Main menu

Background

Sunday, 19 Jun 2011

နှမ်းနက်အပို့ အနည်းငယ်ရှိ                  မူဆယ် (၁ဝ၅) မိုင်ကုန်သွယ်ရေးဇုန်မှ ဇွန်လ ၈ ရက်မှ ၁၄ ရက်ထိကာလ အတွင်း ကန်ဒေါ်လာ ဝ ဒသမ ဝ၅၂ သန်းတန်ဖိုးရှိ နှမ်းနက် ၃၅ တန် တင်ပို့မှု ရှိခဲ့ပါတယ်။ယခင်အပတ်ကထက် ၂၃ တန် တင်ပို့မှုလျော့နည်းခဲ့ပါတယ်။ မိမိ ဘက်နဲ့ တစ်ဘက်နိုင်ငံ မြေပြင်ပေါက်ဈေးများကို နှိုင်းယှဉ် ဖော်ပြပေးလိုက်ရပါတယ်                          မိမိဘက်(ကျပ်/တန်)                                           တစ်ဘက်နိုင်ငံ(ဒေါ်လာ/တန်)                     ယခု              ယခင်      ပြောင်းလဲမှု    %          ယခု            ယခင်      ပြောင်းလဲမှု       %နှမ်းနက်     ၁ဝ၈၆ဝ၅၉     ၁၁၃၉၆၉၁    ၅၃၆၃၂        ၅         ၁၄၃၁         ၁၄၃၂            ၁            ဝ .ဝ၆MIRT (DOBT)

