Main menu

Background

Sunday, 30 Oct 2011

               ယခင်သီတင်းပတ်က ပင်လယ်ရေကြောင်းမှ မြေထောက်ပဲ တန်ချိန် ၇၀ နီးပါးသာ တင်ပို့ခဲ့ရာမှ ယခု တစ်ပတ်(အောက်တိုဘာလ ၁၇ ရက်မှ ၂၁ ရက်) အတွင်းမှာတော့ တန်ချိန် ၂၂၀ ခန့်ထိ တိုးတက် တင်ပို့ လာနိုင်ခဲ့ပါတယ်။ တင်ပို့တဲ့ နိုင်ငံများမှာ အိန္ဒိယ၊ စင်ကာပူနဲ့ ထိုင်းနိုင်ငံ တို့ဖြစ်ပါတယ်။                   ယခုတစ်ပတ်အတွင်း ထော ပတ်ပဲ တင်ပို့မှုမရှိဘဲ ပဲယင်းတန် ချိန် ၂၀၀ ကျော်ကို ဂျပန်၊ ဖိလစ်ပိုင်နဲ့ စင်ကာပူကို တင်ပို့ခဲ့တာ တွေ့ရပါတယ်။                  FOBဈေးကွက်မှာ ယခုတစ် ပတ်အရောင်း အဝယ်မဖြစ်ကြောင်းနဲ့ မြေထောက်ပဲ FAQ ဈေးမှာ တစ် တန်ကန်ဒေါ်လာ ၇၄၀-၇၆၀၊ ပဲယင်း FAQ မှ ကန်ဒေါ်လာ ၄၈၀-၅၀၀ ဖြစ်ကြောင်းသိရပါတယ်။ MIRT-MAPT

Sunday, 30 Oct 2011

                ပင်လယ်ရေကြောင်းက ပဲလွန်းဖြူ တင်ပို့မှုမှာ လက်ရှိဘဏ္ဍာနှစ် အောက်တိုဘာ၂၁ ရက်အထိ စုစုပေါင်းတင်ပို့ပြီး စီးမှုဟာ တန်ချိန် ၁၅၉၀၀ ခန့်၊ ဝင်ငွေ အားဖြင့် ကန်ဒေါ်လာ ၁၄ သန်းကျော် ရှိတာတွေ့ရပါတယ်။ ယခင်ဘဏ္ဍာနှစ် ကာလတူအတွင်း တင်ပို့မှုအနေနဲ့ ပဲလွန်းဖြူတန်ချိန် ၁၆၁၀၀ ကျော်ရှိပြီး ဝင်ငွေအားဖြင့် ကန်ဒေါ်လာ ၁၃ သန်း ကျော်သာရရှိလို့ ယခင်နှစ်တင်ပို့မှု ပမာ ဏပိုမိုပေမဲ့ ဝင်ငွေအားဖြင့် ယခုနှစ်မှာ ပိုမိုရရှိတာ တွေ့ရပါတယ်။                   ယခုတစ်ပတ် အောက်တိုဘာလ ၁၇ ရက်မှ ၂၁ ရက်အတွင်း တင်ပို့မှု အနေနဲ့ တန်ချိန် ၄၀၀ ကျော်ရှိပြီး တင်ပို့ တဲ့ နိုင်ငံများကတော့ အင်ဒိုနီးရှား၊ တောင်ကိုရီးယား၊ မလေးရှား၊ ဖိလစ်ပိုင်၊ စင်ကာပူ၊ ထိုင်းနဲ့ ဗီယက်နမ်တို့ဖြစ်ပါတယ်။                     ရန်ကုန် FOB ဈေးကွက်မှာ အောက်တိုဘာလ ၂၁ ရက်မှ ၂၇ ရက် အတွင်း ပဲလွန်းဖြူ အရောင်းအဝယ် ဖြစ်မှုမှာ တန်ချိန် ၁၂၀ ခန့်သာရှိလို့ ယခင်တစ်ပတ် အရောင်းအဝယ်ဖြစ်မှု တန်ချိန် ၄၀၀ ကျော်ထက် လျော့ကျ ခဲ့ပါတယ်။ လက်ကျန်နည်းလာပြီဖြစ်လို့ အရောင်းအဝယ်ဖြစ်မှုနည်းပါးလာပါတယ်။                     ရန်ကုန် FOB ဈေးမှာ ယခင်တစ်ပတ် ဈေးဖြစ်တဲ့ FAQ တစ်တန်ကန်ဒေါ်လာ ၈၄၀-၈၆၀၊ SQ တစ်တန် ကန်ဒေါ်လာ ၉၅၀-၉၇၀ နဲ့ အောက်တိုဘာလ ၂၈ ရက်နေ့အထိ ငြိမ်နေပါတယ်။ MIRT-MAPT

