Main menu

Background

Monday, 12 Mar 2012

ပြည်ကုလားပဲဈေးမှာ ယခင်တစ်ပတ်က တစ်တင်း ၁၅၇၀၀ ကျပ်ဖြင့် အရောင်း အဝယ်ဖြစ်ပြီး၊ ယခု တစ်ပတ်တွင် တစ်တင်း ၁၆၀၀၀ ကျပ်ဖြင့် အရောင်းအဝယ် ဖြစ်ခဲ့ပါတယ်။ ပြည်ဈေးကွက်အတွင်းသို့ အောင်လံ ဘက်မှအဝင်ရှိပြီး၊ တစ်နေ့တင်း ၁၀၀၀ ခန့် အဝင်ရှိခဲ့ကြောင်းသိရပါတယ်။ အဝင်ရှိသလောက်လည်း အဝယ်ရှိပါ တယ်။ မြို့ပေါ်ခွဲစက်နဲ့ နယ်ဝယ်လက်များမှလည်း အဝယ်ရှိတာကြောင့် တစ်နေ့အိတ် ၁၈၀၀ ခန့် အရောင်းအဝယ်ဖြစ်ကြောင်း သိရပါတယ်။ လွင်လွင်ဆန်း

Monday, 12 Mar 2012

    မြန်မာ-တရုတ်နယ်စပ်ရှိ မူဆယ် ၁၀၅ မိုင်မှ ကန်ဒေါ်လာ သုည ဒသမ ၀၅၂ သန်းတန်ဖိုးရှိ ပဲယင်း၃၁၈ တန်ကျော်နဲ့ မြန်မာ-အိန္ဒိယနယ်စပ်ရှိ ရိဒ်နယ်စပ် ကုန်သွယ်ရေး စခန်းမှ ကန်ဒေါ်လာ သုည ဒသမ ၀၁၆ သန်း တန်ဖိုးရှိ ပဲယင်း တန် ၂၀ကျော်ကိုဖေဖော်ဝါရီလ၂၉ ရက်မှ မတ်လ ၆ ရက်ထိကာလအတွင်း တင်ပို့ ခဲ့တယ်လို့ သိရပါတယ်။

Monday, 12 Mar 2012

    ဖေဖေါ်ဝါရီလ ၂၉ ရက်မှ မတ်လ ၆ ရက်ထိကာလအတွင်း မူဆယ် ၁၀၅ မိုင်ကုန်သွယ်ရေးဇုန်နဲ့ မြဝတီ ကုန်သွယ်ရေးဇုန် တို့မှကန်ဒေါ်လာ သုည ဒသမ ၃၄၃ သန်းတန်ဖိုးရှိ ပဲတီစိမ်းလုံး ၄၄၁ တန်ကျော်နဲ့ ပဲတီစိမ်းခြမ်း ၁၄ တန်ခွဲ အပို့ရှိခဲ့ပါတယ်။ ယခင်အပတ်ကထက် လုံးပြည့်တန် ၁၉၀ ဝန်းကျင် ပိုမိုတင်ပို့နိုင်ခဲ့ပြီး ပဲတီစိမ်းလုံးခြမ်းတင်ပို့မှုမှာ ပြောင်းလဲမှုမရှိပါ။

Monday, 12 Mar 2012

        ရန်ကုန်တိုင်းဒေသကြီး ဘုရင့်နောင်ကုန်စည်ဒိုင်  FOB ဈေးကွက်မှာ ပဲတီစိမ်းရောင်းဝယ်မှု ယခင်သီတင်းပတ်ထက် လျော့ကျပါတယ်။ ယခင်တစ်ပတ်က တန်ချိန် ၁၈၀၀၀ ကျော် အရောင်းအဝယ်ဖြစ်ခဲ့ပြီး မတ်လ ၃ ရက်မှ ၉ ရက်အထိ ယခုတစ်ပတ်အတွင်းမှာ တန်ချိန် ၁၆၀၀၀ ကျော် အရောင်းအဝယ်စာချုပ်နိုင်ခဲ့ကြောင်း

Monday, 12 Mar 2012

    ပဲအားလုံးတွေထဲမှာ ပင်လယ်ရေကြောင်းက ပဲတီစိမ်း တင်ပို့မှုကတော့ ယခုတစ်ပတ်မှာလည်း စံချိန်တင်ခဲ့ပါတယ်။ ဖေဖော်ဝါရီလ ၂၇ ရက်မှ မတ်လ ၂ ရက်အထိ ပဲတီစိမ်းတန်ချိန် ၁၄၃၀၀ ကျော်တင်ပို့မှု ရှိခဲ့ပါတယ်။ ၂၀၁၂ ဖေဖော်ဝါရီလ တစ်လလုံးမှာ ပဲတီစိမ်းတန်ချိန် ၄၆၅၀၀ ကျော်တင်ပို့ခဲ့ပြီး ဝင်ငွေမှာ ကန်ဒေါ်လာ ၃၇ သန်း ကျော်ရရှိခဲ့ပါတယ်။

