Main menu

Background

Tuesday, 28 Dec 2010

နယ်အဆွဲသွက်လို့ တက်ဈေးရတဲ့ မိုးကြက်သွန်                  မုံရွာနယ်မှာစိုက်ခဲ့ကြတဲ့ မိုးကြက်သွန်အများစု၊ ယခုလဆန်းပိုင်းကစပြီး မုံရွာကြက်သွန်ပွဲရုံတွေဆီ ဝင်ရောက်လာခဲ့ရာ ဒီဇင်ဘာ တတိယပတ်မှာ မန္တလေး၊ ရန်ကုန်အပြင် တမူးနယ်ဘက်ကပါကြက်သွန်နီအသစ်တွေ ဆွဲယူမှုရှိတယ်လို့ ပွဲရုံရပ်ကွက်က ကြားသိရပါတယ်။ ကြက်သွန်အဟောင်းဈေးကွက်ထဲ လက်ကျန် နည်းသွားလို့ နယ်ကဝင်လာတဲ့ အသစ်တွေ ဈေးကောင်းရပြီး ဝယ်လက် သွက်လာ လို့ ပွဲရုံမှာ တစ်နေ့ဝင်သမျှ နေ့ချင်းရောင်းကုန် ခဲ့တယ်လို့ ဈေးကွက်ကဆိုပါတယ်။                   လက်ရှိပေါက်ဈေးအနေနဲ့ ပစ္စည်းရှားပါးတဲ့ အဟောင်းရှယ်တစ်ပိဿာ ၄ဝဝ ကျပ်ရခဲ့ပြီး၊ လတ်စ ၃ဝဝ ကျပ်၊ အညံ့ ၂ဝဝ ကျပ်ဝန်းကျင်နဲ့ ကြက်သွန်နီ အသစ်ကတော့ တစ်ပိဿာ ၃ဝဝ ကျပ်၊ ၃၅ဝ ကျပ်နဲ့ အရောင်းအဝယ် သွက်လျက် ရှိတယ်လို့ ဆိုပါတယ်။ ဒီဇင်ဘာလထဲမှာ မုံရွာပွဲရုံတွေကနေ နယ်ကို ကြက်သွန်နီ ထပ်ဆင့်တင်ပို့မှုအနေနဲ့ မန္တလေးကို ပိဿာ ၂ သိန်းခန့်၊ ရန်ကုန်ကို ပိဿာ ၂ သောင်းခန့်နဲ့ ပခုက္ကူကို ပိဿာ ၁ သောင်းခန့်စီးထွက်ခဲ့တယ်လို့ ဈေးကွက်က ဆိုပါတယ်။        ထွန်းလှိုင် 

