ်ရ သည်ဟု ငွေလဲစင်တာများမှ သိရသည်။

Thursday, 17 May 2012

    ဂရိနိုင်ငံယူရိုဇုန်မှ ထွက်ခွာမဲ့အလားအလာများနဲ့ ဖြစ်ပေါ် လာမဲ့ ပြဿနာများကို ဖြေရှင်းရမည့်ကိစ္စကို ဥရောပ တစ်လွှားရှိ ဗဟိုဘဏ်တို့က ဆွေးနွေးနေကြပြီဖြစ်ကြောင်း ဆွီဒင်နိုင်ငံမှ Risksbank   ဒုတိယဗဟိုဘဏ်အုပ်ချုပ်ရေးမှူး ပါဂျန်ဆန်က ပြော ကြားပါတယ်။

Thursday, 17 May 2012

    အမေရိကန်ဘဏ်ဈေးကွက်အတွင်းသို့ ဝင်ရောက်ရန် တရုတ်ဘဏ်ကြီးသုံးခုကိုအတည်ပြုပေးခဲ့ကြောင်း အမေရိ ကန်ဗဟိုဘဏ်က မေ ၁၀ ရက်မှာ ကြေညာခဲ့ပါတယ်။ တရုတ်နိုင်ငံတွင် အကြီးဆုံးဘဏ်  တစ်ခုဖြစ်တဲ့ International  and  Commerical  Bank  of  China ( ICBC ) ၊ Bank of China   နဲ့ တရုတ်စိုက်ပျိုးရေးဘဏ်တို့က အမေရိ ကန်ပြည်ထောင်စုမှာ ဘဏ်ခွဲများဖွင့်လှစ်ဖို့ လမ်းပွင့်သွားပြီ ဖြစ်ကြောင်း ဗဟိုဘဏ်ကပြောပါတယ်။

Thursday, 17 May 2012

    ဂရိနိုင်ငံမှာ ဖြစ်ပွားနေတဲ့နိုင်ငံရေး အကျပ်အတည်းက ကမ္ဘာ့ဈေးကွက် တွေကိုကသောင်းကနင်းဖြစ်ပေါ်စေပြီး တရုတ်၊ မလေးရှား နဲ့ ဖိလစ်ပိုင်နိုင်ငံ တွေရဲ့ ပို့ကုန်လုပ်ငန်းတွေနှေးကွေးလာ ပြီးနောက်ပိုင်းအာရှငွေကြေးတွေရဲ့ တန် ဖိုးက ဒုတိယမြောက်သတင်းပတ်အဖြစ် ဆက်လက်ကျဆင်းခဲ့ပါတယ်။

Tuesday, 15 May 2012

    နေ့စားလုပ်ခနဲ့ ရေနံဈေးနှုန်းတွေ မြင့်တက်နေချိန်မှာ ငွေကြေးဖောင်းပွမှု အန္တရာယ်ကိုကာကွယ်နိုင်အောင်ငွေကြေးမူဝါဒများကိုပြန်လည်လျှော့ချရန် အစိုးရရဲ့ ဖိအားပေးမှုကိုရှောင်ရှားပြီး ထိုင်းဗဟိုဘဏ်ကဘုတ်အဖွဲ့ အစည်းအဝေးနှစ်ကြိမ်တိုင် မပြောင်းမလဲဘဲ ဆက်လက် ထိန်းထားခဲ့ပါတယ်။

Tuesday, 15 May 2012

    ဒေါ်လာနဲ့ ဖလှယ်ရာမှာ ယွမ်ငွေကြေးတန်ဖိုးကို မြှင့် တင်ပေးဖို့ အမေရိကန်နဲ့ တရုတ်နိုင်ငံတို့ရဲ့ ဆွေးနွေးပွဲအစမှာ အမေရိကန်ဘဏ္ဍာရေးဝန်ကြီးတီမိုသီဂိုက်သနာကမေ ၃ ရက် က တိုက်တွန်းခဲ့ပါတယ်။

Tuesday, 15 May 2012

    အမေရိကန် ပြည်ထောင်စုက ထုတ်ပြန်တဲ့စီးပွားရေးကိန်းဂဏန်းများ ကမျှော်လင့်ထားတာထက် ပိုမိုဆိုးဝါး နေပြီး ကမ္ဘာ့စီးပွားရေးနာလန်ထူမှုက အာရှဒေသရဲ့ ပို့ကုန်လုပ်ငန်းကိုအီလေး ဆွဲတုံ့ဆိုင်းစေလိမ့်မယ်ဆိုတဲ့ ပူပန်မှုကို ပိုမိုမြင့်မားလာစေခဲ့ပါတယ်။ဒါကြောင့် အာရှငွေကြေးတွေရဲ့တန်ဖိုးက တစ်လ အတွင်းအနိမ့်ဆုံးကို ထိုးကျခဲ့ပါတယ်။

Tuesday, 15 May 2012

         နိုင်ငံခြားသုံးငွေကြေး အထူးသဖြင့် အမေရိကန်ဒေါ်လာများကို လဲလှယ်နိုင် ရန်အတွက် ဗဟိုဘဏ်မှ နှုန်းရှင်သတ်မှတ်ပေးပြီး ပုဂ္ဂလိကငွေလဲစင်တာများ ဖွင့်လှစ် ကာ နိုင်ငံခြားငွေများရောင်းဝယ်ပေးလျက်ရှိသော်လည်း တရားမဝင်ဈေးကွက်မှာ ပပျောက်သွားခြင်းမရှိသေးဘဲ ဆက်လက်ရှင်သန်လျက်ရှိနေသေးကြောင်း သိရ သည်။

Pages