Main menu

Background

Sunday, 19 Jun 2011

ပင်လယ်ရေကြောင်းမှ ယခုအပတ်လည်း ရော်ဘာတင်ပို့မှုမရှိ              ဇွန်လ ၁ဝ ရက်မှ ၁၆ ရက်ထိ ကာလမှာလည်း ပင်လယ်ရေကြောင်းမှ ရော်ဘာတင်ပို့နိုင်ခြင်း မရှိခဲ့ပါဘူး။ မေလ ၂ ရက်မှ ဇွန် ၂ ရက်ထိကာလမှာ တန် ၂၆ဝ တင်ပို့မှုရှိခဲ့ပြီး ဇွန်လ ၃ ရက်နောက်ပိုင်းကစပြီး ပင်လယ်ရေကြောင်းမှ တင်ပို့နိုင်ခြင်း မရှိဘဲ ဖြစ်နေပါတယ်။ FOB ရန်ကုန်ဈေးကတော့ RSS-3  တစ်တန်ကို ဒေါ်လာ ၄၆ဝဝ-၄၇ဝဝ ၊RSS-5  တစ်တန်ကို ၄၅ဝဝ-၄၆ဝဝ ဒေါ်လာ အသီးသီးဖြစ်ပါတယ်။ KZW 

Sunday, 19 Jun 2011

ရော်ဘာအဆင့်စုံနဲ့ ရော်ဘာသစ်ခွဲသား နယ်စပ်မှအပို့ရှိ                ဇွန်လ ၈ ရက်မှ ၁၄ ရက်ထိကာလ မူဆယ်နဲ့ ချင်းရွှေဟော်နယ်စပ်ကုန်သွယ်ရေးစခန်းများမှ ရော်ဘာ အဆင့်စုံ တင်ပို့မှုရှိပြီး မြိတ်နယ်စပ်မှ ရော်ဘာသစ်ခွဲသားတင်ပို့မှုရှိခဲ့ပါတယ်။ နယ်စပ်စခန်းများမှ စုစုပေါင်း ရော်ဘာတင်ပို့မှုများကတော့ MSR-20 ၂၈၃ တန်၊ MSR-50  ၇၉ တန်၊RSS-3 ၄၂၂ တန်ခန့်နဲ့ ၊RSS-5  တန် ၃ဝ၊ စုစုပေါင်း ၈၁၃ တန်ကျော်နဲ့ ရော်ဘာသစ်ခွဲသား ၁၃၅ တန်၊ တန်ဖိုးအားဖြင့် ကန်ဒေါ်လာ ၃ ဒသမ ၈၃၄ သန်းဖိုး တင်ပို့နိုင်ခဲ့ပါတယ်။မိမိဘက်နဲ့ တစ်ဘက် နိုင်ငံရော်ဘာဈေးနှုန်းများကို နှိုင်းယှဉ်ဖော်ပြ ပေးလိုက်ရပါတယ်                                                မိမိဘက်(ကျပ်/တန်)                    တစ်ဘက်နိုင်ငံ(ဒေါ်လာ/တန်)                   ယခု               ယခင်         ပြောင်းလဲမှု      %       ယခု        ယခင်   ပြောင်းလဲမှု      %RSS-3     ၃၆၃၅၇၃၅     ၃၇၆၁၈၄၅      ၁၂၆၁၁ဝ     ၃ .၅      ၄၆၂၇     ၄၆၃ဝ          ၃             ဝ .ဝ၆RSS-5     ၃၅၁၆ဝ၇၅      ၃၆၇၆၉၂ဝ     ၁၆ဝ၈၄၅     ၄ .၆      ၄၅၅၁     ၄၄၇၅         ၂၅            ဝ .၅MIRT (DOBT)

