အိန္ဒိယနိုင်ငံ တမီလ်နာဒူး ပြည်သူရောင်းချရေးကော်ပိုရေးရှင် (TNCSC )မှ ပဲစင်းငုံခွဲခြမ်း တန်ချိန် တစ်သောင်းဝယ်ယူဖို့ ဒေသတွင်းမှာ တင်ဒါခေါ်ယူခဲ့ပါတယ်။ အဲဒီအဝယ်တင်ဒါတွေနဲ့အတူ ပဲခွဲစက်များနဲ့ ကုန်သည်များမှ အဝယ်ရှိလာလို့ ယခု တစ်ပတ်ပဲစင်းငုံဈေးနှုန်းသိသိသာသာမြင့်တက်ခဲ့ပါတယ်။ ပြည်ပမှ ပဲစင်းငုံများ တင် သွင်းလျက်ရှိပြီး ပဲကွန်တိန်နာ ဝင်ရောက်မှုအနေနဲ့ မတ်လ ၁၅ ရက်မှ ၁၉ ရက် အတွင်း မြန်မာပဲစင်းငုံ ကွန်တိန်နာ ၁၆၅ လုံး၊ တန်ဇန်းနီးယား ပဲစင်းငုံ ၂၄ လုံး၊ ခွဲခြမ်း ၉ လုံးနဲ့ မာလာဝီပဲစင်းငုံ ၁၅ လုံးဝင်ရောက်ကြောင်း သိရပါတယ်။ လာမယ့် ရက်တွေမှာလည်း ပဲစင်းငုံဈေးနှုန်း ဆက်လက်ခိုင်မာဖွယ်ရှိတယ်လို့ ခန့်မှန်း ကြ ပါတယ်။ ဒေါ်လာ/ တန် ၂၂-၃-၂၀၁၂ ၂၁-၃-၂၀၁၂ ၂၀-၃-၂၀၁၂ ၁၉-၃-၂၀၁၂မွန်ဘိုင်း ၆၃၈ ၆၃၂ ၆၃၃ ၆၃၈ဒေလီ ၆၄၇-၆၄၈ ၆၄၀-၆၄၂ ၆၄၁-၆၄၃ ၆၅၀-၆၅၂ကန်ပါ ၆၁၇-၆၃၂ ၆၁၁-၆၃၂ ၆၁၂-၆၃၂ ၆၁၃-၆၃၃MIRT(MAPT)
Background