Monday, 12 Mar 2012

အခြား ပဲအုပ်စုတွေထဲမှာ ပြည်ပ ကို ရောင်းဝယ်တင်ပို့မှု အားကောင်းနေ တဲ့ ပဲကတော့ ပဲလွန်းဖြူပဲဖြစ်ပါတယ်။ ယခုသီတင်းပတ်မှာလည်း တင်ပို့မှု တန် ချိန် ၁၄၀၀ ကျော်ရှိခဲ့ပါတယ်။ တင်ပို့တဲ့ နိုင်ငံများကတော့ တရုတ်၊ အိန္ဒိယ၊ ကိုရီးယား၊ မလေးရှား၊ စင်ကာပူ၊ ယူ အေအီးနဲ့ ဗီယက်နမ်တို့ဖြစ်ပြီး ပမာဏ များများ သွားတာကတော့ အိန္ဒိယနဲ့ ဗီယက်နမ်တို့ကို ဖြစ်ပါတယ်။

Monday, 12 Mar 2012

    မြန်မာ-တရုတ်နယ်စပ်ရှိ မူဆယ် (၁၀၅) မိုင်မှ ကန်ဒေါ်လာ သုည ဒသမ ၁၀၆ သန်းတန်ဖိုးရှိ  ပဲလွန်းဖြူ ၁၅၈ တန်ခန့်ကို ဖေဖော်ဝါရီလ ၂၉ ရက်မှ မတ်လ ၆ ရက်ထိကာလအတွင်းမှာ အပို့ရှိခဲ့ပါတယ်။ ဖေဖော်ဝါရီလမှာ ၁၁၂၃ တန်နဲ့ ဧပြီလမှ ဖေဖော်ဝါရီလ ထိ ကာလ မှာ ၄၂၂၈ တန် တင်ပို့ထား ပြီး ဖြစ်ပါတယ်။ မြေပြင်ပေါက်ဈေးများ ကို ယခင်အပတ်ဈေးနဲ့ နှိုင်းယှဉ် ရာမှာ တစ်ဖက်နိုင်ငံဈေး မပြောင်းလဲသော် လည်း မိမိဘက်မြေပြင် ပေါက်ဈေးမှာ ၁၀၆၉ ကျပ် လျော့နည်းခဲ့ပါတယ်။        MIRT(DOBT)   

Monday, 12 Mar 2012

    ပဲစင်းငုံအသစ်ဆိုတာနှစ်စဉ်ဒီဇင်ဘာလဆန်းရောက်ရင်ပေါ်တတ်ပါတယ်။ အရင် နှစ်တွေမှာပဲအဟောင်းတွေကအဟောင်းကာလမှာ တာဝန်ကျေခဲ့တော့ အဟောင်းအသစ် ထပ်တာနည်းခဲ့ပါတယ်။ ဒါပေမယ့်ဒီနှစ်နှစ် သုံးနှစ်အတွင်းအချိန်တန်လို့ ပဲစင်းငုံ အသစ် တွေ ပေါ်လာပေမယ့်လည်း၊

Monday, 12 Mar 2012

ရန်ကုန်တိုင်းဒေသကြီး ဘုရင့်နောင်ကုန်စည်ဒိုင် FOB ဈေးကွက်မှာ ပဲစင်းငုံ အရောင်းအဝယ်ဖြစ်မှု မများပေမဲ့ ယခင်တစ်ပတ်ရောင်းဝယ်မှုထက် ပိုတာတွေ့ရပါ တယ်။ ယခင်တစ်ပတ်က တန်ချိန် ၄၀၀၀ ကျော်သာ စာချုပ်နိုင်ခဲ့ရာမှ ယခုတစ်ပတ် (မတ်လ ၃-၉ ရက်) အတွင်းမှာတော့ တန်ချိန် ၉၀၀၀ ဝန်းကျင်အရောင်းအဝယ် စာချုပ်နိုင်ခဲ့ကြောင်း သိရပါတယ်။

Monday, 12 Mar 2012

ပင်လယ်ရေကြောင်းက ပဲစင်းငုံ တင်ပို့မှုက ဆက်လက်လျော့ကျလာပါတယ်။ ယခင်တစ်ပတ်က တန်ချိန် ၇၀၀၀ ကျော်ကို လျော့ကျခဲ့သလို ယခုတစ်ပတ် (ဖေဖော်ဝါရီ ၂၇-မတ် ၁ ရက်) အတွင်းမှာလည်း တန်ချိန် ၆၅၀၀ သာတင်ပို့နိုင် ခဲ့တာတွေ့ရပါတယ်။

Pages