Background
တစိတ်တပိုင်းအားဖြင့် ဂျပန်ဗဟိုဘဏ်က ငွေမူဝါဒလျှော့ချမှုများကြောင့် အခြား အဓိကငွေကြေးတွေနဲ့ ဖလှယ်ရာမှာ ယန်းငွေကြေး ကျဆင်းခဲ့ပေမဲ့ တန်ဖိုးမှာ ဆက်လက်ခိုင်မာနေဆဲဖြစ်ကြောင်း ဝန်ကြီးချုပ် ယိုရှီဟီကို နိုဒါက မတ် ၁၂ ရက်က ပြောပါတယ်။ယန်းငွေကြေးတန်ဖိုးမြင့်တက်မှုက စီးပွားရေး ဖွံ့ဖြိုးမှုမှာ အဓိက မောင်းနှင်အားဖြစ်တဲ့ နိုင်ငံရဲ့ပို့ကုန်လုပ်ငန်းကိုကြာရှည်စွာဆွဲချထားတဲ့အတွက် ဂျပန် အစိုးရက ယန်းငွေတန်ဖိုး ကျဆင်းအောင် ဆောင်ရွက်နိုင်ကြောင်း ဝန်ကြီးချုပ်ရဲ့ မှတ်ချက် က ညွှန်ပြနေပါတယ်။
၂၀၁၂ ခုနှစ်မှာ ယွမ်တန်ဖိုးကျဆင်းမဲ့ ဖိအားပေးမှုတွေနဲ့ တိုးတက်ရင်ဆိုင်နေရကြောင်းနဲ့ ယွမ်ငွေကို နိုင်ငံခြားငွေ ဝယ်ယူဖို့ အတွက် ထိန်းသိမ်းထားမှုနဲ့ ရင်းနှီးမြှုပ်နှံမှုနဲ့ ဖွံ့ဖြိုးမှု နှစ်ခုစလုံးလည်း ထက်ဝက်ခန့်ကျဆင်းနိုင်ကြောင်း အာဏာ ပိုင်တွေ နီးစပ်သူအကြီးတန်း သုတေသီတစ်ဦးက မတ် ၁၄ ရက်က ပြောပါတယ်။ ဤခန့်မှန်းချက်ကို ဗဟိုဘဏ်က ရရှိခဲ့ ကြောင်း ဗဟိုအစိုးရÓဏ်ကြီးရှင်အဖွဲ့ဖြစ်တဲ့ တရုတ်လူမှုသိပ္ပံ အကယ် ဒမီအဖွဲ့မှ ဘဏ္ဍာရေးဆိုင်ရာ ဘဏ်လုပ်ငန်းအဖွဲ့ ညွှန်ကြားရေးမှူး လျူယူဟိုင်းက ပြောပါတယ်။
အမေရိကန်စီးပွားရေးတိုးတက် လာခြင်းနဲ့ နောက်ထပ်ငွေကြေးမူဝါဒ လျှော့ချမှုတွေမပြုလုပ်တော့ဘူးဆိုတဲ့ အမေရိကန်ရဲ့ဆုံးဖြတ်ချက်တွေကြောင့် ဒေါ်လာငွေကြေးရဲ့ဝယ်လိုအားကိုမြှင့် တင်ပေးနိုင်ခဲ့ပါတယ်။ ဒါကြောင့် အာရှ ငွေကြေးတွေကဒုတိယသီတင်းပတ်အဖြစ် တန်ဖိုးဆက်လက်ကျဆင်းခဲ့ပါတယ်။
ကမ္ဘာ့ဒုတိယမြောက် ရေနံစိမ်းသုံးစွဲ မှုအများဆုံး တရုတ်နိုင်ငံရဲ့ ပို့ကုန် တင်ပို့မှုက ခန့်မှန်းထားတာထက် နှေး ကွေးသွားတယ်ဆိုတဲ့ သတင်းကြောင့် မတ် ၁၂ ရက်မှာ ကမ္ဘာ့ရေနံစိမ်းဈေး နှုန်းတွေ အနည်းငယ် အားနည်းသွား တယ်။ နယူးယောက် ကုန်စည်ရောင်း ဝယ်ရေးမှာ ဧပြီလ သင်္ဘောတင်ရမယ့် ရေနံစိမ်းက တစ်စည်ကို ၇၉ ဆင့်အထိ ကျဆင်းသွားပြီး ၁၀၆ ဒသမ ၅၅ ဒေါ်လာအထိ ရောက်ရှိခဲ့တယ်လို့ သိရ တယ်။
