Main menu

Background

Friday, 18 Jul 2014

 

ခုတစ်ပတ်အတွင်း မြန်မာ့ငွေ ဈေးကွက်သည် တည်ငြိမ်လျက်ရှိနေ ကြောင်း ဈေးကွက်အတွင်းမှ စုံစမ်း သိရှိရသည်။ ပြီးခဲ့သည့် ရက်သတ္တပတ် အတွင်းကတည်းက ငြိမ်သက်နေခဲ့ သည့်ငွေလဲနှုန်းများသည် ယခုတစ်ပတ်တွင်လည်း ဆက်လက် ငြိမ်သက် နေကြောင်း၊ မိုးတွင်းကာလသို့ ရောက် လာသည့်အပြင် ကုန်သည်များအလုပ် အေးနေမှုကြောင့်လည်း ငွေလဲနှုန်းများ ငြိမ်သက်နေရခြင်းဖြစ်ကြောင်းငွေလဲ ဈေးကွက်အတွင်း လှုပ်ရှားနေသူတစ်ဦး က ဆိုသည်။

Thursday, 10 Jul 2014

 
အမေရိကန်အလုပ်အကိုင် ကိန်း ဂဏန်းတွေထုတ်ပြန်တဲ့အခါအမေရိကန် အလုပ်အကိုင်အခြေအနေကဒေါ်လာ တန်ဖိုးမြင့်တက်နိုင်လောက်တဲ့အထိခိုင်မာ မယ့်အခွင့်အလမ်းတွေကိုတွေ့ရှိလာရပါ တယ်။ ဒါကြောင့် ရင်းနှီးမြှုပ်နှံသူတွေ ကအခွင့်သာခိုက်ဒေသတွင်းငွေကြေးတွေ ကနေ အကျိုးအမြတ်ရအောင် ထုတ် ရောင်းလာကြပါတယ်။ ဒီလိုအခြေ အနေမျိုးကြောင့် အင်ဒိုနီးရှားရူပြားငွေ ကြေးကစတင်ပြီး အာရှငွေကြေးတွေ ဇူလိုင် ၃ ရက်နေ့ကတန်ဖိုးကျဆင်းလာ တာကိုတွေ့ရပါတယ်။

Wednesday, 11 Jun 2014

 
ပြီးခဲ့သည့်လလယ်ပိုင်းကတည်း က မြင့်တက်လျက်ရှိသည့် ငွေလဲနှုန်း များသည် ဆက်လက်မြင့်တက်လျက် ရှိပြီး အတက်ဖက်သို့ ဦးတည်နေ ကြောင်း ငွေလဲဈေးကွက်အတွင်းမှ စုံ စမ်းသိရှိရသည်။''ငွေဈေးက ပြီးခဲ့တဲ့အပတ်က တည်းက တက်နေတာ။ ဈေးတက်လာ တဲ့အတွက် ဝယ်တဲ့သူတွေလည်း လိုက် လာ တယ်။ ရွှေဈေးက အကျဆိုတော့ ဒေါ်လာဖက်ကို လှည့်လာကြတာ များ ပါတယ်။ နိုင်ငံတကာမှာလည်း ဒေါ် လာဈေးကလည်း တက်လာတယ်၊ စတော့ရှယ်ယာဈေးတွေကလည်း တက်လာတယ်ဆိုတော့ ဒီမှာလည်း  ဈေးတွေ တက်လာရတာပါ။

Thursday, 29 May 2014

 
တရုတ်စက်မှုကဏ္ဍမှ စီးပွားရေး ညွှန်းကိန်းများ မြင့်တက်လာခြင်းနဲ့ အချိန်တိုကာလအတွင်း အတိုးနှုန်းများ ကိုမြှင့်တင်ရန် အဆင်သင့်မဖြစ်သေး ကြောင်း အမေရိကန်ဗဟိုဘဏ်က အချက်ပြလာခြင်းစတဲ့ အခြေအနေ တွေကြောင့် မေ ၂၂ ရက်က ထွန်းသစ်စအာရှဒေသရဲ့ငွေကြေးအများစုရဲ့တန်ဖိုးတွေမြင့်တက်ခဲ့ပါတယ်။အမေရိကန်မူဝါဒရေးဆွဲသူတွေကစီးပွားရေးလှုံ့ဆော် မှုအစီအစဉ်မှနောက်ဆုံးထွက်ခွာနိုင်ဖို့အတွက်အစီအမံတွေချမှတ်နေပေမဲ့ ဧပြီလအမေရိကန်ဗဟိုဘဏ် အစည်းအဝေးဆုံးဖြတ် ချက်အရကာလတိုအတွင်းအတိုးနှုန်းတွေမြှင့်တင်ဦးမှာမဟုတ်ဘူးဆိုတာပြသနေလတဲ့အတွက်ဈေးအဖွင့်မှာ ဒေသငွေကြေးတွေ တန် ဖိုးမြင့်တက်ခဲ့ပါတယ်။

