Main menu

Background

Tuesday, 9 Aug 2011

သီရိလင်္ကာ၌ ရော်ဘာတိုးခဲျ့ စိုက်ပျိုးမည်            လောင်စာဆီကို အခြေခံတဲ့ ရော်ဘာတုဈေးနှုန်းတွေ တစ်ရှိန်ထိုးတက်လာတာကြောင့် သဘာဝရော်ဘာရဲ့အလားအလာ က တောက်ပလာခဲ့ပါတယ်။ ဒါ့ကြောင့် သီရိလင်္ကာနိုင်ငံအနေနဲ့ ဟိုနာရာဂလာဒေသမှာ ရော်ဘာစိုက်ဧရိယာဟက်တာ ၅ဝဝဝ တိုးခဲျ့ စိုက်ပျိုးမယ်လို့ စက်မှုစိုက်ပျိုးရေးဝန်ကြီးက မကြာသေးမီက ကြေညာခဲ့ပါတယ်။ (၉၂) ကြိမ်မြောက် ကိုလံဘို ရော်ဘာ အသင်းရဲ့ နှစ်ပတ်လည်အစည်းအဝေးမှာ သဘာဝ ရော်ဘာဝယ်လိုအားတွေကြောင့် ဟက်တာ ၁၁ သောင်းလောက် တိုးခဲျ့ဖို့ရှိကြောင်းလည်း အသင်းရဲ့အကြီးအကဲက ပြောကြားခဲ့ပါတယ်။ ယခုလက်ရှိ မြေယာသဘောတူညီချက်က ၃၅ နှစ်သက်တမ်းရှိ မှာဖြစ်ပြီး ပြည်သူတွေ အတွက် ဒီစိုက်ပျိုးရေးလုပ်ငန်းက အကိုျးရှိ၊မရှိနဲ့ စဉ်ဆက်မပြတ်ဆောင်ရွက်နိုင်မှု ရှိ၊ မရှိဆိုတဲ့ မေးခွန်းကို ဝန်ကြီးကမေးမြန်းခဲ့ ပါတယ်။ ဒီကဏ္ဍဖွံ့ဖြိုးတိုးတက်ဖို့အတွက် လုပ်ငန်းငယ်တွေက အဓိကဖြစ်ပြီး အရေးပါတဲ့ စီးပွားဘက်တွေ ဖြစ်ကြောင်းလည်း၎င်း ကပြောကြားခဲ့ပါတယ်။ ဒီဒေသမှာ တန်ဖိုးမြှင့်ထုတ်ကုန်တင်ပို့မှု ဒေါ်လာ ၅၇၆ဝဝဝ ခန့်ရှိပြီး ၂ဝ၁ဝ မှာသိသိသာသာတိုးတက် ခဲ့ပါတယ်။ ရော်ဘာစိုက်ပျိုးရေးအတွက် ဓာတ်မြေသြဇာ ကုန်ကျငွေ သီရိလင်္ကာ ရူပီး ၁.၅ ဘီလီယံလိုအပ်ကြောင်းလည်းသိရပါတယ်။ စိုက်ပျိုးရေးကုမ္ပဏီတွေကိုလည်း ပံ့ပိုးမှုတွေ တိုးမြှင့်ပေးသွားြင်္ပီး ထုတ်လုပ် မှု တိုးတက်ဖို့ ဆောင်ရွက်မယ်လို့သိရပါတယ်။ စိုက်ပျိုးသူတွေနဲ့ စိုက်ပျိုးရေးကုမ္ပဏီတွေအနေနဲ့ ဝင်ငွေကောင်းမှာ ဖြစ်ကြောင်း ကိုလံဘိုရော်ဘာအသင်းရဲ့ ဥက္ကဌက ပြောကြားခဲ့ပါ တယ်။             ထုတ်လုပ်မှုကို ၁၂ ရာခိုင်နှုန်းတိုးမြှင့်ပြီး စိုက်ပျိုးသူ ၁၂၅ဝဝဝ လောက်ပါဝင်တဲ့ လုပ်ငန်းငယ်တွေက စဉ်ဆက်မပြတ် ထုတ်လုပ်မှုမြှင့်တင်ပြီး နှစ်စဉ် (၁၅၃ဝဝဝ) တန်လောက်ထွက်ရှိကြောင်းသိရပါတယ်။ ရော်ဘာတင်ပို့မှုမှလည်း ရော်ဘာစေး အပြင် တန်ဖိုးမြှင့်ထုတ်ကုန်တွေကို တိုးမြှင့်တင်ပို့ဖို့ရည်ရွယ်ထားကြောင်း သတင်းရရှိပါတယ်။ MIRT (DOBT) 

