Main menu

Background

ဟိုပုံးနနွင်းလည်း အဝယ်လိုက်

Fri, 03/23/2012 - 09:56 -- Anonymous (not verified)

    နနွင်းဈေးကွက်ကတော့ နည်းနည်းလှုပ်လာပါတယ်။ ဟိုပုံးနနွင်းဈေးကွက်မှာ မိုင်းပွန်၊ ပင်လုံဘက်က မျိုးသမားတွေ အဝယ်လိုက်တဲ့အတွက် ဈေးတက်လာပါတယ်။ နနွင်းအစိုတစ်ပိဿာ ၂၀၀ ကျပ်မှ ၃၀၀ ကျပ်ဈေးရှိပါတယ်။ နနွင်းခြောက် ဈေးကတော့ မူဆယ်ဘက်ကအဆွဲရှိလို့ ဒီတစ်ပတ်မှာဈေးထပ်တက်လာပါတယ်။ ယခင်အပတ်က နနွင်းခြောက်တစ်ပိဿာ ၉၀၀ ကျပ်မှ ဒီတစ်တပတ်မှာတော့ တစ်ပိဿာ ၁၀၀၀ ကျပ်မှ ၁၁၀၀ ကျပ်ဈေးရှိပါတယ်။ အဆွဲရှိလာလို့ အဝင်လည်း အနည်းငယ်စိပ်လာပါတယ်။ ပိဿာချိန် ၁ သောင်း၊ ၂ သောင်းခန့် အရောင်းအဝယ်ဖြစ်ခဲ့တယ်လို့သိရှိရပါတယ်။     အောင်ပန်းဈေးကွက်မှာတော့ နနွင်းအဝင် အနည်းငယ်သာရှိပါတယ်။ တောင်ပို့လှနနွင်း တစ်ပိဿာ ၉၀၀ ကျပ်ဈေး ရှိပြီး၊ နနွင်းရိုးရိုးကတော့ ၅၀၀ ကျပ်မှ ၈၀၀ ကျပ်၊ ဆင်တောင်နနွင်းကတော့ တစ်ပိဿာ ၁၁၀၀ ကျပ်ဈေးရှိတယ်လို့ သိရှိရပါတယ်။  SYH