Sunday, 19 Jun 2011

အရည်အသွေးပေါ် မူတည်ပြီး အရောင်းအဝယ်ဖြစ်တဲ့ ဘိုကိတ်              ယခုတစ်ပတ် ပြည်ဘိုကိတ်ပဲဈေးနှုန်းမှာ ပဲအရည်အသွေးပေါ်မူတည်ပြီး အရောင်းအဝယ်ဖြစ်ပါတယ်။ လက်ရွေး သန့်စင်ပြီး အရည်အသွေးကောင်း ဘိုကိတ်ပဲဈေးမှာ တစ်တင်းကို ၁၂၅ဝဝ ကျပ်၊ အရည်အသွေး အသင့်အတင့်ရှိတဲ့ ဘိုကိတ်ပဲဈေးမှာ ၁ဝဝဝဝ ကျပ် -၁၁ဝဝဝ ကျပ်အတွင်းရှိကြောင်း သိရပါတယ်။ ပြည်ဈေးကွက်သို့ ဘိုကိတ်အဝင်နည်း လာပေမဲ့ လက်လီသမားများနဲ့ တစ်နေ့ကို ၁ဝ အိတ်မှ ၁၅ အိတ်အတွင်း အရောင်းအဝယ်ဖြစ်ပြီး ရန်ကုန်ဝယ်လက်ရှိတဲ့ ရက်များ တစ်နေ့ အိတ် ၂ဝဝ ထိ အရောင်းအဝယ်ဖြစ်ကြောင်း သိရပါတယ်။ ဆုမွန်ဆွေ

Sunday, 19 Jun 2011

ပြည်ပဲနီပြား အဝင်ပါးပြီး ဈေးငြိမ်နေ              ပဲခူးတိုင်းဒေသကြီးအနောက်တွင် ပဲနီပြားကို နတ်တလင်း၊ ရွှေတောင်(ကျီးသဲ) မြို့နယ်များတွင်သာ စိုက်ဧက အနည်းငယ်စိုက်ပျိုးခဲ့ပြီး ယခုဆိုရင် တောင်သူများ လက်ဝယ်တွင် ပဲလက်ကျန်မရှိတော့ဘဲ မျိုးပဲလောက်သာ ကျန်ရှိကြတော့တဲ့ အတွက် ပြည်ဈေးကွက်သို့ ပဲနီပြားဝင်ရောက်မှု မရှိသလောက်ဖြစ်ခဲ့ပါတယ်။ ဈေးကွက်အတွင်း လက်လီသမားများ နေ့စဉ်အဝယ်ရှိပြီး တစ်ရက်ကို ၃ဝ အိတ်ခန့် လက်ကျန်ပဲများဖြင့် အရောင်းအဝယ် ဖြစ်လျက်ရှိပါတယ်။ ပဲနီပြားဈေးနှုန်းမှာ ယခင်နှစ်က ဇွန်လအတွင်း တစ်တင်း ၂၅ဝဝဝ ကျပ်ဖြင့် ဈေးကောင်း ရခဲ့သော်လည်း ယခုနှစ်မှာတော့ တစ်တင်း ၁၆၅ဝဝ ကျပ်ဖြင့်သာ အရောင်းအဝယ်ဖြစ်လျက်ရှိနေတယ်လို့ သိရပါတယ်။ ခင်ဆွေဝင်း

Sunday, 19 Jun 2011

ငွေဈေးနဲ့ ဝယ်လိုအားတောင်းဆိုမှုကြောင့် ဈေးမာလာတဲ့ ပဲစင်းငုံ                    ပခုက္ကူကုန်စည်ဒိုင်မှာ ပဲစင်းငုံနီဟာ ဇွန်လ ၁၂ ရက်က တစ်တင်းကို ၁၁၃ဝဝ ကျပ်အထိ အနိမ့်ဆုံး ရောက်ခဲ့ရာက ဇွန်လ ၁၅ ရက်မှာ ပို့ကုန်ဝင်ငွေတန်ဖိုးတွေ တက်လာလို့ဆို ပြီး ၁၃ဝဝဝ ကျပ်ဈေးထိပြန်လည် မြင့်တက်ခဲ့ပါတယ်။ ယနေ့ ဇွန် ၁၇ ရက်ဆို ၁၃၄ဝဝ ကျပ်ထိ ရောက်လာပါတယ်။ ဒါပေမဲ ပြည်ပဝင်ငွေတန်ဖိုးမြင့်ရုံနဲ့ ပဲဈေးက ကြာကြာခံမှာ မဟုတ်ပါဘူး။ နောက်ဆုံးသုံးစွဲသူဖြစ်တဲ့ အိန္ဒိယရဲ့ ဝယ်လိုအား တောင်းဆိုမှု တက်လာမှ ဈေးကွက်ကခိုင်မာမှာ ဖြစ်ကြောင်းပါ။ ယခုတော့ ကံအားလျော်စွာ အိန္ဒိယအဝယ်ကလည်း တက်လာတယ်လို့ လေ့လာသိရှိရပါတယ်။ ပဲစင်းငုံအသစ် ထက် ဈေးပေါတဲ့ အရင်နှစ်က ပဲစင်းငုံအဟောင်းကို သူတို့ပိုပြီး ဝယ်ချင်နေတယ်လို့ သိရကြောင်းပါ။  မောင်မောင်အေး

