Main menu

Background

Tuesday, 26 Jul 2011

ပဲလွန်းဖြူ ပြည်ပတင်ပို့မှု တန် ၁၅ဝ သာရှိ                 ဇူလိုင်လ ၁ဝ ရက်မှ ၁၆ ရက်ထိ တစ်ပတ်အတွင်း ပင်လယ်ရေကြောင်း က ပဲလွန်းဖြူတင်ပို့မှုဟာ တန်ချိန် ၁၅ဝ ခန့်သာရှိတာ တွေ့ရပါတယ်။ ယခင် သီတင်းပတ်များက တန်ချိန် ၄ဝဝ မှ ၁ဝဝဝ အတွင်း တင်ပို့မှုရှိခဲ့ရာမှ ယခု တစ်ပတ်မှ သိသိသာသာလျော့ကျ တင်ပို့ခဲ့တာ တွေ့ရပါတယ်။ ပြည်တွင်းလက် ကျန် လျော့နည်းလာတဲ့အတွက် ပြည်ပ အဝယ်ရှိသလောက် တင်ပို့နိုင်ခြင်း မရှိတော့ကြောင်း သိရပါတယ်။ ယခု တစ်ပတ်တင်ပို့တဲ့ နိုင်ငံများကတော့ စင်ကာပူ၊ အိန္ဒိယနဲ့ ကိုရီးယား တို့ကို ဖြစ်ပါတယ်။ ဇူလိုင်လ ၁၄ ရက်နေ့အထိ လက်ရှိဘဏ္ဍာနှစ်အတွင်း ပဲလွန်းဖြူ စုစုပေါင်း တန်ချိန် ၁၂၅ဝဝ ခန့်ရှိပြီး ယခင်ဘဏ္ဍာနှစ် ကာလတူက တန်ချိန် ၁၁၅ဝဝ ခန့် တင်ပို့မှုရှိခဲ့တာတွေ့ရပါတယ်။                      MIRT - MAPT

Tuesday, 26 Jul 2011

လက်ကျန်နည်းလို့ ပဲလွန်းဖြူ ပြည်ပအရောင်းအဝယ် အနည်းငယ်သာ ဖြစ်                    လက်ကျန် နည်းလာပြီဖြစ်တဲ့ ပဲလွန်းဖြူကို ရန်ကုန်တိုင်းဒေသကြီး ဘုရင့်နောင်ကုန်စည်ဒိုင် FOB ဈေး ကွက်မှာပြည်ပအဝယ်ရှိပေမဲ့ အရောင်း အဝယ် စာချုပ် ချုပ်ဆိုမှုမှာ ယခုတစ် ပတ် တန် ၈ဝ ခန့်သာရှိတာ တွေ့ရပါ တယ်။ ဇူလိုင်လ ၁ ရက်မှ ၂၁ ရက် အတွင်းမှာ တန်ချိန် ၁၁ဝဝ ကျော် အရောင်းအဝယ် ဖြစ်ခဲ့ပါတယ်။ လက် ကျန်နည်းသွားပြီဖြစ်တဲ့ ပဲလွန်းဖြူရဲ့ ရန်ကုန် FOB ဈေးဟာ ယခင်သီတင်း ပတ်ဈေးများအတိုင်း ဇူလိုင်လ ၂၁ ရက်မှာလည်း FAQ တစ်တန် ကန် ဒေါ်လာ ၈၆ဝ-၈၈ဝ နဲ့ SQ တစ်တန် ကန်ဒေါ်လာ ၉၈ဝ-၁ဝဝဝ နဲ့ ငြိမ်နေ တာ တွေ့ရပါတယ်။                  MIRT - MAPT

