Background
ယခုအပတ် မတ်ပဲ FOB ဈေးပြန်အေး ရန်ကုန်တိုင်းဒေသကြီး ဘုရင့်နောင်ကုန်စည်ဒိုင် FOB ဈေးကွက်မှာ သြဂုတ်လ ၁၂ ရက်မှ ၁၈ ရက်အတွင်း FOB စာချုပ်ချုပ်နိုင်မှုမှာ တန် ၁၄၄ဝဝ ကျော်ဖြစ်လို့ ယခင်အပတ် သြဂုတ်လ ၅ ရက်မှ ၁၁ ရက်အတွင်း FOB စာချုပ်နိုင်မှု တန် ၁၇၂ဝဝ ကျော်ထက် လျော့ကျခဲ့ပါတယ်။ အိန္ဒိယဈေးကွက်များမှာ ဈေးအေးနေ ပြီး ဝယ်လက်များက ဈေးလျှော့အဝယ်ရှိခဲ့လို့ ပြည်တွင်းဈေးကွက်မှာလည်း ဈေး အေးရတယ်လို့ ဆိုပါတယ်။ ရန်ကုန် FOB ဈေးလျော့ကျမှုကို ယခင်အပတ်နဲ့ နှိုင်းယှဉ် ဖော်ပြလိုက်ပါတယ်။ ဒေါ်လာ/တန် မတ်ပဲ(FAQ) မတ်ပဲ(SQ)၁၈-၈-၁၁ ၇၄ဝ-၇၆ဝ ၈၃၅-၈၅၅၁၁-၈-၁၁ ၇၅၅-၇၇၅ ၈၄ဝ-၈၆ဝMIRT(MAPT)
ယခုအပတ် မတ်ပဲတင်ပို့မှု အနည်းငယ်ပြန်တက်လာ ပင်လယ်ရေကြောင်းက မတ်ပဲတင်ပို့နိုင်မှုဟာ ဇူလိုင်နောက်ဆုံးပတ်မှာ တန်ချိန် ၁၇၅ဝဝ ကျော်တင်ပို့နိုင်ခဲ့ပြီး၊ သြဂုတ်လပထမပတ်က တန်၁၃၅ဝဝကျော် တင်ပို့ ခဲ့ကာ သြဂုတ်လ ဒုတိယပတ် ၇ ရက်မှ ၁၃ရက်ထိ မတ်ပဲတန် ၁၃၈ဝဝ ကျော် တင်ပို့နိုင်ခဲ့ပါတယ်။ ယခင်တစ်ပတ်ထက် အနည်းငယ်ပို တင်ပို့နိုင်ခဲ့ပါတယ်။ လက်ရှိ၂ဝ၁၁-၂ဝ၁၂ ဘဏ္ဍာနှစ် သြဂုတ်လ ၁၂ ရက်ထိ မတ်ပဲတင်ပို့ပြီးစီးမှုကို လေ့လာကြည့်မယ်ဆိုရင် တန်ချိန် ၂ ဒသမ ၈၇ သိန်းကျော် ဖြစ်ပြီး၊ ယခင်နှစ် ကာလတူ တင်ပို့နိုင်မှု တန်ချိန် ၁ ဒသမ ၈၉ သိန်းကျော်ထက် ပိုမိုတင်ပို့နိုင်တာ တွေ့ရပါတယ်။ မတ်ပဲအရောင်းအဝယ် စာချုပ်များ ဆက်လက်ရောင်းဝယ်နေတာ ကြောင့် ရှေ့အပတ်များမှာ ဆက်လက်တင်ပို့နိုင်မယ်လို့ ခန့်မှန်းကြပါတယ်။ MIRT - MAPT