Tuesday, 28 Dec 2010

အရောင်းအဝယ်အေး မန်းပြောင်းဈေး                အစေ့ထုတ်ပြောင်း (ပြောင်းဖူးစေ့)အသစ်များ အောက်တိုဘာလ လလယ်လောက်က စပြီး မန္တလေး ဈေးကွက်ကို ရှမ်းပြည်နယ်မြောက်ပိုင်း၊ တောင်ပိုင်း၊ စစ်ကိုင်းတိုင်းဒေသကြီး၊ မန္တလေးတိုင်းဒေသကြီးအတွင်းရှိ နေပြည်တော်လယ်ဝေး၊ နေပြည်တော်တပ်ကုန်း၊ မြင်းခြံ၊ တောင်သာနယ်တို့မှ ဝင်ရောက်လာပြီး ရှမ်းပြောင်း သုံးတင်းဝင်တစ်အိတ် ၁၅ဝဝဝ ကျပ်ခန့်၊ ဗမာပြောင်း ၁၄ဝဝဝ ကျပ်ဝန်းကျင်ဈေးဖြင့် ဝယ်လိုအားရောင်းလိုအား ကောင်းပြီး မူဆယ်ဈေးကွက်ကို တန်ချိန် ၆၃ဝဝ ကျော်တင်ပို့နိုင်ခဲ့ပါတယ်။ နိုဝင်ဘာလမှာ ပြောင်းဖူးစေ့ (ရှမ်း) သုံးတင်းဝင်တစ်အိတ် ၁၅ဝဝဝ ကျပ်၊ ဗမာပြောင်း ၁၄၅ဝဝ ကျပ်ဝန်းကျင်ဖြင့် မူဆယ်ဈေးကွက်သို့ တန်ချိန် ၇ဝဝဝ ကျော် တင်ပို့နိုင်ခဲ့ပါတယ်။ ဒီဇင်ဘာလဆန်းမှာ ရှမ်းပြောင်းသုံးတင်းဝင် တစ်အိတ် ၁၅၆ဝဝ ကျပ်၊ တစ်ပိဿာ ၂၇၈ ကျပ်၊ ဗမာပြောင်း ၁၄၅ဝဝ ကျပ်၊ တစ်ပိဿာ ၂၇၆ ကျပ်ဈေးဖြင့် အရောင်းအဝယ်ကောင်းခဲ့သော်လည်း ဒီဇင်ဘာ တတိယပတ်တွင် အရောင်းအဝယ်အေးခဲ့ပြီး ရှမ်းပြောင်းတစ်အိတ် ၁၃၈ဝဝ ကျပ်မှ ၁၄ဝဝဝ ကျပ် တစ်ပိဿာ ၂၅၆ ကျပ်ခန့် ဗမာပြောင်း ၁၃၅ဝဝ ကျပ်၊ တစ်ပိဿာ ၂၅ဝ ကျပ်ဖြင့် တစ်နေ့သုံးတင်းဝင်အိတ် ၁၅ဝဝ မှ ၂ဝဝဝ ဝန်းကျင်ခန့် အရောင်းအဝယ် ဖြစ်တယ်လို့ သိရပါတယ်။ ဒေသတွင်းကြက်စာသမားများ၊ အရက်ချက်စက်ရုံများ ၊ လှောင်လက်သမားများမှလည်း ဝယ်ယူမှုရှိကြောင်း သိရပါ တယ်။ မြင့်ခိုင်

Tuesday, 28 Dec 2010

ဆောင်းအဝင် ရော်ဘာ တိုးထုတ်သလို ဈေးလည်းတိုးလာ           ဆောင်းတွင်း ကာလရောက်ရှိလာတာနဲ့အမျှ ရော်ဘာစေး ထုတ်လုပ်မှု အရှိန်အဟုန်တိုးမြှင့် လာသလို ပြည်တွင်းရော်ဘာဈေးနှုန်းမှာလည်း တစ်ရိပ်ရိပ်တိုးမြင့် ဝယ်ယူလာတာတွေ့ရပါတယ်။ ပြီးခဲ့တဲ့ နိုဝင်ဘာလကုန်မှာRSS -3  တစ်ပေါင် ၁၄ဝဝ ကျပ်၊RSS -5 တစ်ပေါင် ၁၂၉ဝ ကျပ်ရှိနေရာမှ ဒီဇင်ဘာလ တတိယပတ်အရောက်မှာRSS -3 တစ်ပေါင် ၁၆၂ဝ ကျပ်၊RSS -3 တစ်ပေါင် ၁၅၂ဝ ကျပ်ထိ တိုးမြှင့်ရောင်းဝယ်လျက်ရှိပြီး ပြည်ပဝယ်လိုအားအပေါ် ဈေးနှုန်း တိုးမြှင့်ဝယ်ယူရခြင်းဖြစ်ကြောင်း ရော်ဘာလုပ်ငန်းရှင်တို့က ပြောကြားပါတယ်။              မွန်ပြည်နယ် ရော်ဘာများကို ရန်ကုန်မြို့၊ မန္တလေးမြို့များသို့ အဓိကတင်ပို့ခဲ့ရာ ပြီးခဲ့တဲ့ နိုဝင်ဘာလက ၅၇၉၁ တန်တင်ပို့နိုင်ခဲ့သော်လည်း ယခုလ ဒီဇင်ဘာလ ၁၅ ရက်နေ့ထိ ၄၂၆၇ တန်တင်ပို့ခဲ့ပြီးဖြစ်လို့ ယခင်လထက် တင်ပို့မှု ပမာဏကျော်လွန်မယ်လို့ ခန့်မှန်းလျက်ရှိကြပြီး အလားတူစိုက်ပိုျးထုတ်လုပ်မှုအနေဖြင့် ယခုနှစ်စိုက်ဧက ၄ ဒသမ ၂၉ သိန်းအပေါ်တွင် တန် ၇၆ဝဝဝ ကျော်ထွက်ရှိရန် လျာထားသတ်မှတ်ခဲ့ရာ ဒီဇင်ဘာလထိ စိုက်ဧက ၄ ဒသမ ၅၁ သိန်းအပေါ်တွင် တန် ၇၉ဝဝဝ ကျော် ထွက်ရှိပြီးကြောင်း သိရလို့ နှစ်ကုန်မှာ တန်ချိန်ပေါင်း ၈ဝဝဝဝ ကျော်ထွက်ရှိနိုင်ကြောင်း သရိ ပါတယ။် အောင်လွင်

