Main menu

Background

Sunday, 13 Mar 2011

မန်း မန်ကျည်းဈေးကွက်                  မန္တလေးတိုင်းဒေသကြီးအတွင်း မန်ကျည်းအများဆုံးထွက်သော ကျောက်ပန်းတောင်းမြို့နယ်မှာ ပြီးခဲ့သောနှစ်က ရာသီဥတုအခြေအနေမကောင်း ခဲ့သဖြင့် ယခုနှစ်မန်ကျည်းအသစ် အထွက်နည်းပြီး ကျောက်ပန်းတောင်း မြို့နယ် တစ်ခုလုံး ပိဿာ ၄ သိန်းခန့်သာထွက်နိုင်ကြောင်း၊ မန်ကျည်းပွဲရုံများမှသိရပါတယ်။ ယခင်နှစ် မန်ကျည်းအဟောင်းမှာလည်း လက်ကျန်နည်းနေပြီဖြစ်လို့ ယခင်နှစ်သီးနံှ သစ်ပေါ်စ အချိန်က မန်ကျည်းအသား (အစေ့မပါ) တစ်ပိဿာ ၆ဝဝ ကျပ်၊ ၇ဝဝ ကျပ်ဈေးသာ ရှိခဲ့သော်လည်း ယခုနှစ် မန်ကျည်းအသစ်ပေါ်ချိန်ဖြစ်ပေမဲ့ ဈေးမကျဘဲ မန်ကျည်း အသား (အစေ့မပါ) ထိပ်စတစ်ပိဿာ ၁၈ဝဝ ကျပ်၊ အလတ်စ ၁၅ဝဝ ကျပ်၊ အောက်စ ၁၂ဝဝ ကျပ်၊ မန်ကျည်းစေ့တစ်ပိဿာ ၂၁ဝ ကျပ် (တစ်တင်း ၄၂ဝဝ ကျပ်) ဈေးဖြစ်ကြောင်း သိရပါတယ်။ ကျောက်ပန်းတောင်းမြို့သို့ တောင်တွင်းကြီး၊ နတ်မောက်၊ ချောက်၊ လွိုင်ကော်၊ တောင်ကြီးမြို့များမှ တစ်နေ့လျှင် မန်ကျည်းပိဿာ ၈ဝဝဝ ခန့် ဝင်ရောက်လျက်ရှိပြီး၊ ကျောက်ပန်းတောင်းမှ ရန်ကုန် (ဘုရင့်နောင်) သို့ နေ့စဉ် မန်ကျည်းပိဿာ ၃ဝဝဝ-၄ဝဝဝ ခန့် တင်ပို့လျက်ရှိကြောင်းသိရပါတယ်။မန္တလေး ဈေးကွက်အတွင်း မန်ကျည်းအသား (အစေ့မပါ) တစ်ပိဿာလက်လီဈေး ၂၄ဝဝ ကျပ်၊ ၂၈ဝဝ ကျပ်၊ လက်ကားဈေး ၂ဝဝဝ ကျပ်၊ ၂၂ဝဝ ကျပ်ဈေးဖြင့် အရောင်း အဝယ် ဖြစ်ကြောင်းသိရပါတယ်။ သင်းးသင်းးအိ

Sunday, 13 Mar 2011

မန်ကျည်းတန်ချိန် ၁၉ဝ နီးပါး တင်ပို့နိုင်ခဲ့                ပင်လယ်ရေကြောင်းကုန်သွယ်မှုလမ်းကနေ မတ်လ ၁ ရက်မှ ၇ ရက်တာကာ လအတွင်း မန်ကျည်းတန်ချိန် စုစုပေါင်း ၁၈၉ တန်ကိုတင်ပို့ခဲ့ပါတယ်။ တင်ပို့ခဲ့တဲ့ ကုန်သွယ်ဖက်နိုင်ငံကတော့ မလေးရှားနိုင်ငံကို ၄၈ တန်၊ ပါကစ္စတန်နိုင်ငံကို ၂၅ တန်၊ စင်ကာပူနိုင်ငံကို ၇၂ တန်နဲ့ အာရပ်စော်ဘွားများ ပြည်ထောင်စုနိုင်ငံကို ၄၄ တန်အသီးသီးတင်ပို့ခဲ့ပါတယ်။ ပျမ်းမျှတစ်တန်ကို အက်ဖ်အိုဘီဈေး ကန်ဒေါ်လာ ၃၇ဝ ဝန်းကျင်နဲ့ တင်ပို့ခဲ့လို့ စုစုပေါင်း ပို့ကုန်ဝင်ငွေ ကန်ဒေါ်လာ ၇ဝ၃၂ဝ ရရှိခဲ့ ပါတယ်။ MIRT (DOT)