Tuesday, 9 Aug 2011

ယခုအပတ် မူဆယ်နယ်စပ်အပို့လျော့ ချင်းရွှေဟော်မှပို                    မူဆယ် ၁ဝ၅ မိုင် ကုန်သွယ်ရေးဇုန်နဲ့ ချင်းရွှေဟော်နယ်စပ်များမှ တစ်ဘက်နိုင်ငံသို့ ဇူလိုင်လ ၂၇ ရက်မှ သြဂုတ်လ ၂ ရက်ထိကာလအတွင်း ကန်ဒေါ်လာ ၂ ဒသမ ဝ၂၈ သန်းတန်ဖိုးရှိရော်ဘာအဆင့်စုံ ၄၄၈ တန်ကျော် အပို့ရှိခဲ့ပါတယ်။ ယခင်အပတ်က ၁၃၃၅ တန်ကျော် အပို့ရှိခဲ့တာမို့ ယခုအပတ်မှာ ၈၈၇ တန်လျော့နည်းတင်ပို့ခဲ့ပါတယ်။ ချင်းရွှေဟော်နယ်စပ်မှ RSS-1 တန် ၂ဝ ၊ RSS-3 ၁၅၃ ဒသမ ၅၄ တန်၊ မူဆယ်နယ်စပ်မှ RSS-1 တန် ၂ဝ၊RSS-3 ၁၇၈ တန်၊MSR- 20  ၉၇ တန်အသီးသီးတင်ပို့ခဲ့တာ ဖြစ်ပါတယ်။ ယခင်အပတ်က ချင်းရွှေဟော်မှRSS-3  တန် ၂ဝ သာ တင်ပို့နိုင်ခဲ့သော်လည်း ယခုအပတ်မှာRSS-3 ၁၅၃ တန်ကျော်အပြင် RSS-1 လည်းအပို့ရှိခဲ့တဲ့ အတွက် တင်ပို့မှုပိုမိုခဲ့သော်လည်း မူဆယ်နယ်စပ် အနေနဲ့ RSS-3 ၊MSR- 20  တို့သာ အပို့ရှိပြီး တင်ပို့မှု ပမာဏမှာလျော့နည်းခဲ့ပါတယ်။ မိမိဘက်နဲ့ တစ်ဘက်နိုင်ငံ ရော်ဘာဈေးများကို နှိုင်းယှဉ် ဖော်ပြပေးလိုက်ရပါတယ်-         မိမိဘက်(ကျပ်/တန်) တစ်ဘက်နိုင်ငံ(ဒေါ်လာ/တန်)                    ယခု         ယခင်     ပြောင်းလဲမှု     %       ယခု      ယခင်    ပြောင်းလဲမှု    %RSS-3    ၃၄၁၁၈၉၃    ၃၄ဝ၇၆၆၁     ၄၂၃၂       ဝ .၁     ၄၅၇၆    ၄၄ဝ၉       ၁၆၇         ၃RSS-5    ၃၂၉၄၄ဝ၅    ၃၂၉ဝ၁၃၁     ၄၂၇၄       ဝ .၁     ၄၄၂၁    ၄၃၃၂        ၈၉          ၂             မိမိနိုင်ငံမှာရော တစ်ဘက်နိုင်ငံမှာပါ ရော်ဘာဈေး အနည်းငယ်မြင့်တက်လျက် ရှိပါတယ်။ MIRT (DOBT) 