Sunday, 19 Jun 2011

်ပဲပုပ်ဆီဈေး နဲ့ ကွာခြားမှုကြီးမားလာတာကြောင့် အဝယ်တက်ပြီး စားအုန်းဆီဈေးမြင့်တက်လာနိုင်                   ၃ နှစ်နီးပါးအတွင်း ပဲပုပ်ဆီဈေး အမြင့်ဆုံးကို ရောက်ရှိလာလို့ စားအုန်းဆီနဲ့ ဈေးနှုန်းကွာခြားမှု ကြီးမားလာတာကြောင့် စားသောက်ကုန်တွေမှာ စားအုန်းဆီကို အသုံးများလာပြီး မကြာခင်က ဈေးနှုန်းကျဆင်း ခဲ့ရာမှ ယခုအခါ ပြန်လည်မြင့်တက်လာတယ်လို့ သိရပါတယ်။ မလေးရှားကုန်စည်ဒိုင်မှာ သြဂုတ်လ ပို့ရမယ့် စာချုပ် ဈေးဟာ ဝ ဒသမ ၄ ရာခိုင်နှုန်း မြင့်တက်ပြီး တစ်တန်ကို ရင်းဂစ် ၃၂၆၇ (ကန်ဒေါ်လာ ၁ဝ၇၈ )ဈေးဖြစ်ခဲ့တယ်လို့ သိရပါတယ်။ ဇွန်လ ၁ဝရက်နေ့က ရင်းဂစ် ၃၂၃၉ (ကန်ဒေါ်လာ ၁ဝ၆၉) ဖြစ်ခဲ့လို့ မေလ ၁၂ ရက် နောက်ပိုင်း အနိမ့်ဆုံးကို ကျဆင်း ခဲ့တာ ဖြစ်ပါတယ်။                     ဇွန်လ ၁ဝ ရက်နေ့မှာ ပဲပုပ်ဆီဈေးဟာ စားအုန်းဆီဈေးထက် တစ်တန်ကို ကန်ဒေါ်လာ ၂၁၄ ဒသမ ဝ၃ ပိုမိုမြင့်မားနေတာကြောင့် ၂ဝဝ၈ ခုနှစ် သြဂုတ်လ နောက်ပိုင်းဈေး ၂ ခုအကြား အမြင့်ဆုံး ကွာဟနေတယ်လို့ သိရပါတယ်။ အခုလို ဈေး ၂ ခုအကြား ကွာဟမှု ကြီးမားလာရခြင်းဟာ မကြာခင်က စားအုန်းဆီဈေး ကျဆင်း လာတာကြောင့်လည်း ဖြစ်တယ်လို့ RHR  သုတေသန တက္ကသိုလ်မှ လေ့လာဆန်းစစ်သူ Hoe Lee Long မှပြောကြားပါတယ်။ ပဲပုပ်ဆီဈေး၊ မုန်ညှင်းဆီ ဈေးများပိုမိုမြင့်မားနေခြင်းက စားအုန်းဆီကို ပိုမိုဝယ်ယူ လာလိမ့်မယ်လို့လည်း ၎င်းကထပ်လောင်းပြောကြားပါတယ်။                 စားအုန်းဆီဟာ မုန်ညှင်းဆီဈေးထက် လွန်ခဲ့တဲ့လက တစ်တန် ကန်ဒေါ်လာ ၂၈၂ လျော့ခဲ့ပေမဲ့ ယခုအခါ ကန်ဒေါ်လာ ၃၃၃ ထိ ပိုမိုလျော့ကျကွာခြားလာတယ် လို့ သိရပါတယ်။ မလေးရှားနိုင်ငံရဲ့ ဇွန်လပထမ ၁၅ ရက်အတွင်း စားအုန်းဆီတင်ပို့မှု ဟာ မေလ ကာလတူထက် ၂၅ ဒသမ ၉ ရာခိုင်နှုန်းမြင့်တက်ပြီး တန်ချိန် ၆၇၁၃၁၄ တင်ပို့ခဲ့တယ်လို့ ကုန်ပစ္စည်းစစ်ဆေးတဲ့ Intertek  မှ ပြောကြားပါတယ်။ မေလ စားအုန်းဆီထွက်ရှိမှုက ဧပြီလထက် ၁၃ ဒသမ ၇ ရာခိုင်နှုန်းပိုမိုပြီး တန်ချိန် ၁ ဒသမ ၇၄ သန်းရှိခဲ့လို့ ၁၉ လအတွင်း အမြင့်ဆုံးပမာဏကို ရောက်ရှိခဲ့တယ်လို့ မလေးရှားစားအုန်းဆီအဖွဲ့က ဇွန်လ ၁ဝ ရက်နေ့က ပြောကြားပါတယ်။ ချီကာကိုမှာ နိုဝင်ဘာလပို့ရမယ့် ပဲပုပ်ဈေးဟာ ဝ ဒသမ ၄ ရာခိုင်နှုန်းမြင့်တက် ပြီး တစ်ဘူရှယ်ကို ကန်ဒေါ်လာ ၁၃ ဒသမ ၆၈၇၅ (တစ်တန်ကို ကန်ဒေါ်လာ ၅ဝ၆) ဖြစ်ပြီး ဒီဇင်ဘာလပို့ရမယ့် ပဲပုပ်ဆီဈေးက ဝ ဒသမ ၃ ရာခိုင်နှုန်းမြင့်တက်ပြီး တစ်ပေါင်ကို ကန်ဒေါ်လာ ၅၈ ဒသမ ၃၅ ဆင့် (တစ်တန်ကန်ဒေါ်လာ ၁၂၈၆) ဈေးဖြစ်ခဲ့တယ်လို့ သိရပါတယ်။ တရုတ်နိုင်ငံ ဒေလီယံကုန်စည်ဒိုင်မှာ ဇန်နဝါရီလ ပို့ရမယ့် စားအုန်းဆီဈေးဟာ ဝ ဒသမ ၃ ရာခိုင်နှုန်းမြင့်တက်ပြီး တစ်တန်ကို ယွမ် ၉၂၂၆ (ကန်ဒေါ်လာ ၁၄၂၄) ရှိပြီး ဇန်နဝါရီပို့ရမယ့် ပဲပုပ်ဆီဈေးက ဝ ဒသမ ၄ ရာခိုင်နှုန်းမြင့်တက်ပြီး တစ်တန်ကို ယွမ် ၁ဝ၂၇၂ (ကန်ဒေါ်လာ ၁၅၈၆) ဈေးရှိတယ်လို့ သိရပါတယ်။ ယုဇန၊Source: bloomberg .net