Tuesday, 26 Jul 2011

   တစ်ပတ်အတွင်း ပဲစင်းငုံ FOB တန် ၃ဝဝဝ ခန့် အဝယ်ရှိ                  ရန်ကုန်တိုင်းဒေသကြီး ဘုရင့်နောင်ကုန်စည်ဒိုင်မှာ ယခုတစ်ပတ်အတွင်း ပဲစင်းငုံ ကို FOB အဝယ်တန် ၃ဝဝဝ ခန့်သာ စာချုပ်နိုင်ခဲ့တယ်လို့ သိရပါတယ်။ ယခင်သီတင်းပတ်က ဝယ်လိုအားကောင်းခဲ့ပြီး ပြည်ပအဝယ်တန် ၆ဝဝဝ ကျော်ခဲ့ရာ မှ ယခုတစ်ပတ်မှာ အဝယ်ပါးသွားတယ်လို့ သိရပါတယ်။ အိန္ဒိယဈေးကွက်တွေမှာ လက်ကျန်များတဲ့ သတင်းတွေအပြင် မိုးပြန်လည်ရွာသွန်းလာလို့ ပဲစိုက်ပျိုးမှု ပြန်လည်သွက်လာခြင်းတွေက ဝယ်လက်တွေ အဝယ်အေးစေခဲ့တာဖြစ်ပါတယ်။ ဇူလိုင်လ ၁ ရက်မှ ၂၁ ရက်အထိ ပဲစင်းငုံအရောင်းအဝယ်စာချုပ်ချုပ်ဆိုမှုဟာ တန်ချိန် နှစ်သောင်းနီးပါးရှိတာ သိရပါတယ်။ ရန်ကုန် FOB ပဲစင်းငုံနီဈေးကတော့ ယခင်သီတင်းပတ်များအတိုင်း ဇူလိုင်လ၂၁ ရက်မှာလည်း ပဲစင်းငုံနီ FAQ တစ်တန် ကန်ဒေါ်လာ ၆၂ဝ-၆၄ဝ၊ ပဲစင်းငုံဖြူနီ၊ အဖြူ FAQ တစ်တန် ကန်ဒေါ်လာ ၅၂ဝ- ၅၄ဝ နဲ့ ငြိမ်နေပါတယ်။ MIRT - MAPT

Tuesday, 26 Jul 2011

ပဲစင်းငုံ ပုံမှန်ပမာဏသာ တင်ပို့မှုရှိ                 ပဲစင်းငုံပြည်ပတင်ပို့မှုဟာ ယခင်သီတင်းပတ်က တန်ချိန် ၆၅ဝဝ ထိ တိုးတက် တင်ပို့ခဲ့ရာမှ ဇူလိုင်လ ၁ဝ ရက်မှ ၁၆ ရက်အထိ တစ်ပတ်အတွင်းမှာတော့ အစောပိုင်း တင်ပို့ခဲ့တာတွေ့ရပါတယ်။ ပြည်ပဝယ်လက်များ ပုံမှန်အဝယ်ရှိနေပေမဲ့ ယခု တစ်ပတ်အတွင်း ခပ်ပါးပါးနဲ့သာ အရောင်းအဝယ်ရှိတယ်လို့ သိရပါတယ်။ ဇူလိုင်လ ၁၄ ရက်နေ့အထိ လက်ရှိဘဏ္ဍာနှစ်အတွင်း ပဲစင်းငုံတင်ပို့မှုဟာ တန်ချိန် ခြောက် သောင်းနီးပါးရှိနေတာတွေ့ရပြီး ယခင်ဘဏ္ဍာနှစ် ကာလတူက တင်ပို့ခဲ့တဲ့ တန်ချိန် သုံးသောင်းကျော်ထက် ၁ ဆခန့် ပိုမိုတင်ပို့ပြီးတာတွေ့ရပါတယ်။             MIRT - MAPT