အမေရိကန် ဒေါ်လာဈေးအား ဈေးနှုန်းအရှင် သတ်မှတ်မည်ဆိုခြင်း ကြောင့် ငွေလဲစင်တာများတွင် ဈေးနှုန်း များတစ်ပတ်အတွင်း အပြောင်းအလဲ မရှိခဲ့ဘဲ ငြိမ်သက်လျက်ရှိပြီး ပြင်ပဈေး ကွက်တွင်မူ အပြောင်းအလဲအနည်း ငယ်သာရှိခဲ့ကြောင်း သိရသည်။ယခုတစ်ပတ်အတွင်းတွင် ငွေလဲ စင်တာများတွင် အမေရိကန်ဒေါ်လာ ဈေးမှာ တစ်ဒေါ်လာလျှင် ရောင်းဈေး ၈၂၇ကျပ် ဝယ်ဈေး ၈၁၃ ကျပ်ဖြင့် အ ပြောင်းအလဲမရှိဘဲ ငြိမ်သက်နေသည် ကို တွေ့ရသည်။
ယန်းငွေတန်ဖိုးမြင့်တက်မှုနဲ့ အထွေထွေစီးပွားရေးကျဆင်းမှုကြောင့် ဂျပန် နိုင်ငံမှ စက်အစိတ်အပိုင်းနဲ့ အပိုပစ္စည်းတွေကိုတင်သွင်းနေတဲ့ တောင်ကိုရီးယား ကုမ္ပဏီတွေက ပစ္စည်းတင်သွင်းမှုတွေကို လျှော့ချဖို့ကြိုးစားနေတယ်လို့မတ် ၈ ရက် က ထုတ်ပြန်တဲ့စစ်တမ်းမှာ ဖော်ပြထားပါတယ်။
နိုင်ငံကုန်သွယ်မှုမှာ တရုတ်ငွေကြေးအသုံးပြုမှုကို မြှင့် တင်ရန်အတွက် ယွမ်နဲ့ဆောင်ရွက်တဲ့ နယ်စပ်ကုန် သွယ်မှုကို လျင်မြန်စွာတိုးတက်အောင်ဆောင်ရွက်ဖို့ တရုတ်ဗဟိုဘဏ်က ဆောင်ရွက်လျက်ရှိပါတယ်။ ဒါကြောင့် အမေရိကန်ငွေတိုက် ဘွန်းစာချုပ်တွေကို အများဆုံးကိုင်ဆောင်ထားတဲ့ တရုတ် နိုင်ငံက အမေရိကန်ဘွန်းစာချုပ် ၈ ဒသမ ၂ ဘီလီယံကို လျှော့ချခဲ့ပါတယ်။
ဘွန်းစာချုပ်များကို ကိုင်ဆောင် ထားတဲ့သူတွေက ဂရိကြွေးမြီဖလှယ်မှု ကို နောက်ဆုံးသတ်မှတ်ရက်ဖြစ်တဲ့ မတ် ၈ ရက်မတိုင်မီလက်ခံလိုက်တဲ့ အတွက် ဂရိနိုင်ငံကြွေးမြီပေးဆပ်ဖို့ ပျက်ကွက် မှာကို စိုးရိမ်မှုတွေလျော့ပါးခဲ့ပါတယ်။ ဒါကြောင့် တောင်ကိုရီးယားဝမ်ကဦး ဆောင်ပြီးအာရှငွေကြေးတန်ဖိုးတွေ တိုးတက်ခဲ့ပါတယ်။
ယခုတစ်ပတ်တွင်လည်း အမေရိကန်ဒေါ်လာဈေးကွက်သည် လှုပ်လှုပ်ရှား ရှား သိပ်မရှိလှဘဲ ငြိမ်ချက်သားကောင်းနေဆဲပင်ဖြစ်သည်။ ပြီးခဲ့သည့်ရက်သတ္တ ပတ် အတွင်းကလည်း အမေရိကန်ဒေါ်လာဈေးကွက်သည် ငြိမ်ချက်သား ကောင်း နေခဲ့သည့်အတွက် ကုန်သည်များ စိတ်ကြိုက်တွေ့နေသည့် ကာလတစ်ရပ်အဖြစ် တည်ရှိခဲ့သည်။ မတ် ၅ရက်က သိမ်ဖြူငွေလဲစင်တာတွင် ရောင်းဈေး ၈၂၉ ကျပ်၊ ဝယ်ဈေး ၈၁၅ ကျပ်ရှိခဲ့ရာ မတ် ၉ ရက်နေ့အထိ အဆိုပါဈေးနှုန်းမှာ ပြောင်းလဲခြင်း မရှိခဲ့သည်ကိုတွေ့ရသည်။
"ပုံမှန်မဟုတ်တဲ့" နယ်စပ်ဖြတ်ကျော်ငွေကြေး စီးဝင်မှုများအတွက် အထူးဦးစား ပေးဆောင်ရွက်ပြီး ဒီလို စီးဝင်တာကို တိုက်ဖျက်ဖို့ စီမံကိန်းချမှတ်ထားကြောင်း တရုတ်နိုင်ငံခြားငွေကြီးကြပ်ရေးအဖွဲ့က ဖေဖော်ဝါရီ ၂၇ ရက်က ပြောပါတယ်။