Main menu

Background

Tuesday, 23 Aug 2011

ယခုအပတ် ပဲလွန်းဖြူ ယခင်အပတ်အတိုင်း ပုံမှန်တင်                   ပင်လယ်ရေကြောင်းမှ ပဲလွန်းဖြူ တင်ပို့မှုဟာ ဇူလိုင်လ ၁ဝ ရက်မှ ၁၆ ရက်အတွင်း တန် ၁၅ဝ၊ ဇူလိုင် ၁၇ ရက်မှ ၂၃ ရက်အတွင်း တန် ၂ဝဝ ခန့်၊ ဇူလိုင် ၂၄ ရက်မှ ၃ဝ ရက်အတွင်း တန် ၃ဝဝ တင်ပို့နိုင်ခဲ့တာကြောင့်၊ ဇူလိုင် တစ်လလုံးအတွက် တန် ၁ဝဝဝ ခန့် တင်ပို့ခဲ့ပါတယ်။                     သြဂုတ်လဆန်းပတ်အတွက် ဇူလိုင် ၃၁ ရက်က သြဂုတ်လ ၆ ရက် အတွင်း တင်ပို့နိုင်မှုက တန် ၃ဝဝ ဝန်း ကျင် ဖြစ်ပြီး၊ အိန္ဒိယ၊ ကိုရီးယား၊ မလေးရှား၊ စင်္ကာပူနိုင်ငံများကို တင်ပို့ခဲ့ပြီး၊ အိန္ဒိယနဲ့ စင်္ကာပူနိုင်ငံတို့ကို အများဆုံး တင်ပို့နိုင်ခဲ့ပါတယ်။                       ၂ဝ၁၁-၂ဝ၁၂ ဘဏ္ဍာနှစ် သြဂုတ် ၅ ရက်အထိ ပဲလွန်းဖြူ တင်ပို့ ပြီးစီးမှုမှာ တန် ၁၃ဝဝဝ ကျော် ဖြစ်ပြီး၊ ယခင်နှစ်ကာလတူက တင်ပို့ခဲ့မှုမှာ တန် ၁၃ဝဝဝ ခန့်ရှိကြောင်း သိရပါတယ်။ MIRT - MAPT

Tuesday, 23 Aug 2011

ယခုတစ်ပတ် ပဲစင်းငုံတင်ပို့မှု အနည်းငယ်လျော့လာ                      ပင်လယ်ရေကြောင်းက ပဲစင်းငုံ ပြည်ပသင်္ဘောတင်ပို့နိုင်မှုဟာ ဇူလိုင်လ ပထမ ပတ်က တန်ချိန် ၆၅ဝဝ ကျော်၊ ဒုတိယပတ်က တန်ချိန် ၃၅ဝဝ ကျော်၊ တတိယ ပတ်က တန်ချိန် ၆၁ဝဝ ကျော်နဲ့ နောက်ဆုံးပတ်က တန်ချိန် ၅၆ဝဝ နီးပါး တင်ပို့နိုင် ခဲ့တာကြောင့် ၂ဝ၁၁ ခုနှစ်၊ ဇူလိုင်လက မတ်ပဲတန်ချိန် ၂၂ဝဝဝ ဝန်းကျင် တင်ပို့နိုင်ခဲ့ပါတယ်။ ယခုသြဂုတ်လဆန်းပတ် ဇူလိုင်လ ၃၁ ရက်မှ သြဂုတ်လ ၆ ရက်အတွင်း တန်ချိန် ၅ဝဝဝ ခန့် တင်ပို့နိုင်ခဲ့ပါတယ်။ ၂ဝ၁၁-၂ဝ၁၂ ဘဏ္ဍာနှစ် သြဂုတ်လ ၅ ရက်အထိ ပဲစင်းငုံတင်ပို့ပြီးစီးမှုဟာ တန်ချိန် ၇၅ဝဝဝ ခန့် ဖြစ်တာကြောင့်၊ ယခုနှစ်ကာလတူ တင်ပို့ခဲ့တဲ့ တန်ချိန် ၃ ဒသမ ၈ သောင်းကျော်ထက် ပိုမိုတင်ပို့နိုင်တာ တွေ့ရပါတယ်။ MIRT - MAPT