Tuesday, 26 Jul 2011

ပြည်မတ်ပဲဈေး ခပ်အေးအေး              ပြည်ပဲဈေးကွက်မှာ ဇူလိုင် ဒုတိယပတ်က မတ်ပဲဈေးငြိမ်နေခဲ့ရာမှ ဇူလိုင် တတိယပတ်မှာတော့ ပဲတစ်တင်းကို ၁၆၅ဝဝ ကျပ်ထိဈေးလျော့လာခဲ့တယ်လို့ သိရပါတယ်။ ယခုတစ်ပတ်ပြည်ပွဲရုံများသို့ မကွေးတိုင်းဒေသကြီး အောင်လံမှ တစ်နေ့ ကို ပဲအိတ် ၃ဝဝ ခန့်အဝင်ရှိပြီး အကျဘက်ကိုသာဦးတည်နေတဲ့ ပဲဈေးမှာ ရာသီဥတုကလည်း မိုးရွာမှုများနေတာကြောင့် ဈေးပိုအေးနေတယ်လို့ သိရပါတယ်။ ရန်ကုန်ဝယ်လက်အဝယ်ရှိပြီး တစ်နေ့ကို အိတ် ၃ဝဝ-၄ဝဝ ခန့်အရောင်း အဝယ်ဖြစ်ကာ ပြည်ပွဲရုံများမှ ရန်ကုန်ဘုရင့်နောင်သို့ နေ့စဉ်အိတ် ၅ဝဝ ခန့်တင်ပို့မှု ရှိတယ်လို့ သိရပါတယ်။ မိမိအေး

Tuesday, 26 Jul 2011

ယခုတစ်ပတ် မတ်ပဲ FOB အရောင်းအဝယ် ထက်ဝက်လျော့ကျ                    ရန်ကုန်တိုင်းဒေသကြီး ဘုရင့်နောင်ကုန်စည်ဒိုင် FOB ဈေးကွက်မှာ ယခုတစ် ပတ် ဇူလိုင်လ ၁၆ ရက်မှ ၂၁ ရက်အတွင်း ပြည်ပဝယ်လက် အဝယ်အေးတဲ့အပြင် ဈေးပိတ်ရက်ရှိတာကြောင့် FOB အရောင်းအဝယ် စာချုပ်ချုပ်ဆိုမှုမှာ ယခင် သီတင်းပတ်ထက် ထက်ဝက်လျော့ကျပြီး တန်ချိန် ၆၅ဝဝ ကျော်သာ ရှိခဲ့တယ်လို့ သိရပါတယ်။ ဇူလိုင်လအတွင်း အိန္ဒိယပဲစိုက်ဒေသများမှာ မိုးပြန်လည်ရွာသွန်းလာ တာကြောင့် ပဲစိုက်ပျိုးမှု တိုးတက်လာတဲ့အတွက် အဝယ်ပြန်အေးလာခြင်းဖြစ်တယ် လို့ သိရပါတယ်။ဒါပေမဲ့ ဇူလိုင်လ နောက်ဆုံး သီတင်းပတ်လောက်မှာတော့ ဒီပါ ဝတီပွဲတော်အတွက် အဝယ်ပြန်ထွက်လာနိုင်တယ်လို့ ကုန်သည်များက ခန့်မှန်းကြ ပါတယ်။                      ဇူလိုင်လ ၁ ရက်မှ ၂၁ ရက်အတွင်း စုစုပေါင်း FOB စာချုပ်ချုပ်ဆိုမှုဟာ မတ်ပဲ SQ ၊ FAQ ၊ အခွံချွတ် အားလုံး စုစုပေါင်း တန်ချိန် ငါးသောင်းနီးပါးရှိတယ် လို့ သိရပါတယ်။ ရန်ကုန် FOBမှာ အရောင်းအဝယ်ပါးလို့ ဈေးအနည်းငယ်အေး လာခဲ့ပါတယ်။                     ဒေါ်လာ/တန်               မတ်ပဲ(FAQ )     မတ်ပဲ(SQ)၂၁-၇-၁၁       ၇၅ဝ-၇၇ဝ        ၈၃၅-၈၅၅၁၄-၇-၁၁       ၇၆ဝ-၇၈ဝ        ၈၄ဝ-၈၆ဝMIRT(MAPT)