Sunday, 13 Mar 2011

ဧပြီလမှ ဇန်နဝါရီလအတွင်း အိန္ဒိယချင်းတင်ပို့မှု ၂ ဆ မြင့်တက်             ၂ဝ၁ဝ-၂ဝ၁၁ ဘဏ္ဍာနှစ် ဧပြီလမှ ဇန်နဝါရီလအတွင်း အိန္ဒိယနိုင်ငံရဲ့ ချင်းတင်ပို့မှုဟာ တန်ချိန် ၁ဝ၅ဝဝ ရှိလို့ ၂ဝဝ၉-၂ဝ၁ဝ ကာလတူမှာနဲ့နှိုင်းယှဉ်ရင် အထွက်လျော့ကျခဲ့တာကြောင့် တန်ချိန် ၄၆၅ဝ တင်ပို့မှုထက် ၂ ဆမြင့်တက် ခဲ့တယ်လို့ ဟင်းခတ်အမွှေးအကြိုင်အဖွဲ့ စာရင်းအရ သိရပါတယ်။ ကမ္ဘာမှာ အိန္ဒိယ၊ တရုတ်နဲ့ အင်ဒိုနီးရှားတို့ဟာ ထိပ်တန်းချင်းထုတ်လုပ်နိုင်ငံများ ဖြစ်ပါတယ်။ ယင်းကာလအတွင်း ချင်း၊ ကြက်သွန်ဖြူ၊ စမုန်မျိုးငါးပါးနဲ့ ငရုတ်သီးတင်ပို့ မှု ဟင်းခတ်အမွှေးအကြိုင် စုစုပေါင်း တင်ပို့မှုဟာ တိုးတက်ခဲ့တာကြောင့် ယခင်နှစ်ကာလတူထက် ၅ ရာခိုင်နှုန်းနီးပါးမြင့်တက်ခဲ့တယ်လို့ ဆိုပါတယ်။ ၂ဝ၁ဝ- ၂ဝ၁၁ အတွင်း ဟင်းခတ်အမွှေးအကြိုင် စုစုပေါင်း တင်ပို့မှု တန်ချိန် ၄၃၃၄၅၅ ရှိပြီး ယခင်နှစ်ကာလတူက တန်ချိန် ၄၁၃၈၉၅ ရှိခဲ့တယ်လို့ ဆိုပါတယ်။ ပြည်ပဝင်ငွေ ရရှိမှုအနေနဲ့ ကန်ဒေါ်လာ ၁၂ဝ၃ ဒသမ ၃ဝ သန်းရှိလို့ ယခင်နှစ်ရရှိခဲ့တဲ့ တန်ချိန် ၉၇၄ ဒသမ ၅၇ သန်းထက် ၂၃ ဒသမ ၄၆ ရာခိုင်နှုန်းမြင့်တက်ခဲ့တယ်လို့ ဆိုပါတယ်။                 ကြက်သွန်ဖြူကို စားသုံးဖို့ရော ဆေးဝါးအတွက်ပါ တင်ပို့မှုမြင့်တက်ခဲ့လို့ ၂ဝ၁ဝ-၂ဝ၁၁ ဧပြီလမှ ဇန်နဝါရီလအတွင်း တန်ချိန် ၁၆၅ဝဝ တင်ပို့နိုင်ခဲ့ပြီး ယခင်နှစ်ကာလတူက တန်ချိန် ၉၂၅ဝ ထက် ၇၈ ရာခိုင်နှုန်းပိုမိုတိုးတက်ခဲ့တယ်လို့ သိရပါတယ်။ ယခင်းခင်၊ ှSource: msn.com  