Tuesday, 23 Aug 2011

ယခုတစ်ပတ် ပဲစင်းငုံပြည်ပအရောင်းအေးသလို ဈေးလည်းအေးလာ                  ရန်ကုန်တိုင်းဒေသကြီး ဘုရင့်နောင် ကုန်စည်ဒိုင် FOB ဈေးကွက်မှာ ယခု တစ်ပတ်အတွင်း ပဲစင်းငုံ တန်ချိန် ၄၅ဝဝ ပြည်ပအရောင်းအဝယ်စာချုပ် ချုပ်ဆိုနိုင် ခဲ့တဲ့အနက် ပဲစင်းငုံနီ FAQ တန် ၃၅ဝဝ ခန့် ပါဝင်ပါတယ်။ ယခင်အပတ်က ပဲစင်းငုံ တန် ၅၆ဝဝ ခန့် စာခsပ်နိုင်တာကြောင့် ယခုအပတ် အရောင်းအဝယ်လျော့ တယ်လို့ ဆိုရမှာဖြစ်ပါတယ်။ အရောင်းအဝယ်လျော့သလို ဈေးကွက်ထဲမှာ ပဲစင်းငုံ လက်ကျန်ရှိနေလို့ ယခုတစ်ပတ် ဈေးလည်းအေးလာတယ်လို့ သိရပါတယ်။ အာဖရိက ရာသီဥတု၊ အိန္ဒိယ ရာသီဥတုအနေအထားများကြောင့် ယခုအိန္ဒိယမှ ပဲစင်းငုံ ဝယ်ယူမှု ရှိဆဲဖြစ်တယ်လို့ သိရပါတယ်။ ရန်ကုန် FOB ဈေးများကို နှိုင်းယှဉ်ဖော်ပြ လိုက်ပါတယ်။                             ဒေါ်လာ/တန်                  ပဲစင်းငုံအသစ်အနီ(FAQ)     ပဲစင်းငုံအဟောင်းအနီ(FAQ)၁၁-၈-၁၁                ၅၇ဝ-၅၉ဝ                       ၅၆ဝ-၅၈ဝ၄-၈-၁၁                   ၅၈ဝ-၆ဝဝ                       ၅၇ဝ-၅၉ဝMIRT(MAPT)

Tuesday, 23 Aug 2011

ပြည်ပဲစင်းငုံ ဈေးငြိမ်နေ                ပြည်ပဲစင်းငုံမှာ ယခုတစ်ပတ်တွင် ယခင်တစ်ပတ်ဈေးအတိုင်း ဈေးဆက်ငြိမ်နေ တယ်လို့သိရပါတယ်။ ပိဿာ ၂ဝ တစ်တင်းကို ၁၂၇ဝဝ ကျပ်ဈေးဖြင့် ဈေးဖွင့် ထားကြောင်းသိရပါတယ်။ ရက်ခြားဆိုသလို ရန်ကုန်ဝယ်လက်များ အဝယ်ရှိပြီး အဝယ်ရှိတဲ့ရက်များမှာတော့ တစ်နေ့ကို အိတ် ၃ဝဝ ထိ အရောင်းအဝယ် ဖြစ်တယ်လို့သိရပါတယ်။ ကျန်ရက်များမှာတော့ အရောင်းအဝယ် မဖြစ်သလောက် အေးနေတယ်လို့သိရပါတယ်။ ၂ဝ၁ဝ ခုနှစ်၊ သြဂုတ်လ ယခုလိုအချိန်မှာလည်း ဈေးကွက်အတွင်း လက်ကျန်နည်းပြီး အရောင်းအဝယ်အေးလို့ ပဲစင်းငုံဈေး ကွက် ငြိမ်ခဲ့တယ်လို့ သိရပါတယ်။ ဆုမွန်ဆွေ