Tuesday, 26 Jul 2011

ဒီတစ်ပတ် မတ်ပဲသင်္ဘောအတင်လျော့               ယခင်သီတင်းပတ်များက မတ်ပဲသင်္ဘောတင်ပို့မှု တန်ချိန် ၂ဝဝဝဝ ဝန်းကျင်ထိ တင်ပို့မှုရှိခဲ့ရာမှ ဇူလိုင်လ ၁ဝ ရက်မှ ၁၆ ရက်အတွင်းမှာတော့ တန်ချိန် ၁၁ဝဝဝ ကျော်ကို လျော့ကျတင်ပို့လာပါတယ်။ အိန္ဒိယဝယ်လက်များ ၎င်းတို့နိုင်ငံမှာ ပဲ စိုက်ပိုျးဖို့ ရာသီဥတုပြန်လည် ကောင်းမွန်လာတဲ့အတွက် ပဲအဝယ်လျော့သွားတာ ကြောင့်လို့ သိရပါတယ်။လက်ရှိဘဏ္ဍာနှစ် ဇူလိုင် ၁၄ ရက်နေ့အထိ မတ်ပဲတင်ပို့ပြီးစီး မှုဟာ တန်ချိန် နှစ်သိန်းနှစ်သောင်းကျော်ရှိပြီး ယခင်နှစ်ဘဏ္ဍာနှစ်ကာလတူက တင်ပို့ခဲ့တဲ့ တန်ချိန် တစ်သိန်းခွဲခန့်ထက် ပိုမိုနေတာတွေ့ရပါတယ်။ ယခုသီတင်းပတ် တွေမှာလည်း အရောင်းအဝယ် အေးတာကြောင့် လာမယ့်အပတ် ပဲတင်ပို့မှုမှာ အနည်းငယ် လျော့ကျဖွယ်ရှိတယ်လို့ ခန့်မှန်းကြပါတယ်။   MIRT - MAPT

