ယခုသီတင်းပတ်အတွင်း ထိုင်းနိုင်ငံတွင် ကျင်းပသည့် ဒေသဆိုင်ရာ အစည်းအဝေးတွင် ကုန်သွယ်ရေး သဘောတူညီချက်တစ်ရပ်ကို ရေး ထိုးနိုင်ရန် အရှေ့တောင်အာရှခေါင်းဆောင်များ ကြိုးစားကြလိမ့်မည်ဖြစ်ကြောင်း အေအက်ဖ်ပီ သတင်းတွင် ဖော်ပြသည်။ လက်မှတ်ရေးထိုးရန် ကြိုးပမ်းဆောင်ရွက် နေသော သဘောတူစာချုပ်မှာ ဒေသတွင်းဘက်စုံ စီးပွားရေးပူးပေါင်းဆောင်ရွက်ရေး သဘောတူ စာချုပ်ဖြစ်ပြီး အောင်မြင်စွာ ချုပ်ဆိုနိုင်ပါက ကမ္ဘာ့အကြီးမားဆုံး သဘောတူစာချုပ်ဖြစ်သည်။ တရုတ်နိုင်ငံအဖို့ ယခုစာချုပ်သည် အမေရိကန် အစိုးရဒေသတွင်းမှ ထွက်ခွာသွားချိန်တွင် အာရှ နိုင်ငံများနှင့် ကုန်သွယ်ရေး
စီးပွားရေးသတင်း
ကိုရီးယားနိုင်ငံမှဟိုတယ်နှင့် စားသောက်ဆိုင်လုပ်ငန်းများအပါအဝင် ကျန်းမာရေးအထောက်အကူပြု စား သောက်ကုန် ဖြည့်စွက်စာများကိုဖြန့်ဖြူး ရောင်းချသော ကိုရီးယားကုမ္ပဏီများ အနေဖြင့် မြန်မာနိုင်ငံမှဓနိဖူးများကို ကိုရီးယားသမ္မတနိုင်ငံသို့ တင်သွင်းလျက်ရှိသည်။ မြန်မာနိုင်ငံက ထွက်ရှိသည့် ဓနိဖူးသည် ဖိလစ်ပိုင်နှင့် အင်ဒိုနီးရှားများနိုင်ငံများတွင် ထွက်ရှိသည့်ဓနိဖူးများ ထက်သဘာဝဘေးဒဏ်ခံရမှု နည်းပါးသည့်အတွက် အရည်အသွေး ပိုမိုကောင်းမွန်သည်ကို စစ်ဆေးတွေ့ရှိရသည်။ ဓနိဖူးတွင် ကင်ဆာရောဂါအား ကာကွယ်နိုင်သည့် ဒြပ်ပေါင်းများပါဝင်ကာ ကျန်းမာရေးကို လွန်စွာ
ပြည်တွင်းငွေလဲဈေးကွက်သည် ယခုရက်သတ္တပတ်အတွင်း ဈေးငြိမ်နေခဲ့ သလို အရောင်းအဝယ်နည်းပါးခဲ့ကြောင်း သိရှိရသည်။ မြန်မာနိုင်ငံတော်ဗဟိုဘဏ် က ရည်ညွှန်းငွေလဲနှုန်းကိုယခင်ရက်သတ္တပတ်က အမေရိကန်တစ်ဒေါ်လာလျှင် ၁၅၃၃ကျပ်သတ်မှတ်ခဲ့ရာမှ ယခုရက်သတ္တပတ်တွင် အမေရိကန်တစ်ဒေါ်လာလျှင် ၁၅၃၁ကျပ်သို့ ပြောင်းလဲသတ်မှတ်ခဲ့သည်။ ပြည်တွင်းဈေးကွက်အတွင်း အမေရိကန်ဒေါ်လာကို ရောင်းလိုအားများပြီး ဝယ်လိုအားနည်းခဲ့သောကြောင့် အရောင်းအဝယ်နည်းခဲ့ကြောင်း၊ ယခုရက်ပိုင်း အတွင်း ပြည်တွင်းစီးပွားရေးလောက၌ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုများ ဝင်ရောက်စေရေးငွေလဲနှုန်းတည်ငြိမ်ရန် လိုအပ်ကြောင်း၊ ထို့မ