Sunday, 12 Jun 2011

ဇွန်လအတွင်း တရုတ်နိုင်ငံက ပဲပုပ် ပိုမို တင်သွင်းဖွယ်ရှိ                   တရုတ်နိုင်ငံတော် ကောက်ပဲသီးနံှ နဲ့ ဆီသတင်းအချက်အလက်ဌာနမှ ပြောကြားချက်အရ မေလအတွင်း ပဲပုပ် တန်ချိန် ၄ ဒသမ ၈ သန်းခန့် တင်သွင်းခဲ့ရာမှ ယခုလမှာ ၄ ရာခိုင် နှုန်း ပိုမိုပြီး တန်ချိန် ၅ သန်း ဝန်းကျင် တင်သွင်းရဖွယ်ရှိတယ်လို့ သိရပါတယ်။ ပဲပုပ်တင်သွင်းမှု ပမာဏဟာ ဖေဖော်ဝါရီလထဲက အမြင့်ဘက်ကို ဦးတည် လာခဲ့ပေမဲ့ နိုင်ငံအတွင်း အရံသိုလှောင် မှုမြင့်တက်တာကြောင့် ပဲပုပ်ကြိတ်ခွဲ ထုတ်လုပ်သူများအတွက် အမြတ် အစွန်း နည်းပါးတယ်လို့ သိရပါတယ်။ ယခုလ တင်သွင်းမယ့် ခန့်မှန်း ပမာဏဟာ ယခင်နှစ် ဇွန်လမှာ စံချိန်မြင့်တက်ခဲ့တဲ့ ပမာဏအောက် ၁၉ ရာခိုင်နှုန်းလျော့ကျမယ်လို့ ဆိုပါတယ်။ ဒါကြောင့် ၂ဝ၁၁ ခုနှစ် ပထမ ၆ လအတွင်း တရုတ်နိုင်ငံရဲ့ ပဲပုပ်တင် သွင်းမှုဟာ ယခင်နှစ်ထက် ကျဆင်း ဖွယ် ရှိတယ်လို့ သိရပါတယ်။ ယမင်းခင် Source: nns. commoditynew.com

Sunday, 12 Jun 2011

 ရေသွင်း ရှမ်းပဲပုပ် ဈေးကွက်ဝင်                    ရှမ်းပြည်နယ်တောင်ပိုင်းရဲ့ ဈေးကွက်ဝင်သီးနံှတစ်မျိုးဖြစ်တဲ့ ပဲပုပ် (ရေသွင်း) လို့ခေါ်တဲ့ ပဲပုပ်ဟာ ရပ်စောက် မြို့နယ် အင်တောကျေးရွာ၊ ကျောက်ဂူ ကျေးရွာတွေကနေ စပြီးထွက်ပါတယ်။ ဒီဇင်ဘာ၊ ဇန်နဝါရီလ တွေမှာ ရေသွင်း ပြီး စိုက်ပျိုးကြသလို ဟိုပုံနယ်ဖက်မှာတော့ ရေဝပ်တဲ့ ပုန်းအင်းလို နယ်တွေ မှာစိုက်ပျိုးကြပါတယ်။အဲဒီလို ရေသွင်း စိုက်တဲ့ ပဲပုပ်တွေက မေလကုန်၊ ဇွန်လ ဆန်းမှာ ဈေးကွက်ကိုဝင်ပါတယ်။ ပေါ်ကာစ အခုအချိန်မှာ တစ်ပိဿာကို ၇၅ဝ ကျပ်နဲ့ ဝယ်ရောင်းကြတယ်လို့ သိရပါတယ်။ စိုက်ဧကနည်းတာ ကြောင့် ဇွန်လ ၁ လလုံး ထွက်ရှိမှာဖြစ် ပြီး တစ်လခွဲခန့်သာ ဈေးကွက်မှာ အရောင်း အဝယ်ဖြစ်မယ်လို့ သိရပါတယ်။                    ရေသွင်းပဲပုပ်က မိုးကင်းတဲ့ ရာသီ မှာ ရေသွင်းပြီး စိုက်တာကြောင့် မိုးပဲပုပ်ထက် အရည်အသွေး ပိုကောင်း တယ်လို့ သိရပြီး ရောင်းတန်းဝင်ပဲပုပ် ဖြစ်ပါတယ်။ ဒါကြောင့် ပြည်ပပို့ကုန် သီးနံှအနေနဲ့ ရောင်းအား၊ ဝယ်အား ကောင်းနိုင်တဲ့ သီးနံှဖြစ်တယ်လို့ ဒေသ ခံ ကုန်သည်များထံမှ သိရပါတယ်။    ဧဧခိုင်