Sunday, 30 Oct 2011

                ပြည်ဈေးကွက်ရဲ့ ပဲစင်းငုံဈေးမှာ အောက်တိုဘာလဆန်းပိုင်းမှ လလယ်ထိ ပိဿာ ၂၀ တစ်တင်းကို ၁၄၅၀၀ ကျပ်ရှိပြီး၊ အရောင်းအဝယ်ဖြစ်မှုအနေနဲ့ အေးခဲ့ပါတယ်။ ယခုအောက်တိုဘာ နောက်ဆုံးပတ်မှာတော့ တစ်တင်းကို ၁၃၅၀၀ ကျပ်သာရှိပြီး၊ လှောင်လက်များ ထုတ်ရောင်းချမှုရှိမှသာ အရောင်းအဝယ်ဖြစ်တယ် လို့ သိရပါတယ်။ ဒါကြောင့် အရောင်းအဝယ်ပုံမှန်မရှိခဲ့ဘဲ အရောင်းအဝယ်ရှိတဲ့ ရက်များမှာတော့ အိတ် ၄၀၀ နဲ့ ၅၀၀ ကြား အရောင်းအဝယ် ဖြစ်တယ်လို့ သိရပါတယ်။   ဆုမွန်ဆွေ

Sunday, 30 Oct 2011

                  မုံရွာကုန်စည်ဒိုင်ပဲဈေးကွက်မှာ ဒေသထွက်အရောင်းသွက်တဲ့ Export ပဲအချို့လက်ကျန် ပြတ်သလောက် နည်းသွားချိန်မှာ ဒေသခံ ကုန်သည်အချို့နဲ့ ရန်ကုန်ဝယ်လက်ဝယ်လိုအားတက်လာခဲ့လို့ ယခင်အပတ်ကထက် အရောင်းအဝယ် အားကောင်း သွက်လက်ခဲ့ပါတယ်။ ယခုရက်ပတ်ထဲမှာ တစ်တင်းအနိမ့်ဆုံး ၁၂၅၀၀ ကျပ်ကနေ အမြင့်ဆုံး ၁၃၅၀၀ ကျပ်ထိ ဈေးရလာခဲ့ပြီး၊ မုံရွာကုန်စည်ဒိုင်မှာ တစ်ရက် ကိုအိတ် ၁၅၀၀ ခန့်အထိ အရောင်း အဝယ်ဖြစ်ခဲ့တယ်လို့ ကုန်သည်ရပ် ကွက်က ကြားသိရပါတယ်။ စီးဆင်းမှုအနေနဲ့ ရာသီဥတုနဲ့ လမ်းပန်းအခြေအနေ အရ မန္တလေးကို အိတ် ၁၀၀၀ ခန့်နဲ့ ရန်ကုန်ကို အိတ် ၁၂၀၀ ခန့်သာ စီးထွက်ခဲ့တယ်လို့ ဈေးကွက်က ဆိုပါတယ်။ ထွန်းလှိုင်