Tuesday, 28 Dec 2010

နယ်စပ်မှ ယခုအပတ် ရော်ဘာတင်ပို့မှုပို              ဒီဇင်ဘာလ ၁၅ ရက်မှ ၂၁ ရက်ထိ ကာလအတွင်း နယ်စပ်ကုန်သွယ်ရေးစန်းများဖြစ်တဲ့ တရုတ်နယ်စပ်က မူဆယ် ၁ဝ၅ မိုင်ကုန်သွယ်ရေးဇုန်နဲ့ ထိုင်းနယ်စပ်မှ မြိတ်နယ်စပ်ကုန်သွယ်ရေးစခန်းတွေကနေ ရော်ဘာအဆင့်စုံ တန်ချိန် ၁၁၅ဝ ကျော် တန်ဖိုး ကန်ဒေါ်လာ ၄ သန်းကျော်ဖိုးတင်ပို့နိုင်ခဲ့ပါတယ်။ ရော်ဘာအဆင့်အလိုက်တင်ပို့နိုင်မှုတွေကတော့ မူဆယ် ၁ဝ၅ မိုင် ကုန်သွယ်ရေးဇုန်ကနေ ရော်ဘာ RSS (1)  ၁၆၆ တန်ကျော်၊RSS (3) ၆၅၂ တန်ကျော်၊RSS (5) ၇၅ တန်၊ MSR (20)  ၄ဝ ဒသမ ၅ တန်၊MSR (50)  ၁၁၆ တန်ကျော်နဲ့ မြိတ်နယ်စပ်မှ MSR (20) တန် ၁ဝဝ အသီးသီးတင်ပို့ခဲ့ တာဖြစ်ပါတယ်။ ယခင်အပတ်က မူဆယ် ၁ဝ၅ မိုင်ကုန်သွယ်ရေးဇုန်နဲ့ချင်းရွှေဟော်နယ်စပ်တို့မှ ရော်ဘာ ၅၆၂ တန်ကျော်သာ တင်ပို့နိုင်ခဲ့တာမို့ ယခုအပတ်မှာ တန်ချိန် ၅၈၈ တန်ကျော်တင်ပို့မှုပိုမိုခဲ့ပါတယ်။ တစ်ဘက်နိုင်ငံ ဝယ်လိုအားရှိပစ္စည်းဖြစ်ပြီး တစ်ဖက်နိုင်ငံ ရော်ဘာဈေးကလည်း မြင့်တက်ခဲ့တဲ့အတွက် တင်ပို့မှုပိုမိုခဲ့တာလို့ မူဆယ် ၁ဝ၅ မိုင် ကုန်သွယ်ရေးဇုန် ပို့ကုန် ဌာနက သတင်းရရှိပါတယ်။ ယခုအပတ်နဲ့ယခင်အပတ်ရော်ဘာဈေးနှုန်းများကို နှိုင်းယှဉ်ဖော်ပြပေးလိုက်ရပါတယ်                                               မိမိဘက်(ကျပ်/တန်)                           တစ်ဘက်နိုင်ငံ(ဒေါ်လာ/တန်)                        ယခု                ယခင်         ပြောင်းလဲမှု     %           ယခု            ယခင်       ပြောင်းလဲမှု    %RSS(3)              ၃၇၂၄၆၄၅        ၃၆၁၂၆၄၅     ၁၁၂ဝဝဝ         ၃            ၄ဝ၆၂          ၃၆၈ဝ           ၃၈၂        ၉RSS(5)              ၃၄၉၁၇၄၅         ၃၃၇၉၇၄၅     ၁၁၂ဝဝဝ        ၃            ၃၇၆၁           ၃၅၃ဝ          ၂၃၁        ၆MIRT (DOBT)