Sunday, 12 Jun 2011

မန်းကုန်စည်ဒိုင်သို့ စားအုန်းဆီ ပေပါများရောက်လို့ ဆီဈေးညှိနှိုင်းရောင်းချ                    မန္တလေးမြို့တော် ကုန်ဈေးနှုန်းတည်ငြိမ်ရေးကော်မတီက စားအုန်းဆီခွဲတမ်း တန်ချိန် ၅ဝဝ ကို ဆီကုန်သည်များနှင့် ဆီလုပ်ငန်းရှင်များအသင်းနဲ့ မန္တလေး မြို့တော်စည်ပင်သာယာရေးကော်မတီတို့မှ မန္တလေးမြို့ပေါ်ရှိ ဆီဆိုင်များအား ကုန်စည်ဒိုင်ပေါက်ဈေးထက် ၁ဝဝ ကျပ်လျှော့၍ ရောင်းချပေးမည်ဖြစ်ကြောင်း သိရပါတယ်။                      မန္တလေးမြို့သို့ မေ ၃၁ ရက်နေ့တွင် ဆီ ပေပါ ၅ဝဝ ပထမဆုံးအကြိမ်ရောက်ရှိ ခဲ့ပြီး ဇွန် ၃ ရက်နေ့အထိ ၁၃၁၈ ပေပါရောက်ရှိခဲ့ပါတယ်။ ဆီကုန်သည်များနှင့် ဆီလုပ်ငန်းရှင်များအသင်းမှ မန္တလေး ၅ မြို့နယ်အတွင်းရှိ ဆိုင်ပေါင်း ၂၁၅ ဆိုင်သို့ တစ်ဆိုင်ကို ၅ ပေပါနှုန်းဖြန့်ချိရောင်းပေးခဲ့ရာ ပထမအကြိမ်တွင် ပေပါ ၅ဝဝ၊ ဒုတိယအ ကြိမ်တွင် ပေပါ ၄ဝဝ ကို ဇွန်လ ၇ ရက်နောက်ပိုင်း ဖြန့်ချိပေးခဲ့ပါတယ်။ ကုန်စည်ဒိုင်လက်ကားဈေးနှုန်းထက် မပိုသော ဈေးဖြင့် ညှိနှိုင်း ဖြန့်ချိခြင်းဖြစ်တယ်။ ရပ်ကွက်အတွင်းက တကယ့်ဆိုင်ကြီးတွေကို ဖြန့်တော့ အိမ်ဆိုင်လေးတွေအတွက် လည်း အဆင်ပြေတယ်။ ဆိုင်ကြီးကို အဆင်ပြေတဲ့ ဈေးနှုန်းနဲ့ ရောင်းချပေးတော့ မန္တလေးမြို့ပေါ်က အိမ်ဆိုင်ပေါင်း ၁၅ဝဝ လောက်ကိုပါ လက်ကားဖြန့်ပေးသလို ဖြစ်သွားတယ်။ ရောင်းချတဲ့ သူတွေအနေနဲ့ မိမိကိုယ်ကျိုးအတွက် ဆီဈေးနှုန်းဆွဲချ ဆွဲတင်မလုပ်ဘဲ ပုံမှန်ဈေးနှုန်းနဲ့ ရောင်းချမယ်ဆိုရင် ရောင်းချသူနဲ့ စားသုံးသူ အတွက် အဆင်ပြေနိုင်မယ်'' လို့ ဆီကုန်သည်တစ်ဦးကပြောပါတယ်။ စားအုန်းဆီဝင်ရောက်လာပြီးနောက် ပြည်ပမှ မှောင်ခိုဝင်ရောက်တဲ့ ဆီပေပါ၊ သံပုံးဆီ၊ ပုံးဝါဆီများမှာ ဆီဈေးနှုန်းကွာခြားခြင်းနှင့် ကျန်းမာရေး မညီညွတ်ခြင်း ကြောင့် အဝင်နည်းလာခဲ့ပါတယ်။ ဇွန်လ ၇ ရက်နေ့က ပေပါ ၄ဝဝ ရောင်းချရန် ကုန်ဈေးနှုန်း ညှိနှိုင်းခဲ့ရာ တစ်ပိဿာကို ၂၂၃ဝ ကျပ်ဖြင့် အတည်ပြု၍ရောင်းချ ပေးမယ်လို့ သိရပါတယ်။ ဇူူးဇူူး