ယခုအပတ် ချင်းရွှေဟော်မှ အပို့ရှိပေမဲ့ မူဆယ်မှ တင်ပို့မှုလျော့ မြန်မာ-တရုတ်နယ်စပ်ရှိ မူဆယ်နဲ့ ချင်းရွှေဟော်နယ်စပ်များမှ ဇူလိုင်လ ၂၇ ရက်မှ သြဂုတ်လ ၂ ရက်ထိကာလအတွင်းမှာ ကန်ဒေါ်လာ ၃ ဒသမ ၇၄ သန်း တန်ဖိုးရှိ ပြောင်းဖူးစေ့ ၉၆၈၆ တန်နဲ့ နံှစားပြောင်း ၇၁ဝ တန်ခန့် အပို့ရှိခဲ့ပါတယ်။ ယခင်အပတ်က ချင်းရွှေဟော်မှ အပို့မရှိခဲ့ပေမဲ့ ယခုအပတ်မှာ ၈၅ တန် တင်ပို့နိုင်ခဲ့ ပါတယ်။ မူဆယ်နယ်စပ်မှ ပြောင်းဖူးစေ့ ၉၆ဝ၁ တန်နဲ့ နံှစားပြောင်း ၇၁ဝ တန် သာ တင်ပို့ခဲ့ပြီး ယခင် အပတ်ကထက် ပြောင်းဖူးစေ့တန်ချိန် ၂၂ဝဝဝ ကျော်နဲ့နံှစား ပြောင်းတန် ၁၅ဝဝ လျော့နည်းတင်ပို့ခဲ့ပါတယ်။ မြေပြင်ဈေးများကိုကြည့်တဲ့အခါ မိမိဘက်မှာဈေးကျနေပြီးတစ်ဘက်နိုင်ငံဈေးကတော့သိသိသာသာ ပြောင်းလဲမှု မရှိတာ တွေ့ရပါတယ်။ မိမိဘက်နဲ့ တစ်ဘက်နိုင်ငံပြောင်းဈေးများ နှိုင်းယှဉ် ဖော်ပြ ပေးလိုက်ရပါတယ် မိမိဘက်(ကျပ်/တန်) တစ်ဘက်နိုင်ငံ(ဒေါ်လာ/တန်) ယခု ယခင် ပြောင်းလဲမှု % ယခု ယခင် ပြောင်းလဲမှု %နံှစားပြောင်း ၂၁ဝ၇၇ဝ ၂၁၃ဝ၇၈ ၂၃ဝ၈ ၁ ၂၉၅ ၂၉၄ ၁ ဝ .၃ပြောင်းဖူးစေ့ ၂ဝ၅၃၆ဝ ၂၁၁၁၆၅ ၅၈ဝ၅ ၁ ၂၉၅ ၂၉၇ ၂ ဝ .၇MIRT (DOBT)
ပင်လယ်ရေကြောင်းမှ ပြောင်းတင်ပို့မှုအနည်းငယ်လျော့ ဇူလိုင်လ ၂၄ ရက်မှ ၃ဝ ရက်ထိ ကာလအတွင်းပင်လယ်ရေကြောင်းမှကန်ဒေါ်လာ ဝ ဒသမ ၈၆၂ သန်းတန်ဖိုးရှိ ပြောင်း ၂၈၆ဝ တန်တင်ပို့မှုရှိခဲ့ပါတယ်။ ယခင်အပတ်ကထက် တန်၂၅ဝ လျော့ နည်း တင်ပို့ခဲ့ပါတယ်။ ယခုအပတ်တင်ပို့ တဲ့ နိုင်ငံတွေကတော့ စင်္ကာပူ၊ အိန္ဒိယနဲ့ ဗီယက်နမ်နိုင်ငံတို့ဖြစ်ပါတယ်။ စင်္ကာပူသို့ ၂၂၈၅ တန်၊ ကန်ဒေါ်လာ ဝ ဒသမ ၆၉၅ သန်း၊ အိန္ဒိယသို့ တန် ၄၈ဝ၊ကန်ဒေါ်လာ ဝ ဒသမ ၁၃၉ သန်းနဲ့ ဗီယက်နမ်သို့ ၉၅ တန် ကန်ဒေါ်လာ ဝ ဒသမ ဝ၂၈ အသီးသီးဖြစ်ပါတယ်။ FOB (ရန်ကုန်) ဈေးနှုန်း ကတော့ တစ်တန်ကို ၂၉ဝ-၃၁ဝ ဒေါ်လာဖြစ်ပါတယ်။ နယ်စပ်မှ ယခုအပတ် ပြောင်းတန် ၁ဝ၃၉၆ တန် တင်ပို့နိုင်ခဲ့တယ်လို့သိရပါတယ်။ KZW
