တရုတ်နိုင်ငံရဲ့ဝယ်လိုအား ပြန်လည်မြင့်တက်လာတာအပြင် အမေရိကန်ရဲ့ စိုက်ပျိုးထုတ်လုပ်မှု ကျဆင်းလာတာကြောင့် လာမယ့်ကာလများမှာ ပြောင်းဈေးနှုန်း ဆက်လက်မြင့်တက်ဖွယ်ရှိကြောင်းသိရပါတယ်။ တရုတ်ရဲ့ပြောင်းတင်သွင်းမှု တက် လာတော့ ပြည်တွင်းပြောင်းဈေးနှုန်းက သွင်းကုန်ဈေးထက် ပိုကြီးတာကြောင့် ဖြစ် တယ်လို့ သိရပါတယ်။ အမေရိကန်ရဲ့ ပြောင်းစိုက်ပျိုးထုတ်လုပ်မှုက နွေရာသီကုန် လောက်မှာ ၁၆ နှစ်အတွင်း အနိမ့်ဆုံးနှုန်းဖြစ်မယ်လို့ ခန့်မှန်းထားကြပါတယ်။ အကြီးဆုံး ပြောင်းတင်ပို့သူဖြစ်တဲ့ အာဂျင်တီးနားကလည်း ဈေးနှုန်းတွေတက်တာ ကြောင့် ပြောင်းတင်ပို့မှုတင်းကျပ်ဖွယ်ရှိကြောင်း သိရပါတယ်။ ဒါ့အပြင် ဇန်နဝါရီနဲ့ ဖေဖော်ဝါရီလများမှာ မိုးရွာသွန်းမှုနည်းခြင်းကလည်း အာဂျင်တီးနားရဲ့ ပို့ကုန်ကြပ် တည်းစေတဲ့ အကြောင်းရင်း တစ်ခုဖြစ်ပါတယ်။ ယခုနှစ်မှာ အာဂျင်တီးနားမှ ပြောင်း ထုတ်လုပ်မှု တန်ချိန် ၂၂ သန်းရှိမယ်လို့ မျှော်လင့်ရပါတယ်။ ဥရောပကုန်စည်ဒိုင် ှုဃန မှာတော့ မတ်လအတွက် ပြောင်းအရောင်းအဝယ်ဈေးနှုန်းက တစ်ပေါင်ကို ၆၇၅ ဆင့် ရှိကြောင်း သိရပါတယ်။ Source: Commodity online,K.Z.W
Background