Tuesday, 9 Aug 2011

ပင်လယ်ရေကြောင်းမှ ရော်ဘာတင်ပို့မှု                ဇူလိုင်လ ၂၄ ရက်မှ ၃ဝ ရက် ထိကာလအတွင်း ပင်လယ်ရေကြောင်းမှ ကန်ဒေါ်လာ ၂ ဒသမ ၆၄၆ သန်းတန်ဖိုးရှိ ရော်ဘာ ၆၁၃ တန်တင်ပို့မှုရှိခဲ့ပါတယ်။ ယခင်အပတ်ကထက် ၂၅၂ တန်တင်ပို့မှုပိုမိုခဲ့ပါ တယ်။ စင်္ကာပူသို့ MSR-20  ၄ဝ၃ တန်နဲ့မလေးရှားသို့RSS-5 တန် ၂၁ဝ တင်ပို့ခဲ့တာဖြစ်ပါတယ်။ FOB (ရန်ကုန်) ဈေးနှုန်းကတော့ RSS-3 နဲ့ MSR-20  တစ်တန်ကို ဒေါ်လာ ၄၅ဝဝ-၄၆ဝဝ ဖြစ်ပါတယ်။ ယခုအပတ် နယ်စပ်မှ ရော်ဘာအဆင့်စုံ ၄၄၈ တန်ကျော် တင်ပို့နိုင်ခဲ့တယ် လို့သိရပါတယ်။                ုKZW  

Sunday, 7 Aug 2011

ဝယ်လက်ကိုမျှော်တဲ့ ရှမ်းနနွင်း            ရှမ်းနနွင်းကလည်း ဈေးထပ်ကျနေပါတယ်။ နနွင်းက ဝယ်လက်ကိုမျှော်နေကြပေမဲ့ ဒီနှစ်ကတော့ မိုးကောင်းလိုက်၊ သယ်ယူခတွေဈေးမြင့်လိုက်၊ နနွင်းအရည်အသွေးကလည်း အညံ့စတွေသာ များနေတာကြောင့် ရှမ်းနနွင်းက အခုအချိန်ထိ အဝယ်မလိုက်ခဲ့ပါဘူး၊ ပြီးခဲ့တဲ့ လကသာ တရုတ်ဝယ်လက်တွေ နနွင်းခေါင်းကို ဝယ်ယူတာလောက်သာ အရောင်းသွက်ခဲ့ပြီး ကျန်တာကတော့ ပြည်တွင်းအရောင်းလောက်သာ ရှိခဲ့ပါတယ်။ ဒါပေမဲ့ နှစ်ရှည်အထားခံတဲ့ သီးနံှဖြစ်တာကြောင့် ပိုးမွှား အန္တရာယ်ကာကွယ်ဖို့အတွက် ဆေးအုပ်ပြီးထားရင် ၅ နှစ်လောက်တော့ အထားခံတယ်လို့လည်း သိရပါတယ်။ အချို့ လှောင်လက်တွေကတော့ အသားတင် (အလေးချိန်) ချိန်တော့ နူးအောင်မပြုတ်ပဲထားရင်တော့ အဲဒီနှစ်လောက်ထိ မခံပါဘူး။          ရှမ်းပြည်နယ်တောင်ပိုင်းမှာ နနွင်းတို့ ဒီနှစ်လည်း ပုံမှန်သာပြန်စိုက်ပါတယ်။ ဒီနှစ်စပိုင်းမှာ နနွင်းက တွက်ခြေမကိုက်လို့ အထွက်နှုန်းများတဲ့ ဂမုန်းဥ တွေစိုက်ပေမဲ့ ဂမုန်းဥတွေလည်း ဈေးပျက်သွားတာကြောင့် အစိုက်ရပ်ပြီး နနွင်းကိုသာ ပုံမှန်ပြန်စိုက်ကြတယ်လို့ ဟိုပုံးမြို့နယ်က တောင်သူများထံမှ သိရပါတယ်။ ဒီတစ်ပတ်နနွင်းဈေးကတော့ အောင်ပန်းဈေးကွက်မှာ တစ်ပိဿာ ၇ဝဝ ကျပ်မှ ၁၃ဝဝ ကျပ်အထိရှိပါတယ်။ တောင်ကြီးဈေးကွက်မှာတော့ ဟိုပုံးနနွင်း တစ်ပိဿာ ၁၄ဝဝ ကျပ် ရှိတယ်လို့ တောင်ကြီးကုန်စည်ဒိုင်က သိရှိရပါတယ်။ ဧဧခိုင် 

