စဉ် ကုန်စည်ဒိုင် ရေတွက်ပုံ ယခင် ယခု ပြောင်းလဲမှု ၁ တောင်ကြီး ၁ ပိဿာ ၂၈၀ ၂၈၀ ၂ လားရှိုး ၁ ပိဿာ ၃၄၅ ၃၅၀ ၃ မူဆယ် ၁ တန် ၂၄၇၆၄၀ ၂၅၀၈၃၁ ၄ မန္တလေး ၁ ပိဿာ ၃၁၅ ၃၂၄ ၅ မြင်းခြံ ၁ ပိဿာ ၃၂၀ ၃၁၀ ပြောင်းက ဈေးကွက်သို့ အဝင်နည်းပေမဲ့ တရုတ်ဝယ်အားပုံမှန်ရှိနေ တောင်ကြီးဈေးကွက်မှာ ပြောင်းက ဈေးကွက်သို့ အဝင်နည်း လာပေမဲ့ ရန်ကုန်ဝယ်လက်၊ မန္တလေးဝယ်လက်နဲ့ ဒေသတွင်းအစာစပ် သမားများက ဝယ်အားပုံမှန်ရှိခဲ့တယ်လို့ သိရပါတယ်။ အရောင်းအ ဝယ်ဖြစ်မှုက တစ်ပိဿာကို အနိမ့်ဆုံး ၂၇၅ ကျပ်မှ အမြင့်ဆုံး ၂၈၀ ကျပ်အတွင်း ပိဿာချိန် ၃၀၀၀၀၀ ခန့်ဖြစ်ခဲ့ကြောင်း ဒေသခံပြောင်း ကုန်သည်တစ်ဦးက ဆိုပါတယ်။ မူဆယ်ဈေးကွက်မှာ ပြောင်းကို တရုတ်က ဝယ်လိုအားပုံမှန်ရှိပေမယ့် ရောင်းသူကုန်သည်များမှာ ပစ္စည်းလက်ကျန်နည်းနေတယ်လို့ ဆိုပါတယ်။ မန္တလေးဈေးကွက်မှာ ပြောင်းကို တရုတ်အဆွဲပုံမှန်ရှိတာကြောင့် ယခင်အပတ်နဲ့စာရင် ဈေး အနည်းငယ်မြင့်လာပြီး တစ်ပိဿာကို ၃၂၄ ကျပ်နဲ့ နေ့စဉ်အိတ် ၅၀၀ ခန့်အရောင်းအဝယ်ဖြစ်ခဲ့တယ်လို့ မြို့ခံပြောင်းကုန်သည်တစ်ဦး ကဆိုပါတယ်။ မြင်းခြံဈေးကွက်မှာ ပြောင်းကို ရန်ကုန်ဝယ်လက် က တစ်ပိဿာကို ၃၁၀ ကျပ်နဲ့ တစ်ရက်ကို အိတ် ၃၀၀ မှ ၅၀၀ ကြားဝယ်အားပုံမှန်ရှိပေမယ့် ယခင်အပတ်နဲ့စာရင် ဈေးအနည်းငယ် ကျသွားတယ်လို့ သိရပါတယ်။ လားရှိုးဈေးကွက်မှာ ပြောင်းကို တရုတ်အဆွဲပုံမှန်ရှိနေပေမယ့် ရောင်းသူကုန်သည်တွေက ဈေးကွက် မျှော်လင့်ချက်နဲ့ အရောင်းနည်းနေတယ်လို့ ဒေသခံပြောင်းကုန်သည် များကဆိုပါတယ်။ အရောင်းအဝယ်ဖြစ်မှုက တစ်ပိဿာကို ၃၅၀ ကျပ်နဲ့ တစ်ပတ်အတွင်း ပိဿာချိန် ၂၅၀၀၀၀ ခန့်ဖြစ်ခဲ့ကြောင်း သိရပါတယ်။
Background