Sunday, 30 Oct 2011

              ရန်ကုန်တိုင်းဒေသကြီးဘုရင့်နောင်ဈေးကွက်အတွင်းပဲအားလုံးထဲမှာ အရောင်း အဝယ်အသွက်ဆုံး ပဲကတော့ ယခုတစ်ပတ် ပဲစင်းငုံပဲဖြစ်ပါတယ်။ ဒါကြောင့်လည်း ရန်ကုန် FOB ဈေးကွက်မှာ ပဲစင်းငုံနီ၊ ဖြူကြား အရောင်း အဝယ်ဖြစ်မှုဟာ အောက်တိုဘာ ၂၁ ရက်မှ ၂၇ ရက်အတွင်း တန်ချိန် ၁၂၀၀၀ ကျော်တဲ့အထိ စံချိန်တင် တိုးတက်ခဲ့တာတွေ့ရပါတယ်။                   အရောင်းအဝယ်ဖြစ်တဲ့ထဲမှာ ဈေးအနိမ့်ဆုံး ရှမ်းစတွေပိုများတယ်လို့ သိရပါ တယ်။ အိန္ဒိယဝယ်လက်များ လတ်တလောရောင်းဖို့အတွက် ချက်ချင်းသင်္ဘော တင်ဖို့ ဈေးအသက်သာဆုံးပဲများ ဝယ်ယူနေခြင်းဖြစ်တယ်လို့ ကုန်သည်ကြီးတစ်ဦးက ဆိုပါတယ်။ အိန္ဒိယမှာလည်း လာမယ့်လတွေမှာ ပဲအသစ်ဝင်တော့မှာဖြစ်ပါတယ်။ ရန်ကုန် FOB ဈေးများ ယခင်တစ်ပတ်အတိုင်း အောက်တိုဘာလ ၂၈ ရက်မှာလည်း ပဲစင်းငုံနီ တစ်တန် ကန်ဒေါ်လာ ၅၆၀-၅၈၀၊ ဖြူနီ တစ်တန် ကန်ဒေါ်လာ ၄၆၀- ၄၈၀ နဲ့ ငုံနီ(အဟောင်း) တစ်တန် ကန်ဒေါ်လာ ၅၅၀-၅၇၀ ဖြစ်ပါတယ်။ MIRT-MAPT

Sunday, 30 Oct 2011

                   ဟင်္သာတခရိုင်အတွင်း ဆောင်းသီးနှံဖြစ်တဲ့ မတ်ပဲကို တောင်သူများ အဓိက ထားစိုက်ပျိုးပါတယ်။ မတ်ပဲ စိုက်တဲ့ ရာသီနီးလာပြီဖြစ်လို့ ဟင်္သာတရဲ့ ကိုင်းမြေမှာ စိုက်ပျိုးတဲ့ တောင်သူများဟာ မတ်ပဲမျိုးများကို ဝယ်ယူ နေကြကြောင်း သိရပါတယ်။ မျိုးမတ်ပဲတစ်တင်း လက်ကားဈေးမှာ ၂၁၀၀၀ ကျပ်ရှိပြီး၊ လက်လီ ဝယ်ဈေးကတော့ တစ်တင်း ၂၂၀၀၀ ကျပ်ဖြစ်တယ်လို့ သိရပါတယ်။ အရောင်း အဝယ်အများဆုံးဖြစ်တဲ့ မျိုးတွေကတော့ အထွက်နှုန်း ကောင်းတဲ့ဒေသမျိုး၊ ရေဆင်း၅ မျိုးတွေဖြစ်တယ်လို့ သိရပါတယ်။                     ယခုအပတ်မတ်ပဲဈေးကတော့ တစ်တင်း ၁၈၀၀၀ ကျပ်နဲ့ ဈေးအေးနေ တာတွေ့ရပါတယ်။ ပဲရောင်းဝယ်မှု အနေနဲ့ နေ့စဉ်ဖြစ်တဲ့ပေါက်ဈေးများနဲ့ ရန်ကုန်၊ ဘုရင့်နောင်ဈေးကွက်သို့ တစ်ပတ်အတွင်း ၁ တင်းခွဲဝင်အိတ် ၅၀၀၀ ခန့် တင်ပို့တယ်လို့သိရပါတယ။် အေးအေးခိုင်

Sunday, 30 Oct 2011

                  ပင်လယ်ရေကြောင်းက မတ်ပဲတင်ပို့မှု အပတ်စဉ် တန်ချိန် နှစ်သောင်းဝန်းကျင်တင်ပို့နေရာမှ ယခင်တစ်ပတ်မှာ တန် ၅၅၀၀ ခန့် တင်ပို့မှုကျဆင်းခဲ့ပြီး ယခုတစ်ပတ် (အောက်တိုဘာလ ၁၇ ရက်မှ ၂၁ ရက်အထိ) အတွင်းမှာတော့ တန်ချိန် ၁၂၂၀၀ ကျော်ကို ပြန်လည်တိုးတက်တင်ပို့လာနိုင်ခဲ့ပါတယ်။ ၂၀၁၁- ၂၀၁၂ ဘဏ္ဍာနှစ် အောက်တိုဘာ ၂၁ ရက်အထိ မတ်ပဲစုစုပေါင်း တင်ပို့ပြီးစီးမှုဟာ တန်ချိန် ၄၄၀၀၀၀ ကျော်ပြီဖြစ်ပြီး ဝင်ငွေအားဖြင့် ကန်ဒေါ်လာ ၃၇၀ သန်းခန့် ရရှိနေပြီဖြစ်ပါတယ်။ ယခင်ဘဏ္ဍာနှစ် ကာလတူတင်ပို့မှုမှာ တန်ချိန် သုံးသိန်းကျော်၊ ဝင်ငွေအားဖြင့်ကန်ဒေါ်လာ သန်း ၃၀၀ ကျော်ရရှိခဲ့လို့ ယခုနှစ်မှာ တင်ပို့မှု ပမာဏ အားဖြင့် တန်ချိန် ၁၄၀၀၀၀ ကျော်ပိုမိုတင်ပို့နိုင်တာ တွေ့ရပါတယ်။ ယခုလတ် တလောအရောင်းအဝယ်ဖြစ်နေတာကြောင့် လာမယ့်သီတင်းပတ်မှာ လည်း ပုံမှန် တင်ပို့နိုင်မယ်လို့ ကုန်သည်များက ခန့်မှန်းထားပါတယ်။ MIRT- MAPT