Sunday, 12 Jun 2011

မန်းအဆွဲရှိလို့ မုံရွာမြေပဲဈေးမာ                 ဇွန်လ ပထမပတ် မုံရွာကုန်စည်ဒိုင် ဆီထွက်သီးနံှဈေးကွက်မှာ နှမ်းဈေးအေး နေခဲ့ပြီး မြေပဲဆံဈေးကတော့ တရုတ်ဈေးကွက်အတွက် မန်းဝယ်လက်အဆွဲရှိလို့ ဈေးမာလာတာတွေ့ရပါတယ်။ အခုလို ဝယ်လိုအားကောင်း၊ ဈေးလည်းမြောက်လာလို့ မြေပဲအဓိကစိုက်ပျိုးထွက်ရှိတဲ့ ဧရာဝတီမြစ်ဝှမ်းဒေသ မြင်းမူနဲ့ မြောင်နယ် တွေက မြေပဲတွေ မုံရွာကုန်စည်ဒိုင်နယ်မြေကို နေ့စဉ် ခပ်သွက်သွက်ဝင်ရောက် လျက်ရှိတယ်လို့ ပွဲရုံရပ်ကွက်က ကြားသိရပါတယ်။ ပုံမှန်ဝင်လာနေကြ ချင်းတွင်း အထက်ပိုင်းနဲ့ မင်းကင်း၊ ကနီ၊ ကင်းဒေသတွေက ယခုနှစ်မြေပဲအဝင်ကဲျလာခဲ့တယ် လို့ လိုင်းပွဲရုံတွေက ဆိုပါတယ်။ မုံရွာကုန်စည်ဒိုင်မှာ ယခုတစ်ပတ်အတွင်း ဖြစ်ပေါ်ခဲ့တဲ့ ဆီထွက်သီးနံှပေါက်ဈေး တွေကတော့ မြေပဲဆံအနီ တစ်ပိဿာ ၁၉၅ဝ ကျပ်မှ ၂၁၅ဝ ကျပ်၊ မြေပဲဆံအဖြူ တစ်ပိဿာ ၁၇ဝဝ ကျပ်-၁၇၅ဝ ကျပ်၊ မြေပဲလုံးဆံတစ်တင်း ၂၈၅ဝဝ ကျပ်မှ ၃၁ဝဝဝ ကျပ်အသီးသီးတက်ဈေး ဖြစ်ပေါ်ခဲ့ပြီး စားဆီဈေးအနေနဲ့ ပဲဆီ တစ်ပိဿာ ၃၇ဝဝ ကျပ်မှ ၃၇၅ဝ ကျပ်၊ နှမ်းဆီ တစ်ပိဿာ ၃၁ဝဝ ကျပ်နဲ့ စားအုန်းဆီ တစ်ပိဿာ ၂၃၇ဝ ကျပ်မှ ၂၅၂ဝ ကျပ်အသီးသီးဖြစ်ပေါ်ခဲ့တယ်လို့ သိရပါတယ်။ ထွန်းလှိုင်

Sunday, 12 Jun 2011

အရောင်းအဝယ်သွက် ဈေးမြင့်တဲ့ ပြည်မြေပဲဆံ                   ပြည်ဈေးကွက်တွင် မြေပဲဆံများကို မင်းတုံးနဲ့ ကံမဘက်က တစ်နေ့လျှင်အိတ် ၇ဝဝ-၈ဝဝ ခန့် ဝင်ရောက်လာတာတွေ့ရပါတယ်။ ဝင်ရောက်လာတဲ့ မြေပဲဆံများကို ပြည်မြို့ရှိပွဲရုံများနှင့် ဆီစက်များမှ အဝယ်ရှိတာကြောင့် အရောင်းအဝယ်ဖြစ်လျက် ရှိပါတယ်။ ရန်ကုန်မြို့ရှိ ဆီစက်များမှလည်း ပြည်မြို့ရှိ ပွဲရုံများမှ မြေပဲဆံများကို အဝယ်ရှိလို့ တစ်နေ့ကို အိတ် ၁ဝဝဝ ခန့် အရောင်းအဝယ်ဖြစ်လျက်ရှိပါတယ်။ မြေပဲဆံ တစ်ပိဿာကို ၁၇ဝဝ ကျပ်နဲ့ လုံးဆံ တစ်ပိဿာကို ၁၉ဝဝ ကျပ်ဈေးဖြင့် ယခင်တစ်ပတ်ထက်ဈေးမြင့်ပြီး အရောင်းအဝယ်သွက်လာတာ တွေ့ရပါတယ်။ မြေပဲဆီ တစ်ပိဿာကို ၄ဝဝဝကျပ်ဈေးဖြင့် ပြည်ဈေးကွက်တွင်ဈေးငြိမ်ပြီး အရောင်း အဝယ်ဖြစ်တာတွေ့ရပါတယ်။ ဝေဝေမင်း