Sunday, 7 Aug 2011

မူဆယ်မှ ယခုအပတ် နနွင်းတက်တင်ပို့မှု လျော့ကျ               မြန်မာ-တရုတ်နယ်စပ်ရှိ မူဆယ် ၁ဝ၅ မိုင်မှ ဇူလိုင်လ ၂၇ ရက်မှ သြဂုတ်လ ၂ ရက်ထိကာလအတွင်း ကန်ဒေါ်လာ ဝ ဒသမ ၁၃၈ သန်းတန်ဖိုးရှိ ဂျင်းတက် (ရှမ်းစ) ၈၇ တန်ခန့် အပို့ရှိခဲ့ပါတယ်။ ယခင်အပတ်ကထက် တန် ၁၉ဝ ခန့် တင်ပို့မှု လျော့နည်းခဲ့ပါတယ်။ ဇူလိုင်လတစ်လလုံး နယ်စပ်မှ နနွင်းတက် ၆၃၈ တန် တင်ပို့နိုင်ခဲ့ပြီး ယမန်နှစ်ကာလတူမှာ ၁ဝ၅ တန်ခန့်သာ နယ်စပ်မှ အပို့ရှိခဲ့တဲ့အတွက် ယခုနှစ်မှာ တင်ပို့မှု တန် ၅၃ဝ ကျော်ပိုမိုခဲ့ပါတယ်။ ဧပြီလမှ ဇူလိုင်လအထိ ယခုနှစ်အပို့မှာ ၂၁၁ဝ တန် ရှိပြီး ယခင်နှစ်ကာလ တူထက်၁၂၈၅ တန်ပိုမိုတင်ပို့နိုင်တာတွေ့ရပါတယ်။ MIRT (DOBT) 

Sunday, 7 Aug 2011

ရာသီဥတုကြောင့် အဝယ်အေးတဲ့ ရှမ်းချင်းဈေးကွက်              ရှမ်းချင်းဈေးက ဒီတစ်ပတ်မှာ ဈေးအနည်းငယ်ပြန်ကျလာပါတယ်။ တောင် ကုတ်လမ်းမှာ ရေကြီးနေတာကြောင့် စစ်တွေဝယ်လက်တွေကလည်း အဝယ်ရပ် သွားတာကြောင့် ဈေးကျလာတယ်လို့ သိရပါတယ်။ ရှမ်းပြည်နယ်တောင်ပိုင်းမှာ ဒီနှစ်ချင်းအစိုက်နည်းတယ်လို့လည်း သိရပါတယ်။ မနှစ်က ချင်းစိုက်ချိန်မှာ ရာသီဥတု ပူပြင်းခဲ့တာကြောင့် အထွက်နှုန်းနည်းခဲ့ပါတယ်။ ယခင်နှစ်တွေကတော့ ချင်းပိဿာချိန် ၁ဝဝဝ စိုက်ရင် အထွက်နှုန်းက ၆ဝဝဝ ထွက်ပေမဲ့၊ ဒီနှစ်က ချင်းပိဿာချိန် ၁ဝဝဝ စိုက်ရင် ၁ဝဝဝ သာပြန်ထွက်ပြီး အများဆုံးက ၃ဝဝဝ သာထွက် ပါတယ်။ ဒါကြောင့် မျိုးရရှိမှုကနည်းလို့ အစိုက်လည်း နည်းတယ်လို့ သိရပါတယ်။ အစိုက်လည်းနည်းတာကြောင့် အထွက်နှုန်းကလည်း နည်းနိုင်တာ ကြောင့် နောက်တရာသီဆိုရင် ချင်းဈေးက ဒီထက်ပိုတက်နိုင်တယ်လို့ ခန့်မှန်းနေ ကြပါတယ်။ ဒီတစ်ပတ်ဈေးတွေကတော့ ဟိုပုံးဈေးကွက်မှာ ချင်းစို ဈေးက တစ်ပိဿာ ၂၅ဝ ကျပ်မှ ၂၇ဝ ကျပ်နဲ့ ချင်းခြောက်က တစ်ပိဿာ ၁၇ဝဝ ကျပ်- ၁၈ဝဝ ကျပ်ဈေးရှိပါတယ်။ အောင်ပန်းဈေးကွက်မှာတော့ ချင်းစိုတစ်ပိဿာ ၃ဝဝ ကျပ်မှ ၃၃ဝ ကျပ်နဲ့ ချင်းခြောက်ကတော့ တစ်ပိဿာ ၁၈ဝဝ ကျပ်-၂ဝဝဝ ကျပ်ဈေး ရှိပါတယ်။ ဧဧခိုင် 