Tuesday, 28 Dec 2010

ပင်လယ်ရေကြောင်းမှ ရော်ဘာတင်ပို့မှု ထက်ဝက်ကျ               မြန်မာ-ဘင်္ဂလားဒေ့ရှ် နယ်စပ် စစ်တွေနယ်စပ်စခန်းမှ တစ်ဖက် ဘင်္ဂလား ဒေ့ရှ်နိုင်ငံသို့ ကတ္တီပါပိတ်စ၊ ကလေးစီးဖိဒီဇင်ဘာ ၁၃ ရက်မှ ၁၉ ရက်ထိကာလအတွင်း ပင်လယ်ရေကြောင်းမှရော်ဘာတန်ချိန် ၇၄၇ ဒသမ ၁၂ တန် တန်ဖိုး ကန်ဒေါ်လာ ၂ ဒသမ ၅၃၁ သန်းဖိုးတင်ပို့နိုင်ခဲ့ပါတယ်။ ယခင်ရက်သတ္တပတ်က ၁၃၇၆ တန်တင်ပို့ခဲ့တာကြောင့် ယခုတစ်ပတ်မှာ ထက်ဝက်ခန့်သာတင်ပို့နိုင်ခဲ့ပါတယ်။ တင်ပို့တဲ့နိုင်ငံများကတော့ တရုတ်ကိုRSS-5  ၃၆ တန်နဲ့MSR- 20  ၄၅ ဒသမ ၁၂ တန်၊ မလေးရှားကိုRSS-3 ၄၄၃ တန်၊RSS-5 ၁၆၃ တန် နဲ့ အိန္ဒိယကိုRSS-3  ၆ဝ တန် အသီးသီးတင်ပို့ခဲ့တာဖြစ်ပါတယ်။ ခင်ကလျာဦး

Monday, 27 Dec 2010

ဈေးဆက်လက်အေးနေသော ပြည်ကုလားပဲ          ပြည်ဈေးကွက်တွင် ကုလားပဲဈေးမှာ ယခင်တစ်ပတ်က ၂၃ဝဝဝ ကျပ်ဖြင့် အရောင်းအဝယ်ရှိပြီး ယခု တစ်ပတ်တွင် ၂၂ဝဝဝ ကျပ်ဖြင့် ဈေးအနည်း ငယ် ကျဆင်းခဲ့တာကို တွေ့ရပါတယ်။ အရောင်းအဝယ်ဖြစ်မှုအနေနဲ့ ယခင် တစ်ပတ်က တစ်ရက် အိတ် ၂ဝဝ အရောင်းအဝယ်ရှိရာမှ ယခုအပတ်တွင် အိတ် ၁ဝဝ ခန့်သာ ရောင်းချရပါတယ်။ ခွဲစက်သမားနဲ့ ကြာဇံစက်သမားများမှ အဝယ် အေးလာတဲ့အတွက် ဒေသတွင်း ပွဲရုံများတွင် ရောင်းအား နည်း ခြင်းဖြစ်ပါတယ်။ ယခုအချိန်ဟာ ပဲစိုက်ပျိုးသူတောင်သူများမှလည်း စိုက်ပိုျးပြီးဖြစ်တဲ့အတွက် မျိုးပဲ ဝယ်ယူသူ အနည်းငယ်သာရှိတော့တဲ့အတွက် အရောင်းအေးခြင်း ဖြစ်ကြောင်း သိရပါတယ်။                                                                             လွင်လွင်ဆန်း

