Main menu

Background

Wednesday, 24 Oct 2012

ရန်ကုန် FOB နဲ့ အိန္ဒိယဈေးကွက် ပဲမျိူးစုံဈေးနှုန်း အပြောင်းအလဲ
၁၉-၁၀-၂၀၁၂                                              ဒေါ်လာ/တန်

စဉ်
ပဲအမျိူးအမည်
တောင်အမေရိက
ဥရုဂွေး
အာဂျင်တီးနား

11/10
18/10
ပြောင်းလဲမှု
11/10
18/10
ပြောင်းလဲမှု
11/10
18/10
ပြောင်းလဲမှု

1
မတ်ပဲ
630
630

645
670

773
-

2
ပဲစင်းငုံ
720
710

768
755

773
-

3
ပဲတီရွှေဝါ
840
900

980
1076

980
1001

4
ကုလားပဲဖြူလုံးကြီး
760
740

857
887

871
902

 
*မှတ်ချက်။ ရန်ကုန် FOB ဈေးနှုန်းများမှာ အနိမ့်ဈေးများသာဖြစ်ပါသည်။
အိန္ဒိယဒေလီဈေးကွက် ပဲတီရွှေဝါဈေးမှာ ချန်နိုင်းဈေးကွက်ပေါက်ဈေးဖြစ်ပါသည်။

Wednesday, 24 Oct 2012

မြိတ်နယ်စပ်ကုန်သွယ်ရေးစခန်းမှ ကန်ဒေါ်လာ သုည ဒသမ ၀၂၃ သန်းတန်ဖိုးရှိ ရော်ဘာပေါင်းသစ် ၁၀၉ တန်ကျော်နဲ့ ကန်ဒေါ်လာသုည ဒသမ ၄၄၀ သန်းတန်ဖိုးရှိ ရော်ဘာကျပ်တင်  (RSS-3) တန် ၁၆၀ ကို အောက်တိုဘာလ ၁၀ ရက်မှ ၁၆ ရက်ထိကာလအတွင်းမှာ အပို့ရှိခဲ့တယ်လို့ မြိတ်နယ်စပ်မှ သတင်းရရှိပါတယ်။ တရုတ်နယ်စပ် ကုန်သွယ်ရေး စခန်းများဖြစ်တဲ့ မူဆယ်မှ ကန်ဒေါ်လာ သုည ဒသမ ၅၄၅ သန်း တန်ဖိုးရှိ ရော်ဘာ ၁၉၆ တန်ကျော်နဲ့ ချင်းရွှေဟော်မှ ကန်ဒေါ်လာ ၂ ဒသမ ၄၇၈ သန်းတန်ဖိုးရှိ   RSS-3 ၉၁၁ တန်ခန့်ကို အပို့ရှိခဲ့ပါတယ်။ မိမိဘက်ရော တစ်ဘက် နိုင်ငံမှာပါ ရော်ဘာဈေးများ ယခင်အပတ်ထက် မြင့်လျက် ရှိပါတယ်-

Wednesday, 24 Oct 2012

မြန်မာ-တရုတ်နယ်စပ်ရှိ မူဆယ် ၁၀၅ မိုင်မှ အောက်တိုဘာလ ၁၀ ရက်မှ ၁၆ ရက်ထိကာလအတွင်းမှာ ကန်ဒေါ်လာ သုည ဒသမ ၂၄၅ သန်းတန်ဖိုးရှိ သကြား ညို ၂၁၃ တန်ခန့်နဲ့ သကြားဖြူ ၂၀၂ တန်အပို့ရှိခဲ့ရာ ယခင်အပတ်တင်ပို့မှုထက် သကြားညို ၈၉ တန်ကျော်နဲ့ သကြားဖြူ ၁၇၄ တန်အပို့ပိုခဲ့တဲ့အတွက် ယခုအပတ် မူဆယ်မှ သကြားပို့အားကောင်းလျက်ရှိပါတယ်။               MIRT(DOBT)

