Main menu

Background

အလုပ်သမားခနဲ့ ညအိပ်ရပ်နားခ ငွေကြေးများ တစ်ပြေးညီကောက်ခံစေလိုတဲ့ ဆန္ဒဖော်ထုတ်တဲ့ မူဆယ်ကုန်သည်များ

Mon, 03/26/2012 - 09:10 -- Anonymous (not verified)

    မူဆယ် ၁၀၅ မိုင်မှာ ပေးဆောင်ရတဲ့ အလုပ်သမားခမှာ မြေဆီတစ်တန်လျှင် ၁၀၀၀ိ/-နှုန်းနဲ့ ကားတစ်စီးကို ၁၈၀၀၀ိ/-နှုန်း ပေးချေနေရသဖြင့် သယ်ယူခ နှုန်းထားလျှော့ချပေးရန်ကုန်သွယ်မှုမြှင့်တင်ရေး အစည်းအဝေးမှာ နယ်စပ်ကုန်သည် အသင်း ဒုတိယဥက္ကဋ္ဌ ဦးဌေးဦးက အဆိုပြုခဲ့တာဖြစ်ပါတယ်။ ဦးဌေးဦးက ဆက် လက်ပြီး ၁၀၅ မိုင်ကုန်သွယ်ရေးစခန်းမှာ စစ်ဆေးချိန်မမီတဲ့အတွက် ယာဉ်ညအိပ်ရပ် နားရေးစခန်းများမှာ ညအိပ်ရပ်နားရတဲ့အခါ နှင်းနှင်းခိုင်ကုမ္ပဏီက ၃၀၀၀ ကျပ်နှုန်း ကောက်ပြီး သစ်သီးကုန်စည်ဒိုင်မှာတော့ ၂၀၀၀ိ/-နှုန်း ကောက်ခံလျက်ရှိတဲ့ အတွက်ညအိပ်ရပ်နားခများအား တစ်ပြေးညီဖြစ်စေရေး ညှိနှိုင်းပေးရန်လည်း တင်ပြ ခဲ့ပါတယ်။    အလုပ်သမားခ နှုန်းထားများ လျှော့ချပေးရေးနဲ့စပ်လျဉ်းပြီး သက်ဆိုင်ရာ အလုပ်သမားညွှန်ကြားရေးမှူး ဦးစီးဌာနနဲ့ တာဝန်ရှိဌာနများအား ကုန်သည်လုပ်ငန်း အသင်း တာဝန်ရှိသူများက ဖိတ်ကြားဆွေးနွေးညှိနှိုင်းသွားရန် စခန်းတာဝန်ခံက အကြံပြုခဲ့ပါတယ်။ ညအိပ်ကားညအိပ်ကြေးနဲ့စပ်လျဉ်းပြီး သက်ဆိုင်ရာကုမ္ပဏီများ နဲ့သာ  ညှိနှိုင်းဆောင်ရွက်သွားရမယ့် ကိစ္စဖြစ်ကြောင်း စခန်းတာဝန်ခံက ဆုံးဖြတ် ပေးခဲ့တယ်လို့ သတင်းရရှိပါတယ်။                        ရင်ငြိမ်းအေး