ဇူလိုင်လ ၆ ရက်မှ ဇူလိုင်လ ၁၂ ရက် သီတင်းပတ်အတွင်း ဓာတ်ဆီတန်ချိန် ၁၂၂၁၆ ဒသမ ၃၅၈ တန်နဲ့ ဒီဇယ်တန်ချိန် ၂၉၂၃၂ ဒသမ ၂၇၉ တန်၊ စုစုပေါင်း တန်ချိန် ၄၁၄၄၈ ဒသမ ၆၃၇ တန်ကို ပင်လယ်ရေကြောင်းကုန်သွယ်မှုလမ်းမှ တင်သွင်း ရန် သွင်းကုန်လိုင်စင်လျှောက်ထားခဲ့တယ်လို့ သိရပါတယ်။ ဒီတစ်ပတ်မှာ ဓာတ်ဆီ တန်ချိန် လေးထောင့်သုံးရာငါးဆယ်ကျော် အဝင်ပိုခဲ့ပါတယ်။ ဒီဇယ်က ဒီတစ်ပတ်မှာ တန်ချိန် လေးထောင့်ကိုးရာရှစ်ဆယ်ကျော် အဝင်လျော့ခဲ့တယ်လို့ သိရပါတယ်။