Sunday, 19 Jun 2011

မူဆယ်မှ ပဲယင်းအပို့ရှိနေ               ဇွန်လ ၈ ရက်မှ ၁၄ ရက်ထိ ကာလအတွင်း မူဆယ် ၁ဝ၅ မိုင်ကုန် သွယ်ရေးဇုန်မှ ကန်ဒေါ်လာ ဝ ဒသမ ၁၃၄ သန်း တန်ဖိုးရှိ ပဲယင်းတန် ၂၂ဝ ကျော် တင်ပို့မှုရှိခဲ့ပါတယ်။ ယခင်အပတ်က တင်ပို့မှုထက် ၁၄၅ တန်လျော့နည်း တင်ပို့ခဲ့ပါတယ်။ တစ်ဘက်နိုင်ငံဈေးပြောင်းလဲမှုမရှိသော်လည်း မိမိတို့ဘက် မြေပြင်ဈေးမှာ ကျလျက်ရှိနေပါတယ်။ မြေပြင်ပေါက်ဈေးများကို နှိုင်းယှဉ်ဖော်ပြပေးလိုက်ရပါတယ်                                    မိမိဘက်(ကျပ်/တန်)              တစ်ဘက်နိုင်ငံ(ဒေါ်လာ/တန်)                  ယခု           ယခင်      ပြောင်းလဲမှု   %      ယခု     ယခင်   ပြောင်းလဲမှု    %ပဲယင်း     ၃၂၉၁၆၈     ၃၄ဝ၃ဝ၉     ၁၈၈၅၉       ၆      ၆၁၇    ၆၁၇             -            -MIRT (DOBT)

Sunday, 19 Jun 2011

ရောင်းလိုအားများလို့ ဈေးလျော့အဝယ်ရှိလာတဲ့ ပြည်ပဲကြီး                     ယခုတစ်ပတ်ပြည်ပဲကြီးဈေးကွက်တွင် အခြားတိုင်းမှဝင်ရောက်မှုမရှိဘဲ ဒေသတွင်းမှအနည်းငယ်သာဝင် ရောက်မှုရှိခဲ့ပါတယ်။ ယခင်အပတ်က ပဲကြီး (ရွှေကျွန်း) တစ်တင်း ၁၇ဝဝဝ ကျပ်၊ ပဲကြီး(ကမ်းနား)တစ်တင်း ၁၅၅ဝဝ ကျပ်ဈေးဖြင့် ဈေးမြင့်လာခဲ့ပြီးယခုတစ်ပတ်အတွင်း တောင်သူတွေမှအပ်ပဲများ ထုတ်ရောင်း လာကြတာကြောင့် ဝယ်လက်များမှ ပဲကြီး(ရွှေကျွန်း)တစ်တင်း ၁၆၅ဝဝ ကျပ်၊ ပဲကြီး(ကမ်းနား)တစ်တင်း ၁၅ဝဝဝ ကျပ်ဖြင့် ယခင်အပတ် ထက်တစ်တင်း ၅ဝဝ ကျပ်ဈေးလျော့အဝယ်ရှိခဲ့တာကိုတွေ့ရပါတယ်။ ပဲကြော်ဖိုသမားရော လိုင်း သမားများပါ အဝယ်ရှိတဲ့အတွက် တစ်ရက်အိတ် ၂၅ဝ မှ ၃ဝဝ အထိအရောင်း အဝယ်ဖြစ်ကြောင်းသိရပါတယ်။ ခင်ဆွေဝင်း

Sunday, 19 Jun 2011

မူဆယ်မှပဲကြီး ပုံမှန်အပို့ရှိနေ                 ဇွန်လ ၈ ရက်မှ ၁၄ ရက်ထိ ကာလအတွင်းမူဆယ်နယ်စပ်မှ ကန်ဒေါ်လာ ဝ ဒသမ ၁ဝ၄ သန်း တန်ဖိုးရှိ ပဲကြီ်း ၁၂၃ တန်ခန့်တင်ပို့မှုရှိခဲ့ပါတယ်။ယခင် အပတ်ကထက် ၂၆ တန်ခန့် တင်ပို့မှုလျော့နည်းခဲ့ပါတယ်။ ဇွန်လအတွင်း ပဲကြီး တင်ပို့မှုမှာ ၂၇၂ တန်ရှိပြီးဖြစ်သော်လည်း မေလအတွင်းမှာ နယ်စပ်မှ ပဲအပို့မရှိခဲ့ပါဘူး။ ၂ဝ၁၁-၂ဝ၁၂ ဘဏ္ဍာနှစ်စမှ ဇွန်လဒုတိယပတ်ထိ မူဆယ် နယ်စပ်မှ ပဲကြီးတင်ပို့မှုမှာ ၁၁၇၄ တန်ရှိနေပြီဖြစ်ပါတယ်။ MIRT (DOBT)