Sunday, 7 Aug 2011

ချင်း (ဥမ) များသာ အရောင်းအဝယ်ရှိ                 ယခုတစ်ပတ် ပြည်ဈေးကွက်အတွင်း၌ ချင်းတက်များ ပစ္စည်းလက်ကျန် ပြတ်လျက်ရှိပြီး ချင်း (ဥမ) များသာ အရောင်းအဝယ်ဖြစ်လျက်ရှိနေပါတယ်။ စီးဝင်မှု အနေနဲ့ အောင်ပန်း၊ တောင်ကြီးဘက်မှ ချင်း (ဥမ) များ ပိဿာ ၃ဝ ဝင်အိတ် ၂၅ဝ ခန့် အဝင်ရှိပြီး အခြားတိုင်းဒေသကြီးဖြစ်သော ဧရာဝတီနဲ့ ရခိုင်ဘက်သို့ ပိဿာချိန် ၂ဝဝဝ ခန့်ကို ဈေးကွက်မှတစ်ဆင့် တင်ပို့ခဲ့ကြောင်း သိရပါတယ်။ ဈေးကွက်အတွင်းရှိ ပွဲရုံများ၌ တစ်ရက်ကို ပိဿာချိန် ၈၅ဝ ခန့်နဲ့ ပုံမှန်အရောင်း အဝယ်ဖြစ်လျက် ဈေးနှုန်းမှာ တစ်ပိဿာကို ချင်းဥမ (ရှယ်)၈ဝဝကျပ်၊ (ဂျွန်) ၅၅ဝ ကျပ်-၆၅ဝကျပ်တို့နဲ့ ရောင်းဝယ်လျက်ရှိပြီး ဈေးငြိမ်နေတာတွေ့ရပါတယ်။ ဝင်းလဲ့ဝါ 

Sunday, 7 Aug 2011

ဒီတစ်ပတ် ချင်းအပို့မရှိ                ဇူလိုင်လနောက်ဆုံးပတ်ကာလမှာ ချင်းတင်ပို့မှုမရှိခဲ့ပါဘူး။ ဇူလိုင်လထဲမှာ ပထမပတ်နဲ့ တတိယပတ်တွေမှာ ချင်းတင်ပို့မှုရှိခဲ့ပြီး ဒုတိယပတ်နဲ့ နောက်ဆုံးပတ် မှာတော့ ချင်းတင်ပို့မှုမရှိခဲ့ပါဘူး။ ဇူလိုင်လမှာ စုစုပေါင်း ချင်းတင်ပို့မှုမှာ တန်ချိန် ၆၄ ဒသမ ၅ တန်ရှိခဲ့ပြီး ဇွန်လမှာ ၁၂ ဒသမ ၅ တန်ရှိခဲ့တာကြောင့် ဇူလိုင်လမှာ ဇွန်လထက် တန်ချိန် ငါးဆယ်ကျော်လောက် ပိုမိုတင်ပို့နိုင်တာတွေ့ရပါတယ်။          MIRT (DOT) 

