Main menu

Background

Tuesday, 3 Apr 2012

    ဘတ်ငွေတန်ဖိုးနိမ့်ကျတာကို တွေ့မြင်လိုကြောင်းနဲ့ ဗဟိုဘဏ်ကဘဏ်ရဲ့ အဓိကဗဟိုဘဏ်ဖလှယ်နှုန်းကို နှိမ့်ချပေးသင့်ကြောင်း ထိုင်းဘဏ္ဍာရေးဝန်ကြီး ကစ်တီရပ်နာရနောင်းက မတ် ၂၈ ရက်ကပြောပါတယ်။ နိုင်ငံခြားငွေတွေ ထိုင်းနိုင်ငံ ထဲလှိမ့်ဝင်လာရင် ဘတ်ငွေတန်ဖိုးမြင့်တက်လာနိုင်တဲ့အတွက် ဒီလိုအလုံးအရင်းနဲ့ လှိမ့်ဝင်လာမှာကို မလိုလားကြောင်း စီးပွားရေးရာဒုတိယဝန်ကြီးချုပ် လည်းဖြစ်သူ ကစ်တီရပ်ကပြောပါတယ်။

Monday, 2 Apr 2012

             မြန်မာနိုင်ငံတော်ဗဟိုဘဏ်သည် ၂၀၁၂ ခုနှစ် ဧပြီ ၁ရက်မှစတင်၍ နိုင်ငံခြားငွေလဲလှယ်နှုန်းအား ဈေးကွက် အခြေခံ သော ထိန်းကျောင်းမှုရှိသည့် နှုန်းရှင်ငွေလဲလှယ်နှုန်းစနစ် (Managed Floating Exchange Rate Regime) ကို စတင် ကျင့်သုံးမည်ဖြစ်ပါသည်။

Monday, 2 Apr 2012

ယခုတစ်ပတ်အတွင်းတွင် အမေရိကန်ဒေါ်လာ ဈေးနှုန်းသည် အတက်အကျမရှိဘဲ ငြိမ်သက်နေသည်ကို တွေ့ရသည်။"ဒီတစ်ပတ်အတွင်းမှာတော့ ဒေါ်လာဈေးနှုန်းက ငြိမ်နေတာပါ။ အဲဒါက နိုင်ငံတော်က ဈေးနှုန်းကို နှုန်းရှင်သတ်မှတ်တော့မယ်ဆိုတဲ့ သတင်းက အတိအကျ ထွက်လာပြီလေ။ အဲဒီတော့ ဒေါ်လာဈေးကို ဘယ်လောက်သတ်မှတ်မလဲဆိုတာသာ မသိရတာ။

Monday, 2 Apr 2012

            ပြင်ပငွေဈေးကွက်တွင်အမေရိကန် ဒေါ်လာများရောင်းချရန်မရှိသလောက် ပြတ်နေကြောင်းသိရသည်။ အမေရိကန်ဒေါ်လာများကို အရောင်းအဝယ် ပြုလုပ် ရာတွင် ငွေလဲစင်တာများမှ နေ့စဉ်ထုတ်ပြန်သည့်ငွေဈေးထက် ပိုမိုပေးကာ ဝယ်ယူ နေကြကြောင်း သိရသည်။

Monday, 2 Apr 2012

တရုတ်နိုင်ငံ ဖိနပ်ထုတ်လုပ်သူဖြစ်တဲ့  Huajian Group ကုမ္ပဏီက အီသီယိုးပီးယားနိုင်ငံမှာ ကုန် ထုတ်လုပ်မှုဇုန်ကိုထူထောင်ဖို့ စီစဉ်လျက်ရှိပြီး ၎င်းလုပ်ငန်းမှ ဆယ်စုနှစ်အတွင်း တစ်နှစ်ကို တင်ပို့မှုမှ ကန်ဒေါ်လာ ၄ ဘီလီယံအထိရရှိနိုင်ကြောင်း ကုမ္ပဏီဥက္ကဋ္ဌ Huajian Group က ပြောကြား လိုက်တယ်။

