ဥရောပနိုင်ငံသို့ ပဲပင်ပေါက်ပြုလုပ်မည့် ပဲတီစိမ်းတင်ပို့ရန် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန (MOALI)  နှင့် စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန (M.O.C) တို့ သဘောတူညီချက်အရ ၂၀၁၅ ခုနှစ်တွင် လက်မှတ်ရေးထိုး ဆောင် ရွက်ခဲ့ကြသည်။

ပြင်သစ်နိုင်ငံတွင် ပြုလုပ်ခဲ့သည့်  SIAL Paris Inspire Food Business  ကုန်စည်ပြပွဲတွင် မြန်မာနိုင်ငံသစ်သီးဝလံ  ပန်းမန်စိုက်ပျိုး ရောင်းချသူများအသင်းမှ ဝင်ရောက်ပြသသည့်  အသီးအနှံခြောက်မျိုး အနက် မက္ကဒေးမီးယားကို ပိုမို စိတ် ဝင်စားကြကြောင်း သိရသည်။အဆိုပါ ကုန်စည်ပြပွဲကို  အောက်တိုဘာ ၁၅ ရက်မှ ၁၉ ရက် အထိ ပြုလုပ်ခဲ့ခြင်းဖြစ်ပြီး အသင်းမှ ပြသသည့် ထောပတ်သီး၊ သရက် သီး၊ ဝဥ၊ မက္ကဒေးမီးယား၊ နာနတ်သီးနှင့် ကယန်းငရုတ်သီး တို့အနက် မက္ကဒေးမီးယားကို   ပြပွဲလာရောက်သူများက  ပိုမိုစိတ်ဝင်စားမှုရှိခဲ့ ကြောင်း အဆိုပါအသင်းမှ တာဝန်ရှိသူတစ်ဦးက အောက်တိုဘာ ၁၉ ရက်တွင် ပြောသည်။“အသီးအ

BMWသည် ၎င်းတို့၏ လျှပ်စစ်မီနီကားထုတ်လုပ်မှုကို တရုတ်နိုင်ငံသို့ ပြောင်းရွှေ့ပြီး  တိုးချဲ့ထုတ်လုပ်နေပြီဖြစ် ကြောင်း သိရသည်။BMW  အနေဖြင့်  ပထမဆုံး  လျှပ်စစ်မီနီကားများကို ၂၀၁၉ ခုနှစ် ဇူလိုင်လကပင် အင်္ဂလန်ရှိ အောက်စ ဖို့ဒ်ရှိုင်းယားတွင်ထုတ်လုပ်နေရာ ၂၀၂၄ ခုနှစ်တွင် လျာထားချက် အတိုင်းအစီးရေလေးသောင်း ပြည့်မည်ဖြစ်သည်။BMW  အနေဖြင့်၎င်းတို့၏ လျှပ်စစ်မီနီကား ထုတ်လုပ်မှုကို  တရုတ်နိုင်ငံတွင် တိုးချဲ့ထုတ်လုပ်ခြင်းသာ ဖြစ်ပြီး အင်္ဂလန်ရှိ အောက်စ်ဖို့ဒ်ရှိုင်းယား၌ ထုပ်လုပ်မှုမှာ ဆက်လက် ရှိနေမည်ဖြစ်ကြောင်း သိရသည်။ BMW သည် တရုတ်နိုင်ငံ တွင် လျှပ်စစ်မီနီကား ထုတ်လုပ်ရေးအတွက် မော

အောက်တိုဘာလ တတိယပတ်ထဲသို့ ရောက်ရှိလာချိန်တွင်  ဂျပန်ယန်းငွေ တန်ဖိုးသည် သိသိသာသာ ကျဆင်းမှုများရှိလာပြီး နှစ်ပေါင်း ၃၂ နှစ်အတွင်း စံချိန်တင် ကျဆင်းခဲ့ကြောင်း ရိုက်တာသတင်းဌာနက အောက်တိုဘာ ၂၀ ရက် တွင် ဖော်ပြထားသည်။အောက်တိုဘာ ၂၀ ရက်တွင် အမေရိကန်တစ်ဒေါ်လာလျှင် ဂျပန်ယန်း ၁၄၉ ယန်းနှင့် ညီမျှနေခြင်းကြောင့် နှစ်ပေါင်း ၃၂ နှစ်အတွင်း အနိမ့်ဆုံးတန်ဖိုး ဖြင့် ရောင်းဝယ်နေကြောင်း သိရသည်။ဂျပန်ယန်းငွေတန်ဖိုး သိသိ သာသာကျဆင်းနေမှုကို ဂျပန်အာဏာပိုင် များက ထပ်မံသတိပေးထားပြီး  ငွေကြေးဈေးကွက်ကို စောင့်ကြည့်နေကြောင်း ဂျပန်နိုင်ငံ ဘဏ္ဍာရေးဝန်ကြီး ရူနီချီဆူဇူကီးက ပြောဆိုခဲ့ကြောင်း သိရသည်။