Tuesday, 23 Aug 2011

အိန္ဒိယမတ်ပဲ အရောင်းအေး၍ ဈေးလည်းငြိမ်                  အိန္ဒိယပြည်တွင်း လက်ငင်းဈေးကွက်တွင် ဈေးနှုန်းမတည်မငြိမ်ဖြစ်နေသော် လည်း ထူးခြားသည့် အပြောင်းအလဲမရှိကြောင်းနှင့် သွင်းကုန်များလည်း ဝင်ရောက်လျက်ရှိကြောင်း သိရပါတယ်။ လုံလောက်တဲ့ မိုးရွာသွန်းမှုရှိပြီး ပြင်းထန်သည့် ပိုးမွှားနှင့် ရောဂါကျရောက်မှုမရှိကြောင်း သိရပါတယ်။ ဈေးကွက်ဝယ်လိုအား အကန့်အသတ်ရှိဆဲဖြစ်ပြီး၊ မကြာမီကာလများအထိ ဈေးမြင့်တက်ဖွယ်မရှိကြောင်း သိရပါတယ်။ နယ်အသီးသီးမှ မတ်ပဲအသစ်များ သြဂုတ်၊ စက်တင်ဘာတွင် စတင် ဝင်ရောက်လာနိုင်ပြီး ကုန်သည်များက သီးနံှအရည်အသွေး အတွက် စိတ်လှုပ်ရှား နေကြကြောင်းလည်းသိရပါတယ်။ အဓိက ဈေးကွက်များတွင် အရောင်းအဝယ် အေးလျက်ရှိပြီး၊ နိုင်ငံ၏ အထက်ပိုင်းဒေသများတွင် မိုးရွာသွန်းမှုများခြင်းက သီးနံှစိုက်ပျိုးမှုကို နောက်မကျစေကြောင်းလည်း သိရပါတယ်။ ဒါ့အပြင် အချို့ ဒေသများတွင် အစောပိုင်းက စိုက်ပျိုးထားသော သီးနံှများမှာ မိုးရွာသွန်းမှုကြောင့် ရင့်မှည့်ချိန် နောက်ကျနိုင်ကြောင်းသိရပါတယ်။ ဈေးကွက်အသီးသီးမှာ ဖြစ်ပေါ်တဲ့ ဈေးနှုန်းများကို နှိုင်းယှဉ်ဖော်ပြလိုက်ပါတယ်-                                             ဒေါ်လာ/ တန်                 ၁၁-၈-၁၁      ၁ဝ-၈-၁၁     ၉-၈-၁၁        ၈-၈-၁၁မွန်ဘိုင်း         ၈၁၂         ၈၁၈-၈၂၁      ၇၉၇-၈ဝ၃   ၇၉ဝ-၈ဝ၁ဒေလီ          ၈၃၉-၈၈၄     ၈၁၈-၈၆၃      ၈ဝ၈-၈၄၁   ၈၁၂-၈၄၅ချန်နိုင်း         ၈၁၇-၉၃၃     ၈၁၈-၉၃၅      ၈ဝ၈-၉၁၉   ၈ဝ၆-၉၂၃MIRT(MAPT)

Tuesday, 23 Aug 2011

မတ်ပဲ FOB အရောင်းအဝယ် ယခုအပတ် အနည်းငယ်ပို                   ရန်ကုန်တိုင်းဒေသကြီး ဘုရင့်နောင်ကုန်စည်ဒိုင် FOB ဈေးကွက်မှာ သြဂုတ်လ ၅ ရက်မှ သြဂုတ်လ ၁၁ ရက်အတွင်း FOB စာချုပ်ချုပ်နိုင်မှုမှာ တန် ၁၇ဝဝဝ ကျော်ရှိလို့ ယခင်အပတ် ဇူလိုင်လ ၂၉ ရက်မှ သြဂုတ်လ ၄ ရက်အတွင်း FOB စာချုပ် ချုပ်နိုင်မှု တန် ၁၆ဝဝဝ ထက် အနည်းငယ်ပိုခဲ့ပါတယ်။ ယခင်အပတ်က အိန္ဒိယက မတ်ပဲဈေးလျော့ဝယ်တာကြောင့် ဈေးလျော့ ခဲ့သော်လည်း ယခုအပတ် မတ်ပဲ ဈေး ပြန်မြင့်လာပါတယ်။ အိန္ဒိယမှာ စိုက်ဧကလျော့တဲ့ သတင်းများကြောင့် ဝယ်ယူမှု ပုံမှန်ရှိလို့ ဘုရင့်နောင်ဈေးကွက်မှ ပုံမှန်အရောင်းအဝယ် ဖြစ်နေကြောင်း သိရပါတယ်။ ရန်ကုန် FOB ဈေးများကို ယခင်အပတ်နဲ့ နှိုင်းယှဉ် ဖော်ပြလိုက်ပါတယ်။                    ဒေါ်လာ/တန်                 မတ်ပဲ(FAQ)     မတ်ပဲ(SQ)၁၁-၈-၁၁    ၇၅၅-၇၇၅        ၈၄ဝ-၈၆ဝ၄-၈-၁၁      ၇၅ဝ-၇၆ဝ        ၈၄ဝ-၈၆ဝMIRT(MAPT)