Sunday, 19 Jun 2011

ထောပတ်ပဲနဲ့ မြေထောက်ပဲ သင်္ဘောတင်ပုံမှန်ရှိနေ                     ယခုသီတင်းပတ် (ဇွန်လ ၉ ရက်မှ ၁၄ ရက်) အတွင်းမှာ ပင်လယ်ရေကြောင်း က ထောပတ်ပဲ တန် ၆ဝဝ နီးပါးနဲ့ မြေထောက်ပဲ တန် ၃ဝဝ နီပါးတင်ပို့မှုရှိလို့ ယခင်သီတင်းပတ်ထက် ပိုမိုတင်ပို့နိုင်တာ တွေ့ရပါတယ်။ တင်ပို့တဲ့နိုင်ငံတွေကတော့ ထိုင်း၊ ဖိလစ်ပိုင်၊ တရုတ်နဲ့ ဂျပန်တို့ဖြစ်ပါတယ်။ ဇွန်လ ၁ဝ ရက်နေ့အထိ လက်ရှိ ဘဏ္ဍာနှစ်အတွင်း တင်ပို့ပြီးစီးမှုအနေနဲ့ ထောပတ်ပဲတန် ၇ဝဝဝ ကျော်နဲ့ မြေထောက်ပဲ တန် ၃ဝဝဝ ကျော်ရှိပြီး ယခင်ဘဏ္ဍာနှစ် ကာလတူက ထောပတ်ပဲတန် ၆၃ဝဝ ကျော်နဲ့ မြေထောက်ပဲ တန် ၂ဝဝဝ ကျော် တင်ပို့မှုရှိခဲ့လို့ ယခုနှစ် ကာလတူမှာ ပိုမိုတင်ပို့နိုင်တာတွေ့ရပါတယ်။ လာမယ့်သီတင်းပတ်တွေမှာလည်း တင်ပို့မှုအားကောင်းဖွယ် ရှိတယ်လို့ ခန့်မှန်းကြပါတယ်။MIRT- MAPT

Sunday, 19 Jun 2011

ယခုသီတင်းပတ် မြေထောက်ပဲကို ပြည်ပအဝယ်ပိုများ                  ရန်ကုန်တိုင်းဒေသကြီး ဘုရင့်နောင်ကုန်စည်ဒိုင် FOB ဈေးကွက်မှာ ထောပတ် ပဲကို ပုံမှန်အဝယ်ရှိပြီး မြေထောက်ပဲကို ပြည်ပအဝယ်ပိုများလာတယ်လို့ သိရပါတယ်။ အရောင်းအဝယ်စာချုပ်ချုပ်ဆိုမှု အနေနဲ့ ယခင်သီတင်းပတ်က ထောပတ်ပဲ တန် ၇၈ဝ ကျော်နဲ့ မြေထောက်ပဲ တန် ၆၄ဝ ဖြစ်ခဲ့ရာမှ ယခုသီတင်းပတ် (ဇွန်လ ၁ဝ ရက်မှ ၁၇ ရက်)အတွင်းမှာတော့ ထောပတ်ပဲတန် ၄ဝဝ ကျော်နဲ့ မြေထောက်ပဲ တန် ၈ဝဝ ကျော် အရောင်းအဝယ် ဖြစ်ခဲ့တယ်လို့ သိရပါတယ်။                    ရန်ကုန် FOB ဈေးနှုန်းအနေနဲ့ မြေထောက်ပဲဈေးမှာ ယခင်သီတင်းပတ် အတိုင်း ပြောင်းလဲမှုမရှိဘဲ ဇွန်လ ၁၇ ရက်မှာလည်း တစ်တန် ကန်ဒေါ်လာ ၆၂ဝ-၆၄ဝ ရှိပြီး ထောပတ်ပဲမှာ ယခင်သီတင်းပတ်ထက် အနည်းငယ်လျော့ကျပြီး တစ်တန်ကန်ဒေါ်လာ ၇၅ဝ-၇၈ဝ ဈေးဖြစ်ခဲ့တယ်လို့ သိရပါတယ်။   MIRT- MAPT

Pages