Monday, 26 Mar 2012

    ဗြိတိန်နိုင်ငံရဲ့ နိုင်ငံတော်ပိုင်ငွေချေးဘဏ်ကြီးတစ်ခုဖြစ်တဲ့ Rayal Bank Of Scotland Group Plc က တောင်ကိုရီးယား၊ အင်ဒိုနီးရှားနဲ့စင်ကာပူနိုင်ငံတွေက တချို့လုပ်ငန်းတွေကို ပိတ်သိမ်းပြီး ထိုလုပ်ငန်းတွေကို စောစောပိုင်းက ပြန်ရောင်း မယ်လို့ ပြောခဲ့တဲ့အစီအစဉ်ကို ပြန်ရုပ်သိမ်းခဲ့ပါတယ်။ဗြိတိသျှငွေချေးကုမ္ပဏီကြီးက ကိုရီးယားနိုင်ငံရှိ ငွေကြေးရှယ်ယာများ၊

Monday, 26 Mar 2012

    ကျေးလက်ဒေသတွေကို ငွေပိုမိုထုတ်ချေးနိုင်ဖို့ အတွက် မတ်လ ၂၅ ရက်ကစပြီး တရုတ်လယ်ယာစိုက်ပျိုးရေး ဘဏ် ရဲ့ ဘဏ်ခွဲအချို့ကို အရန်လိုအပ်ချက်အချို့ လျှော့ချဖို့ ခွင့်ပြု လိုက်ကြောင်း တရုတ်ဗဟိုဘဏ်က မတ် ၂၁ ရက်က ပြောပါ တယ်။ လယ်ယာစိုက်ပျိုးရေးလုပ်ငန်းကို ငွေထုတ်ချေးနေတဲ့ ဘဏ်ခွဲ ၅၆၅ ခုရဲ့ အရန် ငွေထားရှိရမဲ့ အချိုးကို လက်ရှိ အဆင့်အောက် ၂

Monday, 26 Mar 2012

    ကမ္ဘာ့စီးပွားရေး တိုးတက်မှုနှုန်း နှေးကွေးနေမှုကိုစိုးရိမ်နေတာနဲ့ မတ် ၂၃ ရက်မှာဝမ်ငွေကြေးတန်ဖိုးကနှစ်လအတွင်း အနိမ့်ဆုံးထိ ကျဆင်းခဲ့တာတွေကြောင့် ရင်းနှီးမြှုပ်နှံသူတွေက စွန့်စားမှုရှိသော ငွေကြေးစာချုပ်စာတမ်းများကို လက် ရှောင်လာကြပါတယ်။ ဒါကြောင့် အာရှ ဒေသရှိ ထွန်းသစ်စနိုင်ငံများရဲ့ ငွေကြေး အများစုက သီတင်းပတ်အလိုက် အကျ

Sunday, 25 Mar 2012

ယခုတစ်ပတ်တွင် အမေရိကန်ဒေါ်လာဈေးကွက်သည် ထူးထူးခြားခြား ဈေး အပြောင်းအလဲမရှိခဲ့ဘဲ ငြိမ်သက်နေခဲ့သည်ကို တွေ့ရသည်။ ကြားဖြတ်ရွေးကောက် ပွဲ နီးလာသည့်အတွက်လည်း ယခုကဲ့သို့ ဒေါ်လာဈေးကွက်ငြိမ်သက်နေရခြင်းဖြစ် သည်ဟုလည်း ဈေးကွက်အတွင်းမှ စုံစမ်းသိရှိရသည်။

Sunday, 25 Mar 2012

    တစိတ်တပိုင်းအားဖြင့် ဂျပန်ဗဟိုဘဏ်က ငွေမူဝါဒလျှော့ချမှုများကြောင့် အခြား အဓိကငွေကြေးတွေနဲ့ ဖလှယ်ရာမှာ ယန်းငွေကြေး ကျဆင်းခဲ့ပေမဲ့ တန်ဖိုးမှာ ဆက်လက်ခိုင်မာနေဆဲဖြစ်ကြောင်း ဝန်ကြီးချုပ် ယိုရှီဟီကို နိုဒါက မတ် ၁၂ ရက်က ပြောပါတယ်။ယန်းငွေကြေးတန်ဖိုးမြင့်တက်မှုက စီးပွားရေး ဖွံ့ဖြိုးမှုမှာ အဓိက မောင်းနှင်အားဖြစ်တဲ့ နိုင်ငံရဲ့ပို့ကုန်လုပ်ငန်းကိုကြာရှည်စွာဆွဲချထားတဲ့အတွက် ဂျပန် အစိုးရက ယန်းငွေတန်ဖိုး ကျဆင်းအောင် ဆောင်ရွက်နိုင်ကြောင်း ဝန်ကြီးချုပ်ရဲ့ မှတ်ချက် က ညွှန်ပြနေပါတယ်။

Pages