Wednesday, 24 Oct 2012

ဈေးနှုန်းမြင့်တက်မှုကို ဖြစ်စေနိုင်တဲ့ အမေရိကန်ပြည်ထောင်စုမှာ ပြောင်း ရောင်းချမှု နည်းတဲ့အလားအလာနဲ့ မကြာသေးခင်က ပြောင်းဈေးကျဆင်းခဲ့တဲ့တိုင် ဈေးနှုန်းက အမြင့်မှာရှိနေဆဲမို့ အာရှအချို့ကုန်သည်တွေ က ပြောင်း ဝယ်ယူမှုကို တုံ့ဆိုင်းနေကြပါတယ်။ ဂျပန်ဝယ်လက်တွေဟာ ရောင်းချမှုနည်းနေတဲ့တိုင် မဝယ်မီ အချိန်ယူစဉ်းစား နေတာကြောင့် အဝယ်မသွက်ဘူးလို့ တိုကျိုအခြေစိုက်  Continental  Rice   ကော်ပိုရေးရှင်း ဥက္ကဌ Nobuyuki  Chino မှ ပြောကြားပါတယ်။ ဂျပန်နိုင်ငံဟာ ကမ္ဘာမှာ ပြောင်းထိပ်တန်း တင်သွင်းသူဖြစ်ပါတယ်။

Sunday, 21 Oct 2012

ပခုက္ကူကုန်စည်ဒိုင်ရဲ့ စားဖိုဆောင်သုံးသီးနှံဖြစ်တဲ့ ကြက်သွန်နီ အဝင်အထွက် စာရင်းတွေကို လေ့လာရရင် ၂၀၁၂ ခုနှစ်၊ အောက်တိုဘာ ၁ ရက်မှ ၁၉ ရက်ထိ အဝင်ပိဿာချိန်ပေါင်း ၃၄၁၀၀၀ ရှိပြီး၊  မန္တလေးကို အထွက်ပိဿာချိန် ၃၀၅၅၅၊ ရန်ကုန်ကို အထွက်ပိဿာချိန် ၇၂၇၃၀ ရှိတော့ အထွက်စုစုပေါင်းက ၁၀၃၂၈၅ ပိဿာရှိပါတယ်။ အဝင်အထွက် စာရင်းအရ အောက်တိုဘာ ၁ ရက်မှ ၁၉ ရက်ထိ မှာပဲ ပခုက္ကူမှာ ပိဿာချိန် ၂ သိန်းကျော် ကျန်ပါတယ်။ ယခင်လက်ကျန် တော် တော်များများရှိနေခဲ့ပြီး၊ နယ်တွေမှာလည်း လက်ကျန် များနိုင်တယ်လို့ အသင်းရဲ့ ဒုတိယဥက္ကဌ ဦးလေးသိမ်းက  ခန့်မှန်းပြောဆိုပါတယ်။ လက်ကျန်ကြက်သွန် တွေအနေနဲ့ အရောင်ပျက်တာ၊ အခွန်လန်တာတွေတော့ဖြစ်နေပြီလို့လဲ ပြောပါ တယ်။ ဈေးနှုန်းတွေအနေနဲ့ အောက်တိုဘာ ၁ ရက်မှ ၅ ရက်အတွင်း တစ်ပိဿာ ၆၀၀ ကျပ် - ၅၀၀ ကျပ် - ၄၀၀ ကျပ်ပုံမှန်ကနေပြီး၊ တက်ရိပ်သန်းပြီးလာပါတယ်။ ၁၉ ရက်နေ့မှာ တစ်ပိဿာ ၇၀၀ ကျပ် - ၆၀၀ ကျပ် - ၅၀၀ ကျပ်ဖြစ်ခဲ့ပြီး၊ ကြား ရက်တွေမှာ တစ်ပိဿာ ၇၅၀ ကျပ် - ၆၅၀ ကျပ် - ၅၅၀ ကျပ်ဈေးတွေ ဖြစ်ခဲ့ တာကိုလည်း လေ့လာရပါတယ်။ ပခုက္ကူဈေးပတ်ဝန်းကျင်မှာ လက်လီအနေနဲ့ တစ် ပိဿာ ၈၅၀ ကျပ် - ၇၅၀ ကျပ် - ၆၀၀ ကျပ်ထိ စုပုံပြီး ရောင်းနေတာကိုလည်း တွေ့ရပါတယ်။ ဒီအထဲမှာ  ဥကိုစိုက်တဲ့ မြိတ်စားကြက်သွန်၊ ကြက်သွန်မြိတ်တွေ လည်း ကြိုကြားကြိုကြားတွေ့နေရပါတယ်။ ယခင်က တင်ပြခဲ့သလို လှောင်ကြက် သွန်ရဲ့ သက်တမ်းဟာ တစ်လကျော် နှစ်လနီးပါးသာ ကျန်သလို အရည်အသွေးညံ့ ရမယ့် အချိန်လည်းဖြစ်ပြန်၊ မြိတ်စားကြက်သွန်ဥစိုက်ကလည်း များများထွက်ပေါ်ဖို့ အရိပ်အရောင်ပြနေပြီဆိုတော့ စားဖိုဆောင်သုံးသီးနှံ ကြက်သွန်နီရဲ့ အရောင်း အဝယ်အဖို့ လျှင်မြန်သွက်လက် အရောင်းထွက်ဖို့လိုနေပြီဆိုတာ သုံးသပ်တင်ပြ ရပါတယ်။                                 မြင့်ဦး - ပခုက္ကူ

