Main menu

Background

သြင်္ကန်အတွက် ဟိုပုံးဈေးကွက်မှာ နနွင်းအဝင်များလာ

Sun, 03/25/2012 - 09:32 -- Anonymous (not verified)

    ဒီတစ်ပတ်နနွင်းဈေးကလည်း နည်းနည်းအေးလာပါတယ်။ ဟိုပုံးဈေးကွက်မှာ နနွင်းခြောက်တွေ အဝင်များလာပြီး၊ ဈေးကလည်းအနည်းငယ်ပြန်ကျလာပါတယ်။ သြင်္ကန်မှာ အလှူအတန်းလုပ်ဖို့အတွက် ငွေလိုတဲ့တောင်သူတွေကလည်း ထုတ်ရောင်းနေကြတာရယ်၊ တရုတ်ဝယ်လက်က အဝယ်ရပ်သွားတာရယ်ကြောင့် ဈေးပြန်ကျလာတယ်လို့ ဒေသခံတွေထံက သိရပါတယ်။ ၅ ရက်တစ်ဈေးကို ပိဿာချိန် ၄၀၀၀-၅၀၀၀ ခန့် ဝင်နေပါ တယ်။ အဝယ်ရပ်သွားတာကလည်း သယ်ယူခတွေ ဈေးတက်လာ တာကြောင့်လို့လည်းဆိုပါတယ်။ သယ်ယူခက တောင်ကြီး-မန်းကို ၅၀ ကျပ်၊ မန်း-မူဆယ်ကို ၁၃၀ ကျပ်၊ ပေါင်း ၁၈၀ ကျပ် ပေးနေရတယ်လို့လည်းဆိုပါတယ်။ သြင်္ကန်ရှေ့ပိုင်းမှာ အဝင်များလာနိုင်ပြီး၊ ကြိုက်ဈေးမရရင်တော့ သြင်္ကန်နောက်ပိုင်းမှာ အဝင်နည်းသွားနိုင် တယ်လို့လည်း ခန့်မှန်းကြပါတယ်။ ဒီတစ်ပတ် နနွင်းဈေးက ဟိုပုံးနနွင်းတစ်ပိဿာ ၉၀၀ ကျပ်ဈေးရှိပြီး၊ အောင်ပန်းနနွင်းမှာ (ရိုးရိုး) နနွင်းက ၆၀၀ ကျပ်၊ ၇၀၀ ကျပ်နဲ့ ဆင်တောင်နနွင်းက ၁၀၀၀ ကျပ်-၁၁၀၀ ကျပ်ရှိတယ်လို့ သိရှိရပါတယ်။ ဟိုပုံးနနွင်းကတော့ တစ်ပိဿာ ၉၀၀ ကျပ်ဈေးရှိပါတယ်။                 ဧဧခိုင်