Wednesday, 26 Oct 2011

            အောက်တိုဘာ ၉ ရက်မှ ၁၅ ရက် အထိကာလအတွင်း ပင်လယ်ရေကြောင်းမှ ပြောင်းတန်ချိန်၁၇၅၉၊ တန်ဖိုး ဒေါ်လာ သုညဒသမ ၅၁၇ သန်းဖိုး အိန္ဒိယ၊ ဗီယက်နမ်၊စင်ကာပူ နိုင်ငံများကို တင်ပို့ခဲ့ပါတယ်။ယခင်အပတ်က တန် ၂၇၀၀ ကျော် တင်ပို့ခဲ့တာကြောင့် ယခုအပတ်တန် ၁၀၀၀ ခန့် အပို့လျော့ခဲ့တာ တွေ့ရပါတယ်။ ပင်လယ်ရေကြောင်းမှ အပို့လျော့ပေမယ့် နယ်စပ်ကုန်သွယ်ရေးကနေ တန် ၁၄၀၀၀ ကျော် တင်ပို့နိုင်တာတွေ့ရပါတယ်။ လက်ရှိ FOB ရန်ကုန်ဈေးကတော့ ပြောင်းလဲမှု မရှိဘဲ ပြောင်းတစ်တန်ကို ဒေါ်လာ (၂၉၀ - ၃၀၅) ကြား ဈေးပေါက် လျက်ရှိပါတယ်။ KZW

Monday, 24 Oct 2011

                  ၂၀၁၀-၂၀၁၁ မှာ ရှမ်းပြည်နယ်တောင်ပိုင်းရဲ့ ရော်ဘာစိုက်ဧက ၉၅၅၊ အစေးခြစ်ဧက ၈၇၊ အထွက်နှုန်း ၇၉၉ ပေါင်နဲ့ စုစုပေါင်းအထွက်ပေါင် ၇၀၀၀၀ ( ၃၁ ဒသမ ၅ မက်ထရစ်တန်)ထွက်ခဲ့ပါတယ်။ ၂၀၁၁-၂၀၁၂ ခုနှစ်မှာ စိုက်ဧက ၁၀၀၀ မှ ၂၀ ရာခိုင်နှုန်းခန့်တောမီးများကြောင့် မီးလောင်ဆုံးရှုံးခဲ့သော်လည်း စိုက်ဧက ၈၀၀ ကျော်မှ ၉၂ ဧက အစေးခြစ်နိုင်ပြီး ယခင်နှစ်ကထက် အစေးခြစ်ဧက ပိုလာပါတယ်။ ယခုနှစ်မိုးများခြင်းကြောင့် ဧပြီလမှ သြဂုတ်လကုန်အထိ ပေါင် ၄၀၀၀ သာထွက်ပြီး အထွက်နှုန်း ၈၉၀ ဒသမ ၉၂ ပေါင် ထွက်ရှိပါတယ်။ ရှမ်းပြည်နယ်တောင်ပိုင်းရဲ့ ၂၀၁၁-၂၀၁၂ ခုနှစ် ရော်ဘာအထွက် လျာထားမှုမှာ ပေါင် ၈၀၀၀၀ ဖြစ်ပါတယ်။ အစေးခြစ် ဧက ၉၂ ဒသမ ၅ မှ အထွက်နှုန်း ၈၉၀ ဒသမ ၉၂ ပေါင်ဖြင့်တွက်ပါက အထွက် ၈၂၄၁၀ ပေါင် (၃၇ ဒသမ ၃၉ မက်ထရစ်တန်)ဖြစ်လို့ လျာထားချက်ထက် ပိုထွက်နိုင်မှာဖြစ်ပါတယ်။ ရော်ဘာဟာ အခွန်ကင်းလွတ်ခွင့်ရ သီးနှံဖြစ်ပြီး ဒေသတွင်းရော်ဘာပေါက်ဈေး အနေနဲ့ တစ်ပေါင် ၁၂၀၀ ကျပ်မှ ၁၈၀၀ ကျပ်ပေါက်ဈေးရှိရာ ရှမ်းပြည်နယ် တောင်ပိုင်းအနေနဲ့ နှစ်စဉ်ရော်ဘာစိုက်ဧကနဲ့ အထွက်များ တိုးတက်လျက်ရှိကြောင်း သိရပါတယ်။ သန်းတိုး

