Main menu

Background

အပေါ်ကားဈေးကွက်တွင် ဓာတ်ဆီသုံးကားများ ဈေးအေးနေပြီး အလယ်အလတ်ကားများ ဈေးမာနေ

Mon, 03/26/2012 - 09:14 -- Anonymous (not verified)

ယခုရက်သတ္တပတ် (မတ်လနှောင်း ပိုင်း)ရန်ကုန်ကားဈေးကွက်၏ အခြေ အနေမှာ အပေါ်ကားများ ဈေးတန်း အေး ဈေးကျဆင်းနေပြီး အောက်ကား များနှင့်အလယ်အလတ်ကားများ ဈေး မာနေဆဲဖြစ်ကြောင်း သိရသည်။သြင်္ကန်ပွဲတော်  နီးကပ်လာပြီဖြစ် သော်လည်း ယခင်နှစ်များလို သြင်္ကန် အလည်ကား အရောင်းအဝယ် နည်း နေပြီး လိုက်ထရပ်များ၊ မီနီပစ်ကပ်များ သာအငှားရှိနေကြောင်း  သိရသည်။ ယာဉ်အို/ယာဉ်ဟောင်း  အပ်နှံအစီ  အမံအရ ပါပလေကာနှင့်ဂျစ်ကားများ အပ်နှံမှု များပြားလာသဖြင့် အပ်ရန် ကျန် အက္ခရာများဖြစ်သည့် န၊ ပ သာ အရောင်းအဝယ်ရှိနေပြီး  နောက်ဆုံး သတ်မှတ် အက္ခရာ(ပ)ပြီးလျှင် ခေတ္တရပ် နားမည်သိရသောကြောင့် ၎င်းအက္ခရာ များမှာ ကျပ် ၁၃၅ သိန်းမှ ၁၃၈ သိန်း ထိဈေးဖြစ်ပေါ်နေကြောင်း၊ လေဘီးပင် ၁၃၃ သိန်းမှ ၁၃၅ သိန်းထိ  ခေါ်လာ ကြောင်း သိရသည်။ ယာဉ်အိုအ ပ်နှံပြီး ကြောင်းစာရွက်(စလစ်)များမှာလည်း၁၄၂ သိန်း၊ ၁၄၃ သိန်းထိဈေးပေါက်နေပြီး လတ်တလော ထို့ထက်မတ က်နိုင်သေး ဘဲ ဈေးကွက်တွင်  လက်ရှိဝယ်ယူသူ များမှာ တစ်ပိုင်တစ်နိုင် ယာဉ်သစ်တင် သွင်းသူများနှင့်   ကားပြခန်းများ သာ ဖြစ်ကြောင်း သိရသည်။ယခုနောက်ပိုင်းဖွင့်လှစ်သည့် ကား အရောင်းပြခန်းများသာမက ယခင်ရှိပြီး ပြခန်းများမှလည်း ၂၀၀၁ မိုဒယ်(လ်)ထိ ကားများအား  လာရောက်ဝယ်ယူသူ အမည်ပေါက်အဖြစ် ရက်သတ္တနှစ်ပတ် ခန့်စောင့်ဆိုင်းစေကာ ဝန်ဆောင်မှုပေး ပြီး ဈေးတန်း များမှာလည်း လျှော့ချပေး ကာ ဆွဲဆောင်လာသဖြင့် ပြခန်းကား များ  ရောင်းအားအသင့်အတင့်ရှိနေ ပြီးတစ်ပိုင်တစ်နိုင် သွင်းသူများမှလည်း ပြခန်းကားများထက် ဈေးလျှော့ပေးကာ အများအားဖြင့် ကြိုပွိုင့်ရောင်းချပေး ကြကြောင်း၊အပြိုင် အဆိုင်များလာသဖြင့် ရှေ့လျှောက် ဈေးနှုန်းကျဆင်းလာနိုင် ကြောင်း အပေါ်ဝိုင်းဝါရင့်ယာဉ်အကျိုး ဆောင်များမှ သုံးသပ်ကြသည်။လတ်တလော  အပေါ်ကားဈေး ကွက်ထဲရှိ အသစ်ရောက်ကားများထဲ တွင် ဈေးပင်  အေးနေသော်လည်း ရောင်းအားရှိနေသည်မှာ ဒီဇယ်သုံး တို ယိုတာ ဟိုင်းလတ်ဆပ်(ဖ်)ကားများသာ ဖြစ်ပြီး ဒီဇယ်သုံး ၂၀၀၁/၂၀၀၂ ထွက် ကိုရိုလာဗင်၊ ကယ်ဒီနား ဗင်များလည်း သိန်း ၃၀၀အထက်သို့ဈေးမာပြီး ရောင်း အားလည်းရှိကြောင်း၊ ၉၆ဆပ်(ဖ်)များ မှာယခင် သိန်း ၃၀၀ ၊ ၃၂၀ ခန့်မှ ယခု သိန်း ၃၀၀၊ ၃၅၀ ခန့်ဖြစ်ကာ ၉၇/ ၉၈/၉၉ ထုတ် ဆပ်(ဖ်)များမှာ ၄၀၀ သိန်းစွန်းစွန်းပင်ရှိနေကြောင်း၊ ထိုသို့ဖြစ် ပေါ်လာရခြင်းမှာလည်း ဓာတ်ဆီဈေး မြင့်တက်လာသဖြင့် ကားဝယ်သူများမှ ဆီစားသက်သာသော ဒီဇယ်ကားများ ပြန်ရှာလာ၍ဖြစ်ကြောင်း  ဝါရင့်အကျိုး ဆောင် ကိုမြင့်ကျော်မှပြောသည်။ SN