Sunday, 13 Mar 2011

ဈေးကောင်းစောင့်တဲ့ ရှမ်းချင်းဈေးကွက်                    ဒီတစ်ပတ် ရှမ်းပြည်နယ်တောင်ပိုင်းရဲ့ နမ့်စန်ချင်းဈေးကွက်မှာ ချင်းစို ဈေးတက်လာပါတယ်။ အဝင်က လည်း နည်းနေပါတယ်။ တောင်သူတွေကတော့ ကြိုက်ဈေးရမှ ဖော်မယ်ဆိုပြီး ဈေးကောင်းကို စောင့်နေပါတယ်။ ချင်းခြောက်တွေ ကလည်း တစ်ရက်ကို နည်းနည်းစီသာဝင်နေပါသေးတယ်။ သြင်္ကန်ပြီးလောက်မှသာ ဈေးကွက်ကို လှိုင်လှိုင်ဝင်လာမှာဖြစ်ပါတယ်။ နမ့်စန်ဈေးကွက်မှာ ချင်း(စို) ဈေးက တစ်ပိဿာ ၄၅ဝ ကျပ်-၄၆ဝ ကျပ်ဈေး ရှိပါတယ်။ ချင်းခြောက်ကတော့ တစ်ပိဿာ ၁၅ဝဝ ကျပ်ဈေးရှိပါတယ်။                     ဟိုပုံးဈေးကွက်မှာ ချင်း(စို)လည်း အဝင်မရှိသလောက်ဖြစ်နေပြီး၊ လက် ကျန်ချင်းတွေကိုသာ အရောင်းအဝယ် ပြုလုပ်နေကြတယ်လို့ သိရပါတယ်။ လက်ကျန် ချင်းစိုတွေမှ ချင်းအခက်လှရင် လှသလို ဈေးကောင်းရနေပါတယ်။ အပင်ကျ၊ အခက်လှချင်းက တစ်ပိဿာကို ၅၅ဝ ကျပ်-၆ဝဝ ကျပ်ဈေးရှိပြီး၊ ပယ်ချင်း တွေကတော့ တစ်ပိဿာ ၃ဝဝ ကျပ်-၃၅ဝ ကျပ်ဈေးရှိပါတယ်။ ချင်းခြောက် ကတော့ နမ့်စန်ချင်းတွေလိုပဲ၊ သြင်္ကန်ပြီးမှသာ ဈေးကွက်ကို ဝင်လာတော့မှာ ဖြစ်ပါတယ်။ ချင်းခြောက်ဈေးကတော့ တစ်ပိဿာ ၁၉၅ဝ ကျပ်-၂ဝဝဝ ကျပ်ရှိပါ တယ်။ အောင်ပန်းဈေးကွက်မှာ ချင်း(စို) ဈေးက တစ်ပိဿာ ၄၅ဝ ကျပ်မှ ၆၅ဝ ကျပ်ဈေးနဲ့ ဈေးငြိမ်နေပြီး ချင်းခြောက်တော့ တစ်ပိဿာ ၁၇ဝဝ ကျပ်ဈေးရှိပါတယ်။ တောင်ကြီးဈေးကွက်မှာတော့ ချင်းခြောက်ဈေးက တစ်ပိဿာ ၂ဝဝဝ ကျပ်နဲ့ ဈေးငြိမ်နေပါတယ်။ ဧဧခိုင် 

Sunday, 13 Mar 2011

ယခုနှစ် ကြံဈေးကောင်းရ၍ ရှမ်းပြည်နယ်တောင်ပိုင်း စိုက်ဧကပိုနိုင်ဖွယ်ရှိ               ယခုနှစ် ကြံဈေးကောင်းရခြင်းကြောင့် ရှမ်းပြည်နယ်တောင်ပိုင်းတွင် စိုက် ဧက ပိုနိုင်ဖွယ်ရှိကြောင်း ကြံသီးနံှလုပ်ငန်းဌာန၊ ရှမ်းပြည်နယ်ဇုန်တာဝန်ခံ ဦးမြဝင်းက ပြောပါတယ်။                  ရှမ်းပြည်နယ်တောင်ပိုင်းမှာ ယခင်နှစ်က စိုက်ဧက ၁၇၆၁၂ ဧက စိုက်ပျိုးမှုရှိခဲ့ရာ၊ ညောင်ရွှေမြို့နယ်တွင် ဧက ၉ဝဝဝ၊ ရပ်စောက်တွင် ဧက ၃ဝဝဝ၊ တောင်ကြီးတွင် ဧက ၁၃ဝဝ စိုက်ပျိုးမှုရှိ၍ ကြံအဓိကစိုက်ပျိုးရာ မြို့နယ်များ လည်းဖြစ်ပါတယ်။ ယခုနှစ်မှာ ကြံစိုက်ဧက ၁၁ဝဝဝ ကျော်စိုက်ပျိုးပြီးစီးခဲ့ပြီး အင်း အရှေ့ဘက်တွင် ဧက ၂ဝဝ ဝန်းကျင် ပိုလာနိုင်ဖွယ်ရှိကြောင်း၊ တန်ခူးလအထိ ကြံစိုက်ပျိုးမှု ဆောင်ရွက်သွားမှာဖြစ်ကြောင်းသိရပါတယ်။ 'လာမယ့်နှစ် ကြံဈေးနှုန်းက ဒီထက်မလျော့ရင်၊ ရာသီဥတုမဖောက်ပြန်ရင် တောင်သူတွေအတွက် အဆင်ပြေမယ်။ မနှစ်ကအထွက်နှုန်းကောင်းမယ် ခန့်မှန်းပေမယ့် မိုးနောက်ကျပြီး အပူချိန်လွန်ကဲတဲ့အတွက် အထွက်နှုန်းကျခဲ့တယ်။ တစ်ဧကကို ၁၆ တန်၊ ၁၇ တန်ဘဲထွက်ခဲ့တယ်။ အထွက်နှုန်းလျော့ပြီး ဈေးကောင်း တဲ့အတွက် တောင်သူတွေအရှုံးမရှိခဲ့ဘူး။ ကြံဈေးနှုန်းက စက်ရုံအရောက်ဈေး တစ်တန်ကို ၅ဝဝဝဝ ဝန်းကျင်ရှိတယ်။ တစ်ဧကကို တန် ၂ဝ-၂၅ တန်ကြားထွက်ခဲ့ ရင် ဒီနှစ်အမြတ်များများရနိုင်တယ်။ ကြံဈေးကောင်းသလို မျိုးဈေးကောင်းတဲ့ အတွက် အရင်းအနှီးမတတ်နိုင်တဲ့တောင်သူအချို့ စိုက်ဧက မတိုးခဲျ့နိုင်လို့ စိုက်ဧက အများကြီးတော့ မတိုးနိုင်ဘူး' လို့ ဦးမြဝင်းကပြောပါတယ်။                   မြန်မာနိုင်ငံအနေဖြင့် စစ်ကိုင်းတိုင်းအတွင်း စိုက်ဧက ၁ သိန်း ၂ သောင်းကျော်စိုက်ပျိုးမှုရှိ၍ အများဆုံး စိုက်ပျိုးရာဒေသဖြစ်ပြီး၊ ရှမ်းပြည်နယ်တွင် ဧက ၉ သောင်းကျော် စိုက်ပျိုးမှုရှိခြင်းကြောင့် ဒုတိယအများဆုံးစိုက်ပျိုးမှု ရှိကြောင်း သိရပါတယ်။ ရှမ်းပြည်နယ်တောင်ပိုင်းတွင် စိုက်ဧက ၁၇၆၁၂ ဧက၊ မြောက်ပိုင်း တွင် စိုက်ဧက ၅၃၈၄ဝ ဧက၊ အရှေ့ပိုင်းတွင် ၆၈၂၃ ဧကစိုက်ပျိုးမှု ရှိကြောင်း သိရပါတယ်။ ဇူးဇူး