Friday, 16 May 2014

 
ဖိလစ်ပိုင်နိုင်ငံရဲ့ချေးငွေအဆင့်သတ်မှတ်ချက်ရုတ်တရက်မြင့်တက်လာတာနဲ့အတိုးနှုန်းတွေ မြှင့်တင်ပေးမဲ့ အလားအလာေ ကြာင့်မလေးရှားရင်းဂစ်တန်ဖိုးမြင့်တက်လာပြီးတဲ့နောက်ပိုင်းအာရှငွေကြေးတွေရဲ့တန်ဖိုးကရက်သတ္တပတ် အလိုက် မြင့်တက်မှု အ မြင့်ဆုံးအခြေအနေမျိုးဖြစ်လာပါတယ်။

Thursday, 8 May 2014

 

တရုတ်ပြည်မကြီးနဲ့ ဟောင် ကောင်အထူးအုပ်ချုပ်ရေးဒေသပြင်ပမှာ တရုတ်ငွေကြေး ရင်မင်ဘီနဲ့ ငွေကြေး ရှင်းလင်းရေး ထိပ်တန်းဗဟိုဌာနအဖြစ် သူ့ရဲ့အနေအထားကို စင်ကာပူနိုင်ငံကမတ်လအတွင်းက ထိန်းသိမ်းထား ခဲ့ကြောင်း ရှင်ဝှာ ဝက်ဘ်ဆိုက်သတင်းမှာဖော်ပြထားပါတယ်။

Thursday, 8 May 2014

 

အိန္ဒိယနိုင်ငံမှာအထွေထွေရွေးကောက်ပွဲပြီးနောက် ပြုပြင်ပြောင်းလဲ ရေးဆောင်ရွက်ပြီး တည်ငြိမ်တဲ့အစိုးရ တက်ရောက် လာ မှာကို မျှော်လင့်တဲ့အ တွက် ယခုချိန်ထိ အိန္ဒိယနိုင်ငံအတွင်း သို့ ဝင်လာမဲ့ နိုင်ငံခြားတိုက်ရိုက်ရင်းနှီး မြှုပ်နှံမှုက

Thursday, 8 May 2014

 
အမေရိကန်ပြည်ထောင်စုက စီးပွားရေးကိန်းဂဏန်းတွေထုတ်ပြန်တဲ့အခါအလုပ်အကိုင်အခြေအနေကောင်းမွန် လိမ့်မယ်လို့တွက်ဆကြတဲ့အတွက်ဒီအခြေအနေကအာရှဒေသတွင်းရှိရှယ်ယာဈေးတွေကိုမြင့်တက်စေခဲ့သလိုအင်ဒိုနီးရှား  ရူပီးနဲ့တောင်ကိုရီးယားဝမ်တို့တန်ဖိုးမြင့်တက်ခဲ့ပါတယ်။

Thursday, 13 Mar 2014

ငွေလဲနှုန်းများ မတ်လပထမပတ် တွင် ဆက်တိုက်ကျဆင်းလာခဲ့ကြောင်း ငွေဈေးကွက်အတွင်းမှ စုံစမ်းသိရှိရ သည်။ ဘတ်ဂျက်ကာလဖြစ်သည့် အပြင် လတ်တလောဖြစ်ပေါ်လျက်ရှိ သည့် အမေရိကန်၏စီးပွားရေးအခြေ အနေများကြောင့် ငွေလဲနှုန်းများ ဆက်တိုက်ကျဆင်းနေရခြင်းဖြစ်ကြောင်း ငွေဈေးကွက်အတွင်းမှစုံစမ်းသိရှိရသည်။

Monday, 24 Feb 2014

ငွေချေးယူတာကိုအားပေးဖို့ အ တွက် ချေးငွေထောက်ပံ့မှုတွေကို ဆက် လက်တိုးမြှင့်ဆောင်ရွက်ရင်း အလျော့ ကျဆုံးလျှော့ချပေးထားတဲ့ ငွေကြေးမူ ဝါဒ  (Ultra-loose Monetary Policy)   ကိုမပြောင်းမလဲဘဲဆက်လက် ထိန်းထားဖို့ ဂျပန်ဗဟိုဘဏ်က ဖေဖော် ဝါရီ၁၈ ရက်ကဆုံးဖြတ်ခဲ့ကြောင်း ရှင် ဝှာသတင်းဝက်ဘ်ဆိုက်မှာဖော်ပြထား ပါတယ်။

Pages