တရုတ်အစိုးရသည်တိရစ္ဆာန်အစာအဖြစ် ပဲပိစပ်တင်သွင်းမှုကို လျှော့ချသွားမည်ဖြစ်ကြောင်း စက်တင်ဘာလပထမအပတ်က  ကြေညာခဲ့ပြီး ပြည်တွင်းပဲပုပ်လိုအပ်ချက်အတွက် သွင်းကုန်အပေါ်တွင်သာ မှီခိုနေခြင်းသည်   နိုင်ငံ၏ စားနပ် ရိက္ခာဖူလုံရေးပန်းတိုင်များနှင့် ဆန့်ကျင်နေကြောင်း   တရုတ်နိုင်ငံလယ်ယာစိုက်ပျိုးရေးနှင့်ကျေးလက်ရေးရာဝန်ကြီးဌာနက ပြောကြားခဲ့သည်။တရုတ်နိုင်ငံသည်ကမ္ဘာပေါ်တွင် ပဲပိစပ် အများ ဆုံး တင်သွင်းသည့်နိုင်ငံဖြစ်ပြီး ရစ္ဆာန်အစာ အတွက် ဝယ်လိုအားမြင့်မှုကအဓိကအချက်ဖြစ်သည်။ အမေရိကန်စိုက်ပျိုးရေးဌာန (USDA))၏ အချက်အလက်များ အရ ၂၀၁၉ခုနှစ် တစ်နှစ်တည်းတွင်တရုတ်နိုင်ငံ၏ ပြည်တွင ပဲပိစပ်

ဂျာမနီနိုင်ငံဝန်ကြီးချုပ် Mr. Olaf Scholzသည် စက်တင်ဘာလနောက်ဆုံးအပတ်တွင်   ယူအေအီးနိုင်ငံသို့ သွားရောက်၍ LNG ဓာတ်ငွေ့  ဝယ်ယူရရှိနိုင် ရေးအတွက်တွေ့ဆုံဆွေးနွေးသဘောတူညီမှုများ ပြုလုပ်ခဲ့သည်။ ယူအေအီးနိုင်ငံ  Abu Dhabi မြို့တွင် ဝန်ကြီးချုပ် နှင့်ကိုယ်စားလှယ်အဖွဲ့သည် သမ္မတMr.

၂၀၂၁ ခုနှစ်တွင်   မလေးရှားနိုင်ငံ၏ လယ် ယာထွက်ကုန်ပစ္စည်းအမယ်    ၂၆ မျိုးအတွက် ပြည်တွင်းဖူလုံမှုအချိုး  (Self-Sufficiency Ratio-SSR)မှာ ၁၀ဝ  ရာခိုင်နှုန်းကျော်သို့     စံချိန်တင် ရောက်ရှိခဲ့ကြောင်း မလေးရှားနိုင်ငံ  စာရင်းအင်း ဌာန(Department of Statistics Malaysia-DOSM)၏ ဖော်ပြချက်အရ သိရသည်။ DOSM   က၂၀၂၂ ခုနှစ် စက်တင်ဘာ ၁၂ ရက်နေ့စွဲဖြင့်   ထုတ်ပြန်သည့်စာရင်းဇယားများ အရ မလေးရှားနိုင်ငံ၌ သစ်သီးဝလံ ၁၄ မျိုးအနက် ၁၀ မျိုးသည် ပြည်တွင်းဖူလုံမှုအချိုး  ၁၀ဝ ရာခိုင် နှုန်းကျော်ရှိခဲ့ပြီး သစ်သီးဝလံများတွင် သင်္ဘောသီး ၁၄၆ ဒသမ ၉ ရာခိုင်နှုန်