Tuesday, 23 Aug 2011

ပြည်မတ်ပဲ ဈေးအနည်းငယ်လှုပ်လာ                       ပြည်မြို့ရဲ့ ပဲဈေးကွက်များ မတ်ပဲ ဈေးအေးနေခဲ့ရာမှ ယခုရက်မှာ ဈေး အနည်းငယ် ပြန်လှုပ်လာတာ ကို တွေ့ရပြီး တစ်တင်းကို ၁၇ဝဝဝ ကျပ် ဈေးရှိ တယ်လို့သိရပါတယ်။ ပြည်သို့မတ်ပဲ အဝင်ပါးလာပြီး ကုန်သည်များ လက်ဝယ်ရှိ လက်ကျန် ပဲများနဲ့ အပ်ပဲသမား များသာ ထုတ်ရောင်းကြတယ်လို့ ပဲကုန် သည်တစ်ဦးက ပြောပါတယ်။ ရန်ကုန်ဝယ်လက်အဝယ်ရှိနေပြီး၊ တစ်နေ့ကို အိတ် ၃ဝဝ-၄ဝဝ ခန့် အဝယ်ရှိတယ်လို့ သိရပါတယ်။ ရန်ကုန်- ဘုရင့်နောင်သို့ ပဲခူးတိုင်းဒေသကြီး အနောက်မှ မတ်ပဲ တင်ပို့မှုကတော့ ယခင်တစ်ပတ်က ထက် ယခုတစ်ပတ် ပဲတင်ပို့မှုများပြီး တစ်နေ့ကို အိတ် ၄ဝဝဝ ကျော်ခန့် တင်ပို့နိုင်ခဲ့တယ်လို့သိရပါတယ်။ မိမိအေး

Tuesday, 23 Aug 2011

ယခုအပတ် မတ်ပဲတင်ပို့မှု လျော့သော်လည်း ယခင်နှစ်ကာလတူထက် ပိုမိုတင်ပို့နိုင်                 ပင်လယ်ရေကြောင်းက မတ်ပဲ ပြည်ပသင်္ဘောတင်ပို့နိုင်မှုမှာ ဇူလိုင်လ ပထမပတ်က တန်နှစ်သောင်း၊ ဒုတိယပတ်က တန် ၁ ဒသမ တစ်သောင်းကျော်၊ တတိယပတ်မှာတန် ၂ ဒသမ ၂သောင်းခန့်နဲ့နောက်ဆုံးပတ်မှာ ၁ဒသမ ၇ သောင်း ကျော်တင်ပို့နိုင်ခဲ့တာကြောင့် ၂ဝ၁၁ ခုနှစ်၊ ဇူလိုင်လက မတ်ပဲတန် ၇ သောင်းကျော် တင်ပို့နိုင်ခဲ့ ပါတယ်။ ယခုသြဂုတ်လ ပထမပတ် ဇူလိုင်လ ၃၁ ရက်မှ သြဂုတ်လ ၆ ရက်အထိ တန် ၁၃ဝဝဝ တင်ပို့နိုင်ခဲ့ကြောင်း သိရပါတယ်။ ၂ဝ၁၁-၂ဝ၁၂ ဘဏ္ဍာနှစ်၊ သြဂုတ်လ ၅ ရက်အထိ မတ်ပဲတင်ပို့ ပြီးစီးမှုမှာ တန်ချိန် ၂ ဒသမ ၇ သိန်းကျော်ဖြစ်ပြီး၊ ယခင်နှစ်ကာလတူ တင်ပို့နိုင်ခဲ့မှု တန်ချိန် ၁ ဒသမ ၈ သိန်းခန့်ထက် ပိုမိုတင်ပို့နိုင်တာ တွေ့ရပါတယ်။ MIRT - MAPT  

