အိန္ဒိယနိုင်ငံက ဧပြီလအစပိုင်းမှာ သကြားတင်ပို့မှု ကန့်သတ်ခြင်းမရှိဘဲ တန်ချိန် ၁ သန်းကျော်ထိ တင်ပို့ခွင့် ပြုနိုင်ပြီး၊ အဲဒီလို ပမာဏများများ တင်ပို့မှုက ဈေးနှုန်းနိမ့်ကျနေတဲ့ ကမ္ဘာ့ဈေးကို ပိုမိုဖိအားဖြစ်စေနိုင်တယ်လို့ စားနပ်ရိက္ခာဝန်ကြီးဌာနမှ မတ်လ ၁၄ ရက်မှာ ပြောကြားပါတယ်။ ကမ္ဘာမှာ သကြားဒုတိယအများဆုံး ထုတ်လုပ်သူ ဖြစ်သလို အများဆုံးစားသုံးတဲ့ အိန္ဒိယနိုင်ငံသကြားထွက်ရှိမှုက ဝယ်လိုအားထက် ကျော်လွန်ဖွယ်ရှိပြီး၊ အောက်တိုဘာလ ၁ ရက်မှ စတင်တဲ့ ယခုနှစ်အတွင်း သကြားတန်ချိန် ၂ သန်းတင်ပို့ခွင့်ပြုခဲ့ပြီး ဖြစ်ပါတယ်။ နိုင်ငံရဲ့ Open General Licerice(OGL) အစီအစဉ်အရ သကြားပိုမိုတင်ပို့ခွင့်ရရှိရေး၊ ဧပြီလ အစပိုင်းမှာ ဆုံးဖြတ်နိုင် တယ်လို့လာမယ့် အစိုးရဝန်ကြီးများ အစည်းအဝေးမှာ ဆောင်ရွက်သွားနိုင်တယ်လို့ ဆိုပါတယ်။ စားနပ်ရိက္ခာဝန်ကြီးဌာနရဲ့ နောက်ဆုံးခန့်မှန်းချက်အရ ၂၀၁၁-၁၂ မှာ သကြားတန်ချိန် ၂၅ ဒသမ ၁ သန်း -၂၅ ဒသမ ၂ သန်းခန့် ထုတ်လုပ်ဖွယ်ရှိလို့ ကုန်သွယ်ရေးခန့်မှန်းပမာဏ တန်ချိန် ၂၆ သန်းအောက် အနည်းငယ်လျော့ကျ ဖွယ်ရှိပါတယ်။ ပုံမှန် ဝယ်လိုအားက တန်ချိန် ၂၂ သန်းဝန်းကျင်ရှိပေမယ့် မုန်သုံမိုးအားနည်းလို့ ထုတ်လုပ်မှု ထိခိုက်ခဲ့လို့ ၂၀၀၉ ခုနှစ် မှာ နိုင်ငံတကာ ဈေးကွက်မှ တင်သွင်းခဲ့ရတဲ့အတွက် ကမ္ဘာ့ သကြားဈေးမြင့်တက်ခဲ့ပါတယ်။ ယခုသီတင်းပတ် ၂ လအတွင်း အနိမ့်ဆုံးကို ကျဆင်းခဲ့တဲ့ ကမ္ဘာ့သကြားဈေးက အိန္ဒိယ ပိုမိုတင်ပို့မယ်ဆိုရင် ဈေးနှုန်းထပ်မံကျဆင်းလာနိုင်ပါတယ်။ မတ်လ ၁၄ ရက်က လန်ဒန်မှာ သကြားဖြူကြိုပွိုင့်ဈေးက သုည ဒသမ ၂၇ ရာခိုင်နှုန်း ကျဆင်းပြီး၊ တစ်တန် ကန်ဒေါ်လာ ၆၃၉ ဒသမ ၆ ဈေးရှိနေပါတယ်။ အိန္ဒိယ NCDEX မှာသကြားပိုမိုတင်ပို့ဖို့ သတင်းမရရှိမီ ဧပြီလ သကြားစာချုပ်ဈေးက သုည ဒသမ ၂၈ ရာခိုင်နှုန်းမြင့်တက်ပြီး တစ်တန်ကို ကန်ဒေါ်လာ ၅၆၄ ရှိခဲ့ပါတယ်။ ပြည်ပတင်ပို့ခွင့်ပြုရင် ပြည်တွင်းဈေးနှုန်းကို အထောက်အပံ့ပြုလာမယ်လို့လည်း သိရပါတယ်။ယမင်းခင်၊Source:BusinessRecorder
Background