Sunday, 12 Jun 2011

ဈေးအနည်းငယ်ကျပြီး အရောင်းအဝယ်အေးတဲ့ ပြည်နှမ်း              ပြည်ဈေးကွက်တွင် နှမ်းဈေးမှာ ယခင်တစ်ပတ်ထက်ဈေးကျလာပါတယ်။ နှမ်းမှာ အဝင်နည်းသလို အထွက်ပါနည်းနေလို့ အရောင်းအဝယ်အေးနေတာ တွေ့ရပါတယ်။ ဆီစက်သမားများမှလည်း မိုးနှမ်းပေါ်ချိန်တွင် လှောင်ထားသော နှမ်းများ ကိုထုတ်၍ဆီကြိတ်သဖြင့် နှမ်းအရောင်းအဝယ်မှာ အနည်းငယ်အေးနေတာ တွေ့ရ ပါတယ်။ ဆီကြိတ်နှမ်းနီ ၄၅ ပိဿာ တစ်အိတ်ကို ၇၅ဝဝဝ ကျပ်နဲ့ နှမ်းနက် ၄၅ ပိဿာ တစ်အိတ်ကို ၇၈ဝဝဝ ကျပ်ဈေးဖြင့် ယခင်တစ်ပတ်ထက် ဈေးကျလာတာ တွေ့ရပါတယ်။ နှမ်းဆီဈေးမှာ ယခင်အပတ်အတိုင်း တစ်ပိဿာ ကို ၃၆ဝဝ ကျပ်ဖြင့် အရောင်းအဝယ်ဖြစ်လျက်ရှိပါတယ်။ ဝေဝေမင်း

Sunday, 12 Jun 2011

နှမ်းနက်တစ်မျိုးသာအပို့ရှိ                 ဇွန်လ ၁ ရက်မှ ၇ ရက်ထိကာလအတွင်း မူဆယ် (၁ဝ၅) မိုင်ကုန်သွယ်ရေးဇုန်မှ ကန်ဒေါ်လာ ဝ ဒသမ ဝ၈၈ သန်းတန်ဖိုးရှိ နှမ်းနက် ၅၈ တန်တင်ပို့မှုရှိခဲ့ပြီး ယခင်အပတ်တင်ပို့မှုထက် ၃၂ တန်ခန့် လျော့နည်းခဲ့ပါတယ်။ ယခုအပတ် မြေပြင် နှမ်းဈေး ကျနေပါတယ်။ မိမိဘက်နဲ့ တစ်ဘက်နိုင်ငံနှမ်းဈေးများ ပြောင်းလဲမှုကို ဖော်ပြပေးလိုက်ပါတယ်                                           မိမိဘက်(ကျပ်/တန်)                     တစ်ဘက်နိုင်ငံ(ဒေါ်လာ/တန်)                 ယခု                 ယခင်     ပြောင်းလဲမှု     %        ယခု           ယခင်     ပြောင်းလဲမှု    %မတ်ပဲ      ၁၂ဝ၁၄၂ဝ     ၁၂ဝ၈၈၈ဝ      ၇၄၆ဝ     ဝ .၆       ၁၄၆၈         ၁၅ဝ၉        ၄၁             ၃MIRT (DOBT)