ပြည်တွင်း၌ သနပ်ခါးအသုံးပြုမှု နည်းလာခြင်းနှင့်အတူ ဈေးကွက်လိုအပ်ချက် နည်းပါးလာခြင်းကြောင့် သနပ်ခါး စိုက် ပျိုးမှု ၄၀ ရာခိုင်နှုန်းခန့် ကျဆင်းသွားကြောင်း မြန်မာနိုင်ငံလုံးဆိုင်ရာ သနပ်ခါးစိုက်ပျိုးထုတ်လုပ် ရောင်းချသူများအသင်းမှ သိရသည်။ မြန်မာနိုင်ငံအတွင်း စိုက်ပျိုးသော သနပ်ခါးများကို တန်ဖိုးမြင့်ထုတ်ကုန်အဖြစ် မထုတ်လုပ်နိုင်ခြင်းနှင့်အလှကုန်ပစ္စည်း များတွင် အသုံးပြုမှုနည်းပါးလာသောကြောင့် ဈေးကွက်လိုအပ်ချက် နည်းပါးလာကာ စိုက်ပျိုးသူ တဖြည်းဖြည်း ရှားပါးလာခြင်း ဖြစ်ကြောင်း ယင်းအသင်းဥက္ကဋ္ဌ ဦးကျော်မိုးက အောက်တိုဘာ ၂၄ ရက်တွင် ပြောသည်။ “အခု သနပ်ခါးကို အဆင့်မြင့်ထု
စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ ကုန်သွယ်ရေးဦးစီးဌာန သည် Trading Across Borders Indicator Ranking မြင့်မားတိုးတက်ရေးအတွက် မော်တော်ယာဉ်အပိုပစ္စည်း တင်သွင်းသူလုပ်ငန်းရှင်များနှင့် တွေ့ဆုံဆွေးနွေးခြင်း အခမ်းအနား ကို အောက်တိုဘာ ၂၆ ရက် နံနက်ပိုင်းတွင် ရန်ကုန်မြို့ ရှိ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနရုံးတွင် ပြုလုပ်ခဲ့သည်။ အခမ်းအနားသို့ Trading Across Borders Indicator အထောက်အကူပြုအဖွဲ့ ၏ အဖွဲ့ခေါင်းဆောင်၊ ကုန် သွယ်ရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးမင်းမင်း၊ အကောက်ခွန်ဦးစီးဌာန ညွှန်ကြားရေမှူး ဦး
မြန်မာနိုင်ငံတွင် မူပိုင်ခွင့်ဥပဒေနှင့်ပတ် သက်၍ လေးမျိုးရေးဆွဲထားကာ အတည်ပြုပြဋ္ဌာန်း ပြီးလည်းဖြစ်သည်။ မူပိုင်ခွင့်ဥပဒေလေးမျိုးမှာ တီထွင်မှုမူပိုင်ခွင့်ဥပဒေ၊ ကုန်အမှတ်တံဆိပ်မူပိုင်ခွင့် ဥပဒေ၊ စက်မှုဒီဇိုင်းမူပိုင်ခွင့်ဥပဒေနှင့်စာပေအနု ပညာမူပိုင်ခွင့်ဥပဒေတို့ဖြစ်သည်။ ယင်းမူပိုင်ခွင့် ဥပဒေများကို ပညာရေးဝန်ကြီးဌာနက တာဝန်ယူပြီး ပြည်ထောင်စုရှေ့နေချုပ်ရုံး၊ သက်ဆိုင်ရာအစိုးရ အဖွဲ့အစည်းများ၊ ပုဂ္ဂလိကအဖွဲ့အစည်းများစသည် တို့၏ အကြံပြုချက်များရယူပြီး မူကြမ်းရေးဆွဲခဲ့ သည်။ စက်မှုဒီဇိုင်းမူပိုင်ခွင့်ဥပဒေနှင့်ကုန်အမှတ် တံဆိပ်မူပိုင်ခွင့်ဥပဒေတို့ကို ၂၀၁၉ ခုနှစ် ဇန်နဝါရီ ၃၀ ရ
လုပ်ငန်းသစ်ထူထောင်ရေး စွမ်းရည်ပြည့်ဝရေးကို ဗီယက်နမ် ကျောင်းများနှင့် လူငယ်များကမျက်ကွယ်ပြုထားကြသည်မှာ လွန်စွာ ကြာမြင့်ပြီဟု သိပ္ပံနှင့် နည်းပညာဝန်ကြီးဌာန ဒုတိယဝန်ကြီး Bui The Duy က ပြောကြားကြောင်း ဗီယက်နမ်နယူးအေဂျင်စီသတင်းတွင် ဖော်ပြသည်။ ဗီယက်နမ်ထူထောင်စ စီးပွားရေးလုပ်ငန်း အသိုက်အဝန်းတွင် လုပ်ငန်းပေါင်း ၃၀ဝ၀ ခန့်ရှိသော်လည်း ဖွံ့ဖြိုးတိုးတက်မှုအပိုင်းတွင် ကမ္ဘာနှင့်ယှဉ်ပါက အများကြီး နောက်ကျကျန်နေကြောင်း အောက်တိုဘာ ၁၆ ရက်ကကျင်းပသော '၂၀၁၉ ခုနှစ် ဗီယက်နမ် စီးပွားရေးထိပ်သီးဆွေးနွေးပွဲ'၌ ပြုလုပ်သော စကားဝိုင်းဆွေးနွေးပွဲ တွင် ီကပ ကပြောသည်။ အသေးစားကုမ္ပဏီများသည် စီပွားရေးလုပ်ငန
လယ်ယာထွက်ကုန် ပစ္စည်းများ အတွက် Measures for Import Tariff Quota Management ဆိုင်ရာဥပဒေ၊ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာနနှင့် အမျိုးသားဖွံ့ဖြိုးတိုး တက်ရေးနှင့် ပြုပြင်ပြောင်းလဲရေး ကော်မတီတို့၏ ၂၀ဝ၃ ခုနှစ် အမိန့် ကြေညာစာအမှတ် (၄) တို့အရ၂၀၁၉ ခုနှစ်၊ စက်တင်ဘာလ ၂၉ ရက်တွင် အမိန့်ကြေညာစာအမှတ် (၉/၂၀၁၉) ဖြင့် တရုတ်ပြည်သူ့သမ္မတနိုင်ငံ အမျိုး သား ဖွံ့ဖြိုးတိုးတက်ရေးနှင့် ပြုပြင် ပြောင်းလဲရေးကော်မတီမှ ၂၀၂၀ခုနှစ် အတွက်စားနပ်ရိက္ခာ တင်သွင်းမှု Tariff Quota သတ်မှတ်ချက် ပမာဏနှင့် လျှောက်လွှာတင်သွင်းမှုဆ
ဧရာဝတီတိုင်းဒေသကြီးအတွင်းရှိ အထည်ချုပ်လုပ် ငန်းများဖြစ်သော Hakers Enterprise (Myanmar) Co.,Ltd (ပုသိမ်)မှ Pants & Jackets အမျိုးအစားအရေအတွက် ၁၅၄၄၄၄၄ ၊ အမေရိကန်ဒေါ်လာ ၄၁၈၃၂၁၃ ဒသမ ၃၀၊ Huabo Times Textile and Clothing Co.Ltd (ပုသိမ်) မှ shirts အမျိုးအစား အရေအတွက် ၁၉၅၄၂၇၂ အမေရိကန် ဒေါ်လာ ၃၉၆၈၅၉၀ အား ဥရောပသို့တင်ပို့ခဲ့ပြီး North Shore Group Co.,Ltd (ပုသိမ်) မှ Pants & Jackets အမျိုးအစား အရေအတွက် ၄၄၅၈၉၃၊ အမေရိကန်ဒေါ်လာ ၇၇၇၄၁၃ ဒသမ ၆၀ ကို ဂျာမနီနိုင်ငံသို့ တင်ပို့၍ He Shan (Myanmar) Garments Co.Ltd (ပုသိမ်)မှ
မြန်မာနိုင်ငံ၏ ရေထွက်ပစ္စည်း ပြည်ပတင်ပို့မှုအနေဖြင့် ၂၀၁၈ ခုနှစ် ဧပြီ ၁ ရက်မှ ၂၀၁၉ ခုနှစ် စက်တင်ဘာ ၃၀ ရက် အထိ ဘဏ္ဍာနှစ်ကာလအတွင်း မက်ထရစ်တန် ၅၈၃၆၇၆ ဒသမ ၃၅၄တန် တင်ပို့နိုင်ခဲ့ပြီး တန်ဖိုးအားဖြင့် အမေရိကန် ဒေါ်လာ ၇၂၈ ဒသမ ၂၅၇ သန်း ရရှိခဲ့သည်။ ပို့ကုန်တန်ဖိုး အားဖြင့် အမြင့်ဆုံးတင်ပို့နိုင်သည့် စံချိန်ဖြစ်သည်။ သို့သော် မြန်မာနိုင်ငံနှင့် အိမ်နီးချင်း ဗီယက်နမ်နိုင်ငံ အနေဖြင့် ၂၀၁၈ ခုနှစ်အတွင်း ရေထွက်ပစ္စည်း ပြည်ပတင်ပို့မှု တန်ဖိုး အမေရိကန်ဒေါ်လာ ၈၈၀၂ သန်း တင်ပို့ရောင်းချနိုင်ခဲ့ ကြောင်း လေ့လာတွေ့ရှိရသည်။