Sunday, 17 Jul 2011

ကမ္ဘာ့သကြားဈေးတစ်တန် ကန်ဒေါ်လာ ၈၇၄ နဲ့ စံချိန်သစ်တင်                    ကမ္ဘာ့ဈေးကွက်( LIFFE ကြိုပွိုင့်ဈေးကွက်) မှာ သကြားဈေးဟာ တစ်တန် ကန်ဒေါ်လာ ၈၇၄ ဒသမ ၅ ထိ မြင့်တက်ခဲ့လို့ ဇန်နဝါရီလ ဈေး ကန်ဒေါ်လာ ၈၆ဝ ထက် ပိုမိုပြီး စံချိန်သစ်တင်ခဲ့ပါတယ်။ သကြားအများဆုံး ထုတ်လုပ်သူ၊ တင်ပို့သူဖြစ်တဲ့ ဘရာဇီးနိုင်ငံရဲ့ သကြားထုတ်လုပ်မှု မရေရာတဲ့ သတင်းများကြောင့် ကမ္ဘာ့သကြားဈေး မြင့်တက်လာတာဖြစ်ပါတယ်။ ဘရာဇီးသကြားထုတ်လုပ်မှုဟာ ကြံတန်ချိန် ၅၃၆ သန်းကြိတ်ခွဲနိုင်ပါက သကြားတန်ချိန် ၃၃ ဒသမ ၇ သန်းထွက် ရှိနိုင်လို့ အစောပိုင်းခန့်မှန်းထားတဲ့ ကြံတန်ချိန် ၅၇၃ သန်းနဲ့ ကြံတန်ချိန် ၃၅ ဒသမ ၉ သန်းထက် လျော့ကျမယ်လို့ ခန့်မှန်းထားပါတယ်။                   အိန္ဒိယသကြားဈေးနှုန်းမှာ တစ်တန်ကန်ဒေါ်လာ ၆၅၅ ဒသမ ၉၆ ဖြစ်လို့ နိုင်ငံတကာဈေးက ၃၃ ရာခိုင်နှုန်းပိုမိုနေပါတယ်။ ကမ္ဘာ့သကြားဈေးဟာ လွန်ခဲ့တဲ့ ၂ ပတ်က တစ်တန်ကန်ဒေါ်လာ ၇၅ဝ မှ ၇၆၂ အတွင်း ရှိခဲ့ရာမှ တစ်တန်ကို ကန်ဒေါ်လာ ၁ဝဝ မှ ၁၁၂ မြင့်တက်လာခဲ့ပါတယ်။ ကမ္ဘာ့သကြားဈေးမြင့်တက် နေခြင်းကြောင့် သကြားစက်များ အကိုျးအမြတ်ရရှိတော့မယ်လို့ ထုတ်လုပ်သူ များက ဆိုပါတယ်။                      အိန္ဒိယ မဟာရပ်ရှတရာနဲ့ ဥတ္တရာပရာဒေ့ရှ်တို့မှာ သကြားတစ်တန်ကို စက်ရုံ ပြင်ပပေါက်ဈေး တစ်တန် ရူပီး ၂၆ဝဝဝ-၂၈ဝဝဝ (ကန်ဒေါ်လာ ၅၈၄-၆၂၉) ရှိနေပြီး မကြာခင်က အစိုးရရဲ့ နောက်ထပ်သကြားတန် ၅ သိန်း တင်ပို့ခွင့်ပြု လိုက်ပြီးနောက် တစ်တန်ကို ရူပီး ၃၂ဝဝဝ-၃၃ဝဝဝ (ကန်ဒေါ်လာ ၇၁၉-၇၄၂) အထိမြင့်တက်လာနိုင်တယ်လို့ ဆိုပါတယ်။ ကမ္ဘာ့သကြားဈေးမြင့်တက်ခြင်းက ပြည်တွင်းသကြားလုပ်ငန်းများအတွက် အကူအညီဖြစ်စေမှာဖြစ်ပြီး နောက်ထပ်တန်ချိန် ၁ဝ သိန်းတင်ပို့ခွင့်ပြုနိုင် တယ်လို့လည်း မဟာရပ်ရှတရာ သကြားပွဲစားကုန်သည်များအသင်း တည်ထောင် သူ Yogesh Pande က ဆိုပါတယ်။ ၂ဝ၁၁-၁၂ သကြားရာသီမှာ တန်ချိန် ၂၆ သန်းဝန်းကျင် ထွက်ရှိမယ်ဆိုလျှင် လက်ကျန်သိုလှောင်မှုဟာ တန်ချိန် ၄ သန်းထိ ရှိလာမယ်လို့လည်း ဆိုပါတယ်။ ၂ဝ၁ဝ-၁၁ ကြိတ်ခွဲရာသီကုန်မှာ သကြားတန်ချိန် ၃ သန်း တိုးတက်ထွက်ရှိခဲ့တာကြောင့် ကမ္ဘာ့သကြားဈေးမြင့်တက်ခြင်းက နိုင်ငံ အတွင်း သကြားစက်ပိုင်ရှင်များအတွက် ဝမ်းသာစရာဖြစ်လာခဲ့တယ်လို့ သကြား စက်ပိုင်ရှင်တစ်ဦးက ဆိုပါတယ်။ ပြည်တွင်းသကြားဈေးမြင့်လာတဲ့အတွက် သကြား စက်များ ဝင်ငွေပိုရလာတဲ့အတွက် တောင်သူတွေဆီက ကြံကို ဈေးပိုပေးဝယ်ယူ လာဖွယ်ရှိတယ်လို့လည်း ဆိုပါတယ်။ ယမင်းခင်၊Source: business standard