Monday, 24 Oct 2011

                     မြန်မာ-တရုတ်နယ်စပ်ရှိ မူဆယ် ၁၀၅ မိုင်ကုန်သွယ်ရေးဇုန်နဲ့ မြိတ်နယ်စပ်ကုန်သွယ်ရေးစခန်းများ မှတစ်ဆင့် ကန်ဒေါ်လာ ၁ ဒသမ ၄၆၈ သန်းတန်ဖိုးရှိ ရော်ဘာအဆင့်စုံ ၃၃၂ တန်ကို အောက်တိုဘာလ ၁၀ ရက်မှ ၁၈ ရက်ထိ ကာလအတွင်း အပို့ ရှိခဲ့ပါတယ်။ နယ်စပ်အလိုက်တင်ပို့နိုင်မှုများကတော့ မူဆယ်နယ်စပ်မှ ကန်ဒေါ်လာ သုည ဒသမ ၁၀၈ သန်းတန်ဖိုးရှိ RSS-3 ၂၄ တန်၊ ကန်ဒေါ်လာ သုည ဒသမ ၉၀၈ သန်းတန်ဖိုးရှိ MSR -20  ၂၀၄ တန်၊ ကန်ဒေါ်လာ သုညဒသမ ၁၉၁ သန်းတန်ဖိုးရှိ MSR -50 ၄၄ တန်နဲ့ မြိတ်နယ်စပ်မှ ကန်ဒေါ်လာ သုည ဒသမ ၂၆၁ သန်းတန်ဖိုးရှိRSS-5 ၆၀ တန် အသီးသီး တင်ပို့နိုင်ခဲ့ပါတယ်။ ယခင်အပတ်နဲ့ နှိုင်းယှဉ်လျှင် ၄၆ တန် အပို့လျော့ခဲ့ပြီး ရော်ဘာအဆင့်လိုက် နှိုင်းယှဉ်မယ်ဆိုလျှင် RSS-3 ၂၂၈ တန် အပို့လျော့ပြီး MSR -20 ၉၆ တန်၊MSR -50 ၂၅ တန် တင်ပို့မှုပိုမိုခဲ့ပါတယ်။ သယ်ယူပို့ဆောင်စရိတ်များ  မြင့်တက် နေတဲ့အတွက် ရော်ဘာအပို့လျော့ည်းလျက်ရှိပါတယ်။ ရော်ဘာ ၁ ပိဿာလျှင် သယ်ယူစရိတ် ၈၀ ကျပ်နှုန်းဖြစ်ပြီး ယခင်အပတ်ကထက် ၁၀ ကျပ် ပိုမိုခဲ့တယ်လို့ သိရပါတယ်။ မိမိဘက်နဲ့ တစ်ဘက်နိုင်ငံ ရော်ဘာပေါက်ဈေးများကို နှိုင်းယှဉ် ဖော်ပြပေးလိုက်ရပါတယ်-                                          မိမိဘက်(ကျပ်/တန်)                    တစ်ဘက်နိုင်ငံ(ဒေါ်လာ/တန်)                    ယခု               ယခင်        ပြောင်းလဲမှု   %      ယခု       ယခင်   ပြောင်းလဲမှု     %RSS - 3     ၃၄၂၅၈၆၀     ၃၄၁၃၈၀၀     ၁၂၀၆၀     ၀ .၄    ၄၁၅၇     ၄၁၅၈         ၁         ၀ .၀၂RSS - 5    ၃၃၁၂၃၇၉     ၃၃၀၀၃၁၉      ၁၂၀၆၀     ၀ .၄    ၄၀၁၁      ၄၀၀၁         -           -MIRT (DOBT)

Pages