မူဆယ်နယ်စပ်မှ ဖေဖော်ဝါရီလတွင် ဧည့်မထ ၄၁၇၀၀ တန်၊ ငစိန် ၁၃၆၃၀ တန်၊ ဆန်ကွဲ တန် ၁၄၀၊ တန်ဖိုးအားဖြင့် ကန်ဒေါ်လာ ၂၃ သန်းကျော်ဖိုး တင်ပို့မှုရှိခဲ့ပါတယ်။ တန်ချိန် တန်ဖိုး (ကန်ဒေါ်လာသန်း)ဧည့်မထ ၄၁၇၀၀ ၁၇.၆၀၁ငစိန် ၁၀ မှတ် ၄၆၄၃ ၁.၉၅၀ငစိန် ၁၅ မှတ် ၂၆၉၀ ၁.၀၄၉ငစိန် ၂၅ မှတ် ၆၂၉၇ ၂.၄၅၀ငစိန်ဆန်ကွဲ ၉၀ ဝ.၀၃၅ဆန်ကွဲ B12 ၅၀ ဝ.၀၁၇ အနီးစပ်ဆုံးကာလထက် တင်ပို့မှုပိုမိုလာတာ တွေ့ရပါ တယ်။ ဆန်အရောင်းတက်လာခြင်းမှာ တရုတ် ပြည်အတွင်း ပိုင်းက ဝယ်လက်များ တိုက်ရိုက်လာရောက်ဝယ်ယူမှုရှိသဖြင့် ဈေးပိုရခြင်း၊ တိရစ္ဆာန်အစားအစာနှင့် စားသောက်ကုန် ကြမ်း အတွက်သာမက တရုတ်လူမျိုးများစားသုံးရန် အရည်အသွေး မြင့် ငစိန်နဲ့ ဧည့်မထဆန်များ ကိုလည်း ဝယ်ယူမှုရှိလာခြင်း တို့ကြောင့်လို့ သိရပါတယ်။ ယခုလမှာ ယခင်လကထက် ဆန် ဈေး အနည်းငယ် ပိုမိုရရှိလာခဲ့ပါတယ်။ နယ်စပ်မှ ဆန်တင်ပို့ ခွင့် ၂၀၁၁ - ၂၀၁၂ ဘဏ္ဍာနှစ်မှာမှ စတင်ခွင့်ပြုခဲ့တဲ့အတွက် ယမန်နှစ် ကာလတူထက် ဆန်တင်ပို့မှုပိုမိုခဲ့ပြီး အနီးစပ်ဆုံး ကာလနဲ့ နှိုင်းယှဉ်လျှင် ဇန်နဝါရီလမှာ ငစိန်ဆန် ၁၀ မှတ်၊ ၁၅ မှတ်နဲ့ ၂၅ မှတ် ဆန်များနဲ့ ဆန်ကွဲ B 12 များတင်ပို့နိုင် ခဲ့မှုမရှိဘဲ ငစိန်ဆန် ၆၅၃၈ တန်ကျော်နဲ့ ဧည့်မထ ၁၄၄၉၇ တန် တင်ပို့မှုရှိခဲ့ပါတယ်။ ဆန်ဈေးမှာ ယခုလတွင် ဧည့်မထ တစ်တန်လျှင် ယွမ် ၂၉၀၀ မှ ၃၁၀၀ ထိဈေးပေးပြီး ယခင်လ ကထက် ယွမ် ၆၀- ၁၆၀ ပိုမိုကာ ငစိန်တစ်တန်လျှင်ယွမ် ၂၇၈၀ မှ ၃၁၀၀ ထိ ရရှိတဲ့အတွက် ယခင်လကထက် ယွမ် ၂၈၀ ခန့် ပိုမိုရရှိခဲ့တယ်လို့ သိရပါတယ်။Source: နကသ MIRT (DOBT)
Background