Sunday, 21 Oct 2012

ရှမ်းနနွင်းကတော့ လက်ကြီးသမားတွေ ဝယ်ယူမှုနည်းပြီး၊ လက်လီလောက်သာ အရောင်းအဝယ်ဖြစ်နေ ပါတယ်။ နနွင်း လက်ကျန်ကလည်း အတော်ကျန်နေပါသေးတယ်။ အရောင်းအဝယ်အနေနဲ့ကတော့ သူ့အရည် အသွေးနဲ့သူ ပုံမှန်လောက် တော့ အရောင်းအဝယ်ဖြစ်နေတယ်လို့လည်း သိရပါတယ်။ သီတင်းကျွတ်ပွဲေ တာ်ကြောင့် တောင်သူတွေ ကလည်း လိုသလောက် သာ ထုတ်ရောင်းကြတာကြောင့် ပွဲရုံတွေကလည်း လက်လီသာ ဝယ်နေ ကြရတယ်လို့ သိရပါတယ်။ လက်ရှိနနွင်းပေါက်ဈေးက ရိုးရိုးနနွင်းတစ်ပိဿာ ၆၀၀ ကျပ်မှ ၈၀၀ ကျပ်၊ ဆင်တောင် နနွင်းက ၁၁၀၀ ကျပ် - ၁၂၀၀ ကျပ်ဈေးရှိပါတယ်။

Sunday, 21 Oct 2012

မြန်မာ-တရုတ်နယ်စပ်ရှိ မူဆယ် ၁၀၅ မိုင်မှ အောက်တိုဘာလ ၁၀ ရက်မှ ၁၆ ရက်ထိကာလ အတွင်းမှာ ကန်ဒေါ်လာ သုည ဒသမ ၁၄၉ သန်းတန်ဖိုးရှိတဲ့ နနွင်းတက် ၉၅ ဒသမ ၇၃၀ တန်အပို့ရှိခဲ့ပါတယ်။ ယခင်အပတ်ကထက် ၁၉ တန်ကျော် မူဆယ်မှအပို့ပိုခဲ့တယ်လို့သိရပါတယ်။ နနွင်းကို ဟင်းခတ် အမွှေးအကြိုင်အပြင် ပရဆေးဖော်စပ်ရာမှာ လည်း တွင်တွင် ကျယ်ကျယ် အသုံးပြုနေကြတာ ဖြစ်ပါတယ်။                                                            MIRT(DOBT)

Sunday, 21 Oct 2012

ပြည်ပကို အောက်တိုဘာဒုတိယပတ်အတွင်းမှာ နနွင်း ၇၃ ဒသမ ၅ တန်ကို ပင်လယ်ရေကြောင်းကုန်သွယ်မှုလမ်းမှ တင်ပို့ ခဲ့ပါတယ်။ ယခင်သီတင်းပတ်မှာ နနွင်း တင်ပို့နိုင်ခြင်းမရှိခဲ့ဘဲ ဒီတစ်ပတ်မှသာ ပြန်လည် တင်ပို့နိုင်ခြင်းဖြစ်ပါတယ်။ ဒီသီတင်း ပတ်မှာ တင်ပို့ခဲ့တဲ့နိုင်ငံနဲ့ တန်ချိန်မှာ စင်ကာပူနိုင်ငံကို ၁၆ ဒသမ ၅ တန်နဲ့ ပါကစ္စတန်နိုင်ငံကို ၅၇ တန်ဖြစ်ပါတယ်။ FOB ဈေးမှာ တစ်တန်ကို ကန်ဒေါ်လာ ၅၂၅-၅၅၀ အတွင်းရရှိခဲ့ပါတယ်။                                              MIRT (DOT)