ငြိမ်သက်နေသည့် သဘာဝရော်ဘာဈေးကွက် ရော်ဘာအဓိကရောင်းဝယ်လျက်ရှိတဲ့ တိုကျိုကြိုပွိုင့်ရောင်းဝယ်ရေးမှာ သြဂုတ် ၂ ရက်က အမေရိကန် ဒေါ်လာနဲ့ ဂျပန် ယန်းငွေလဲလှယ်ရာမှာ ယန်းငွေတန်ဖိုးတက်မှုကြောင့် ရော်ဘာကြိုပွိုင့်ဈေးနှုန်း ကျသွားခဲ့ ကြောင်းသတင်းရရှိတယ်။ ဇန်နဝါရီလသင်္ဘောတင်မဲ့ ရော်ဘာကြိုပွိုင့်ဈေးနှုန်းက တစ်ကီလိုဂရမ်ကို သုည ဒသမ ၇ ရာခိုင်နှုန်းဈေးကျ သွားကာ ၃၈၆ ဒသမ ၉ ယန်းနဲ့ ခုျပ်ဆိုခဲ့ပါတယ်။ ဒါ့အပြင် အမေရိကန်ပြည်ထောင်စုနဲ့ အီးယူနိုင်ငံတွေရဲ့ ေြွကးမြီပြဿနာကြောင့် ကမ္ဘာလုံးဆိုင်ရာ စီးပွားရေး တိုးတက်နှုန်းက နှေးကွေးသွားနိုင်ခြေရှိမှုနဲ့ စွန့်စားမှုများနေတာတို့ကြောင့် မလေးရှား ရော်ဘာ ဈေးကွက်က အနည်းငယ် သာပြောင်းလဲလှုပ်ရှားနိုင်ကြောင်း သတင်းရရှိပါတယ်။ မလေးရှားရော်ဘာ SMR 20 ဈေးနှုန်းက တစ်တန်ကို ကန်ဒေါ်လာ ၄၇ဝ၂ ဒသမ ၃၈ နဲ့ ချုပ်ဆိုခဲ့ပြီး latex က တစ်တန်ကို ကန်ဒေါ်လာ ၃ဝ၁၅ ဒသမ ၃ နဲ့ ချုပ်ဆိုခဲ့ကြောင်း သတင်းရရှိတယ်။ ရှန်ဟိုင်းကြိုပွိုင့် ရောင်းဝယ်ရေးမှာတော့ ဇန်နဝါရီလသင်္ဘောတင်မဲ့ ရော်ဘာဈေးနှုန်းက ၂ ဒသမ ၁ ရာခိုင်နှုန်းတက်သွားခဲ့ပြီး တစ်တန်ကို ယွမ် ၃၆၁၉ဝ နဲ့ ချုပ်ဆိုခဲ့ ကြောင်း သတင်း ရရှိပါတယ်။ အေးမွန်မွန်လှိုင်၊Source:biz.thestar.com.my,rubbermarketnews.net
သီရိလင်္ကာ၌ ရော်ဘာတိုးခဲျ့ စိုက်ပျိုးမည် လောင်စာဆီကို အခြေခံတဲ့ ရော်ဘာတုဈေးနှုန်းတွေ တစ်ရှိန်ထိုးတက်လာတာကြောင့် သဘာဝရော်ဘာရဲ့အလားအလာ က တောက်ပလာခဲ့ပါတယ်။ ဒါ့ကြောင့် သီရိလင်္ကာနိုင်ငံအနေနဲ့ ဟိုနာရာဂလာဒေသမှာ ရော်ဘာစိုက်ဧရိယာဟက်တာ ၅ဝဝဝ တိုးခဲျ့ စိုက်ပျိုးမယ်လို့ စက်မှုစိုက်ပျိုးရေးဝန်ကြီးက မကြာသေးမီက ကြေညာခဲ့ပါတယ်။ (၉၂) ကြိမ်မြောက် ကိုလံဘို ရော်ဘာ အသင်းရဲ့ နှစ်ပတ်လည်အစည်းအဝေးမှာ သဘာဝ ရော်ဘာဝယ်လိုအားတွေကြောင့် ဟက်တာ ၁၁ သောင်းလောက် တိုးခဲျ့ဖို့ရှိကြောင်းလည်း အသင်းရဲ့အကြီးအကဲက ပြောကြားခဲ့ပါတယ်။ ယခုလက်ရှိ မြေယာသဘောတူညီချက်က ၃၅ နှစ်သက်တမ်းရှိ မှာဖြစ်ပြီး ပြည်သူတွေ အတွက် ဒီစိုက်ပျိုးရေးလုပ်ငန်းက အကိုျးရှိ၊မရှိနဲ့ စဉ်ဆက်မပြတ်ဆောင်ရွက်နိုင်မှု ရှိ၊ မရှိဆိုတဲ့ မေးခွန်းကို ဝန်ကြီးကမေးမြန်းခဲ့ ပါတယ်။ ဒီကဏ္ဍဖွံ့ဖြိုးတိုးတက်ဖို့အတွက် လုပ်ငန်းငယ်တွေက အဓိကဖြစ်ပြီး အရေးပါတဲ့ စီးပွားဘက်တွေ ဖြစ်ကြောင်းလည်း၎င်း ကပြောကြားခဲ့ပါတယ်။ ဒီဒေသမှာ တန်ဖိုးမြှင့်ထုတ်ကုန်တင်ပို့မှု ဒေါ်လာ ၅၇၆ဝဝဝ ခန့်ရှိပြီး ၂ဝ၁ဝ မှာသိသိသာသာတိုးတက် ခဲ့ပါတယ်။ ရော်ဘာစိုက်ပျိုးရေးအတွက် ဓာတ်မြေသြဇာ ကုန်ကျငွေ သီရိလင်္ကာ ရူပီး ၁.၅ ဘီလီယံလိုအပ်ကြောင်းလည်းသိရပါတယ်။ စိုက်ပျိုးရေးကုမ္ပဏီတွေကိုလည်း ပံ့ပိုးမှုတွေ တိုးမြှင့်ပေးသွားြင်္ပီး ထုတ်လုပ် မှု တိုးတက်ဖို့ ဆောင်ရွက်မယ်လို့သိရပါတယ်။ စိုက်ပျိုးသူတွေနဲ့ စိုက်ပျိုးရေးကုမ္ပဏီတွေအနေနဲ့ ဝင်ငွေကောင်းမှာ ဖြစ်ကြောင်း ကိုလံဘိုရော်ဘာအသင်းရဲ့ ဥက္ကဌက ပြောကြားခဲ့ပါ တယ်။ ထုတ်လုပ်မှုကို ၁၂ ရာခိုင်နှုန်းတိုးမြှင့်ပြီး စိုက်ပျိုးသူ ၁၂၅ဝဝဝ လောက်ပါဝင်တဲ့ လုပ်ငန်းငယ်တွေက စဉ်ဆက်မပြတ် ထုတ်လုပ်မှုမြှင့်တင်ပြီး နှစ်စဉ် (၁၅၃ဝဝဝ) တန်လောက်ထွက်ရှိကြောင်းသိရပါတယ်။ ရော်ဘာတင်ပို့မှုမှလည်း ရော်ဘာစေး အပြင် တန်ဖိုးမြှင့်ထုတ်ကုန်တွေကို တိုးမြှင့်တင်ပို့ဖို့ရည်ရွယ်ထားကြောင်း သတင်းရရှိပါတယ်။ MIRT (DOBT)
ယခုအပတ် မူဆယ်နယ်စပ်အပို့လျော့ ချင်းရွှေဟော်မှပို မူဆယ် ၁ဝ၅ မိုင် ကုန်သွယ်ရေးဇုန်နဲ့ ချင်းရွှေဟော်နယ်စပ်များမှ တစ်ဘက်နိုင်ငံသို့ ဇူလိုင်လ ၂၇ ရက်မှ သြဂုတ်လ ၂ ရက်ထိကာလအတွင်း ကန်ဒေါ်လာ ၂ ဒသမ ဝ၂၈ သန်းတန်ဖိုးရှိရော်ဘာအဆင့်စုံ ၄၄၈ တန်ကျော် အပို့ရှိခဲ့ပါတယ်။ ယခင်အပတ်က ၁၃၃၅ တန်ကျော် အပို့ရှိခဲ့တာမို့ ယခုအပတ်မှာ ၈၈၇ တန်လျော့နည်းတင်ပို့ခဲ့ပါတယ်။ ချင်းရွှေဟော်နယ်စပ်မှ RSS-1 တန် ၂ဝ ၊ RSS-3 ၁၅၃ ဒသမ ၅၄ တန်၊ မူဆယ်နယ်စပ်မှ RSS-1 တန် ၂ဝ၊RSS-3 ၁၇၈ တန်၊MSR- 20 ၉၇ တန်အသီးသီးတင်ပို့ခဲ့တာ ဖြစ်ပါတယ်။ ယခင်အပတ်က ချင်းရွှေဟော်မှRSS-3 တန် ၂ဝ သာ တင်ပို့နိုင်ခဲ့သော်လည်း ယခုအပတ်မှာRSS-3 ၁၅၃ တန်ကျော်အပြင် RSS-1 လည်းအပို့ရှိခဲ့တဲ့ အတွက် တင်ပို့မှုပိုမိုခဲ့သော်လည်း မူဆယ်နယ်စပ် အနေနဲ့ RSS-3 ၊MSR- 20 တို့သာ အပို့ရှိပြီး တင်ပို့မှု ပမာဏမှာလျော့နည်းခဲ့ပါတယ်။ မိမိဘက်နဲ့ တစ်ဘက်နိုင်ငံ ရော်ဘာဈေးများကို နှိုင်းယှဉ် ဖော်ပြပေးလိုက်ရပါတယ်- မိမိဘက်(ကျပ်/တန်) တစ်ဘက်နိုင်ငံ(ဒေါ်လာ/တန်) ယခု ယခင် ပြောင်းလဲမှု % ယခု ယခင် ပြောင်းလဲမှု %RSS-3 ၃၄၁၁၈၉၃ ၃၄ဝ၇၆၆၁ ၄၂၃၂ ဝ .၁ ၄၅၇၆ ၄၄ဝ၉ ၁၆၇ ၃RSS-5 ၃၂၉၄၄ဝ၅ ၃၂၉ဝ၁၃၁ ၄၂၇၄ ဝ .၁ ၄၄၂၁ ၄၃၃၂ ၈၉ ၂ မိမိနိုင်ငံမှာရော တစ်ဘက်နိုင်ငံမှာပါ ရော်ဘာဈေး အနည်းငယ်မြင့်တက်လျက် ရှိပါတယ်။ MIRT (DOBT)
ပင်လယ်ရေကြောင်းမှ ရော်ဘာတင်ပို့မှု ဇူလိုင်လ ၂၄ ရက်မှ ၃ဝ ရက် ထိကာလအတွင်း ပင်လယ်ရေကြောင်းမှ ကန်ဒေါ်လာ ၂ ဒသမ ၆၄၆ သန်းတန်ဖိုးရှိ ရော်ဘာ ၆၁၃ တန်တင်ပို့မှုရှိခဲ့ပါတယ်။ ယခင်အပတ်ကထက် ၂၅၂ တန်တင်ပို့မှုပိုမိုခဲ့ပါ တယ်။ စင်္ကာပူသို့ MSR-20 ၄ဝ၃ တန်နဲ့မလေးရှားသို့RSS-5 တန် ၂၁ဝ တင်ပို့ခဲ့တာဖြစ်ပါတယ်။ FOB (ရန်ကုန်) ဈေးနှုန်းကတော့ RSS-3 နဲ့ MSR-20 တစ်တန်ကို ဒေါ်လာ ၄၅ဝဝ-၄၆ဝဝ ဖြစ်ပါတယ်။ ယခုအပတ် နယ်စပ်မှ ရော်ဘာအဆင့်စုံ ၄၄၈ တန်ကျော် တင်ပို့နိုင်ခဲ့တယ် လို့သိရပါတယ်။ ုKZW
ဝယ်လက်ကိုမျှော်တဲ့ ရှမ်းနနွင်း ရှမ်းနနွင်းကလည်း ဈေးထပ်ကျနေပါတယ်။ နနွင်းက ဝယ်လက်ကိုမျှော်နေကြပေမဲ့ ဒီနှစ်ကတော့ မိုးကောင်းလိုက်၊ သယ်ယူခတွေဈေးမြင့်လိုက်၊ နနွင်းအရည်အသွေးကလည်း အညံ့စတွေသာ များနေတာကြောင့် ရှမ်းနနွင်းက အခုအချိန်ထိ အဝယ်မလိုက်ခဲ့ပါဘူး၊ ပြီးခဲ့တဲ့ လကသာ တရုတ်ဝယ်လက်တွေ နနွင်းခေါင်းကို ဝယ်ယူတာလောက်သာ အရောင်းသွက်ခဲ့ပြီး ကျန်တာကတော့ ပြည်တွင်းအရောင်းလောက်သာ ရှိခဲ့ပါတယ်။ ဒါပေမဲ့ နှစ်ရှည်အထားခံတဲ့ သီးနံှဖြစ်တာကြောင့် ပိုးမွှား အန္တရာယ်ကာကွယ်ဖို့အတွက် ဆေးအုပ်ပြီးထားရင် ၅ နှစ်လောက်တော့ အထားခံတယ်လို့လည်း သိရပါတယ်။ အချို့ လှောင်လက်တွေကတော့ အသားတင် (အလေးချိန်) ချိန်တော့ နူးအောင်မပြုတ်ပဲထားရင်တော့ အဲဒီနှစ်လောက်ထိ မခံပါဘူး။ ရှမ်းပြည်နယ်တောင်ပိုင်းမှာ နနွင်းတို့ ဒီနှစ်လည်း ပုံမှန်သာပြန်စိုက်ပါတယ်။ ဒီနှစ်စပိုင်းမှာ နနွင်းက တွက်ခြေမကိုက်လို့ အထွက်နှုန်းများတဲ့ ဂမုန်းဥ တွေစိုက်ပေမဲ့ ဂမုန်းဥတွေလည်း ဈေးပျက်သွားတာကြောင့် အစိုက်ရပ်ပြီး နနွင်းကိုသာ ပုံမှန်ပြန်စိုက်ကြတယ်လို့ ဟိုပုံးမြို့နယ်က တောင်သူများထံမှ သိရပါတယ်။ ဒီတစ်ပတ်နနွင်းဈေးကတော့ အောင်ပန်းဈေးကွက်မှာ တစ်ပိဿာ ၇ဝဝ ကျပ်မှ ၁၃ဝဝ ကျပ်အထိရှိပါတယ်။ တောင်ကြီးဈေးကွက်မှာတော့ ဟိုပုံးနနွင်း တစ်ပိဿာ ၁၄ဝဝ ကျပ် ရှိတယ်လို့ တောင်ကြီးကုန်စည်ဒိုင်က သိရှိရပါတယ်။ ဧဧခိုင်
မူဆယ်မှ ယခုအပတ် နနွင်းတက်တင်ပို့မှု လျော့ကျ မြန်မာ-တရုတ်နယ်စပ်ရှိ မူဆယ် ၁ဝ၅ မိုင်မှ ဇူလိုင်လ ၂၇ ရက်မှ သြဂုတ်လ ၂ ရက်ထိကာလအတွင်း ကန်ဒေါ်လာ ဝ ဒသမ ၁၃၈ သန်းတန်ဖိုးရှိ ဂျင်းတက် (ရှမ်းစ) ၈၇ တန်ခန့် အပို့ရှိခဲ့ပါတယ်။ ယခင်အပတ်ကထက် တန် ၁၉ဝ ခန့် တင်ပို့မှု လျော့နည်းခဲ့ပါတယ်။ ဇူလိုင်လတစ်လလုံး နယ်စပ်မှ နနွင်းတက် ၆၃၈ တန် တင်ပို့နိုင်ခဲ့ပြီး ယမန်နှစ်ကာလတူမှာ ၁ဝ၅ တန်ခန့်သာ နယ်စပ်မှ အပို့ရှိခဲ့တဲ့အတွက် ယခုနှစ်မှာ တင်ပို့မှု တန် ၅၃ဝ ကျော်ပိုမိုခဲ့ပါတယ်။ ဧပြီလမှ ဇူလိုင်လအထိ ယခုနှစ်အပို့မှာ ၂၁၁ဝ တန် ရှိပြီး ယခင်နှစ်ကာလ တူထက်၁၂၈၅ တန်ပိုမိုတင်ပို့နိုင်တာတွေ့ရပါတယ်။ MIRT (DOBT)