Sunday, 13 Mar 2011

မူဆယ်၊ လွယ်ဂျယ်၊ ချင်းရွှေဟော်နယ်စပ်များမှ ပြောင်းဖူးစေ့တင်ပို့              မတ်လ ၂ ရက်မှ ၈ ရက်ထိ ကာလအတွင်း မြန်မာ-တရုတ်နယ်စပ်ရှိ မူဆယ်၊ လွယ်ဂျယ်နဲ့ ချင်းရွှေဟော် နယ်စပ်ကုန်သွယ်ရေးစခန်းမှ ကန်ဒေါ်လာ ၂ ဒသမ ၁၈ သန်းတန်ဖိုးရှိ ပြောင်းဖူးစေ့ ၈၆၇၇ တန်ကျော်တင်ပို့နိုင် ခဲ့ပါတယ်။ ယခင်အပတ်က မူဆယ်နယ်စပ်တစ်ခုတည်းမှ ပြောင်းဖူးစေ့ ၈၆၁၁ တန် တင်ပို့ ခဲ့တာမို့ ယခုအပတ်မှာ ၅၅ တန် တင်ပို့မှု ပိုမိုခဲ့ပါတယ်။သယ်ယူပို့ဆောင် စရိတ် နှုန်းထားများ မြင့်တက်နေခြင်းကြောင့် မန္တလေးတိုင်းမှ ထွက်ရှိသော ပြောင်းဖူးစေ့ တင်ပို့မှု နည်းပါးပြီး မူဆယ်မှ တင်ပို့နေသော ပြောင်းဖူးစေ့မှာ ရှမ်းပြည်နယ် တစ်ဝိုက် လားရှိုး၊ နောင်ချို၊ ကျောက်မဲ ပတ်ဝန်းကျင်ဒေသထွက်များ ဖြစ်ပါတယ်။ ပြည်တွင်း ပြောင်းဈေးအနည်းငယ် မြင့်တက်မှုရှိသော်လည်း တစ်ဖက်နိုင်ငံဈေး အနည်းငယ် လျော့နည်းလျက် ရှိပါတယ်။ မိမိဘက်နဲ့ တစ်ဖက်နိုင်ငံ နယ်စပ်ပြောင်း ဈေးများကို နှိုင်းယှဉ်ဖော်ပြပေးလိုက်ပါတယ် -                                          မိမိဘက်(ကျပ်/တန်)                       တစ်ဘက်နိုင်ငံ(ဒေါ်လာ/တန်)                           ယခု            ယခင်     ပြောင်းလဲမှု    %     ယခု    ယခင်  ပြောင်းလဲမှု      %ပြောင်းဖူးစေ့     ၂၉ဝဝ၅၆     ၂၈ဝ၆၉၃    ၉၃၆၃            ၃     ၂၈၃     ၂၈၈         ၅             ၁ .၈MIRT (DOBT)

Sunday, 13 Mar 2011

ပင်လယ်ရေကြောင်း အပို့လျော့                  မတ်လ ၁ ရက်မှ ၇ ရက်နေ့အထိကာလအတွင်း ပင်လယ်ရေကြောင်းမှ ပြောင်း ၉၄၂ တန်၊ တန်ဖိုး ဝ ဒသမ ၂၃၅ သန်းဖိုး တင်ပို့ခဲ့ပါတယ်။ယခင်အပတ်က တန် ၂၅ဝဝ ကျော်တင်ပို့ခဲ့တာကြောင့် တင်ပို့မှု သုံးပုံတစ်ပုံခန့် လျော့ကျသွား ပါတယ်။ တင်ပို့တဲ့နိုင်ငံများကတော့ ပနားမားကို တန် ၇၅ဝ နဲ့ စင်္ကာပူကို ၁၉၂ တန် အသီးသီးတင်ပို့ခဲ့တာဖြစ်ပါတယ်။ ပင်လယ်ရေကြောင်းတင်ပို့မှုလျော့ကျပေမဲ့ နယ်စပ်တင်ပို့မှုကတော့ အားကောင်းဆဲဖြစ်ကြောင်း သိရပါတယ်။ (ရန်ကုန်) ဈေးနှုန်းကတော့ တစ်တန်ကို ဒေါ်လာ ၂၅ဝ မှ ၂၇ဝ ကြား ဈေးရလျက်ရှိကြောင်း သတင်းရရှိပါတယ်။ KZW