Sunday, 21 Oct 2012

ကျွန်တော်တို့ ကြက်သွန်နီဟာ ကုန်စိမ်းအမျိုးအစားလို့ သတ်မှတ်ခံရတဲ့ သီးနှံပါ။ မြန်မာလူမျိုးတို့အတွက် ဟင်းလျာ တိုင်းမှာ မပါမပြီးဆိုတာ လူတိုင်းသိကြပါတယ်။ ဒါကြောင့် ကြက်သွန်နီဟာ ပြည်ပကို တင်ပို့ရောင်းချမှုမှာ တင်ရလိုက်၊ မတင်ရလိုက်နဲ့ သံသရာလည်ခဲ့ရပါတယ်။ ယခုနှစ်လို လွတ် လွတ်လပ်လပ်တင်ရမယ်လည်းဆိုရောဈေးကမကိုက်လို့ မတင် ရပြန်ပါဘူး။ ကြက်သွန်နီ အဓိကစိုက်တဲ့ဒေသ တိုင်းကြီး ၃ တိုင်းရဲ့ ဒေသကြီးတစ်ခုမှာပါတဲ့ မြင်းခြံခရိုင်က ချောင်းမှာစိုက် တဲ့ ကြက်သွန်နီအပြင် မိုးမှာလည်း ကုန်းပိုင်းနဲ့ ကျွန်းတွေမှာ စိုက်တတ်ကြပါတယ်။ ဒီနှစ်တော့ ရေကလည်း တက်ချည်၊ ကျချည်း မကြာမကြာဖြစ်တယ်။ မိုးကလည်း အလွန်နည်းပါး ခဲ့ပါတယ်။ မိုးကြောင့် ကြက်သွန်နီစိုက်တာ က မြန်မာလနဲ့ဆို နောက်မကျဘူး ဆိုပေမယ့် အင်္ဂလိပ်လနဲ့ဆို စက်တင်ဘာလ အတွင်းသာ မိုးရာသီစိုက်သီးနှံလို့ သတ်မှတ်ထားတာကြောင့် အရင်နှစ်က စိုက်ဧကကို မမီသလို၊ ယခုနှစ်လျာထားချက်က လည်း နည်းခဲ့ပါတယ်။ ဒါပေမယ့် တောင်သူကတော့ ဆက်ပြီး စိုက်နေကြ ဆဲပါ။ မိုးစိုက်ဧကတွေကိုကြည့်ရင် မြင်းခြံခရိုင်မှာ ၅၇၄၃ ဧက လျာထားတာကို ၄၅၄၆ ဧကသာ စိုက်ပြီးခဲ့ပါ တယ်။ ယခင်နှစ်က ဒီအချိန်မှာ ၅၈၅၆ ဧကစိုက်ပြီးပြီ ဖြစ်ပါ တယ်။ မျိုးဥကြက်သွန်နီဈေးကိုကြည့်ရင် တစ်ပိဿာကို ၅၅၀ ကျပ် - ၆၀၀ ကျပ် ပေါက်ပါတယ်။ အရင်နှစ် တွေက စစ်ကိုင်း၊ မုံရွာတစ်ဝိုက်က မိုးကြက်သွန်နီစိုက်သူတွေအနေနဲ့ မြင်းခြံဖက် ကို လိုက်ဝယ်ကြပေမယ့် ဒီနှစ်တော့ မုံရွာမျိုးဥဈေးက မြင်းခြံ မျိုးဥဈေးထက် ၅၀ ကျပ် က ၁၀၀ ကျပ်အထိ သက်သာတာ ကြောင့် အဝယ်မရှိတာလို့ သိရပါတယ်။ ယခုလက်ရှိ မြင်းခြံ ကုန်စည်ဒိုင်ကို ကြက်သွန်အဝင်အလွန်ကိုနည်းပါတယ်လို့ ကုန်သည်တစ်ဦးက ဆိုပါတယ်။ ဆက်ပြီးတော့ ပြောတာက ကြက်သွန်တောင်သူကြီးတွေက လိုချင်တဲ့ဈေးမရရင် တောင့် ထားနိုင်ကြပြီး၊ ဈေးမကြိုက်ရင် မြို့ပေါ်လာမရောင်းတော့ဘူး လို့ပြောပါတယ်။ ဘာတွေပြောပြော ကြက်သွန်နီ ဈေး အတက်အကျကရန်ကုန်ဈေးအဆုံးအဖြတ်မှာပဲတည်ပါတယ်။ လက်ရှိ မြင်းခြံမှာထိပ်စက ၇၂၅ ကျပ် - ၇၅၀ ကျပ်၊ အလတ်စက ၆၇၅ ကျပ် - ၇၀၀ ကျပ်နဲ့ အောက်စက ၆၂၅ ကျပ် - ၆၅၀ ကျပ်ဈေးရှိပါတယ်။ သြင်္ကန်တစ်ဝိုက်ကစပြီး လှောင်သူတွေ အနေနဲ့ ကိုက်ကြတယ်လို့ သိရပါတယ်။ ဇူလိုင်၊ သြဂုတ်လတွေမှာ ဒုတိယအကြိမ် ၅၀၀ ကျပ်ဈေးအတက်နဲ့ ဝယ်လှောင်ရင်းနှီး ကြည့်သူတွေတော့ အလျော့တွက်နဲ့ဆိုရင် မကိုက်ဘူးလို့ ပြောပါတယ်။ အရင်နှစ်တွေမှာ နိုဝင်ဘာ လ ကုန်လောက် ဆိုရင် ဆေးဘောင်စိုက် ကြက်သွန်နီတွေ ဈေး ကွက်ထဲကို ကြိုကြားဝင်တတ်ပေမယ့် ဒီနှစ်တော့အားလုံး အစိုက်နောက်ကျတာကြောင့် မဝင်နိုင်ဘူးလို့ ပြောပါတယ်။ အခုလှောင်သူတွေလက်ထဲမှာ လည်းကြက်သွန်နီကအညှောင့် ထွက်စ ပြုနေပါပြီ။ သီတင်းလည်းကျွတ်ပြီမို့ လှောင်လက်က လည်း စဖြိုနေတာကြောင့်ရှေ့လျှောက်ဈေးတော့ မတက်လာ နိုင်ဘူးလို့ ယူဆရပါတယ်။ မြစ်သားဖက်ကလည်း ကြက်သွန်နီ စိုက်ဧကလျော့ဖို့သိပ်မရှိ တာကြောင့် ဈေးကလည်း ဒီလိုပဲ လူးကာ လိမ့်ကာရယ် သွားနေမလားလို့ စိုးရိမ်ရပါတယ်။ Export လေးများ သွက်သွက်ထွက် ရင်တော့ တောင်သူတွေ စားရမှာပဲလို့ မျှော်လင့်နေကြပါတယ်။   စိုးလွင် - မြင်းခြံ