Sunday, 7 Aug 2011

အသွင်ထူးတဲ့ V2                  V2 က ယခုနှစ်မှာ ထိပ်ဆုံးကိုတက်လှမ်းနိုင်ခဲ့ပါပြီ။ အရောင်းအဝယ်ကောင်းတာရော၊ ဈေးရတာရော ကောင်း ခဲ့ပါတယ်။ ယခုတစ်ပတ်ထဲမှာ ပဲတီစိမ်း၊ ပဲစင်းငုံစတဲ့ပဲတွေ အားလုံးထက် V2  က အရောင်းအဝယ်ဖြစ်ခဲ့ပါတယ်။ မန္တလေးမှာ ကုလားပဲခွဲခြမ်းစက်တွေလည်း အဝယ်ဖြစ်ကြပါတယ်။ V2  က မန္တလေး ကထိန်တော်အသင်းမှာ ယခင် တစ်ပတ်က တစ်ပိဿာကို ၁၁၁၈ ကျပ်ဈေးရှိပြီး၊ ယခုဈေးက ၁၁၄၄ ကျပ်ဖြစ်ပါတယ်။ အရောင်းအဝယ်လည်းမှန်မှန်ရှိပြီး ဒီတစ်ပတ်ထဲမှာ အိတ် ၃ဝဝဝ ကျော်လောက် အရောင်း အဝယ် ဖြစ်တယ်လို့သိရပါတယ်။ V2 က V7 ထက် စိုက်ရက် တိုလို့ တောင်သူကကြိုက်ပါတယ်။ ခွဲစက်သမားကလည်း ပဲခွဲရတာလွယ်ကူလို့ကြိုက်ပါတယ်။ ဒါကြောင့်မန္တလေး တစ်ဝိုက်မှာတော့ V2  ကိုသာအစိုက်များပြီး အလုံးဆိုဒ် ကလည်း မုံရွာ V2  ထက်ကောင်းသေးလို့ သေချာသန့်ပြီးစိုက် ရင် အလုံးလှပြီး ဈေးကောင်းရနိုင်တယ်လို့ ဆိုကြပါတယ်။                    ယခုနှစ်ဆောင်းမှာတော့ V2 နဲ့ ရေဆင်း-၆ ခေါ် 929 အဝါမျိုးကိုစိုက်ကြဖို့ ရှိပါတယ်။ သက်သက်နိုင်

Sunday, 7 Aug 2011

ပြည်ဘိုကိတ်အရည်အသွေးညံ့လို့ ဈေးကျ             ပြည်ဈေးကွက်တွင် ဘိုကိတ်ပဲမှာ အခြားတိုင်းများနှင့် တိုင်းအတွင်းရှိ မြို့နယ်များမှ အဝင်မရှိသလောက် ဖြစ်နေပြီလို့ သိရပါတယ်။ ဈေးနှုန်းအနေနဲ့ကတော့ ဘိုကိတ်အရောင်ပျက်ပဲများမှာ တစ်တင်းကို ၇ဝဝဝ ကျပ်ထိ ဈေးကျခဲ့ပြီး အရည် အသွေးကောင်းပြီး၊ အရောက်တောက်သည့်ပဲများကိုတော့ တစ်တင်း ၁၁ဝဝဝ ကျပ်ထိ ဈေးပေးတယ်လို့ သိရပါတယ်။ ယခု တစ်ပတ်မှာလည်း လက်လီသမားများသာ ဆက်လက်အဝယ်ရှိနေပြီး တစ်ရက်ကို ၁ဝ အိတ်မှ ၁၅ အိတ်ထိ အရောင်း အဝယ်ဖြစ်တယ်လို့ သိရပါတယ်။            ဆုမွန်ဆွေ

Pages