Sunday, 13 Mar 2011

ရော်ဘာဈေးနှုန်းများ အနည်းငယ်ကျ                     သဘာဝရော်ဘာဈေးနှုန်းဟာ ကမ္ဘာ့ဈေးကွက်မှာ တစ်ကီလိုဂရမ်ကို ရူပီး ၂၂၇ (၅ ဒေါ်လာ) နဲ့ အိန္ဒိယ ပြည်တွင်း ဈေးကွက်မှာ တစ်ကီလိုဂရမ်ကို ရူပီး ၂၃ဝ (၅ ဒသမ ၁၄ ဒေါ်လာ) ရောက်ရှိပြီး ဈေးအနည်းငယ် ကျဆင်းကြောင်း နဲ့ မလေးရှားကဲ့သို့သော အဓိကကမ္ဘာ့ဈေးကွက်များမှာလည်း ရော်ဘာဈေးနှုန်း အနည်းငယ် ကျဆင်းသွားကြောင်း အိန္ဒိယ ရော်ဘာရောင်းဝယ်သူများအသင်းလည်း ပြောကြားပါတယ်။ ဘန်ကောက် နိုင်ငံတကာဈေးကွက်မှာတော့ တစ်ကီလိုဂရမ်ကို ရူပီး ၂၇ဝ (၆ ဒေါ်လာ) ရှိကြောင်း သိရပါတယ်။ လစ်ဗျား မငြိမ်သက်မှုပိုမိုလာခြင်းရဲ့ အကျိုးဆက်က ရေနံဈေးနှုန်းကို သက်ရောက်ပြီး နောက်ဆက်တွဲအနေနဲ့ ကားရောင်းချမှုကို ထိခိုက်နိုင်တာကြောင့် တရုတ်ကလည်း ရော်ဘာ အဝယ် လျော့ နည်းနေပါတယ်။ ဒါ့အပြင် တောင်သူတွေကလဲ ဈေးကျမှာစိုးရိမ်ပြီး ဈေးကွက်ထဲကို လှောင်ကုန်တွေ ထုတ်ရောင်း နေကြကြောင်း သတင်းရရှိပါတယ်။                              KZW, Source: Business Standard 

Sunday, 13 Mar 2011

ရော်ဘာဈေးအနည်းငယ်ပြန်ကျသွားသော်လည်း ခဏတာသာခန့်မှန်း                  အရှေ့အလယ်ပိုင်းဒေသမှ မငြိမ်သက်မှုများကြောင့် ကမ္ဘာ့စီးပွားရေးကို ထိခိုက်လိမ့်မယ်ဆိုတဲ့ စိုးရိမ်ပူပန် မှုတွေ ကြောင့် ယခုတစ်ပတ်တွင် တိုကိုျရော်ဘာကြိုပွိုင့်ဈေးနှုန်းအနည်းငယ်ကျဆင်းသွားခဲ့ပါတယ်။ ၎င်းကျဆင်းမှုက ရောင်းလိုအား တင်းကြပ်မှုကြောင့် အချိန်အကန့်အသတ်တစ်ခုအတွင်းသာ ရှိမယ်လို့ ခန့်မှန်းရပါတယ်။ အိန္ဒိယရော်ဘာဈေးကွက်တွင် ဝယ်လိုအားနှေးကွေးမှုကြောင့် ရော်ဘာလက်ငင်းဈေးနှုန်း ကျဆင်းသွားခဲ့ပါတယ်။ မတ်လ ၄ ရက်နေ့က တိုကျိုကြိုပွိုင့်ရောင်းဝယ်ရေးတွင် သြဂုတ်လ သင်္ဘောတင်မဲ့ ရော်ဘာဈေးနှုန်းက တစ်ကီလိုဂရမ်ကို ၂ ဒသမ ၇ ယန်း (သုည ဒသမ ၆ ရာခိုင်နှုန်း) ဈေးကျသွားပြီး တစ်ကီလိုဂရမ်ကို ၄၇၃ ယန်း (တစ်တန်ကို ကန်ဒေါ်လာ ၅၇၃၄) နဲ့ ချုပ်ဆိုခဲ့ပါတယ်။                   ရှန်ဟိုင်းကြိုပွိုင့်ရောင်းဝယ်ရေးတွင်လည်း မတ်လသင်္ဘောတင်မဲ့ ရော်ဘာဈေးနှုန်းကတစ်တန်ကို ကန် ဒေါ်လာ ၅၈၅၆ ကိုဈေးကျသွားကြောင်း သတင်းရရှိပါတယ်။ မကြာခင်က တိုကျိုရော်ဘာကြိုပွိုင့်ဈေးနှုန်းက ရောင်းလိုအားတင်းကြပ်မှုနဲ့ တာယာစက်ရုံများရဲ့ ဝယ်လိုအားများမှုကြောင့် ဈေးမြင့်နိုင်ကြောင်း သုံးသပ်ရပါတယ်။ သို့သော်လည်း ဖေဖော်ဝါရီလလယ်က စံချိန်တင်မြင့်တက်ခဲ့တဲ့ ဈေးနှုန်းလောက်တော့ မြင့်မားနိုင်မှာမဟုတ်ကြောင်းနဲ့ ဧပြီလတွင် ဈေးအနည်းငယ်ပြန်ကျသွားနိုင် ကြောင်း သုံးသပ်ထားပါတယ်။                 တရုတ်၊ အိန္ဒိယနဲ့ မလေးရှားတို့ရဲ့ သဘာဝရော်ဘာဝယ်လိုအားက ကမ္ဘာ့ရော်ဘာ အသုံးပြုမှုရဲ့ ၄၈ ရာခိုင် နှုန်းကိုကိုယ်စားပြုနေပြီး ယခုနှစ်တွင် ပိုများမယ်လို့ သတင်းရရှိပါတယ်။ တရုတ်နိုင်ငံရဲ့ ဝယ်လိုအားက ၉ ဒသမ ၁ ရာခိုင်နှုန်း၊ အိန္ဒိယရဲ့ ဝယ်လိုအားက ၅ ရာခိုင်နှုန်းနဲ့ မလေးရှားရဲ့ ဝယ်လိုအားက ၇ ရာခိုင်နှုန်းအသီးသီးတက်  သွားနိုင်ကြောင်း သုံးသပ် ထားပါတယ်။ အေးမွန်မွန်လှိုင်၊Source:commodityonline.com  