Sunday, 21 Oct 2012

ကျောက်ပန်းတောင်း မန်ကျည်းသီးဈေးကွက်မှာ ယခုနောက်ပိုင်းလှောင်ကုန် များနဲ့ အရောင်းအဝယ်ဖြစ် ကာ ဈေးအေးလာတယ်လို့ သိရပါတယ်။ လှောင်ကုန် လက်ကျန်မှာ ယခုနှစ်အထွက်များတဲ့အတွက် လက်ကျန်များပြီး၊ လှောင်ချိန်ကာလ အရ အရောင်မလှတော့တဲ့အတွက် ဈေးကျလာခြင်းဖြစ်ပါတယ်။ ယခင်က တစ်ပိဿာ မန်ကျည်း အသားထိပ်စ ၈၅၀ ကျပ်၊ အကြောဆွဲ ၄၂၅ ကျပ် ဈေးကနေ ယခုမန်ကျည်းအသား တစ်ပိဿာ ၇၇၅ ကျပ် - ၇၀၀ ကျပ် - အကြောဆွဲ ၃၉၀ ကျပ်ဈေးသာရှိပါတော့တယ်။ လှောင်ကုန်ရောင်းလိုအားအရ လာမယ့်အသစ်မပေါ် မီ အချိန်ထိ ဈေးအေးနေမယ်လို့ ကုန်သည်တစ်ဦးက ခန့်မှန်းပြောကြား သိရပါ တယ်။                  သင်းသင်းမြတ် - မန္တလေး

Pages