ထိုင်းနိုင်ငံအနေဖြင့် ပို့ကုန်၊ သွင်းကုန်ဆိုင်ရာ လုပ်ငန်း စဉ်များအား အခြားမိတ်ဖက်နိုင်ငံများနှင့် ပေါင်းစပ်ဆောင် ရွက်နိုင်ရန်အတွက် ပြည်တွင်းဒီဂျစ်တယ်ကုန်သွယ်မှု ပလက် ဖောင်း (NDTP)အား စတင်ဆောင်ရွက်မည်ဖြစ်ကြောင်း ထိုင်းဘဏ်များအသင်း အထွေထွေမန်နေဂျာ၏ ပြောကြား ချက်အရ သိရှိရသည်။ အဆိုပါ ပလက်ဖောင်းမှာ ထိုင်းစီးပွား ရေးလုပ်ငန်းများအား နိုင်ငံတကာစီးပွားရေးလုပ်ငန်းများ ကဲ့သို့ ဒီဂျစ်တယ်စီးပွားရေးကို ကူးပြောင်းဆောင်ရွက်နိုင်ရန် အထောက်အပံ့ ပေးနိုင်မည်ဖြစ်သည်။

ဂျုံသီးနှံသည် စပါးနှင့် ပြောင်းသီးနှံပြီးလျှင် အရေးပါဆုံး ကောက်ပဲသီးနှံ များထဲမှ သီးနှံတစ်ခုဖြစ်သည်။ မြန်မာနိုင်ငံတွင် ရှမ်းပြည်နယ်နှင့် မြန်မာနိုင်ငံ အထက်ပိုင်း စစ်ကိုင်း၊ ချင်းတွင်းမြစ်အောက်ပိုင်းဒေသများ၊ ရွှေဘို၊ ကျောက် ဆည် စသည့်ဒေသများတွင် ဂျုံကို စိုက်ပျိုးကြသည်။ ဆောင်းရာသီဂျုံကို အဓိက စိုက်ပျိုးပြီး အရောင်မှာ အနီ၊ အဝါ၊ အဖြူ ကွဲပြားခြားနားမှုရှိသည်။ ဂျုံပင်များကို လေးလခန့်မျှ စိုက်ပျိုးရ၏။ မြေအမျိုးအစားနှင့်သင့်တော်မည့် ဂျုံအမျိုးအစားကို ရွေးချယ်စိုက်ပျိုးကြရပြီး မိုးရေအစိုဓာတ်ဖြင့် စိုက်ပျိုးပါက  မြေတစ်ဧကလျှင် ဂျုံမျိုးစေ့ တစ်တင်းခွဲခန့် အသုံးပြုကြပြီး ရေသွင်းစ

ပြည်ပဆန်ဈေးကွက်ကို လေ့လာကြည့်ပါက ၂၀၂၂ ခုနှစ် သြဂုတ် ၈ ရက်တွင် International Rice Market Website ၌ ဖော်ပြချက်အရ ပါကစ္စတန် ဆန်ဈေးနှုန်းများမှာ ဧည့်မထ ၅ ရာခိုင်နှုန်း တစ်တန်လျှင် အမေရိကန်ဒေါ်လာ ၃၅၈ ဒေါ်လာဖြင့် လည်းကောင်း၊ ဧည့်မထ ၂၅ ရာခိုင်နှုန်း တစ်တန်လျှင် အမေ ရိကန်ဒေါ်လာ ၃၄၁ ဒေါ်လာဖြင့်လည်းကောင်း ဖြစ်ပေါ်ခဲ့သည် ကို သိရှိရသည်။ ထိုင်းဆန်ဈေးနှုန်းများမှာ ၁၀ဝ ရာခိုင်နှုန်း ဘီဂရိတ်ဆန် တစ်တန်လျှင် အမေရိကန် ဒေါ်လာ ၄၃၅ ဒေါ်လာ ဖြင့်လည်းကောင်း၊ ဧည့်မထ ၅ ရာခိုင်နှုန်း တစ်တန်လျှင် အမေ ရိကန်ဒေါ်လာ ၄၂၁ ဒေါ်လာဖြင့်လည်းကောင်း၊ ဧည့်မထ ၂၅ ရာခိုင်နှုန်း ဆန်တစ်တန်လျှင် အမေရိကန်ဒေါ်လာ ၄၁၅ ဒေါ်