ပြည်ပကို မတ်လ ၁၁ ရက်မှ ၁၇ ရက်တာ ကာလအတွင်း မန်ကျည်း ၂၆၈၀ ဒသမ ၉ တန်ကို ပင်လယ်ရေကြောင်းကုန်သွယ်မှုလမ်းမှ တင်ပို့ခဲ့ပါတယ်။ ဒီ သီတင်းပတ်တင်ပို့ခဲ့တဲ့ နိုင်ငံနဲ့ တန်ချိန်တွေကတော့ အင်ဒိုနီးရှားနိုင်ငံကို ၆၁၈ တန်၊ မလေးရှားနိုင်ငံကို ၈၅၀ တန်၊ ပါကစ္စတန်ကို ၆၇၃ တန်၊ စင်ကာပူနိုင်ငံကို ၄၈၉ ဒသမ ၉ တန်နဲ့ ဗီယက်နမ်နိုင်ငံကို တန် ၅၀ တို့ဖြစ်ပါတယ်။ ဒီတစ်ပတ်တင်ပို့ မှုကို ကြည့်ရင် မလေးရှားနိုင်ငံကို အများဆုံးတင်ပို့နိုင်ခဲ့တာတွေ့ရပါတယ်။ ယခင် သီတင်းပတ်မန်ကျည်းတင်ပို့မှုမှာ တန် တစ်ထောင့်ရှစ်ရာကျော်ရှိခဲ့တာကြောင့် ဒီ တစ်ပတ်တင်ပို့မှုနဲ့ ယှဉ်ရင် တန် ရှစ်ရာနီးပါးပိုမိုတင်ပို့နိုင်တာ တွေ့ရပါတယ်။ FOB ဈေးတစ်တန်ကို ပျမ်းမျှကန်ဒေါ်လာ ၄၅၀ ဝန်းကျင်နဲ့ တင်ပို့ခဲ့လို့ စုစုပေါင်း ပို့ကုန် ဝင်ငွေ ကန်ဒေါ်လာ တစ်ဆယ့်နှစ်သိန်းကျော်ရရှိခဲ့ပါတယ်။ MIRT (DOT)
Background