Sunday, 13 Mar 2011

နယ်စပ်စခန်းများမှ ရော်ဘာတန် ၁၃ဝဝ ကျော်တင်ပို့               မတ်လ ၂ ရက်မှ ၈ ရက်ထိ ကာလအတွင်း နယ်စပ်ကုန်သွယ်ရေးစခန်းများမှ ရော်ဘာ ၁၃၂ဝ တန်ကျော် ကန်ဒေါ်လာ ၅ ဒသမ ၇၄ သန်းဖိုးတင်ပို့နိုင်ခဲ့ပါတယ်။ ယခင်အပတ်က ရော်ဘာတန် ၁ဝဝဝ ကျော် တင်ပို့ခဲ့တဲ့အတွက် ယခုအပတ်မှာ တန် ၃၃ဝ ကျော်တင်ပို့မှုပိုမိုခဲ့ပါတယ်။ နယ်စပ်အလိုက်ရော်ဘာတင်ပို့မှုများ ကတော့ မူဆယ်မှ တန် ၇၇ဝ၊ ချင်းရွှေဟော်မှ ၄၃၂ တန်ကျော်နဲ့ မြိတ်မှ တန် ၁၂ဝ တင်ပို့ခဲ့ပြီး ရော်ဘာအဆင့် အလိုက်တင်ပို့နိုင်မှုများကတော့ MSR- 50  ၂၈၃ တန်ကျော်၊MSR--20 ၁၁၆ တန်ကျော်၊RSS-3  ၈၇၉ တန်ကျော်နဲ့ RSS-5  ၄၃ တန်အသီးသီးဖြစ်ပါတယ်။ တရုတ် နိုင်ငံမှ စက်မှုလုပ်ငန်းများအတွက် ရော်ဘာဝယ်လိုအားရှိတဲ့အတွက် ဈေးကွက်အခြေအနေကို စောင့်ကြည့်ပြီး တင်ပို့လျက်ရှိပါတယ်။ယူနန်ပြည်နယ်အထိ မိမိတို့ရော်ဘာများရောက်ရှိနေတယ်လို့ သိရပါတယ်။ မိမိဘက်နဲ့ တစ်ဘက်နိုင်ငံ ရော်ဘာဈေးများ ယခင်အပတ်အတိုင်း ပြောင်းလဲမှုမရှိဘဲ တည်ငြိမ်လျက်ရှိပါတယ်။ မိမိဘက်နဲ့ တစ်ဖက်နိုင်ငံ ရော်ဘာ ပေါက်ဈေးများကို နှိုင်းယှဉ်ဖော်ပြပေးလိုက်ပါတယ် -            မိမိဘက်(ကျပ်/တန်)     တစ်ဘက်နိုင်ငံ (ဒေါ်လာ/ တန်)RSS - 3          ၄၄၁၉၂၆ဝ                   ၅၁၆၃RSS - 5         ၄၁၆၉၇၈၅                    ၄၇၈၃MIRT(DOBT)

Pages