Main menu

Background

ရက်သတ္တပတ် စီးပွားရေး သတင်းတိုများ

Sun, 03/25/2012 - 07:41 -- Anonymous (not verified)

တိုကျို    အက်ပဲရဲ့   i Pad  ကို မတ် ၁၆ ရက်က ဂျပန်ဈေးကွက်မှာဖြန့်ချိခဲ့ပါ တယ်။ပရိုဆက်ဆာက ပိုမိုလျင်မြန်၊ ရီဆိုလူရှင်း ပြတ်သား၊   voice dictation  က အင်္ဂလိပ်၊ပြင်သစ်၊ဂျာမန်နဲ့ ဂျပန်ဘာသာစကားတွေကို မှတ်မိ စတဲ့ အရည်အသွေးတွေ ရှိပါတယ်။   i Pad  တတိယ မျိုးဆက်ကို   i Pad  2ထုတ်ပြီး ၁၁ လ အကြာမှာ ဖြန့်ချိခဲ့ တာဖြစ်ပါတယ်။Sources.Xinhua နယူးယောက်    အကယ်၍ အစိုးရက ကြွေးမြီ လျှော့ချတဲ့ အစီအမံတွေကို လျှော့ချ သွားမယ်ဆိုရင် ဗြိတိန်နိုင်ငံက နှစ်အ နည်းငယ်အတွင်းမှာ ထိပ်ဆုံးအဆင့် က လျှော့ချဖို့အခွင့်အလမ်းက ၂ ချိုး ၁ ချိုး ရှိတယ်လို့  ကြွေးမြီအဆင့် အတန်း သတ်မှတ်ရေး အေဂျင်စီ Fitch  က ပြောပါတယ်။နိုင်ငံ၏ကြွေး မြီ အဆင့် A သုံးလုံးကိုလည်း အနုတ် လက္ခဏာဖြင့် မတ်၁၆ ရက်က သတ် မှတ်ခဲ့ပါတယ်။Sources.reuters.comဝါရှင်တန်    ဂရိနိုင်ငံအတွက်ကယ်တင်ငွေ ယူရို ၂၈ ဘီလီယံကို အတည်ပြုထား ပြီးဖြစ်ကြောင်း၊အပြည်ပြည်ဆိုင်ရာငွေ ကြေးရန်ပုံငွေအဖွဲ့က မတ် ၁၅ ရက် က ကြေညာပါတယ်။တိုးချဲ့ရန်ပုံငွေ အစီအစဉ် (EFF)အရ အထူးထုတ် ယူခွင့် (SDR)၂၃ ဒသမ ၈ ဘီလီယံ (ယူရို ၂၈ ဘီလီယံ)ကို ရန်ပုံငွေအဖွဲ့ ရဲ့  ဘုတ်အဖွဲ့က အတည်ပြုပေးခဲ့ ခြင်း ဖြစ်ပါတယ်။Sources.xinhuaဆိုးလ်    ဈေးနှုန်းမူဝါဒများကို လှည့်စား ပြီး ဆဲလ်ဖုန်းဈေးများကို အဆမတန် ၍ သတ်မှတ်ရောင်းချသည့်အတွက် တောင်ကိုရီးယားပြည်တွင်းဟန်းဆက် ထုတ်လုပ်သူနဲ့     ဆက်သွယ်ရေး ကုမ္ပဏီများအား ဒဏ်ငွေ စုစုပေါင်း ဝမ် ၄၅ ဒသမ ၃၃ ဘီလီယံချမှတ် ခဲ့ကြောင်း မျှတသော ကုန်သွယ်ရေး ကော်မရှင်က မတ် ၁၅ ရက်က ထုတ် ပြန် ကြေညာပါတယ်။ဒဏ်ရိုက်ခံရ တဲ့ ထဲမှာ အက်စ်ကေ၊ ဆမ်ဆောင်း၊ ကေတီ၊ အယ်လ်ဂျီ အပ်ပလပ်၊ အယ်လ်ဂျီနဲ့ ပန်တက်တို့ပါဝင်ပါ တယ်။Sources.koreaherald.com