Monday, 27 Dec 2010

အရည်အသွေးပေါ်မူတည်၍ အရောင်းအဝယ်ဖြစ်တဲ့ ပြည်ပဲတီစိမ်း           ယခုတစ်ပတ် ပြည်ဈေးကွက်အတွင်း ပဲမျိုးစုံဈေးနှုန်းများကျဆင်းလျက်ရှိရာ ပဲတီစိမ်းဈေးနှုန်းမှာလည်း ယခင်အပတ်ကထက် ဈေးကျသွားခဲ့ပါတယ်။ ယခုတစ်ပတ်အတွင်း ပဲတီစိမ်းဈေးမှာ ပဲအရည်အသွေးပေါ်မူတည်၍ အရောင်း အဝယ်ဖြစ်နေကြပါတယ်။ ပဲတီစိမ်းအရည်အသွေးမှာ အစိမ်းရောင်တောက်သည့်ပဲအမျိုးအစားဖြစ်ပါက တစ်တင်း ၂၆ဝဝဝ ကျပ်၊ ပဲအရောင်မှိန်ပါက ၁ တင်း ၂၂ဝဝဝ ကျပ်ဖြင့် တစ်ရက်ကို အိတ် ၅ဝဝ ကျော် အရောင်းအဝယ်ဖြစ်လျက်ရှိပါတယ်။ ဒေသတွင်း မြို့နယ်များနှင့် မကွေးတိုင်းဒေသကြီးဖက်မှ နေ့စဉ်အဝင်ရှိသလို ရန်ကုန်သို့ တင်ပို့မှုအနေဖြင့် ယခုလ တတိယ ပတ် အထိ အိတ် ၄၉ဝဝ ကျော်နဲ့ မန္တလေးတိုင်းဒေသကြီးသို့ အိတ် ၈ဝဝ ခန့် တင်ပို့ခဲ့ကြောင်း သိရပါတယ်။                                ခင်ဆွေဝင်း

Monday, 27 Dec 2010

မုံရွာပဲဈေးကွက်သို့ ပဲတီစိမ်း (အသေး) အဝင်များနေ              မုံရွာပဲဈေးကွက်သို့ မိုးပဲတီစိမ်းများ အဝင်လှိုင်နေကြောင်း သိရပါတယ်။ ဒီဇင်ဘာတတိယပတ်အတွင်း ပဲတီစိမ်းအကြီး ၂၅ဝဝဝ ကျပ်မှ ၂၃ဝဝဝ ကျပ်အထိ၊ အသေး ၂၂၅ဝဝ ကျပ်မှ ၁၉ဝဝဝ ကျပ်အထိ ဈေးအပြောင်း အလဲဖြစ်ခဲ့ပြီး၊ နေ့စဉ် ကုန်စည်ဒိုင်သို့ အိတ် ၇ဝဝ ခန့် ပုံမှန်ဝင်ရောက်နေကြောင်း သိရပါတယ်။ ဒေသအခေါ် ဗမာပဲ (အလုံးသေး) အဝင်များပြီး ကုန်သည်များ အဝယ်များကြောင်း သိရပါတယ်။ မန္တလေးသို့ တင်း ၁ဝဝဝ ခန့် စီးထွက်ခဲ့တယ်လို့ သိရပါတယ်။   အောင်မင်း 