Tuesday, 23 Aug 2011

ဈေးဆက်လက်မာတဲ့ မုံရွာ V2                  သြဂုတ်လ ဒုတိယပတ် မုံရွာကုန်စည်ဒိုင် ကုလားပဲဈေးကွက်မှာ V2  ဈေးဆက် လက်မာနေပြီး ကျန်ကုလားပဲများလည်း ဈေးတန့်နေတာတွေ့ရပါတယ်။ ပြည်ပ ပို့ကုန်အတွက် မန္တလေးနဲ့ ရန်ကုန် ဝယ်လက်ပုံမှန်ဆွဲလို့ ဒီတစ်ပတ် V2 ဈေးဟာ တစ်တင်း ၂၁၁ဝဝ ကျပ်က ၂၁၃ဝဝ ကျပ်အတွင်း ဈေးမာနေခဲ့ပြီး တစ်ရက်ပျမ်းမျှ အိတ် ၁ဝဝဝ အရောင်းအဝယ် ဖြစ်နေကာ အဝယ်လိုက်တဲ့ နေ့တွေမှာ တစ်ရက် အိတ် ၆ဝဝဝ ခန့််အထိ အရောင်းအဝယ် ဖြစ်တယ်လို့ ဆိုပါတယ်။ ပြည်တွင်းနဲ့ ဒေသသုံး ကုလားပဲတွေဖြစ်ကြတဲ့ ကုလားပဲ တိုင်ပေက ဒီတစ်ပတ်အတွင်း တစ်တင်း ၁၆၇ဝဝ ကျပ်မှာ ငြိမ်နေပါတယ်။ ကုလားပဲရိုးရိုးအနေနဲ့ တစ်တင်း ၁၅၃ဝဝ ကျပ် ဝန်းကျင်နဲ့ အရောင်းအဝယ်ပုံမှန်ရှိသလို 929 ကုလားပဲကတစ်တင်း ၁၆၈ဝဝ ကျပ် မှ ၁၆၄ဝဝ ကျပ်အတွင်း ဈေးပေါက်ခဲ့ပါတယ်။ ပြည်တွင်းသုံး ကုလားပဲကတော့ ကုန်စည်ဒိုင်ဈေးကွက်မှာ တစ်ရက် အိတ် ၅ဝဝ မှ ၁ဝဝဝ ကြားနေ့စဉ် အရောင်း အဝယ်ဖြစ်ခဲ့တယ်လို့သိရပါတယ်။ စီးထွက်မှုအနေနဲ့ ယခုတစ်ပတ်အတွင်း မန္တလေး ကို တင်း ၅ဝဝဝ ကျော်နဲ့ ရန်ကုန်ကို တင်း ၉ဝဝဝ နီးပါးရှိခဲ့တယ်လို့ ဈေးကွက်က ဆိုပါတယ်။ ထွနွန်းးလှိုှုငိင် 

Tuesday, 23 Aug 2011

ကုလားပဲဖြူလုံးကြီး ဈေးငြိမ်နေသော်လည်း အရောင်းအဝယ်ပို                    ရန်ကုန်တိုင်းဒေသကြီး ဘုရင့်နောင်ကုန်စည်ဒိုင် FOB  ဈေးကွက်မှာ သြဂုတ်လ ၅ ရက်မှ ၁၁ ရက်အတွင်း အရောင်းအဝယ်စာချုပ် ချုပ်ဆိုမှုမှာ ကုလားပဲဖြူလုံးကြီး FAQ တန် ၆ဝဝဝ ကျော်ရှိခဲ့ပါတယ်။ ယခင်အပတ် ဇူလိုင်လ ၂၈ ရက်မှ သြဂုတ်လ ၄ ရက်အတွင်း အရောင်းအဝယ်စာခုျပ်နိုင်မှု တန် ၄၇ဝဝ နဲ့ နှိုင်းယှဉ်လျှင် ရောင်း ဝယ်မှု ပိုလာပါတယ်။                             ရန်ကုန် FOB ဈေးကွက်အနေနဲ့ သြဂုတ်လ ၁၁ ရက်နေ့က ကုလားပဲ ဖြူလုံးကြီး FAQ တစ်တန် ကန်ဒေါ်လာ ၁ဝဝဝ-၁ဝ၂ဝ နဲ့ ယခင်တစ်ပတ်အတိုင်း ဈေးငြိမ်နေ တာ တွေ့ရပါတယ်။ ပြည်တွင်းလက်ကျန်နည်းတာကြောင့် ပြည် တွင်း ဈေးငြိမ်ကြောင်း ဈေးကွက်က ဆိုပါတယ်။ MIRT - MAPT 

Pages