၂၀၁၁ - ၂၀၁၂ မှာ တရုတ်ရဲ့ပြောင်းထုတ်လုပ်မှုက အစိုးရမှ ခန့်မှန်းထား တာထက် ၁၄ ရာခိုင်နှုန်း ထက်မနည်း ကျဆင်းခဲ့ကြောင်း စက်မှုလုပ်ငန်းများရဲ့ အစီရင်ခံစာမှာ ဖော်ပြထားကြောင်း သိရပါတယ်။ ၎င်းရဲ့ အကျိုးဆက်ကြောင့် တရုတ်ရဲ့ ပြောင်းတင်သွင်းမှုက အမေရိကန်မှ ယခုတင်သွင်းတာထက် ပိုမိုတင်သွင်း ဖွယ်ရှိ ကြောင်း၊ အမေရိကန် စိုက်ပျိုးရေးဌာန (USDA) ကခန့်မှန်းထားပြီး တရုတ်ရဲ့ပြောင်း တင်သွင်းမှု အကျိုးဆက်ကြောင့် ကမ္ဘာ့ပြောင်းရောင်းလိုအားနည်း လာနိုင်ပြီး ဈေးနှုန်းမြင့်တက်ဖို့ ဖိအားပေးနိုင်ကြောင်း၊ သုတေသီများက ခန့်မှန်း ကြပါတယ်။ ၂၀၁၂ ခုနှစ်ကတည်းကကမ္ဘာသိုလှောင်မှုလျှော့ချပြီး တန်ချိန် ၄ သန်း ခန့်ရှိပေမယ့် USDA ရဲ့ နောက်ဆုံးထုတ်လုပ်နိုင်ခြေ ခန့်မှန်းချက်ကတော့ အခြေ အနေကောင်းကြောင်း သိရပါတယ်။ တရုတ်ရဲ့ အသားတင်ထုတ်လုပ်နိုင်မှု ခန့်မှန်း ချက်က တန်ချိန် ၁၆၈-၁၈၅ သန်းကြားရှိပြီး ၎င်းပမာဏက (USDA) ရဲ့ လက်ရှိ ခန့်မှန်းချက် တန်ချိန် ၁၉၁ သန်းထက် ၅-၁၅ ရာခိုင်နှုန်းအထိ နည်းနိုင်ကြောင်း သိရပါတယ်။ သုတေသီအများစုကတော့ တရုတ်ရဲ့ ပြောင်းအရံထားရှိမှုက နည်း နေပြီး တန်ချိန် ၁၀-၁၂ သန်းဝန်းကျင်သာရှိနိုင်ကြောင်း ယုံကြည်ကြပါတယ်။ (USDA)က၂၀၁၁-၂၀၁၂ မှာတရုတ်မှယခင်နှစ်ထက် ၂ဆပိုပြီး တန်ချိန် ၄ သန်း ခန့် တင်သွင်းမယ်လို့ ခန့်မှန်းထားပေမယ့် သုတေသီတွေကတော့ အသားတင်သွင်း ကုန် တန်ချိန် ၈ သန်း ဝန်းကျင်ရှိပြီး ယခင်နှစ်ထက် ပိုမိုနိုင်ကြောင်း ခန့်မှန်းထား ကြပါတယ်။ ဒီလိုဖြစ်ခဲ့ရင်တော့ ကမ္ဘာ့ရောင်းလိုအားပေါ်မှာ ထပ်မံ ဖိအားရှိနိုင်ပြီး ရေရှည်မှာလည်း ဈေးနှုန်းမြင့်တက်လာနိုင်စေမှာ ဖြစ်ပါတယ်။ ၂၀၀၉ နဲ့ ၂၀၁၁ မှာ ပျှမ်းမျှခြင်း တန်ချိန် ၄၇ သန်း ဝန်းကျင်ဝယ်ယူခဲ့ကြောင်း အစီရင်ခံစာများမှာ ဖေါ်ပြထားပါတယ်။ တရုတ်ရဲ့ ပြောင်းအရံထားရှိမှုက တန်ချိန် ၁၃ ဒသမ ၈ သန်း နဲ့ ၂၂ ဒသမ ၈ သန်းကြားရှိပြီး စက်မှုလုပ်ငန်းများရဲ့ နောက်ဆုံးခန့်မှန်းချက် ထက်ပိုများကြောင်း သိရပါတယ်။ ၂၀၁၁ -၂၀၁၂ မှာ တရုတ်ရဲ့ ပြောင်းတင်သွင်းမှု တိုးပြီး တန်ချိန် ၉ ဒသမ ၅ သန်းကို ရောက်ခဲ့ရင် ကမ္ဘာ့သိုလှောင်မှုအချိုးက ၁၃ ရာခိုင်နှုန်းမှ ၁၂ ရာခိုင်နှုန်းအထိ ကျဆင်းနိုင်ကြောင်း သုတေသီများက ခန့်မှန်း ကြတယ်လို့ သတင်းရရှိပါတယ်။ Source: NASDAQ,K.Z.W
Background