Monday, 27 Dec 2010

 မန်းဝယ်လက်အဆွဲပိုတဲ့ မုံရွာပဲတီ              ယခုတစ်ပတ် မုံရွာကုန်စည်ဒိုင် ပဲတီစိမ်းဈေးကွက်အနေနဲ့ နယ်ပစ္စည်း အဝင်ပုံမှန်ရှိခဲ့သလို မန်းအဆွဲ အနည်းငယ် ပိုလာခဲ့ပေမဲ့ ဈေးအနည်းငယ် အေးသွားတယ်လို့ ဆိုပါတယ်။ ပြီးခဲ့တဲ့ တစ်ပတ်ထက် တစ်တင်း ၁၅ဝဝ ကျပ်ခန့် လျော့နည်းခဲ့ပြီး ယခု ရက်ပတ်မှာ ပဲတီစိမ်းကြီးတစ်တင်း ၂၃ဝဝဝ ကျပ်နဲ့ ပဲတီစိမ်း သေးတစ်တင်း ၁၉ဝဝဝ ကျပ်ဈေးမှာ တန့်နေခဲ့ပါတယ်။ အရောင်း အဝယ်အားဖြင့် မုံရွာ ကုန်စည်ဒိုင်မှာ ဒေသခံခွဲစက်သမားပဲလက်လီသမားနဲ့ မန်းဝယ်လက်တွေက အဆွဲပိုလို့ တစ်နေ့ အိတ် ၅ဝဝ ခန့် ဖြစ်ခဲ့ပြီး ဒီရက်ပတ်အတွင်း မုံရွာကုန်စည်ဒိုင် နယ်မြေကနေ မန္တလေးဈေးကွက်ကို ပဲတီစိမ်းတင်း ၄ဝဝဝ နီးပါး စီးထွက် သွားခဲ့တယ်လို့ သိရပါတယ်။                                                                                                                         ထွန်းလှိုင်

Monday, 27 Dec 2010

 ပဲတီစိမ်းတန် ၁ဝဝဝ ကျော်မူဆယ်မှ ယခုအပတ်ပို့                ဒီဇင်ဘာလ ၁၅ ရက်မှ ၂၁ ရက်ထိကာလအတွင်း မူဆယ် ၁ဝ၅ မိုင်ကုန်သွယ်ရေးဇုန်နဲ့စစ်တွေနယ်စပ် ကုန်သွယ်ရေး စခန်းများမှ ကန်ဒေါ်လာ ဝ ဒသမ ၉၉ သန်းတန်ဖိုးရှိ ပဲတီစိမ်း ၁ဝ၃၄ တန်တင်ပို့နိုင်ခဲ့ပါတယ်။ မူဆယ်မှ ၁ဝ၂၈ တန်နဲ့စစ်တွေမှ ၆ တန်တင်ပို့ခဲ့တာဖြစ်ပါတယ်။ ပြီးခဲ့တဲ့အပတ်ကတော့ မူဆယ်ကနေ ပဲတီစိမ်း လုံးပြည့် ၇၉၃ တန်နဲ့လုံးခြမ်း ၁၁၇ တန် တင်ပို့ခဲ့တာမို့ ယခုအပတ်မှာ ပဲတီစိမ်းလုံးပြည့် ၂၃၅ တန်ခန့်ပိုမို တင်ပို့ခဲ့သော်လည်း ပဲတီစိမ်းလုံးခြမ်းတင်ပို့နိုင်ခြင်းမရှိပါဘူး။ ပြည်တွင်းဈေးမြင့်သလို တစ်ဘက်နိုင်ငံရောင်းဈေးလည်းပိုမိုရရှိတဲ့အတွက် တင်ပို့မှု ပိုမိုခဲ့ရတာ လို့သိရပါတယ်။ အရောင်းအဝယ်သွက်တဲ့အပြင် တရုတ်ပြည်မကြီး အမှာစာ များတယ်လို့ ပဲပြောင်းနှမ်းအသင်း အတွင်းရေးမှူးထံက သိရပါတယ်။ ယခုအပတ်နဲ့ယခင် အပတ်ပဲတီစိမ်းဈေးနှုန်းများကို နှိုင်းယှဉ်ဖော်ပြပေး လိုက်ပါတယ                                  မိမိဘက်(ကျပ်/တန်)                         တစ်ဘက်နိုင်ငံ(ဒေါ်လာ/တန်)              ယခု           ယခင်        ပြောင်းလဲမှု        ရာခိုင်နှုန်း        ယခု        ယခင်        ပြောင်းလဲမှု     ရာခိုင်နှုန်းပဲတီစိမ်း   ၁ဝ၃ဝ၅၁၄   ၁ဝ၂၈၇၄၂       ၁၇၇၂              ဝ .၂          ၁၂၁၉        ၁၁၈၇           ၃၂             ၃MIRT (DOBT)

Pages