Sunday, 17 Jul 2011

ပြောင်းဖူးစေ့ တန် ၁၂ဝဝဝ နီးပါး မူဆယ်နယ်စပ်မှ အပို့ရှိ               မြန်မာတရုတ်နယ်စပ်ရှိ မူဆယ် (၁ဝ၅) မိုင် ကုန်သွယ်ရေးဇုန်မှ ဇူလိုင်လ ၆ ရက်မှ ၁၂ ရက်အထိ ကာလအတွင်း ကန်ဒေါ်လာ ၃ ဒသမ ၃၅၆ သန်းတန်ဖိုးရှိ ပြောင်းဖူးစေ့ ၁၁ဝ၂၈ တန်ကျော်နဲ့ နံှစားပြောင်း ၈၉၅ တန်ခန့် တင်ပို့ခဲ့ပါတယ်။ ယခင်အပတ်ကထက် ၃၇၂၅ တန်ခန့် ပိုမိုတင်ပို့နိုင်ခဲ့ပါတယ်။ ၂ဝ၁၁ ခုနှစ် ဧပြီလမှ ဇူလိုင်လ ၁၂ ရက်ထိ နယ်စပ်မှ ပြောင်းဖူးစေ့ တန် ၁၄၄၁၁ဝ ကျော် တင်ပို့ထားပြီးဖြစ်ပါတယ်။ နံှစားပြောင်းရော ပြောင်းဖူးစေ့များရဲ့ မိမိဘက်ဈေးများ ကျနေသော်လည်း တစ်ဘက်နိုင်ငံဈေးများ ပြောင်းလဲမှုမရှိပါဘူး။ နှစ်နိုင်ငံ မြေပြင် ပေါက်ဈေးများကို နှိုင်းယှဉ်ဖော်ပြပေး လိုက်ရပါတယ်                                                 မိမိဘက်(ကျပ်/တန်)                 တစ်ဘက်နိုင်ငံ(ဒေါ်လာ/တန်)                         ယခု             ယခင်     ပြောင်းလဲမှု    %         ယခု    ယခင်   ပြောင်းလဲမှု    %ပြောင်းဖူးစေ့    ၂၁၇ဝ၃၈      ၂၁၈၉၃၈     ၁၉ဝဝ        ဝ .၉     ၂၉၄     ၂၉၄          -              -နံှစားပြောင်း     ၂၁၄၅၉၉     ၂၁၇၁၂၈    ၂၅၂၉         ၁ .၂      ၂၉၄    ၂၉၄          -               -MIRT (DOBT)

Sunday, 17 Jul 2011

ပင်လယ်ရေကြောင်းမှ တန် ၆ဝဝဝ ကျော်တင်ပို့နိုင်                     ဇူလိုင်လ ၈ ရက်မှ ၁၃ ရက်ထိကာလအတွင်း ပင်လယ်ရေကြောင်းမှ ပြောင်းတန်ချိန် ၆၃၆၉ တန်၊ တန်ဖိုးအားဖြင့် ကန်ဒေါ်လာ ၁ ဒသမ ၇၄၇ သန်းဖိုး တင်ပို့နိုင်ခဲ့ပါတယ်။ တင်ပို့တဲ့နိုင်ငံတွေကတော့ တရုတ်၊ အင်ဒိုနီးရှား၊ စင်ကာပူ၊ ဗီယက်နမ်၊ ဖိလစ်ပိုင်နဲ့ မလေးရှားနိုင်ငံတို့ပဲဖြစ်ပါတယ်။ ယခင်လဆန်းပိုင်းက တန် ၈ဝဝ ကျော်သာတင်ပို့ခဲ့တာကြောင့် တင်ပို့မှုတစ်ရှိန်ထိုး တက်လာတယ်လို့ဆိုရပါမယ်။ နယ်စပ်ကုန်သွယ်ရေး ကတော့ တန်ချိန် ၁ဝဝဝဝ ကျော်ကို ပုံမှန်တင်ပို့ နေရတာတွေ့ရပါတယ်။ FOB (ရန်ကုန်) ဈေးနှုန်းကတော့ ပြောင်းလဲမှုမရှိပဲ တစ်တန်ကို ကန်ဒေါ်လာ ၂၉ဝ နဲ့ ၃၁ဝ ကြားဈေးပေါက်လျက်ရှိပါတယ်။                    KZW

Pages