Sunday, 12 Jun 2011

လက်ကျန်များခြင်းနဲ့ ပဲပုပ်ဆီဈေးလျော့ကျခြင်းတို့ကြောင့် စားအုန်းဆီကြမ်းဈေးကျဆင်းလာ               ပဲပုပ်ဆီဈေးကျဆင်းခြင်းနဲ့ လက်ကျန်သိုလှောင်မှုမြင့်တက်ခြင်းတို့ကြောင့် ပြည်တွင်း ရောင်းချမှုများလာတဲ့အတွက် မလေးရှားကုန်စည်ဒိုင်မှာ ဇွန်လ ၉ ရက်နေ့ စားအုန်းဆီကြမ်း ကြိုပွိုင့်ဈေးကျဆင်းခဲ့တယ်လို့ သိရပါတယ်။ ဘာစာမလေးရှား ကုန်စည်ဒိုင်မှာ သြဂုတ်လ အခြေခံစားအုန်းဆီကြမ်းဈေး ဝ ဒသမ ၉ ရာခိုင်နှုန်း လျော့ကျပြီး တစ်တန်ကို ရင်းဂစ် ၃၂၈၇ (ကန်ဒေါ်လာ ၁ဝ၈၈) ဈေးဖြစ်ခဲ့ပါတယ်။                 မေလ ၉ ရက်နေ့မှာ အနိမ့်ဆုံးဖြစ်ခဲ့တဲ့ တစ်တန် ရင်းဂစ် ၃၂၁၃ (ကန်ဒေါ်လာ ၁ဝ၆၄) ဈေးဖြစ်ပြီး နောက်ပိုင်း ယခုအခါ ပြန်လည်လျော့ကျလာတာဖြစ်ပါတယ်။ ဒါပေမဲ့လည်း ပြည်ပဝယ်လိုအားအနေနဲ့ ယခင်လထက် ၃၃ ရာခိုင်နှုန်းခန့်မြင့်တက်ဖွယ်ရှိတာကြောင့် ဇွန်လ ၁ ရက်မှ ၁ဝ ရက်အတွင်း ဈေးကျဆင်းမှုမှ ပြန်လည်ခိုင်မာ လာဖွယ်ရှိတယ်လို့ ကွာလာလမ်ပူအခြေစိုက် ဟင်းသီးဟင်းရွက်ဆီ တင်ပို့ကုမ္ပဏီမှ ပြောကြားပါတယ်။                  ဇွန်လ ၁ ရက်နေ့ကစပြီး မလေးရှားနိုင်ငံမှာ ဇီဝလောင်စာဖြန့်ဖြူးမှု အစီအစဉ် စတင်ခြင်းနဲ့ မြောက်အမေရိကား သီးနံှအထွက်လျော့ကျမယ့် အခြေအနေတွေအရ ကာလတိုအတွင်း ဈေးနှုန်းပြန်လည် ခိုင်မာလာဖွယ်ရှိတယ်လို့လည်း OSK သုတေသနဌာနမှ ပြောကြားပါတယ်။ မလေးရှားစားအုန်းဆီထုတ်လုပ်မှုဟာ ၂ နှစ်ဆက်တိုက် ကျဆင်းပြီးနောက် ၂ဝ၁၁ ခုနှစ်မှာ တန်ချိန် ၁၈ သန်းအထိ မြင့်တက် နိုင်တယ်လို့ ဆိုပါတယ်။               လက်ငင်းဈေးကွက်မှာ ဇူလိုင်ပို့ရမယ့် စားအုန်းဆီတစ်တန် ကန်ဒေါ်လာ ၁၁၈၂ ဒသမ ၅ဝ၊ အောက်တိုဘာ၊ နိုဝင်ဘာ၊ ဒီဇင်ဘာလအတွက် ဈေးက တစ်တန်ကန်ဒေါ်လာ ၁၁၃၇ ဒသမ ၅ဝ ဈေးနဲ့ အရောင်းအဝယ်ဖြစ်ခဲ့တယ်လို့ သိရပါတယ်။ ချက်ချင်းတင်ပို့ရမယ့် စားအုန်းဆီကြမ်းဈေးက တစ်တန်ကို ရင်းဂစ် ၃၃၆ဝ (ကန်ဒေါ်လာ ၁၁၁၂) နဲ့ ဈေးပြောင်းလဲမှုမရှိဘူးလို့ သိရပါတယ်။                                    ယုဇန၊ Source: palmoilhq.comc

Pages